၁၃ ႏွစ္သမီးေလး ေဆးခန္းလာျပတယ္ ။ တင္ပါးမွာ အေမႊးေလးထြက္ေနတယ္ ထိုင္လို႕မရဘူးဆိုလို႕ ။ ကိုယ့္စိတ္ထဲ ျပည္ဖုေလး အဆီဖုေလးက အဆံထြက္ေနတာလားဆိုျပီး ၾကည့္လိုက္တာ။ တင္ပါးထဲကေန ထြက္ေနတာ အပ္ခ်ည္မွ်င္ လိုဟာေလးက အစေသးေသးေလး ။

ကိုင္ၾကည့္လိုက္ေတာ့လည္း အပ္ခ်ည္ထင္ေပမဲ႕ ျဖစ္ႏိုင္ေခ်ေတြ လိုက္စဥ္းစားတယ္။ အေရျပားကေန ေဖာက္ထြက္တဲ႕ သံေကာင္ရဲ႕ အပိုင္းေလးလား ။ ဘာလဲေပါ့ ။ ျပည္ခဲျပီး အေတာင့္ေလးျဖစ္ျပီး မာေနတာလား ။ ကိုင္ၾကည့္ရင္းနဲ႕ ေသခ်ာ သြားတာ ဒါ အပ္ခ်ည္ပဲလို႕ ။ အျပင္ထြက္ေနတဲ႕ အပ္ခ်ည္စက 0.5 cm ေလာက္အျပင္မပိုဘူး ။ ေဆးရံုကို refer ရမလား အေတြးေတြကလည္း ဟိုဟိုသည္သည္ ။ ဒါေပမဲ႕ ဘယ္လိုဝင္ေနလို႕ တင္းခံေနရတာလဲေပါ့ ။(အပ္ လို႕ ေတြးကို မထား ေပမဲ႕ ေတြးရေတာ့မွာပဲ ) ။

အဲ႕ဒါနဲ႕ artery forceps နဲ႕ ေခ်ာ့ျပီး အပ္ခ်ည္ကို ႏွဲ႕တယ္ ။ တင္ပါးကို ေခ်ာ့ျပီး ဟိုဖ်စ္ဒီဖ်စ္လုပ္တယ္ ။ “အပ္ခ်ည္ျပတ္ ထြက္သြားရင္ ငါေတာ့ ေသျပီ” လို႕လည္း ေတြးတာ ။ တင္ပါးထဲမွာ အပ္က နည္းနည္း ကန္႕လန္႕ေစာင္းျပီး ခံေနတယ္ ထင္ပါတယ္ ။ အပ္ေနာက္သာ အပ္ခ်ည္ကလိုက္တာ အပ္ခ်ည္ေနာက္ကို အပ္ျပန္လိုက္ထြက္ဖို႕ဆိုတာ။ Artery Forceps နဲ႕ အပ္ခ်ည္ကို ၂ခ်က္လိမ္ျပီး အဝနားကို ျပည္ညွစ္သလို တင္ပါးကို ေခ်ာ့ ဖ်စ္ညွစ္ ပီး ဆြဲထည့္လိုက္တာ (စိတ္ထဲမွာလည္း သစၥာတစ္ခုဆိုလိုက္တယ္ ။ ယံုၾကည္ရာေပါ့ေလ)။ ထြက္လာတဲ႕ အပ္သာ ၾကည့္ၾကေတာ့ ။ အဲ႕က်မွ ” ငါေလ ေသခ်င္တာ ပဲသိလား .ေတြေရာ … ေသေတာ့မွာပဲ …” ေတြေရာ ကေနစျပီး ကေလးကို ဆူတာဆူတာလည္း non stop ပဲ ။ လူက ေတာ့ ေပါ့ပါးသြားရတယ္ ။

ဆရာဝန္ယူရတဲ့ risk က သိပ္ကိုမ်ားပါတယ္။ လက္ေဝွ႕ၾကိဳးဝိုင္းထဲ အထည့္ခံရတဲ႕ လက္ေဝွ႕သမားလိုပဲ ။ လွည့္ေျပးလို႕ မရဘူး ။ ေဆးရံုကို refer လို႕ ရေပမဲ႕ အတတ္ႏိုင္ဆံုး ကိုယ္နဲ႕ ျပီးသြားပါေစေတာ့ ဆိုတဲ႕ ေစတနာနဲ႕ပါ ။ အဲ႕ဒီ ပီတိ တစ္ခုနဲ႕ပဲ ေဖ့ဘုတ္ခ္ေပၚမွာ ဆရာဝန္ေတြကို ဆဲတဲ႕ ေဖာင္းတဲ႕ status ေတြ ေတြ႕ရင္ စပ္ျဖဲျဖဲေလး ရယ္ရံု လ်စ္လ်ဴ ရွဳထားရံု ေနႏိုင္ေနတာပါ။

မိဘေတြအေနနဲ႕ ကေလးေတြရဲ႕အိပ္ရာ ထိုင္ခံုအနီးတဝိုက္မွာ အပ္လိုမ်ိဳး ခြ်န္တဲ႕ဟာေတြ ဆူးေတြ ခဲဆံေတြ ထားတာကို သတိထားၾကပါလို႕ ေျပာခ်င္လို႕ပါ ။ သူတို႕ေလးေတြ မအိပ္ခင္ အိပ္ရာကိုလည္း ေသခ်ာ စစ္ေဆးၾကည့္ၾကပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sannyeinchan Mdy

