Gym ကစားတဲ့အခါ ထိထိေရာက္ေရာက္ျဖစ္ဖုိ႔အတြက္ေတာ့ ေဆာင္ရန္ေ႐ွာင္ရန္ေလးေတြ ႐ွိေသးတာေပါ့။ တကယ္လို႔ Gym သြားၿပီး ေလ့က်င့္ခန္းလုပ္မယ္ဆုိရင္ေတာ့ ေလ့က်င့္ခန္းမလုပ္မီမွာ ဒါေတြကို အရင္မလုပ္ဖုိ႔ သတိထားပါေနာ္။

၁။ အယ္လ္ကိုေဟာ

ညေနဘက္ ေလ့က်င့္ခန္းလုပ္သူေတြ သတိထားဖုိ႔ပါ။ Gym မသြားမီ သူငယ္ခ်င္းေတြနဲ႔ဆံုလို႔ ေကာ့ေတးလ္တစ္ခြက္ေလာက္ျဖစ္ျဖစ္ ဝိုင္တစ္ခြက္ေလာက္ျဖစ္ျဖစ္ ေသာက္မယ္ဆုိရင္ အဲ့ဒီစိတ္ကူးကို ျမန္ျမန္ေဖ်ာက္လုိက္ပါ။ အယ္လ္ကိုေဟာေသာက္လုိက္တဲ့အခါ လူက ရီေဝေဝျဖစ္မယ္၊ ေရဓာတ္ခမ္းမယ္၊ ေသြးေၾကာေလးေတြက်ဥ္းသြားမယ္။ ေသြးထဲက သၾကားဓာတ္လည္း နည္းသြားေတာ့ ေလ့က်င့္ခန္းေကာင္းေကာင္းမလုပ္ႏိုင္ေတာ့ဘူး။
{AD}

၂။ အပူအစပ္

ေလ့က်င့္ခန္းလုပ္ေနတုန္း ေခၽြးေတြ႐ႊဲနစ္ၿပီး ပူေလာင္အိုက္စပ္လာလို႔ မသက္မသာခံစားခ်က္မ်ိဳး မရခ်င္ဘူးဆုိရင္ အပူအစပ္ေတြကို မစားသင့္ဘူးေနာ္။ အပူအစပ္စားၿပီးမွ ေလ့က်င့္ခန္းလုပ္ျခင္းက ရင္ပူရင္ဆာျဖစ္ေစပါလိမ့္မယ္။ ရင္ပူေနေတာ့ ေလ့က်င့္ခန္းေတြလည္း အာ႐ံုစိုက္ၿပီးမလုပ္ႏိုင္ေတာ့ဘူးမဟုတ္လား။

၃။ ေရမ်ားမ်ားေသာက္ျခင္း

ေရမ်ားမ်ားေသာက္တာေတာ့ ေကာင္းတာေပါ့။ ေရေတြအမ်ားႀကီးေသာက္ၿပီးမွ ကိုယ္လက္လႈပ္ရွားရတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ရတဲ့အခါ လူက အားမရွိသလို ခံစားေနရတတ္တယ္။ ဗိုက္အင့္ေနတယ္။ ေနာက္တစ္ခုက ေျပးတာ၊ ခုန္တာေတြလုပ္ရင္ ဗိုက္ထဲမွာ ေရေတြေဘာင္ဘင္ခတ္သလို ခံစားခ်က္ႀကီးကလည္း အေတာ္ဆုိးတာပါ။ ေလ့က်င့္ခန္းမလုပ္မီ ၂ နာရီအလိုမွာ ေရ ၃ ခြက္ေလာက္ထိ ေသာက္ထားတာက ျပႆနာမရွိပါဘူး။ အခ်ိန္ကပ္မွ ေရေတြအမ်ားႀကီး မေသာက္မိဖုိ႔ပါပဲ။ ေလ့က်င့္ခန္းလုပ္ရင္း ေမာလာတဲ့အခါ ေရက ထပ္ေသာက္ရဦးမွာကိုး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MM

#Unicode Version# ျဖင့္ဖတ္ပါ ။

Gym ကစားတဲ့အခါ ထိထိရောက်ရောက်ဖြစ်ဖို့အတွက်တော့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိသေးတာပေါ့။ တကယ်လို့ Gym သွားပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်မီမှာ ဒါတွေကို အရင်မလုပ်ဖို့ သတိထားပါနော်။

၁။ အယ်လ်ကိုဟော

ညနေဘက် လေ့ကျင့်ခန်းလုပ်သူတွေ သတိထားဖို့ပါ။ Gym မသွားမီ သူငယ်ချင်းတွေနဲ့ဆုံလို့ ကော့တေးလ်တစ်ခွက်လောက်ဖြစ်ဖြစ် ဝိုင်တစ်ခွက်လောက်ဖြစ်ဖြစ် သောက်မယ်ဆိုရင် အဲ့ဒီစိတ်ကူးကို မြန်မြန်ဖျောက်လိုက်ပါ။ အယ်လ်ကိုဟောသောက်လိုက်တဲ့အခါ လူက ရီဝေဝေဖြစ်မယ်၊ ရေဓာတ်ခမ်းမယ်၊ သွေးကြောလေးတွေကျဉ်းသွားမယ်။ သွေးထဲက သကြားဓာတ်လည်း နည်းသွားတော့ လေ့ကျင့်ခန်းကောင်းကောင်းမလုပ်နိုင်တော့ဘူး။
{AD}

၂။ အပူအစပ်

လေ့ကျင့်ခန်းလုပ်နေတုန်း ချွေးတွေရွှဲနစ်ပြီး ပူလောင်အိုက်စပ်လာလို့ မသက်မသာခံစားချက်မျိုး မရချင်ဘူးဆိုရင် အပူအစပ်တွေကို မစားသင့်ဘူးနော်။ အပူအစပ်စားပြီးမှ လေ့ကျင့်ခန်းလုပ်ခြင်းက ရင်ပူရင်ဆာဖြစ်စေပါလိမ့်မယ်။ ရင်ပူနေတော့ လေ့ကျင့်ခန်းတွေလည်း အာရုံစိုက်ပြီးမလုပ်နိုင်တော့ဘူးမဟုတ်လား။

၃။ ရေများများသောက်ခြင်း

ရေများများသောက်တာတော့ ကောင်းတာပေါ့။ ရေတွေအများကြီးသောက်ပြီးမှ ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရတဲ့အခါ လူက အားမရှိသလို ခံစားနေရတတ်တယ်။ ဗိုက်အင့်နေတယ်။ နောက်တစ်ခုက ပြေးတာ၊ ခုန်တာတွေလုပ်ရင် ဗိုက်ထဲမှာ ရေတွေဘောင်ဘင်ခတ်သလို ခံစားချက်ကြီးကလည်း အတော်ဆိုးတာပါ။ လေ့ကျင့်ခန်းမလုပ်မီ ၂ နာရီအလိုမှာ ရေ ၃ ခွက်လောက်ထိ သောက်ထားတာက ပြဿနာမရှိပါဘူး။ အချိန်ကပ်မှ ရေတွေအများကြီး မသောက်မိဖို့ပါပဲ။ လေ့ကျင့်ခန်းလုပ်ရင်း မောလာတဲ့အခါ ရေက ထပ်သောက်ရဦးမှာကိုး။

ဖိုးသူတော် (www.phothutaw.com)
Credit:MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top