20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အရွင္ဘုရား တပည့္ေတာ္ ဥပုသ္ေစာင့္တဲ့အခါ ေရေႏြးၾကမ္း ကို ညေနပိုင္း ေသာက္လို႔ရပါသလား ဘုရား။ တပည့္ေတာ္ မေသခ်ာလို႔ မေသာက္ေသးပါ ဘုရား။ ေရေႏြးက်မ္းကို ဝိနည္းမွာ တိုက္ရိုက္ မတားျမစ္တာမို႔ ေသာက္လို႔ ရပါတယ္။ ဒါေပမယ့္ ျမန္မာနိုင္ငံမွာ လက္ဖက္ကို (လက္ဖက္သုပ္အျဖစ္) စားၾကလို႔ ေရေႏြးက်မ္းကို စြပ္ျပဳတ္အျဖစ္လည္း သတ္မွတ္နိုင္ပါတယ္။ အဲ့လို စြပ္ျပဳတ္ကို ညေနမွာ မစားသင့္ပါဘူးလို႔ တခ်ိဳ႕ တင္းၾကပ္တဲ့ ဆရာေတာ္ႀကီးေတြက ေဟာၾကားၾကပါတယ္။ ေ႐ႊက်င္ဂိုဏ္း ဆရာေတာ္ႀကီး ေတာ္ေတာ္မ်ားမ်ားက ညေနမွာ လက္ဖက္ရည္ကို မေသာက္ၾကပါဘူး။ ဆိုပါစို႔ ေ႐ႊဥမင္ ေတာရမွာလည္း မသင့္ဘူးလို႔ သင္ယူရပါတယ္။ တကယ္ မဂ္၊ဖိုလ္ ရခ်င္တဲ့ ပုဂၢိဳလ္မ်ားက ညေနမွာ စားစရာမွ ေရွာင္ရပါတယ္ – စားစရာနဲ႕ တူညီနိုင္မယ့္ အစားအေသာက္ကိုလည္း ေရွာင္ရပါတယ္ ဒကာမ။ညမွာ ဘာေၾကာင့္ စားစရာမွ ေရွာင္ရမလဲ။ တကယ္ေတာ့ ညမွာလည္း စားမယ္ဆိုရင္ အခ်ိန္ ေတာ္ေတာ္ ကုန္လိမ့္မယ္။ စားမယ့္ပစၥည္း သြားဝယ္ရတယ္၊ ဝယ္ၿပီး ျပင္ထားရတယ္၊ ၿပီးရင္ ခ်က္ရတယ္၊ ေကြၽးရတယ္၊ စားရတယ္၊ ပန္းကန္ ျပန္ေဆးရမယ္။ သိမ္းရမယ္။ အဲ့ဒီအခါ တစ္ခုပ်က္ရင္ ျပန္သိမ္းရမယ္။ ျပင္ရမယ္။ ဒီလိုဆို အခ်ိန္ေတာ္ေတာ္ကို ကုန္လိုက္တဲ့အတြက္ တျခားအလုပ္လုပ္ဖို႔ အခ်ိန္ သိပ္ မက်န္ေတာ့ပါဘူး ေနာ္


ညေနမွာ မစားခဲ့တာမို႔ ဗိုက္ကလည္း ရွင္းပါတယ္ တရားအားထုတ္ဖို႔ အခ်ိန္မ်ားမ်ား ရၿပီး စိတ္ကလည္း ရွင္းပါတယ္။ဒါေပမယ့္ ဗိုက္ဆာရင္၊ ေရငတ္ရင္ “ေဖ်ာ္ရည္”နဲ႕ “ေဆး”ဆိုတာ ရွိပါတယ္။ ေဖ်ာ္ရည္ဆိုေတာ့ စာေပအတိုင္း ရဟန္းေတြက ညေန သစ္သီး ေဖ်ာ္ရည္ ေသာက္သင့္ပါတယ္ – သစ္သီး ဆိုတာ သစ္ပင္မွ သီးလို႔ သစ္သီးလို႔ ေခၚပါတယ္။ ဒါမွမဟုတ္ – ေျမႀကီးအထက္မွာ သီးလို႔ သစ္သီးျဖစ္ပါတယ္။ ေသာက္သင့္တဲ့ ေဖ်ာ္ရည္ ျဖစ္ေအာင္ ေဖ်ာ္ထားၿပီး ေရစစ္နဲ႕ စစ္ရပါတယ္။ အဖတ္ေတြပါရင္ စားစရာလားလို႔ သံသယ ျဖစ္နိုင္ပါတယ္။ အဖတ္မပါရဘူး ေနာ္။ကခၤါ ဆိုတဲ့ ပါဠိက်မ္းႀကီးမွာ ဒီ ၈ မ်ိဳးကို အထူး အႀကံေပးထားပါတယ္ – (၁) သရက္သီး၊ (၂) သေျပသီး၊ (၃) ေတာငွက္ေပ်ာသီး (အေစ့ပါတယ္)၊ (၄) အိမ္ငွက္ေပ်ာသီး (အေစ့မပါဘူး)၊

