မိသားစုတစ္စု ေအးခ်မ္းဖို႔သာယာဖို႔ ဆိုရင္ အဲဒီအိမ္မွာ ရွိတဲ့အေမ ေတြကို ခ်စ္ခင္တတ္ဖို႔လိုတယ္။

ပုံမွန္အားျဖင့္ မိသားစုတစ္စုမွာ အေမ ႏွစ္ဦးေတာ့အၿမဲရွိတတ္ပါတယ္။ ခင္ပြန္းသည္၊ ဇနီးသည္၊ သားသမီးနဲ႔အတူေန ခင္ပြန္းသည္ရဲ႕မိခင္(သို႔) ဇနီးသည္ရဲ႕မိခင္ပါ။

အဲဒီ မိခင္ႏွစ္ဦးစလုံးကို အတူေန သားသမီးေတြက ခ်စ္ခင္ၾကင္နာစြာ ဆက္ဆံမွသာလ ွ်င ္အဲဒီအိမ္ဟာ သာယာၿပီး အိမ္ေထာင္ေရးေရာစီးပြားေရးပါ အဆင္ေျပၾကပါတယ္။

ႏို႔မိုရင္ေတာ့ အေမကို မၾကင္နာတဲ့သူဆိုတာ ေလာကဆင္းရဲ၊ငရဲတစ္မ်ိဳးမ်ိဳးကိုေတာ့ ခံစားၾကရတတ္တာပါပဲ။

က်မအေနနဲ႔ကေတာ့ အတူေနတဲ့ေယာကၡမနဲ႔တစ္ဦးကိုတစ္ဦး ခ်စ္ခင္မႈ အျပန္အလွန္ရွိေနတဲ့အတြက္ အိမ္ေထာင္ေရးမွာ စိတ္ခ်မ္းသာရျခင္းကို ခံစားေနရတယ္။

လက္မထပ္ခင္တုန္းက ေယာကၡမ ဆိုတာ ေၾကာက္စရာႀကီးလို႔ အျခားသူေတြရဲ႕ပါးစပ္ ရာဇဝင္ေတြေၾကာင့္ထင္မွတ္ခဲ့ဖူးတယ္။

ဖတ္ခဲ့ဖူးတဲ့ဝတၱဳေတြထဲမွာ ေယာကၡမနဲ႔ေခြၽးမဆိုတာ ဘယ္တုန္းကမွ မတည့္ၾကတဲ့ မိန္းမႏွစ္ေယာက္လို႔ ေရးသားခဲ့တာ ဖတ္ခဲ့ဖူးေတာ့

ကိုယ္ေတာ္ရမဲ့ေယာကၡမဆိုတာကို မျမင္ခင္ကတည္းက ႀကိဳၿပီး အဆင္မေျပေလာက္ဘူးလို႔ ေတြးခဲ့ဖူးတာပါ။

စိတ္အထင္ေတြနဲ႔စိတ္ကူးဆိုးေတြနဲ႔ေယာကၡမဆိုရင္ ေၾကာက္စရာ၊ မတည့္ခ်င္စရာ၊ခပ္ဆိုးဆိုး မိန္းမႀကီး၊ သူ႔သားနဲ႔ကိုယ့္ၾကားမွာ ဝင္ေမႊမဲ့သူလို႔လည္း ထင္မွတ္ခဲ့ဖူးတာေပါ့။

အဲဒါေၾကာင့္ လက္မထပ္ခင္တုန္းက စာေရးဆရာမ ႏွင္းေဝၿငိမ္းကိုေ မးခဲ့ဖူးတယ္။ ဆရာမ ႏွင္းေဝၿငိမ္းက က်မထက္ အရင္အိမ္ေထာင္ျပဳခဲ့ေတာ့ ဆရာမရဲ႕ေယာကၡမနဲ႔ဆက္ဆံေရးကို စိတ္ဝင္စားၿပီးေတာ့ပါ။

