တစ္ရက္တည္းအတြင္း ေရးႏွင့္ ေတာင္ငူတြင္ ရထားႏွင့္ ကားတိုက္မိမႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္းတစ္ဦး ေသဆုံး ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သိရသည္။

ေမလ ၄ ရက္၊ နံနက္ ၈ နာရီ၊ ၄ဝ မိနစ္ခန႔္က မြန္ျပည္နယ္ ၊ ေရးၿမိဳ႕နယ္၊ ထင္းရွဴးဘူတာႏွင့္ ေက်ာင္း႐ြာ ဘူတာၾကား မိုင္တိုင္ (၂၃၉/၁၆-၁၇) ၾကား၌ ထင္းရွဴးေက်း႐ြာမွ လယ္ေတာသို႔ အသက္ ၃ဝ အ႐ြယ္ ထြန္းထြန္းဝင္း ဆိုသူ ေမာင္းႏွင္လာသည့္ Nissan ေျမသယ္ယာဥ္သည္ တရားမဝင္ သံလမ္းကူးအား ျဖတ္သန္း ေမာင္းႏွင္စဥ္ ရန္ကုန္-ထားဝယ္ အမွတ္(၁၇၅)အဆန္ရထားက ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနမွ ေမလ ၅ ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

ရထားတိုက္မႈေၾကာင့္ ထြန္းထြန္းဝင္းတြင္ ဝဲ/ယာဒူး ပြန္းပဲ့ဒဏ္ရာ(မစိုးရိမ္ရ)ရရွိ၍ သံျဖဴဇရပ္ၿမိဳ႕ ျပည္သူ႔ေဆး ႐ုံသို႔ ပို႔ေဆာင္ ကုသခဲ့ကာ လက္ရွိတြင္  ထြန္းထြန္းဝင္းအား လမိုင္နယ္ေျမရဲစခန္းတြင္ (ပ)၅၆/၂၀၁၉၊ မီးရထား ပို႔ေဆာင္ေရး ဥပေဒပုဒ္မ ၈၅ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အလားတူ ေမလ ၄ ရက္၊ နံနက္ ၁ဝ နာရီ၊ ၄ဝ မိနစ္အခ်ိန္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ ေက်းေတာ ဘူတာႏွင့္ ေတာင္ငူ ဘူတာၾကား မိုင္တိုင္(၁၆၁/၅-၆)ၾကား၌ အေနာက္မွအေရွ႕သို႔ အသက္ ၂၈ ႏွစ္အ႐ြယ္ ေနမ်ိဳးေအာင္ (ခ)ခ်က္ႀကီး ေမာင္းႏွင္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ မ်ိဳးသူလိုက္ပါသည့္ ယာဥ္ေနာက္ခန္းတြင္ ပ်ဥ္းကတိုးၾကမ္း ျပား ၅၀၅ ေခ်ာင္း (၀.၇၁ တန္ခန႔္)တင္ေဆာင္လာသည့္  Aeras Nissan ယာဥ္(လိုင္စင္-စိစစ္ဆဲ)မွာ တရားမဝင္ သံလမ္းကူးအား ျဖတ္သန္းေမာင္းႏွင္စဥ္ ေနျပည္ေတာ္-ရန္ကုန္ အမွတ္(၃၂)အစုန္ရထားက ဝင္ေရာက္ တိုက္မိခဲ့ေၾကာင္းသိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ေနမ်ိဳးေအာင္(ခ)ခ်က္ႀကီးပါ ၂ ဦးတြင္ ယာခ်ိဳ ေစာင္း/ နဖူး/ ဒူး ဖူးေရာင္ ေပါက္ၿပဲ၊ ဝဲနားေသြးထြက္ဒဏ္ရာမ်ား(စိုးရိမ္ရ)ရရွိ၍ ေတာင္ငူၿမိဳ႕ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ေနမ်ိဳးေအာင္(ခ)ခ်က္ႀကီးမွာ ေဆး႐ုံ၌ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။



