ေမ ၁ ရက္ေန႔က ကိုရီးယားနုိင္ငံသူတစ္ဦးကို မုဒိန္းျပဳက်င့္ရန္ႀကိဳးစားၿပီး လက္သီးႏွင့္ထိုးထြက္ေျပးသြားေသာ ဆိုင္ကယ္ ကယ္ရီသမားကို ေမ ၁၂ ရက္ေန႔က ဖမ္းဆီးရမိလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ျပစ္မႈက်ဴူးလြန္သူမွာ စန္းဦး (ခ) ေက်ာ္သက္ပိုင္ ဆိုသူျဖစ္ၿပီး ေမ ၁၂ ရက္ေန႔ ညေန ၄ နာရီခန္႔က ရန္ကုန္ၿမိဳ႕ လႈိင္သာယာ ရွိ ေနအိမ္တစ္ခုအတြင္းတြင္ သက္ေသပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

ေမ ၁ ရက္ေန႔က ကိုရီးယားနုိင္ငံသူ အမ်ိဳးသမီးတစ္ဦးသည္ ၎ ၏ သူငယ္ခ်င္းတစ္ဦးကို ေအာင္မဂၤလာ အေ၀းေျပး ကား၀င္းသို႔ လိုက္ပါပို႔ေဆာင္ၿပီး တည္းခိုရာဟိုတယ္သို႔ျပန္ရန္ ဆိုင္ကယ္ကယ္ရီသမားတစ္ဦးကို ငွားရမ္းခဲ့ေၾကာင္း ၊ ဆုိင္ကယ္ကယ္ရီသမားက ခေရပင္လမ္းခြဲမွ မဂၤလာဒံုၿမိဳ႕နယ္ရွိ ဆီဆုိင္တစ္ခုတြင္ဆီျဖည့္ၿပီး

ဒညင္းကုန္းဘက္မွ ေရႊျပည္သူ တံတားလမ္းအတုိငး္ လႈိင္သာယာၿမိဳ႕နယ္ ဘက္သို႔ ဆက္လက္ထြက္ခြာခဲ့ေၾကာင္း၊ ဆိုင္ကယ္ေမာင္းခ်ိန္ ၾကာလာသည့္ အတြက္ ေနထုိင္ရာေနရာသို႔ ျပန္လည္ပုိ႔ေပးရန္ေျပာေသာအခါ ဆိုင္ကယ္ကယ္ရီသမားက လမ္းၾကား တစ္ခုအတြင္းသို႔ ေမာင္းႏွင္သြားၿပီး ဆိုင္ကယ္ကိုရပ္တန္႔ခဲ့ေၾကာင္း၊ ထုိအခါ ဆိုင္ကယ္ေပၚမွ ဆင္း၍ ကိုရီးယားနုိင္ငံသူမွာ ထြက္ေျပးခဲ့ေသာ္လည္း ဆိုင္ကယ္ကယ္ရီသမားက ေနာက္ကလိုက္၍ ဖက္ကာ အဓမၼျပဳက်င့္ရန္ႀကိဳးစားခဲ့ေၾကာင္း သိရသည္။

ယင္းအတြက္ ရုန္းကန္ၾကရာ ဆိုင္ကယ္ကယ္ရီသမားမွာ ကိုရီးယားသူကို လက္သီးႏွင့္တစ္ခ်က္ထိုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

လက္သီးႏွင့္ထိုးခံရေသာေၾကာင့္ နာက်င္ဒဏ္ရာရရွိခဲ့ၿပီး ဆြဲႀကိဳးတစ္ကံုးလည္းက်ေပ်ာက္ခဲ့ေသာေၾကာင့္ အဆိုပါ ဆိုင္ကယ္ကယ္ရီသမားကို အေရးယူေပးရန္ ကိုရီးယားနုိင္ငံသူက ခေလာက္ခ်ိဳက္ ရဲစခန္းတြင္ တိုင္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
 ဖိုးသူေတာ္(www.phothutaw.com)
Credit:သတင္းတမန္
Photo- ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕

#Unicode Version#
မေ ၁ ရက်နေ့က ကိုရီးယားနိုင်ငံသူတစ်ဦးကို မုဒိန်းပြုကျင့်ရန်ကြိုးစားပြီး လက်သီးနှင့်ထိုးထွက်ပြေးသွားသော ဆိုင်ကယ် ကယ်ရီသမားကို မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူူးလွန်သူမှာ စန်းဦး (ခ) ကျော်သက်ပိုင် ဆိုသူဖြစ်ပြီး မေ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့ လှိုင်သာယာ ရှိ နေအိမ်တစ်ခုအတွင်းတွင် သက်သေပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မေ ၁ ရက်နေ့က ကိုရီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦးသည် ၎င်း ၏ သူငယ်ချင်းတစ်ဦးကို အောင်မင်္ဂလာ အဝေးပြေး ကားဝင်းသို့ လိုက်ပါပို့ဆောင်ပြီး တည်းခိုရာဟိုတယ်သို့ပြန်ရန် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို ငှားရမ်းခဲ့ကြောင်း ၊ ဆိုင်ကယ်ကယ်ရီသမားက ခရေပင်လမ်းခွဲမှ မင်္ဂလာဒုံမြို့နယ်ရှိ ဆီဆိုင်တစ်ခုတွင်ဆီဖြည့်ပြီး

ဒညင်းကုန်းဘက်မှ ရွှေပြည်သူ တံတားလမ်းအတိုင်း လှိုင်သာယာမြို့နယ် ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းချိန် ကြာလာသည့် အတွက် နေထိုင်ရာနေရာသို့ ပြန်လည်ပို့ပေးရန်ပြောသောအခါ ဆိုင်ကယ်ကယ်ရီသမားက လမ်းကြား တစ်ခုအတွင်းသို့ မောင်းနှင်သွားပြီး ဆိုင်ကယ်ကိုရပ်တန့်ခဲ့ကြောင်း၊ ထိုအခါ ဆိုင်ကယ်ပေါ်မှ ဆင်း၍ ကိုရီးယားနိုင်ငံသူမှာ ထွက်ပြေးခဲ့သော်လည်း ဆိုင်ကယ်ကယ်ရီသမားက နောက်ကလိုက်၍ ဖက်ကာ အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ကြောင်း သိရသည်။

ယင်းအတွက် ရုန်းကန်ကြရာ ဆိုင်ကယ်ကယ်ရီသမားမှာ ကိုရီးယားသူကို လက်သီးနှင့်တစ်ချက်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

လက်သီးနှင့်ထိုးခံရသောကြောင့် နာကျင်ဒဏ်ရာရရှိခဲ့ပြီး ဆွဲကြိုးတစ်ကုံးလည်းကျပျောက်ခဲ့သောကြောင့် အဆိုပါ ဆိုင်ကယ်ကယ်ရီသမားကို အရေးယူပေးရန် ကိုရီးယားနိုင်ငံသူက ခလောက်ချိုက် ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 ဖိုးသူတော်(www.phothutaw.com)
Credit:သတင်းတမန်
Photo- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top