မ​ေကြးတိုင္​း​မွာ ၿပီးခဲ့တဲ့ ၈ လအတြင္​း ေလ​ျပင္​းတိုက္​ခတ္​မႈ အႀကိမ္​ ၁၀၀​ ေလာက္ ျဖစ္​ပြားခဲ့ၿပီး လူဦး​ေရ ၆၇၀၀ ​ေက်ာ္​​ ေလ​ေဘးသင့္ခဲ့တယ္လို႔ မေကြးတုိင္းေဒသႀကီး ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာနက ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ စက္​တင္​ဘာလက​ေန လက္​ရွိအခ်ိန္​ထိ ရထားတဲ့ စာရင္းေတြအရ မေကြးတုိင္းအတြင္း မင္​းဘူး၊ မ​ေကြး၊​ ေစတုတၱရာ၊ ​ေတာင္​တြင္​းႀကီး၊ ၿမိဳ႕သစ္​၊​ ေအာင္​လံ၊ ပြင္​့ျဖဴ၊ ငဖဲ၊ မင္​းလွ စတဲ့ ၉ ၿမဳိ႕နယ္မွာ ေလျပင္းေတြ တိုက္ခတ္ခဲ့တာေၾကာင့္ လူေနအိမ္ ေတြနဲ႔ ဘာသာေရး အေဆာက္အဦေတြပါ ပ်က္စီးခဲ့တာပါ။

မ​ေကြးတိုင္​း​ ​ေဘးအႏၱရာယ္​ဆိုင္​ရာ စီမံခန္​႔ခြဲမႈဦးစီးဌာန ဦးစီးမႉး ဦးျမင္​့စိုးက “​ေလျပင္​းေၾကာင့္ လူ​ေနအိမ္​​ေတြနဲ႔ ဘာသာ​ေရး အ​ေဆာက္​ဦတခ်ဳိ႕ ပ်က္​စီးခဲ့ပါတယ္​။ ဌာန​အေနနဲ႔ ​ေဘးသင့္တဲ့ ေနရာ​ေတြကို သြား​ေရာက္​​ေထာက္​ပံ့မႈ​ေတြ ျပဳလုပ္​​ေပး​ေနပါတယ္​။ ၿပိဳက်တဲ့​ေနအိမ္​​ေတြကို က်ပ္​တသိန္​း၊ အမိုးလန္​​ေနအိမ္​ကို သံုး​ေသာင္​းက်ပ္​၊ လူတဦးကို ဆန္​ဖိုး ၂၁၀၀ က်ပ္စီနဲ႔ ကယ္​ဆယ္​​ေရးပစၥည္​း ၁၀ မ်ိဳးကို အိမ္​​ေထာင္​စုအလိုက္​​ ေထာက္​ပံ့​ေပးတယ္​” လို႔ ေျပာပါတယ္​။

မေကြးတိုင္း ကံမၿမဳိ႕နယ္မွာေတာ့ ေမလ ၂၁ ရက္ ညေန ၃ နာရီေက်ာ္က မိုးသက္ေလျပင္းေတြ တိုက္ခတ္လို႔ ထန္းေကာက္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း ဘုံအမိုးအလယ္ဆင့္ အပါအဝင္ ေနအိမ္ ၉၀ ေက်ာ္ အမိုးလန္ ပ်က္စီးသြားပါတယ္။

ထန္းေကာက္ရြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္က “ေလနဲ႔အတူ မိုးကပါလာၿပီး ရြာထဲပတ္ေမႊသြားတာ ၄ နာရီေက်ာ္ေလာက္မွ ေလေရာ မိုးေရာ ၿငိမ္သြားေတာ့ ရြာထဲ ေလွ်ာက္ၾကည့္ေတာ့မွ အိမ္ ၉၃ အိမ္ အမိုးလန္ပ်က္စီးသြားၿပီး ဘုန္းႀကီးေက်ာင္းကေတာ့ အလယ္ဘံုျပာသာဒ္တခုလံုး ေလထဲပါသြားၿပီး သြပ္အခ်ပ္ ၄၀ ေက်ာ္ ပါသြားတယ္” လို႔ ေျပာပါတယ္။

ေလျပင္းေတြဟာ ေအာင္လံၿမဳိ႕နယ္ထဲမွာလည္း ဝင္ေရာက္တိုက္ခတ္သြားလို႔ လူေနအိမ္ ၂၅ လံုး ပ်က္စီးသြားပါတယ္။