လက္ရွိတြင္ ေသဆုံးသူ ေနမ်ိဳးေအာင္ (ခ)ခ်က္ႀကီးအား ေတာင္ငူၿမိဳ႕မရဲစခန္းတြင္ (ပ)၅၅၉/၂၀၁၉၊ မီးရထားပို႔ေဆာင္ေရးဥပေဒ ပုဒ္မ ၈၅ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္းႏွင့္ သိမ္းဆည္းရမိသည့္ ပ်ဥ္းကတိုးၾကမ္းျပားမ်ားအား သစ္ေတာ ဥပေဒလုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ရက်တည်းအတွင်း ရေးနှင့် တောင်ငူတွင် ရထားနှင့် ကားတိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

မေလ ၄ ရက်၊ နံနက် ၈ နာရီ၊ ၄ဝ မိနစ်ခန့်က မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ထင်းရှူးဘူတာနှင့် ကျောင်းရွာ ဘူတာကြား မိုင်တိုင် (၂၃၉/၁၆-၁၇) ကြား၌ ထင်းရှူးကျေးရွာမှ လယ်တောသို့ အသက် ၃ဝ အရွယ် ထွန်းထွန်းဝင်း ဆိုသူ မောင်းနှင်လာသည့် Nissan မြေသယ်ယာဉ်သည် တရားမဝင် သံလမ်းကူးအား ဖြတ်သန်း မောင်းနှင်စဉ် ရန်ကုန်-ထားဝယ် အမှတ်(၁၇၅)အဆန်ရထားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရထားတိုက်မှုကြောင့် ထွန်းထွန်းဝင်းတွင် ဝဲ/ယာဒူး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ၍ သံဖြူဇရပ်မြို့ ပြည်သူ့ဆေး ရုံသို့ ပို့ဆောင် ကုသခဲ့ကာ လက်ရှိတွင်  ထွန်းထွန်းဝင်းအား လမိုင်နယ်မြေရဲစခန်းတွင် (ပ)၅၆/၂၀၁၉၊ မီးရထား ပို့ဆောင်ရေး ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ မေလ ၄ ရက်၊ နံနက် ၁ဝ နာရီ၊ ၄ဝ မိနစ်အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကျေးတော ဘူတာနှင့် တောင်ငူ ဘူတာကြား မိုင်တိုင်(၁၆၁/၅-၆)ကြား၌ အနောက်မှအရှေ့သို့ အသက် ၂၈ နှစ်အရွယ် နေမျိုးအောင် (ခ)ချက်ကြီး မောင်းနှင်ပြီး အသက် ၂၆ နှစ်အရွယ် မျိုးသူလိုက်ပါသည့် ယာဉ်နောက်ခန်းတွင် ပျဉ်းကတိုးကြမ်း ပြား ၅၀၅ ချောင်း (ဝ.၇၁ တန်ခန့်)တင်ဆောင်လာသည့်  Aeras Nissan ယာဉ်(လိုင်စင်-စိစစ်ဆဲ)မှာ တရားမဝင် သံလမ်းကူးအား ဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်ရထားက ဝင်ရောက် တိုက်မိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် နေမျိုးအောင်(ခ)ချက်ကြီးပါ ၂ ဦးတွင် ယာချို စောင်း/ နဖူး/ ဒူး ဖူးရောင် ပေါက်ပြဲ၊ ဝဲနားသွေးထွက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိ၍ တောင်ငူမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသစဉ် နေမျိုးအောင်(ခ)ချက်ကြီးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် သေဆုံးသူ နေမျိုးအောင် (ခ)ချက်ကြီးအား တောင်ငူမြို့မရဲစခန်းတွင် (ပ)၅၅၉/၂၀၁၉၊ မီးရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိသည့် ပျဉ်းကတိုးကြမ်းပြားများအား သစ်တော ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top