ေႏြရာသီရဲ႕ ရာသီေပၚစာျဖစ္တဲ့သရက္သီးစိမ္းကို ဆားေလး၊ ငပိေလး၊ ငရုတ္သီးေလးနဲ႔ တုိ႔စားလိုက္ရတာမ်ိဳးပဲျဖစ္ျဖစ္၊ သုပ္စားတာပဲျဖစ္ျဖစ္ ဘာနဲ႔မွကိုမလဲႏုိင္တဲ့အရာတစ္ခုမဟုတ္ပါလား။ ရာသီေပၚစာ စားေပးတယ္ဆိုတာ က်န္းမာေရးနဲ႔ညီညႊတ္ဖို႔အတြက္ပါပဲ။ ဒီမွာဘာေၾကာင့္ ရာသီေပၚသရက္သီးစိမ္းေတြကို စားသုံးသင့္တယ္ဆိုတာ ေဝမ်ွေပးလိုက္ပါတယ္။
၁။ ေရငတ္သက္သာေစျခင္း

သရက္သီးစိမ္းကို ဆားျဖင့္ တုိ႔စားျခင္းဟာ ခႏၶာကုိယ္တြင္းေရဓာတ္ဆုံးရွုံးျခင္းကို အမ်ားႀကီးကာကြယ္ေပးပါတယ္။ သရက္သီးမ်ားမ်ားစားထားသူဟာ ေတာ္ရုံနဲ႔ ေရဆာေလ့မရွိၾကပါဘူး။ ဒါေၾကာင့္ ေႏြရာသီမွာသရက္သီးစိမ္းႀကိဳက္တတ္ၿပီး အၿမဲတေစစားသုံးေလ့ရွိသူေတြဟာ မစားတဲ့လူေတြေလာက္ပင္ပန္းတဲ့ ပုံစံမေပါက္တာမ်ိဳးေတြ႕ရပါတယ္။
၂။ ေခၽြးထြက္လြန္တာမ်ိဳး မျဖစ္ေပၚေစျခင္း

လက္တေလာ ပူျပင္းလြန္းတဲ့ ရာသီဥတုေၾကာင့္ ခႏၶာကိုယ္မွာမလိုအပ္ပဲေခၽြးထြက္လာတာမ်ိဳးေတြရွိလာႏိုင္ပါတယ္။ သရက္သီးစိမ္းမွာ ဆိုဒီယမ္ကလိုရုိက္ဒ္နဲ႔ iron ဓာတ္ၾကြယ္ဝတာေၾကာင့္ ေခၽြးထြက္လြန္တာမ်ိဳးမျဖစ္ေစပဲ ပင္ပန္းႏြမ္းနယ္တာေတြကို သက္သာေစမွာျဖစ္ပါတယ္။
၃။ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေစႏုိင္ျခင္း

သရက္သီးစိမ္းဟာ သရက္သီးအမွည္႔ထက္ အမ်ွင္ဓာတ္ပိုမိုမ်ားျပားတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်လိုသူေတြစားသုံးဖို႔ အသင့္ေတာ္ဆုံးပါပဲ။  အေနာက္ႏုိင္ငံေတြမွာေတာ့ သရက္သီးအစိမ္းကိုေဖ်ာ္ရည္အျဖစ္လုပ္ေသာက္ၾကသူေတြေတာင္ရွိၾကပါတယ္။
၄။ အစာအိမ္ ေျခဖ်က္မွု အားေကာင္းေစျခင္း

သရက္သီးအစိမ္းစားျခင္းဟာ အူလမ္းေၾကာင္းကိုရွင္းလင္းေစၿပီး အစာအိမ္ေျခဖ်က္မွုကို နွစ္ဆပိုမိုအားေကာင္းေစပါတယ္။ အစာေျခဖ်က္မွုအားေကာင္းေစရုံသာမက အမ်ွင္ဓာတ္ၾကြယ္ဝတာေၾကာင့္ ေတာ္ရုံနဲ႔ဗိုက္မဆာေအာင္ ကူညီေပးတဲ့ေနရာမွာ အေထာက္အကူျပဳပါတယ္။