ေလေဘးသင့္သူေတြအတြက္ တိုင္းေဒသႀကီး ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈ ဦးစီးဌာနက လက္ရွိအခ်ိန္ထိ အိမ္ေဆာက္ပစၥည္းဖိုး ေထာက္ပံ့ေငြ က်ပ္သိန္း ၇၈၀ နီးပါး ေပးခဲ့ၿပီး  ေလ​ေဘး​ေၾကာင္​့ ဒဏ္​ရာရသူတ​ဦးကို ၅၀၀၀၀ က်ပ္ ေထာက္​ပံ့ခဲ့ပါတယ္​။

ေမလ ၁၇ ရက္နဲ႔ ၂၀ ရက္ေန႔ ေလျပင္းတုိက္လို႔ ပ်က္စီးမႈေတြအတြက္လည္း စာရင္းေကာက္ယူၿပီး အျမန္ဆံုး ေထာက္ပ့ံေပးသြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ၈ လအတွင်း လေပြင်းတိုက်ခတ်မှု အကြိမ် ၁၀၀ လောက် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၆၇၀၀ ကျော် လေဘေးသင့်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလကနေ လက်ရှိအချိန်ထိ ရထားတဲ့ စာရင်းတွေအရ မကွေးတိုင်းအတွင်း မင်းဘူး၊ မကွေး၊ စေတုတ္တရာ၊ တောင်တွင်းကြီး၊ မြို့သစ်၊ အောင်လံ၊ ပွင့်ဖြူ၊ ငဖဲ၊ မင်းလှ စတဲ့ ၉ မြို့နယ်မှာ လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်အဦတွေပါ ပျက်စီးခဲ့တာပါ။

မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိုးက “လေပြင်းကြောင့် လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်ဦတချို့ ပျက်စီးခဲ့ပါတယ်။ ဌာနအနေနဲ့ ဘေးသင့်တဲ့ နေရာတွေကို သွားရောက်ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။ ပြိုကျတဲ့နေအိမ်တွေကို ကျပ်တသိန်း၊ အမိုးလန်နေအိမ်ကို သုံးသောင်းကျပ်၊ လူတဦးကို ဆန်ဖိုး ၂၁၀၀ ကျပ်စီနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးတယ်” လို့ ပြောပါတယ်။

မကွေးတိုင်း ကံမမြို့နယ်မှာတော့ မေလ ၂၁ ရက် ညနေ ၃ နာရီကျော်က မိုးသက်လေပြင်းတွေ တိုက်ခတ်လို့ ထန်းကောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဘုံအမိုးအလယ်ဆင့် အပါအဝင် နေအိမ် ၉၀ ကျော် အမိုးလန် ပျက်စီးသွားပါတယ်။

ထန်းကောက်ရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က “လေနဲ့အတူ မိုးကပါလာပြီး ရွာထဲပတ်မွှေသွားတာ ၄ နာရီကျော်လောက်မှ လေရော မိုးရော ငြိမ်သွားတော့ ရွာထဲ လျှောက်ကြည့်တော့မှ အိမ် ၉၃ အိမ် အမိုးလန်ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းကတော့ အလယ်ဘုံပြာသာဒ်တခုလုံး လေထဲပါသွားပြီး သွပ်အချပ် ၄၀ ကျော် ပါသွားတယ်” လို့ ပြောပါတယ်။

လေပြင်းတွေဟာ အောင်လံမြို့နယ်ထဲမှာလည်း ဝင်ရောက်တိုက်ခတ်သွားလို့ လူနေအိမ် ၂၅ လုံး ပျက်စီးသွားပါတယ်။

လေဘေးသင့်သူတွေအတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက လက်ရှိအချိန်ထိ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်သိန်း ၇၈၀ နီးပါး ပေးခဲ့ပြီး  လေဘေးကြောင့် ဒဏ်ရာရသူတဦးကို ၅၀၀၀၀ ကျပ် ထောက်ပံ့ခဲ့ပါတယ်။

မေလ ၁၇ ရက်နဲ့ ၂၀ ရက်နေ့ လေပြင်းတိုက်လို့ ပျက်စီးမှုတွေအတွက်လည်း စာရင်းကောက်ယူပြီး အမြန်ဆုံး ထောက်ပံ့ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top