ဆရာမက ေျပာတယ္။ ”ေယာကၡမကို အေမလို႔ယူဆတဲ့သူအတြက္ ေယာကၡမဟာ အေမ ျဖစ္သြားတာပဲ”လို႔ေျပာတယ္။

အစ္မနဲ႔ေရာ အစ္မေယာကၡမ အဆင္ေျပလားဆိုေတာ့ အဆင္ေျပတယ္။ ေယာကၡမက ခ်စ္တယ္လို႔ျပန္ေျဖခဲ့တယ္။

က်မ စိတ္ထဲမွာ အစ္မ ႏွင္းေဝၿငိမ္း ကံေကာင္းလိုက္တာ ေယာကၡမက ခ်စ္တဲ့ ေခြၽးမ ဆိုတာ သိပ္ကံေကာင္းတာပဲလို႔ ေတြးခဲ့ဖူးတယ္။

ဘာေၾကာင့္လဲဆိုေတာ့ပတ္ဝန္းက်င္မွာ ေယာကၡမနဲ႔အဆင္မေျပတဲ့ ေခြၽးမေတြ ေတြ႕ထားခဲ့ဖူးတာကိုး။

က်မနဲ႔ခင္မင္ရင္းႏွီးခဲ့တဲ့ သူငယ္ခ်င္းအစ္မ တစ္ဦးက သူနဲ႔သူ႔ေယာကၡမ အဆင္မေျပတဲ့အေၾကာင္းအၿမဲတမ္း ရင္ဖြင့္ေျပာဆိုတတ္တယ္။သူ႔ေယာကၡမကလည္း ေတာ္ေတာ္ေလး ဆိုးပါတယ္။

သူငယ္ခ်င္းကလည္း ဆတ္ဆတ္ထိမခံ၊ ေယာက္်ားအေပၚမွာေရာ ေယာကၡမ အေပၚမွာေရာ အႏိုင္ယူခ်င္တဲ့သူ ဆိုေတာ့ သူတို႔ခ်င္းအဆင္မေျပၾကဘူး။

ရွင့္အေမကေတာ့ဘယ္လို ဘယ္ညာ ဆိုတာနဲ႔ သူတို႔လင္မယား ထသတ္ေတာ့တာပဲ။

သူငယ္ခ်င္းကလည္း သူ႔ခင္ပြန္းကို သူ႔အေမ မေကာင္းေၾကာင္းေျျပာလြန္းေတာ့ သူ႔ခင္ပြန္းကလည္း မိန္းမနဲ႔အေမၾကားမွာ ၾကားညႇပ္ၿပီး အရက္ေသာက္တယ္။

အရင္တုန္းက အရက္မေသာက္တတ္တဲ့သူဟာ ခုေတာ့ေန႔တိုင္း ေသာက္တတ္တာ သူ႔ဇနီးမေကာင္းလို႔လို႔သူ႔မိခင္ကလည္း ဆိုတယ္။

အဲဒီလို ေျပာၿပီး ေခြၽးမနဲ႔ေယာကၡမ တစ္ေယာက္နဲ႔တစ္ေယာက္အၿပိဳင္အဆိုင္ ေျပာဆိုၾကတာပဲ။အဲဒီလိုနဲ႔သူ႔ခင္ပြန္းရဲ႕စိတ္ထဲမွာ အေမကို အထင္လႊဲလာတယ္။

အဲဒါနဲ႔ မူလာရင္ အေမကို ဆဲတယ္။ အေမကလည္း သားဆဲတာ ၾကားရေတာ့စိတ္ထိခိုက္တယ္။ မ်က္ရည္က်တယ္။

ညေနဆို မူးၿပီး ဆဲေနတဲ့ သားေၾကာင့္ အိမ္မွာေတာင္ မေနရဲလို႔လမ္းထိပ္က သင့္ေတာ္ရာ အိမ္မွာ သြားကပ္ေနရတယ္။ မူးတဲ့သား အိပ္ေလာက္ၿပီဆိုမွ အေမွာင္ထဲ ကုတ္ကုတ္နဲ႔အိမ္ေပၚျပန္တက္ရပါတယ္။