ဒီေလာက္ဆို သရက္သီးခ်စ္သူလဲ သရက္သီးစားျခင္းရဲ႕အက်ိဳးေက်းဇူးေတြ သိေလာက္ၿပီထင္ပါတယ္။ သရက္သီးစားရတာႀကိဳက္ႏွစ္သက္တယ္ဆိုရင္ သရက္သီးစားသူေတြအခ်င္းခ်င္း အက်ိဳးေက်းဇူးေလးေတြ ေဝမ်ွေပးဖို႔လဲ မေမ့ပါနဲ႔ဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:(ပိုပိုေလး)

#Unicode Version#
 နွေရာသီရဲ့ ရာသီပေါ်စာဖြစ်တဲ့သရက်သီးစိမ်းကို ဆားလေး၊ ငပိလေး၊ ငရုတ်သီးလေးနဲ့ တို့စားလိုက်ရတာမျိုးပဲဖြစ်ဖြစ်၊ သုပ်စားတာပဲဖြစ်ဖြစ် ဘာနဲ့မှကိုမလဲနိုင်တဲ့အရာတစ်ခုမဟုတ်ပါလား။ ရာသီပေါ်စာ စားပေးတယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွှတ်ဖို့အတွက်ပါပဲ။ ဒီမှာဘာကြောင့် ရာသီပေါ်သရက်သီးစိမ်းတွေကို စားသုံးသင့်တယ်ဆိုတာ ဝေမျှပေးလိုက်ပါတယ်။
၁။ ရေငတ်သက်သာစေခြင်း

သရက်သီးစိမ်းကို ဆားဖြင့် တို့စားခြင်းဟာ ခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးခြင်းကို အများကြီးကာကွယ်ပေးပါတယ်။ သရက်သီးများများစားထားသူဟာ တော်ရုံနဲ့ ရေဆာလေ့မရှိကြပါဘူး။ ဒါကြောင့် နွေရာသီမှာသရက်သီးစိမ်းကြိုက်တတ်ပြီး အမြဲတစေစားသုံးလေ့ရှိသူတွေဟာ မစားတဲ့လူတွေလောက်ပင်ပန်းတဲ့ ပုံစံမပေါက်တာမျိုးတွေ့ရပါတယ်။
၂။ ချွေးထွက်လွန်တာမျိုး မဖြစ်ပေါ်စေခြင်း

လက်တလော ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ခန္ဓာကိုယ်မှာမလိုအပ်ပဲချွေးထွက်လာတာမျိုးတွေရှိလာနိုင်ပါတယ်။ သရက်သီးစိမ်းမှာ ဆိုဒီယမ်ကလိုရိုက်ဒ်နဲ့ iron ဓာတ်ကြွယ်ဝတာကြောင့် ချွေးထွက်လွန်တာမျိုးမဖြစ်စေပဲ ပင်ပန်းနွမ်းနယ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
၃။ ကိုယ်အလေးချိန်လျော့ချစေနိုင်ခြင်း

သရက်သီးစိမ်းဟာ သရက်သီးအမှည့်ထက် အမျှင်ဓာတ်ပိုမိုများပြားတာကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူတွေစားသုံးဖို့ အသင့်တော်ဆုံးပါပဲ။  အနောက်နိုင်ငံတွေမှာတော့ သရက်သီးအစိမ်းကိုဖျော်ရည်အဖြစ်လုပ်သောက်ကြသူတွေတောင်ရှိကြပါတယ်။
၄။ အစာအိမ်ခြေဖျက်မှု အားကောင်းစေခြင်း

သရက်သီးအစိမ်းစားခြင်းဟာ အူလမ်းကြောင်းကိုရှင်းလင်းစေပြီး အစာအိမ်ခြေဖျက်မှုကို နှစ်ဆပိုမိုအားကောင်းစေပါတယ်။ အစာခြေဖျက်မှုအားကောင်းစေရုံသာမက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် တော်ရုံနဲ့ဗိုက်မဆာအောင် ကူညီပေးတဲ့နေရာမှာ အထောက်အကူပြုပါတယ်။

ဒီလောက်ဆို သရက်သီးချစ်သူလဲ သရက်သီးစားခြင်းရဲ့အကျိုးကျေးဇူးတွေ သိလောက်ပြီထင်ပါတယ်။ သရက်သီးစားရတာကြိုက်နှစ်သက်တယ်ဆိုရင် သရက်သီးစားသူတွေအချင်းချင်း အကျိုးကျေးဇူးလေးတွေ ဝေမျှပေးဖို့လဲ မမေ့ပါနဲ့ဦး။

ဖိုးသူတော်(www.phothutaw.com)
Credit:(ပိုပိုလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top