ကၽြန္ေတာ္တို႔ အမ်ားစုအတြက္ ပိုက္ဆံစုျခင္းဆိုတာ စြမ္းေဆာင္ဖို႔ အခက္ခဲဆံုးအရာေတြထဲက တစ္ခုျဖစ္ေနႏုိင္ပါတယ္။ ဟုတ္ပါတယ္ .. ပိုက္ဆံစုဖို႔ေတာ့ လူတုိင္းႀကိဳးစားၾကဖူးတာေပါ့။ ဒါေပမယ့္ မသံုးမျဖစ္ဆိုတဲ့ အသံုးစရိတ္ေတြအတြက္ေရာက ဆႏၵမထိန္းႏုိင္တဲ့ ဝယ္ခ်င္ျခမ္းခ်င္စိတ္္ေတြေၾကာင့္ေရာ ပိုက္ဆံစုဖုိ႔ အိပ္မက္ေလးေတြ အေကာင္အထည္မေပၚတတ္ပါဘူး။

အေမရိကန္ႏုိင္ငံက ကေလးႏွစ္ေယာက္မိခင္ ေမရီဖရန္ကလင္လည္း အျဖစ္တူပါပဲ။ ကေလးႏွစ္ေယာက္ေက်ာင္းစရိတ္နဲ႔ အိမ္စရိတ္ေတြကို ေသခ်ာ လုိက္မမွတ္ေတာ့ဘဲ သံုးမိေနရာက ပိုက္ဆံစုဖို႔ အဖတ္မတင္ျဖစ္ေနခဲ့တဲ့ သူမကေတာ့ တစ္ေန႔မွာ အိုင္ဒီယာတစ္ခုရခဲ့ပါတယ္။

သူမရဲ႕ နည္းလမ္းကို ဘယ္လုိလုိက္လုပ္မလဲ

သူမရဲ႕ ပိုက္ဆံစုနည္းဘယ္လိုေအာင္ျမင္ခဲ့လဲဆိုတာကို ကၽြန္ေတာ္တို႔အားလံုးအတြက္ ေမရီက ေဝမွ်ခဲ့ပါတယ္။ တစ္ပတ္စာ သံုးလို႔ေလာက္မယ့္ ေငြပမာဏကို ေဆာင္ထားပါ။ ၿပီးရင္ တစ္ပတ္အတြင္း အဲဒီ့ထဲက အတန္ႀကီး (ဥပမာ ဒီမွာဆို ငါးေထာင္တန္ေလာက္လည္းျဖစ္ပါတယ္) ေတြကို ဘာဝယ္ဝယ္ ထုတ္သံုးပါ။ ျပန္အမ္းမယ့္ တစ္ေထာင္တန္ေတြနဲ႔ ငါးရာတန္ေလးေတြကို သူမ ေျပာသလို ျပန္မသံုးမိေအာင္ စုထားပါ။ ဒီလိုနဲ႔ ပုိက္ဆံအဝင္အထြက္ေတြကပဲ သင့္ပိုက္ဆံစုျခင္းကို ႐ုပ္လံုးေပၚလာေစပါလိမ့္မယ္။
(၅)ေဒၚလာနည္းလမ္း