အေမကို ဆဲေနတဲ့သားနဲ႔ ေခြၽးမရဲ႕အိမ္ေထာင္ေရးဟာ အဆင္မေျပသလို၊ စီးပြားေရးဟာလည္း အဆင္မေျပပါဘူး။ ကေလး ႏွစ္ဦးရလာတဲ့အထိ အဆင္မေျပၾကဘူး။

(လြန္ခဲ့တဲ့ ႏွစ္က သူငယ္ခ်င္းရဲ႕သတင္းကို ၾကားရတယ္၊ သူ႔ သားအႀကီးက အေဖ့ေျခရာနင္းၿပီး အရက္ေသာက္တယ္၊ အေမကို ဆဲတယ္တဲ့။ ၾကားရေတာ့စိတ္မေကာင္းဘူး)

က်မရဲ႕ပတ္ဝန္းက်င္မွာ ေခြၽးမနဲ႔ေယာကၡမ၊ သားမက္နဲ႔ ေယာကၡမ အဆင္မေျပၾကရင္ အိမ္ေထာင္ေရးေရာ၊

စီးပြားေရးပါ အဆင္မေျပျဖစ္ၾကတာေတြကို ေတြ႕ထားျမင္ထားေတာ့အိမ္ေထာင္ေရးအဆင္ေျပေအာင္ ႀကိဳးစားေနထိုင္ရမယ္ဆိုတဲ့ အသိ က်မမွာ ရွိေနခဲ့တယ္။

ကိုယ့္အေမကို ခင္ပြန္းက ေဝဖန္ရင္၊ အျပစ္တင္ရင္ ကိုယ့္အေနနဲ႔ မခံႏိုင္သလိုပဲ၊ သူ႔အေမကို အျပစ္တင္ရင္ ေဝဖန္ရင္ သူလည္း ခံႏိုင္မွာ မဟုတ္ဘူးလို႔ နားလည္ၿပီး ဆင္ျခင္တယ္။

ၿပီးေတာ့က်မရဲ႕ စကားတစ္ခြန္းေၾကာင့္သူ႔အေမအေပၚ သူ အထင္လႊဲမယ္ဆိုရင္ သူဟာ သူ႔အေမ အေပၚ ျပစ္မွားမိေတာ့မယ္။

မိန္းမေၾကာင့္အေမ့ကို အထင္လႊဲၿပီးပစ္မွားရင္ သူလည္း မေကာင္း၊ ကိုယ္လည္းမေကာင္း၊ ခံစားရမဲ့သူ႔မိခင္အတြက္လည္း မေကာင္းဘူး။

ဘယ္သူ႔အတြက္မွ မေကာင္းသလို၊ သူ႔အတြက္ ပိုဆိုးမယ္၊ ကိုယ့္အတြက္လည္း ဆိုးတယ္ ဆိုတာကို အသက္အ႐ြယ္အရေရာ၊ အေတြ႕အႀကဳံအရပါ နားလည္လာမိတယ္။

ၿပီးေတာ့အေမနဲ႔ဆက္ဆံတဲ့အခါ အေမ့ရဲ႕ေကာင္းကြက္ေတြကို သတိထားမိလာခဲ့တယ္။က်မအေပၚမွာလည္း ေစတနာ ထားတယ္။

သူ လုပ္ေပးႏိုင္တာ မွန္သမ ွ် လုပ္ေပးတယ္လို႔ျမင္ၿပီး အရင္တုန္းက အထင္လြဲခဲ့မိတာေတြ ေျပသြားတယ္။

အေမက က်မကို ေမတၱာေပးလို႔က်မက ေမတၱာရၿပီး ေမတၱာျပန္ေပးႏိုင္တာလို႔ နားလည္လာမိတယ္။အေမ့ကို ခင္မင္တဲ့စိတ္၊ ခ်စ္ခင္တဲ့စိတ္နဲ႔ ဆက္ဆံၾကည့္တဲ့အခါ က်မတို႔ရဲ႕ဆက္ဆံေရးဟာ ပိုအဆင္ေျပလာတယ္။