#Unicode Version# ျဖင့္ဖတ္ပါ ။

၁၃ နှစ်သမီးလေး ဆေးခန်းလာပြတယ် ။ တင်ပါးမှာ အမွှေးလေးထွက်နေတယ် ထိုင်လို့မရဘူးဆိုလို့ ။ ကိုယ့်စိတ်ထဲ ပြည်ဖုလေး အဆီဖုလေးက အဆံထွက်နေတာလားဆိုပြီး ကြည့်လိုက်တာ။ တင်ပါးထဲကနေ ထွက်နေတာ အပ်ချည်မျှင် လိုဟာလေးက အစသေးသေးလေး ။

ကိုင်ကြည့်လိုက်တော့လည်း အပ်ချည်ထင်ပေမဲ့ ဖြစ်နိုင်ချေတွေ လိုက်စဉ်းစားတယ်။ အရေပြားကနေ ဖောက်ထွက်တဲ့ သံကောင်ရဲ့ အပိုင်းလေးလား ။ ဘာလဲပေါ့ ။ ပြည်ခဲပြီး အတောင့်လေးဖြစ်ပြီး မာနေတာလား ။ ကိုင်ကြည့်ရင်းနဲ့ သေချာ သွားတာ ဒါ အပ်ချည်ပဲလို့ ။ အပြင်ထွက်နေတဲ့ အပ်ချည်စက 0.5 cm လောက်အပြင်မပိုဘူး ။ ဆေးရုံကို refer ရမလား အတွေးတွေကလည်း ဟိုဟိုသည်သည် ။ ဒါပေမဲ့ ဘယ်လိုဝင်နေလို့ တင်းခံနေရတာလဲပေါ့ ။(အပ် လို့ တွေးကို မထား ပေမဲ့ တွေးရတော့မှာပဲ ) ။

အဲ့ဒါနဲ့ artery forceps နဲ့ ချော့ပြီး အပ်ချည်ကို နှဲ့တယ် ။ တင်ပါးကို ချော့ပြီး ဟိုဖျစ်ဒီဖျစ်လုပ်တယ် ။ “အပ်ချည်ပြတ် ထွက်သွားရင် ငါတော့ သေပြီ” လို့လည်း တွေးတာ ။ တင်ပါးထဲမှာ အပ်က နည်းနည်း ကန့်လန့်စောင်းပြီး ခံနေတယ် ထင်ပါတယ် ။ အပ်နောက်သာ အပ်ချည်ကလိုက်တာ အပ်ချည်နောက်ကို အပ်ပြန်လိုက်ထွက်ဖို့ဆိုတာ။ Artery Forceps နဲ့ အပ်ချည်ကို ၂ချက်လိမ်ပြီး အဝနားကို ပြည်ညှစ်သလို တင်ပါးကို ချော့ ဖျစ်ညှစ် ပီး ဆွဲထည့်လိုက်တာ (စိတ်ထဲမှာလည်း သစ္စာတစ်ခုဆိုလိုက်တယ် ။ ယုံကြည်ရာပေါ့လေ)။ ထွက်လာတဲ့ အပ်သာ ကြည့်ကြတော့ ။ အဲ့ကျမှ ” ငါလေ သေချင်တာ ပဲသိလား .တွေရော … သေတော့မှာပဲ …” တွေရော ကနေစပြီး ကလေးကို ဆူတာဆူတာလည်း non stop ပဲ ။ လူက တော့ ပေါ့ပါးသွားရတယ် ။

ဆရာဝန်ယူရတဲ့ risk က သိပ်ကိုများပါတယ်။ လက်ဝှေ့ကြိုးဝိုင်းထဲ အထည့်ခံရတဲ့ လက်ဝှေ့သမားလိုပဲ ။ လှည့်ပြေးလို့ မရဘူး ။ ဆေးရုံကို refer လို့ ရပေမဲ့ အတတ်နိုင်ဆုံး ကိုယ်နဲ့ ပြီးသွားပါစေတော့ ဆိုတဲ့ စေတနာနဲ့ပါ ။ အဲ့ဒီ ပီတိ တစ်ခုနဲ့ပဲ ဖေ့ဘုတ်ခ်ပေါ်မှာ ဆရာဝန်တွေကို ဆဲတဲ့ ဖောင်းတဲ့ status တွေ တွေ့ရင် စပ်ဖြဲဖြဲလေး ရယ်ရုံ လျစ်လျူ ရှုထားရုံ နေနိုင်နေတာပါ။

မိဘတွေအနေနဲ့ ကလေးတွေရဲ့အိပ်ရာ ထိုင်ခုံအနီးတဝိုက်မှာ အပ်လိုမျိုး ချွန်တဲ့ဟာတွေ ဆူးတွေ ခဲဆံတွေ ထားတာကို သတိထားကြပါလို့ ပြောချင်လို့ပါ ။ သူတို့လေးတွေ မအိပ်ခင် အိပ်ရာကိုလည်း သေချာ စစ်ဆေးကြည့်ကြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Sannyeinchan Mdy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top