သူမရဲ႕ နည္းလမ္းကေတာ့ ရွင္းပါတယ္။ အေၾကြ (၅)ေဒၚလာေလာက္ရတုိင္း အၿမဲသိမ္းထားလိုက္တာပါ။ သံုးစြဲဝယ္ယူမႈေတြကေန ရလာတဲ့အေၾကြ (၅)ေဒၚလာစီကို ေန႔စဥ္စုစုထားခဲ့ရင္း သူမရဲ႕ ကေလးေတြအတြက္ ပိုက္ဆံစုတာ ခရီးေရာက္လာခဲ့ပါတယ္။ တစ္ခုခုဝယ္ၿပီးလုိ႔ (၅)ေဒၚလာ ျပန္အအမ္းခံရတုိင္း အဲဒီ့ပိုက္ဆံကို ဘယ္အတြက္မွ မသံုးမိေတာ့ေအာင္ သူမရဲ႕ ပိုက္ဆံအိတ္ အကန္႔တစ္ခုထဲမွာ ဖြက္ထားလိုက္ပါတယ္။ ပိုက္ဆံအိတ္ထဲကေန စာအိတ္အထိ ျဖစ္လာၿပီး ဘဏ္အေကာင့္ထဲကို ထည့္ရတဲ့အထိ ျဖည္းျဖည္းခ်င္းမ်ားလာခဲ့ပါတယ္။ အစပိုင္းမွာ ေဒၚလာရာေက်ာ္ကေန တစ္ႏွစ္ျပည့္တဲ့ အခ်ိန္မွာ ေဒၚလာ (၂၀၀၀)ျဖစ္လာခဲ့ၿပီး (၁၃)ႏွစ္ၾကာစုၿပီးေနာက္မွာေတာ့ ကန္ေဒၚလာ (၅)ေသာင္းေက်ာ္ရေနခဲ့ပါၿပီ။

အျခားပိုက္ဆံစုနည္းေတြလည္း ရိွပါတယ္။ ဥပမာ ပထမဆံုးတစ္ပတ္္မွာ အနည္းဆံုးက စၿပီး တျဖည္းျဖည္းတုိးတုိးသြားတဲ့နည္းပါ။ အဲဒီ့နည္းကေတာ့ ၾကာလာတာနဲ႔အမွ် ဝန္ပိုလာေစလုိ႔ ေမရီကေတာ့ အားသိပ္မေပးေၾကာင္း ဆိုပါတယ္။

အခုပိုက္ဆံစုနည္းကို သိသြားၿပီဆိုေတာ့ လုိက္လုပ္ဖို႔ အက်င့္ျဖစ္ေအာင္ လုပ္ၾကရပါမယ္။ သူမရဲ႕နည္လမ္းကို လိုက္လုပ္ရာမွာလည္း ႏွစ္လအနည္းဆံုးလုပ္ပါ။ လူတစ္ေယာက္က အက်င့္တစ္ခုျဖစ္ဖုိ႔ အနည္းဆံုး (၆၆)ရက္ ၾကာတာေၾကာင့္ပါ။ အဲဒီ့ေနာက္ပိုင္းမွာေတာ့ သင့္အတြက္ ပုိက္ဆံဆက္စုဖို႔ လြယ္ကူသြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျွန်တော်တို့ အများစုအတွက် ပိုက်ဆံစုခြင်းဆိုတာ စွမ်းဆောင်ဖို့ အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်နေနိုင်ပါတယ်။ ဟုတ်ပါတယ် .. ပိုက်ဆံစုဖို့တော့ လူတိုင်းကြိုးစားကြဖူးတာပေါ့။ ဒါပေမယ့် မသုံးမဖြစ်ဆိုတဲ့ အသုံးစရိတ်တွေအတွက်ရောက ဆန္ဒမထိန်းနိုင်တဲ့ ဝယ်ချင်ခြမ်းချင်စိတ်တွေကြောင့်ရော ပိုက်ဆံစုဖို့ အိပ်မက်လေးတွေ အကောင်အထည်မပေါ်တတ်ပါဘူး။

အမေရိကန်နိုင်ငံက ကလေးနှစ်ယောက်မိခင် မေရီဖရန်ကလင်လည်း အဖြစ်တူပါပဲ။ ကလေးနှစ်ယောက်ကျောင်းစရိတ်နဲ့ အိမ်စရိတ်တွေကို သေချာ လိုက်မမှတ်တော့ဘဲ သုံးမိနေရာက ပိုက်ဆံစုဖို့ အဖတ်မတင်ဖြစ်နေခဲ့တဲ့ သူမကတော့ တစ်နေ့မှာ အိုင်ဒီယာတစ်ခုရခဲ့ပါတယ်။