က်မ သားေတြသမီးေတြအတြက္လည္း အေမနဲ႔အေဖဟာ မိဘကိုေရာ ေယာကၡမအေပၚမွာပါ ဘယ္လို ဆက္ဆံတယ္ဆိုတာကို သင္ၾကားေပးရာ ေရာက္တဲ့အတြက္ သူတို႔ရဲ႕အနာဂတ္အတြက္ပါ ေကာင္းေစတယ္လို႔ဆိုခ်င္ပါတယ္။

အခ်ိဳ႕မိသားစုေတြမွာ ေယာကၡမက ဆိုးလို႔မတည့္ခ်င္တဲ့ ေခြၽးမေတြ၊ ေခြၽးမက ဆိုးလို႔မတည့္ခ်င္တဲ့ ေယာကၡမေတြ ရွိတတ္ပါတယ္။

ဒါေပမဲ့ ကိုယ့္ဘက္ကေတာ့ အတတ္ႏိုင္ဆုံး သည္းခံ့ၿပီး ေျပာင္းလဲေပးပါ၊ ေမတၱာထားၿပီး ဆက္ဆံၾကည့္ပါ၊ ဒါဟာ ေႂကြးဆပ္ဖို႔ဆိုရင္လည္း ေႂကြးေၾကမဲ့နည္းလမ္းပါ။

သည္းခံၿပီး ေမတၱာနဲ႔ဆက္ဆံတဲ့အတြက္ ေနာင္သံသရာအတြက္ေရာ မိသားစုအတြက္ပါ ေကာင္းပါတယ္။

အဲဒါေၾကာင့္မိသားစုေရးအတြက္ ကိုယ္က ေခြၽးမပဲျဖစ္ျဖစ္ ေယာကၡမပဲ ျဖစ္ျဖစ္ သားမက္ပဲ ျဖစ္ျဖစ္ သူ႔ အေပၚမွာ အထင္လႊဲေနတာ ရွိရင္ ေမ့ပစ္လိုက္ပါ၊

ေယာကၡမကို ခ်စ္ၾကည့္ပါ၊ ဆက္ဆံေရးပိုေကာင္းလာၿပီး ပိုၿပိးသာယာေအးခ်မ္းတဲ့မိသားစုဘဝကို ရရွိလာပါလိမ့္မယ္လို႔ တိုက္တြန္းခ်င္ပါတယ္။ေမတၱာစိတ္နဲ႔ ဆက္ဆံၿပီး ေအးခ်မ္းသာယာတဲ့ မိသားစုဘဝရယူႏိုင္ၾကပါေစရွင္။ေက်းဇူးတင္ပါတယ္။

မတူတဲ့ အျမင္မ်ားရွိရင္လည္း ေဆြးေႏြးဖို႔ဖိတ္ေခၚပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေမၾသကၤန္ဟိန္(ျမစ္မခ)
# Unicode Version # ျဖင့္ ဖတ္ပါ #

မိသားစုတစ်စု အေးချမ်းဖို့သာယာဖို့ ဆိုရင် အဲဒီအိမ်မှာ ရှိတဲ့အမေ တွေကို ချစ်ခင်တတ်ဖို့လိုတယ်။

ပုံမှန်အားဖြင့် မိသားစုတစ်စုမှာ အမေ နှစ်ဦးတော့အမြဲရှိတတ်ပါတယ်။ ခင်ပွန်းသည်၊ ဇနီးသည်၊ သားသမီးနဲ့အတူနေ ခင်ပွန်းသည်ရဲ့မိခင်(သို့) ဇနီးသည်ရဲ့မိခင်ပါ။

အဲဒီ မိခင်နှစ်ဦးစလုံးကို အတူနေ သားသမီးတွေက ချစ်ခင်ကြင်နာစွာ ဆက်ဆံမှသာလ ျှင ်အဲဒီအိမ်ဟာ သာယာပြီး အိမ်ထောင်ရေးရောစီးပွားရေးပါ အဆင်ပြေကြပါတယ်။

