ထိုင္းႏုိင္ငံအေရွ႕ေျမာက္ပိုင္း ေနာင္ဘိုလမ္းဖူးခ႐ုိင္ထဲမွာ ခင္ပြန္းျဖစ္သူက ဇနီးကုိ လက္ႏွစ္ဖက္ႀကိဳးတုပ္ သစ္ပင္မွာ တြဲလြဲခ်ည္ၿပီး မီးခိုးေငြ႔ေတြနဲ႔ မႈိင္းတိုက္ခဲ့တဲ့ ျဖစ္ရပ္တခု ျဖစ္ပြားခဲ့ပါတယ္။

အဲဒီျဖစ္ရပ္နဲ႔ပတ္သက္တဲ့ ပို႔စ္တစ္ခုကို Ai Aum ဆိုတဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္နဲ႔ ေမ ၂၄ ရက္ ေန႔စြဲနဲ႔ တင္ထားၿပီး မိန္းကေလးမွာ သူနဲ႔ ေဆြမ်ိဳးေတာ္စပ္တယ္၊ ဘာေၾကာင့္မွန္းမသိဘဲ ခင္ပြန္းျဖစ္သူက သူမကို လက္ျပန္ႀကိဳးတုပ္ ဒရြတ္တိုက္ဆြဲကာ အဲဒီသစ္ပင္နားမွာ လက္ျပန္ႀကိဳးတုပ္ၿပီး ၄ နာရီၾကာ တြဲလြဲခ်ည္ထားတယ္၊

ေဘးနားမွာလည္း ေကာက္႐ုိးေတြနဲ႔ မီးဖိုထားၿပီး မီးခိုးမႈိင္းတိုက္ခဲ့တယ္၊ သူ႔ေယာက်ာ္းနဲ႔ အေဖာ္အမ်ိဳးသားတဦး ေဘးကေန အရက္ထိုင္ေသာက္ၿပီး သူမဒုကၡကို ထိုင္ၾကည့္ေနတယ္၊ ၾကည့္ရတာ မိန္းကေလးကို မီး႐ႈိ႕သတ္ဖို႔ ဒါမွမဟုတ္ သူမအသားကိုလွီးၿပီး မီးကင္ဖို႔လုပ္ေနေပမယ့္ ကံေကာင္းစြာပဲ အရပ္ထဲကလူေတြ ေတြ႔ၿပီး မိန္းကေလးကို ကယ္တင္ခဲ့တယ္လို႔ ေရးသားထားပါတယ္။

ဒီအေၾကာင္း လူမႈကြန္ရက္မွာ ျပန္႔သြားၿပီးတဲ့ေနာက္ သတင္းေထာက္ေတြက ဆက္သြယ္ေမးျမန္းရာမွာ ဒီျဖစ္ရပ္ဟာ ဒီေန႔မနက္က ေနာင္ဘိုလမ္းဖူးခ႐ုိင္ နာ့က္လန္ၿမိဳ႕ ဆန္ဆိုင္းဥဒုမ္းေက်းရြာမွာ ျဖစ္ခဲ့ၿပီး မိန္းကေလးကုိ ညႇဥ္းပန္းႏွိပ္စက္သူ လူရြယ္မွာ ႏိုင္းတက္ ဆိုသူျဖစ္ၿပီး ရဲေတြလာဖမ္းသြားၿပီလို႔ မိန္းကေလးရဲ႕ ေဆြမ်ိဳးက သတင္းေထာက္ေတြကို ေျပာပါတယ္။

လူရြယ္က သူတို႔လင္မယား စကားမ်ားၿပီး မိန္းမက သူ႔ကို အရင္လုပ္လို႔ သူက ခုလိုျပန္လုပ္တာျဖစ္ေၾကာင္း၊ အြန္လိုင္းမွာ ေျပာေနသလို ၄ ရက္ၾကာ သစ္ပင္မွာခ်ည္ထားတာ မဟုတ္ဘဲ ၄ နာရီၾကာသာ ခ်ည္ထားေၾကာင္း တာဝန္က်ရဲကို ေျပာခဲ့ပါတယ္။