သူမရဲ့ နည်းလမ်းကို ဘယ်လိုလိုက်လုပ်မလဲ

သူမရဲ့ ပိုက်ဆံစုနည်းဘယ်လိုအောင်မြင်ခဲ့လဲဆိုတာကို ကျွန်တော်တို့အားလုံးအတွက် မေရီက ဝေမျှခဲ့ပါတယ်။ တစ်ပတ်စာ သုံးလို့လောက်မယ့် ငွေပမာဏကို ဆောင်ထားပါ။ ပြီးရင် တစ်ပတ်အတွင်း အဲဒီ့ထဲက အတန်ကြီး (ဥပမာ ဒီမှာဆို ငါးထောင်တန်လောက်လည်းဖြစ်ပါတယ်) တွေကို ဘာဝယ်ဝယ် ထုတ်သုံးပါ။ ပြန်အမ်းမယ့် တစ်ထောင်တန်တွေနဲ့ ငါးရာတန်လေးတွေကို သူမ ပြောသလို ပြန်မသုံးမိအောင် စုထားပါ။ ဒီလိုနဲ့ ပိုက်ဆံအဝင်အထွက်တွေကပဲ သင့်ပိုက်ဆံစုခြင်းကို ရုပ်လုံးပေါ်လာစေပါလိမ့်မယ်။
(၅)ဒေါ်လာနည်းလမ်း

သူမရဲ့ နည်းလမ်းကတော့ ရှင်းပါတယ်။ အကြွေ (၅)ဒေါ်လာလောက်ရတိုင်း အမြဲသိမ်းထားလိုက်တာပါ။ သုံးစွဲဝယ်ယူမှုတွေကနေ ရလာတဲ့အကြွေ (၅)ဒေါ်လာစီကို နေ့စဉ်စုစုထားခဲ့ရင်း သူမရဲ့ ကလေးတွေအတွက် ပိုက်ဆံစုတာ ခရီးရောက်လာခဲ့ပါတယ်။ တစ်ခုခုဝယ်ပြီးလို့ (၅)ဒေါ်လာ ပြန်အအမ်းခံရတိုင်း အဲဒီ့ပိုက်ဆံကို ဘယ်အတွက်မှ မသုံးမိတော့အောင် သူမရဲ့ ပိုက်ဆံအိတ် အကန့်တစ်ခုထဲမှာ ဖွက်ထားလိုက်ပါတယ်။ ပိုက်ဆံအိတ်ထဲကနေ စာအိတ်အထိ ဖြစ်လာပြီး ဘဏ်အကောင့်ထဲကို ထည့်ရတဲ့အထိ ဖြည်းဖြည်းချင်းများလာခဲ့ပါတယ်။ အစပိုင်းမှာ ဒေါ်လာရာကျော်ကနေ တစ်နှစ်ပြည့်တဲ့ အချိန်မှာ ဒေါ်လာ (၂၀၀၀)ဖြစ်လာခဲ့ပြီး (၁၃)နှစ်ကြာစုပြီးနောက်မှာတော့ ကန်ဒေါ်လာ (၅)သောင်းကျော်ရနေခဲ့ပါပြီ။

အခြားပိုက်ဆံစုနည်းတွေလည်း ရှိပါတယ်။ ဥပမာ ပထမဆုံးတစ်ပတ်မှာ အနည်းဆုံးက စပြီး တဖြည်းဖြည်းတိုးတိုးသွားတဲ့နည်းပါ။ အဲဒီ့နည်းကတော့ ကြာလာတာနဲ့အမျှ ဝန်ပိုလာစေလို့ မေရီကတော့ အားသိပ်မပေးကြောင်း ဆိုပါတယ်။

အခုပိုက်ဆံစုနည်းကို သိသွားပြီဆိုတော့ လိုက်လုပ်ဖို့ အကျင့်ဖြစ်အောင် လုပ်ကြရပါမယ်။ သူမရဲ့နည်လမ်းကို လိုက်လုပ်ရာမှာလည်း နှစ်လအနည်းဆုံးလုပ်ပါ။ လူတစ်ယောက်က အကျင့်တစ်ခုဖြစ်ဖို့ အနည်းဆုံး (၆၆)ရက် ကြာတာကြောင့်ပါ။ အဲဒီ့နောက်ပိုင်းမှာတော့ သင့်အတွက် ပိုက်ဆံဆက်စုဖို့ လွယ်ကူသွားပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top