နို့မိုရင်တော့ အမေကို မကြင်နာတဲ့သူဆိုတာ လောကဆင်းရဲ၊ငရဲတစ်မျိုးမျိုးကိုတော့ ခံစားကြရတတ်တာပါပဲ။

ကျမအနေနဲ့ကတော့ အတူနေတဲ့ယောက္ခမနဲ့တစ်ဦးကိုတစ်ဦး ချစ်ခင်မှု အပြန်အလှန်ရှိနေတဲ့အတွက် အိမ်ထောင်ရေးမှာ စိတ်ချမ်းသာရခြင်းကို ခံစားနေရတယ်။

လက်မထပ်ခင်တုန်းက ယောက္ခမ ဆိုတာ ကြောက်စရာကြီးလို့ အခြားသူတွေရဲ့ပါးစပ် ရာဇဝင်တွေကြောင့်ထင်မှတ်ခဲ့ဖူးတယ်။

ဖတ်ခဲ့ဖူးတဲ့ဝတ္တုတွေထဲမှာ ယောက္ခမနဲ့ချွေးမဆိုတာ ဘယ်တုန်းကမှ မတည့်ကြတဲ့ မိန်းမနှစ်ယောက်လို့ ရေးသားခဲ့တာ ဖတ်ခဲ့ဖူးတော့

ကိုယ်တော်ရမဲ့ယောက္ခမဆိုတာကို မမြင်ခင်ကတည်းက ကြိုပြီး အဆင်မပြေလောက်ဘူးလို့ တွေးခဲ့ဖူးတာပါ။

စိတ်အထင်တွေနဲ့စိတ်ကူးဆိုးတွေနဲ့ယောက္ခမဆိုရင် ကြောက်စရာ၊ မတည့်ချင်စရာ၊ခပ်ဆိုးဆိုး မိန်းမကြီး၊ သူ့သားနဲ့ကိုယ့်ကြားမှာ ဝင်မွှေမဲ့သူလို့လည်း ထင်မှတ်ခဲ့ဖူးတာပေါ့။

အဲဒါကြောင့် လက်မထပ်ခင်တုန်းက စာရေးဆရာမ နှင်းဝေငြိမ်းကိုေ မးခဲ့ဖူးတယ်။ ဆရာမ နှင်းဝေငြိမ်းက ကျမထက် အရင်အိမ်ထောင်ပြုခဲ့တော့ ဆရာမရဲ့ယောက္ခမနဲ့ဆက်ဆံရေးကို စိတ်ဝင်စားပြီးတော့ပါ။

ဆရာမက ပြောတယ်။ ”ယောက္ခမကို အမေလို့ယူဆတဲ့သူအတွက် ယောက္ခမဟာ အမေ ဖြစ်သွားတာပဲ”လို့ပြောတယ်။

အစ်မနဲ့ရော အစ်မယောက္ခမ အဆင်ပြေလားဆိုတော့ အဆင်ပြေတယ်။ ယောက္ခမက ချစ်တယ်လို့ပြန်ဖြေခဲ့တယ်။

ကျမ စိတ်ထဲမှာ အစ်မ နှင်းဝေငြိမ်း ကံကောင်းလိုက်တာ ယောက္ခမက ချစ်တဲ့ ချွေးမ ဆိုတာ သိပ်ကံကောင်းတာပဲလို့ တွေးခဲ့ဖူးတယ်။

ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်မှာ ယောက္ခမနဲ့အဆင်မပြေတဲ့ ချွေးမတွေ တွေ့ထားခဲ့ဖူးတာကိုး။

ကျမနဲ့ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းအစ်မ တစ်ဦးက သူနဲ့သူ့ယောက္ခမ အဆင်မပြေတဲ့အကြောင်းအမြဲတမ်း ရင်ဖွင့်ပြောဆိုတတ်တယ်။သူ့ယောက္ခမကလည်း တော်တော်လေး ဆိုးပါတယ်။