ရဲစခန္းက သူ႔ကို တပါးသူအား ႏွိပ္စက္ညႇဥ္းပန္းမႈနဲ႔ အေရးယူသြားမွာျဖစ္ၿပီး သူ႔လုပ္ရပ္ေတြကိုလည္း အစအဆံုး သ႐ုပ္ျပ ျပန္လုပ္ခိုင္းမယ္လို႔ TNEWS သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB TV News

#Unicode Version#
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နောင်ဘိုလမ်းဖူးခရိုင်ထဲမှာ ခင်ပွန်းဖြစ်သူက ဇနီးကို လက်နှစ်ဖက်ကြိုးတုပ် သစ်ပင်မှာ တွဲလွဲချည်ပြီး မီးခိုးငွေ့တွေနဲ့ မှိုင်းတိုက်ခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ပို့စ်တစ်ခုကို Ai Aum ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ မေ ၂၄ ရက် နေ့စွဲနဲ့ တင်ထားပြီး မိန်းကလေးမှာ သူနဲ့ ဆွေမျိုးတော်စပ်တယ်၊ ဘာကြောင့်မှန်းမသိဘဲ ခင်ပွန်းဖြစ်သူက သူမကို လက်ပြန်ကြိုးတုပ် ဒရွတ်တိုက်ဆွဲကာ အဲဒီသစ်ပင်နားမှာ လက်ပြန်ကြိုးတုပ်ပြီး ၄ နာရီကြာ တွဲလွဲချည်ထားတယ်၊

ဘေးနားမှာလည်း ကောက်ရိုးတွေနဲ့ မီးဖိုထားပြီး မီးခိုးမှိုင်းတိုက်ခဲ့တယ်၊ သူ့ယောကျာ်းနဲ့ အဖော်အမျိုးသားတဦး ဘေးကနေ အရက်ထိုင်သောက်ပြီး သူမဒုက္ခကို ထိုင်ကြည့်နေတယ်၊ ကြည့်ရတာ မိန်းကလေးကို မီးရှို့သတ်ဖို့ ဒါမှမဟုတ် သူမအသားကိုလှီးပြီး မီးကင်ဖို့လုပ်နေပေမယ့် ကံကောင်းစွာပဲ အရပ်ထဲကလူတွေ တွေ့ပြီး မိန်းကလေးကို ကယ်တင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီအကြောင်း လူမှုကွန်ရက်မှာ ပြန့်သွားပြီးတဲ့နောက် သတင်းထောက်တွေက ဆက်သွယ်မေးမြန်းရာမှာ ဒီဖြစ်ရပ်ဟာ ဒီနေ့မနက်က နောင်ဘိုလမ်းဖူးခရိုင် နာ့က်လန်မြို့ ဆန်ဆိုင်းဥဒုမ်းကျေးရွာမှာ ဖြစ်ခဲ့ပြီး မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်သူ လူရွယ်မှာ နိုင်းတက် ဆိုသူဖြစ်ပြီး ရဲတွေလာဖမ်းသွားပြီလို့ မိန်းကလေးရဲ့ ဆွေမျိုးက သတင်းထောက်တွေကို ပြောပါတယ်။

လူရွယ်က သူတို့လင်မယား စကားများပြီး မိန်းမက သူ့ကို အရင်လုပ်လို့ သူက ခုလိုပြန်လုပ်တာဖြစ်ကြောင်း၊ အွန်လိုင်းမှာ ပြောနေသလို ၄ ရက်ကြာ သစ်ပင်မှာချည်ထားတာ မဟုတ်ဘဲ ၄ နာရီကြာသာ ချည်ထားကြောင်း တာဝန်ကျရဲကို ပြောခဲ့ပါတယ်။

ရဲစခန်းက သူ့ကို တပါးသူအား နှိပ်စက်ညှဉ်းပန်းမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး သူ့လုပ်ရပ်တွေကိုလည်း အစအဆုံး သရုပ်ပြ ပြန်လုပ်ခိုင်းမယ်လို့ TNEWS သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:DVB TV News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top