ျမန္မာ့လက္ေ႐ြးစင္အသင္းရဲ႕တစ္ခ်ိန္ကအဓိကကစားသမားေတြျဖစ္တဲ့ေက်ာ္မင္းဦးကေတာ
့ေဘာလုံးေလာကမွာဒဏ္ရာေၾကာင့္အခ်ိန္ေတာ္ၾကာနားေနခဲ့ရတာပါ။ေဘာလုံးေလာကမွအနားယူဖို႔ေတာင္
ပရိသတ္ေတြထံေျပာၾကားခဲ့ေပမယ့္အဖြဲ႕ခ်ဳပ္နဲ႔ပရိသတ္ေတြရဲ႕အားေပးမႈေတြေၾကာင့္ဒဏ္ရာကိုျပန္ကုသဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ခုမွာေတာ့ေက်ာ္မင္းဦးဟာဘန္ေကာက္မွာခြဲစိတ္ကုသၿပီးေအာင္ျမင္ခဲ့ပါတယ္။
ဒါမယ့္ဒဏ္ရာျပန္သက္သာၿပီးပုံမွန္အေနအထားျပန္ေရာက္ဖို႔နဲ႔
အရင္တိုင္းသန္မာဖို႔အတြက္ကေတာ့အေပါ့စားေလ့က်င့္မႈေတြနဲ႔ကုသရဦးမွာျဖစ္ပါတယ္။
ေက်ာ္မင္းဦးနဲ႔တူတူေဇယ်ာႏိုင္လည္းဒဏ္ရာကိုခြဲစိတ္ကုသခဲ့ရတာျဖစ္ပါတယ္။

ဘန္ေကာက္မွာခြဲစိတ္ကုသမႈခံယူရင္းျမက္ခင္းစိမ္းေတြေပၚျပန္လာဖို႔ႀကိဳးစားေနတဲ့သူတို႔ႏွစ္ေယာက္ကို
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ႏွင့္ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေဇာ္ေဇာ္ကလည္း
မၾကာေသးခင္ကသြားေရာက္ေတြ႕ဆုံအားေပးခဲ့ပါတယ္။ထိုင္းပရီးမီးယားလိဒ္မွာကစားေနတဲ့ေက်ာ္ကိုကိုကလည္း
သြားေရာက္ေတြ႕ဆုံအားေပးမႈေတြျပဳလုပ္ခဲ့ၿပီး
ေက်ာ္မင္းဦးကလည္းလာေရာက္အားေပးခဲ့ၾကတဲ့ဦးေဇာ္ေဇာ္နဲ႔ေက်ာ္ကိုကိုတို႔ကိုေက်းဇူးတင္ေၾကာင္းေျပာထားတာျဖစ္ပါတယ္။
ပရိသတ္ေတြလည္းျမက္ခင္းစိမ္းေတြေပၚေျခခ်ဖို႔ႀကိဳးစားေနတဲ့ေက်ာ္မင္းဦးနဲ႔ေဇယ်ာႏိုင္တို႔ကိုလည္း
အားေပးစကားေလးေတြနဲ႔အားေပးၾကပါဦးေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:luckymyanmar

#Unicode Version#
မြန်မာ့လက်ရွေးစင်အသင်းရဲ့တစ်ချိန်ကအဓိကကစားသမားတွေဖြစ်တဲ့ကျော်မင်းဦးကတော
့ဘောလုံးလောကမှာဒဏ်ရာကြောင့်အချိန်တော်ကြာနားနေခဲ့ရတာပါ။ဘောလုံးလောကမှအနားယူဖို့တောင်
ပရိသတ်တွေထံပြောကြားခဲ့ပေမယ့်အဖွဲ့ချုပ်နဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်ဒဏ်ရာကိုပြန်ကုသဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခုမှာတော့ကျော်မင်းဦးဟာဘန်ကောက်မှာခွဲစိတ်ကုသပြီးအောင်မြင်ခဲ့ပါတယ်။
ဒါမယ့်ဒဏ်ရာပြန်သက်သာပြီးပုံမှန်အနေအထားပြန်ရောက်ဖို့နဲ့
အရင်တိုင်းသန်မာဖို့အတွက်ကတော့အပေါ့စားလေ့ကျင့်မှုတွေနဲ့ကုသရဦးမှာဖြစ်ပါတယ်။
ကျော်မင်းဦးနဲ့တူတူဇေယျာနိုင်လည်းဒဏ်ရာကိုခွဲစိတ်ကုသခဲ့ရတာဖြစ်ပါတယ်။

ဘန်ကောက်မှာခွဲစိတ်ကုသမှုခံယူရင်းမြက်ခင်းစိမ်းတွေပေါ်ပြန်လာဖို့ကြိုးစားနေတဲ့သူတို့နှစ်ယောက်ကို
အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း
မကြာသေးခင်ကသွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ထိုင်းပရီးမီးယားလိဒ်မှာကစားနေတဲ့ကျော်ကိုကိုကလည်း

သွားရောက်တွေ့ဆုံအားပေးမှုတွေပြုလုပ်ခဲ့ပြီး
ကျော်မင်းဦးကလည်းလာရောက်အားပေးခဲ့ကြတဲ့ဦးဇော်ဇော်နဲ့ကျော်ကိုကိုတို့ကိုကျေးဇူးတင်ကြောင်းပြောထားတာဖြစ်ပါတယ်။
ပရိသတ်တွေလည်းမြက်ခင်းစိမ်းတွေပေါ်ခြေချဖို့ကြိုးစားနေတဲ့ကျော်မင်းဦးနဲ့ဇေယျာနိုင်တို့ကိုလည်း

အားပေးစကားလေးတွေနဲ့အားပေးကြပါဦးနော်။

ဖိုးသူတော်(www.phothutaw.com)
Credit:luckymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top