သူငယ်ချင်းကလည်း ဆတ်ဆတ်ထိမခံ၊ ယောက်ျားအပေါ်မှာရော ယောက္ခမ အပေါ်မှာရော အနိုင်ယူချင်တဲ့သူ ဆိုတော့ သူတို့ချင်းအဆင်မပြေကြဘူး။

ရှင့်အမေကတော့ဘယ်လို ဘယ်ညာ ဆိုတာနဲ့ သူတို့လင်မယား ထသတ်တော့တာပဲ။

သူငယ်ချင်းကလည်း သူ့ခင်ပွန်းကို သူ့အမေ မကောင်းကြောင်းေြပြာလွန်းတော့ သူ့ခင်ပွန်းကလည်း မိန်းမနဲ့အမေကြားမှာ ကြားညှပ်ပြီး အရက်သောက်တယ်။

အရင်တုန်းက အရက်မသောက်တတ်တဲ့သူဟာ ခုတော့နေ့တိုင်း သောက်တတ်တာ သူ့ဇနီးမကောင်းလို့လို့သူ့မိခင်ကလည်း ဆိုတယ်။

အဲဒီလို ပြောပြီး ချွေးမနဲ့ယောက္ခမ တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင် ပြောဆိုကြတာပဲ။အဲဒီလိုနဲ့သူ့ခင်ပွန်းရဲ့စိတ်ထဲမှာ အမေကို အထင်လွှဲလာတယ်။

အဲဒါနဲ့ မူလာရင် အမေကို ဆဲတယ်။ အမေကလည်း သားဆဲတာ ကြားရတော့စိတ်ထိခိုက်တယ်။ မျက်ရည်ကျတယ်။

ညနေဆို မူးပြီး ဆဲနေတဲ့ သားကြောင့် အိမ်မှာတောင် မနေရဲလို့လမ်းထိပ်က သင့်တော်ရာ အိမ်မှာ သွားကပ်နေရတယ်။ မူးတဲ့သား အိပ်လောက်ပြီဆိုမှ အမှောင်ထဲ ကုတ်ကုတ်နဲ့အိမ်ပေါ်ပြန်တက်ရပါတယ်။

အမေကို ဆဲနေတဲ့သားနဲ့ ချွေးမရဲ့အိမ်ထောင်ရေးဟာ အဆင်မပြေသလို၊ စီးပွားရေးဟာလည်း အဆင်မပြေပါဘူး။ ကလေး နှစ်ဦးရလာတဲ့အထိ အဆင်မပြေကြဘူး။

(လွန်ခဲ့တဲ့ နှစ်က သူငယ်ချင်းရဲ့သတင်းကို ကြားရတယ်၊ သူ့ သားအကြီးက အဖေ့ခြေရာနင်းပြီး အရက်သောက်တယ်၊ အမေကို ဆဲတယ်တဲ့။ ကြားရတော့စိတ်မကောင်းဘူး)

ကျမရဲ့ပတ်ဝန်းကျင်မှာ ချွေးမနဲ့ယောက္ခမ၊ သားမက်နဲ့ ယောက္ခမ အဆင်မပြေကြရင် အိမ်ထောင်ရေးရော၊

စီးပွားရေးပါ အဆင်မပြေဖြစ်ကြတာတွေကို တွေ့ထားမြင်ထားတော့အိမ်ထောင်ရေးအဆင်ပြေအောင် ကြိုးစားနေထိုင်ရမယ်ဆိုတဲ့ အသိ ကျမမှာ ရှိနေခဲ့တယ်။

ကိုယ့်အမေကို ခင်ပွန်းက ဝေဖန်ရင်၊ အပြစ်တင်ရင် ကိုယ့်အနေနဲ့ မခံနိုင်သလိုပဲ၊ သူ့အမေကို အပြစ်တင်ရင် ဝေဖန်ရင် သူလည်း ခံနိုင်မှာ မဟုတ်ဘူးလို့ နားလည်ပြီး ဆင်ခြင်တယ်။

ပြီးတော့ကျမရဲ့ စကားတစ်ခွန်းကြောင့်သူ့အမေအပေါ် သူ အထင်လွှဲမယ်ဆိုရင် သူဟာ သူ့အမေ အပေါ် ပြစ်မှားမိတော့မယ်။

မိန်းမကြောင့်အမေ့ကို အထင်လွှဲပြီးပစ်မှားရင် သူလည်း မကောင်း၊ ကိုယ်လည်းမကောင်း၊ ခံစားရမဲ့သူ့မိခင်အတွက်လည်း မကောင်းဘူး။

ဘယ်သူ့အတွက်မှ မကောင်းသလို၊ သူ့အတွက် ပိုဆိုးမယ်၊ ကိုယ့်အတွက်လည်း ဆိုးတယ် ဆိုတာကို အသက်အရွယ်အရရော၊ အတွေ့အကြုံအရပါ နားလည်လာမိတယ်။

ပြီးတော့အမေနဲ့ဆက်ဆံတဲ့အခါ အမေ့ရဲ့ကောင်းကွက်တွေကို သတိထားမိလာခဲ့တယ်။ကျမအပေါ်မှာလည်း စေတနာ ထားတယ်။

သူ လုပ်ပေးနိုင်တာ မှန်သမ ျှ လုပ်ပေးတယ်လို့မြင်ပြီး အရင်တုန်းက အထင်လွဲခဲ့မိတာတွေ ပြေသွားတယ်။

အမေက ကျမကို မေတ္တာပေးလို့ကျမက မေတ္တာရပြီး မေတ္တာပြန်ပေးနိုင်တာလို့ နားလည်လာမိတယ်။အမေ့ကို ခင်မင်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ဆက်ဆံကြည့်တဲ့အခါ ကျမတို့ရဲ့ဆက်ဆံရေးဟာ ပိုအဆင်ပြေလာတယ်။

ကျမ သားတွေသမီးတွေအတွက်လည်း အမေနဲ့အဖေဟာ မိဘကိုရော ယောက္ခမအပေါ်မှာပါ ဘယ်လို ဆက်ဆံတယ်ဆိုတာကို သင်ကြားပေးရာ ရောက်တဲ့အတွက် သူတို့ရဲ့အနာဂတ်အတွက်ပါ ကောင်းစေတယ်လို့ဆိုချင်ပါတယ်။

အချို့မိသားစုတွေမှာ ယောက္ခမက ဆိုးလို့မတည့်ချင်တဲ့ ချွေးမတွေ၊ ချွေးမက ဆိုးလို့မတည့်ချင်တဲ့ ယောက္ခမတွေ ရှိတတ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံး သည်းခံ့ပြီး ပြောင်းလဲပေးပါ၊ မေတ္တာထားပြီး ဆက်ဆံကြည့်ပါ၊ ဒါဟာ ကြွေးဆပ်ဖို့ဆိုရင်လည်း ကြွေးကြေမဲ့နည်းလမ်းပါ။

သည်းခံပြီး မေတ္တာနဲ့ဆက်ဆံတဲ့အတွက် နောင်သံသရာအတွက်ရော မိသားစုအတွက်ပါ ကောင်းပါတယ်။

အဲဒါကြောင့်မိသားစုရေးအတွက် ကိုယ်က ချွေးမပဲဖြစ်ဖြစ် ယောက္ခမပဲ ဖြစ်ဖြစ် သားမက်ပဲ ဖြစ်ဖြစ် သူ့ အပေါ်မှာ အထင်လွှဲနေတာ ရှိရင် မေ့ပစ်လိုက်ပါ၊

ယောက္ခမကို ချစ်ကြည့်ပါ၊ ဆက်ဆံရေးပိုကောင်းလာပြီး ပိုပြိးသာယာအေးချမ်းတဲ့မိသားစုဘဝကို ရရှိလာပါလိမ့်မယ်လို့ တိုက်တွန်းချင်ပါတယ်။မေတ္တာစိတ်နဲ့ ဆက်ဆံပြီး အေးချမ်းသာယာတဲ့ မိသားစုဘဝရယူနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။

မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မေသြင်္ကန်ဟိန်(မြစ်မခ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top