(၅) သစ္မည္ဇည္သီး၊ (၆) မုဒရက္သီး 😊 သျပက္သီး, စပစ္သီး)၊ (၇) ၾကာစြယ္၊ (၈) ဖက္သက္သီး။ (ကခၤါဝိတရဏီ အ႒ကထာ စာ ၂၃၁။) သီရိလကၤာမွာ ဝိနည္းဓိုရ္ ရဟန္းေတာ္ေတြက ညေန ေဖ်ာ္ရည္ ေသာက္မယ္ဆိုရင္ ဒီ ၈ မ်ိဳးကို ashta-pahna (ေသာက္စရာ ၈ မ်ိဳး) လို႔ ဒကာ ဒကာမ မ်ားမ်ား သိၾကပါတယ္။ (ပါဠိလိုဆို အ႒ပါန။)စာေပမွာ ထပ္ အႀကံေပးထားတဲ့ ေဖ်ာ္ရည္မ်ားမွာ – ႀကိမ္သီး၊ မန္က်ည္းသီး၊ ေရွာက္သီး၊ သီးသီး၊ ႀကိဳ႕သီး၊ ခံသီး မ်ားကို ေဖ်ာ္ထား
ၿပီး ေဖ်ာ္ရည္အျဖစ္ ညေနမွာ ေသာက္သင့္ပါတယ္လို႔ သိရပါတယ္။ ဒီ သစ္သီး ၈ မ်ိဳး နဲ႕ ၆ မ်ိဳး မကေသးဘူးေနာ္။ ဒီသစ္သီးနဲ႕ တူညီတဲ့ သစ္သီး – လိေမၼာ္၊ စေတာ္ဘယ္ရီ၊ ေထာပတ္သီး၊၊ မင္းကြပ္သီး၊ သေဘၤာသီး၊ နဂါးေမာက္သီး၊ နာနတ္သီး စတဲ့ သစ္သီးမ်ားမွလည္း ေဖ်ာ္ရည္ ေသာက္ရင္ သင့္ေတာ္ပါတယ္။ (တကယ္စင္စစ္ အသီးမကပါဘူး၊ ခုန ေျပာသမွ် သစ္သီးပင္မ်ားမွ အ႐ြက္ နဲ႕ ပန္းပြင့္ မွ လုပ္ထားတဲ့ ေဖ်ာ္ရည္လည္း ေသာက္သင့္ပါတယ္။)ညေနမွာ မေသာက္ရတဲ့ ေဖ်ာ္ရည္သီး ၉ မ်ိဳး ရွိပါတယ္ – ထန္းသီး၊ အုန္းသီး၊ အိမ္ပိႏၷဲသီး၊ ေတာင္ပိႏၷဲသီး၊ ဘူးသီး၊ ဖ႐ုံသီး၊ သခြားငျပဳတ္သီး၊ သခြားငဆစ္သီး၊ သခြားငေၾကာင္သီး။ ညေနမွာ မေသာက္ရတဲ့ ဒီ ေဖ်ာ္ရည္ ၉ မ်ိဳးကို အလြယ္ဒီလို မွတ္မိရပါတယ္ – “ထန္းအုန္းႏွစ္ခြဲ၊ ပိႏၷဲႏွစ္မ်ိဳး၊ ဘူး ဖု႐ုံ၊ သုံးခြား။”

ဘာေၾကာင့္ မေသာက္ရဘူးလဲ။ ဒီအသီးေတြကို အိႏၵိယနိုင္ငံမွာ ဟင္းအျဖစ္ ခ်က္စားပါတယ္။ ဟင္းအျဖစ္ ခ်က္လို႔ ေဖ်ာ္ရည္ လုပ္ရင္ေတာင္ ေဖ်ာ္ရည္ မဟုတ္ဘဲ စြပ္ျပဳတ္ျဖစ္ေတာ့ စားစရာလို႔ သတ္မွတ္ပါတယ္။ ညေနမွာ မစားရဘူးဆိုပါတယ္။ ဒါေၾကာင့္ ညမွာ ဒီ စြပ္ျပဳတ္ (ေဖ်ာ္ရည္) ၉ မ်ိဳးကို ေရွာင္ရပါတယ္။ “ထန္းအုန္းႏွစ္ခြဲ၊ ပိႏၷဲႏွစ္မ်ိဳး၊ ဘူး ဖု႐ုံ၊ သုံးခြား။” (ဒါ ဦးဇင္းရဲ႕ ေဆာင္ပုဒ္ မဟုတ္ဘူး ေန
ာ္။ မဟာဂႏၶာ႐ုံ ဆရာေတာ္ႀကီး အရွွင္ ဇနာကာဘိဝံသရဲ႕ ေဆာင္ပုဒ္ ျဖစ္ပါတယ္။)

ဒကာ ဒကာမ တခ်ိဳ႕က ညေနမွာ ရဟန္းေတြကို ႏြားနို႔ကို ကပ္ခ်င္ပါတယ္။ လုံးဝ မသင့္ပါဘူး။ ႏြားနို႔ကို ညေနမွာ တစ္စက္ပဲေတာင္ ေသာက္ရင္ စည္းကမ္းက်ဴးလြန္သြားၿပီ။ ငွက္ေပ်ာသီး၊ ေထာပတ္သီးစတဲ့ ရိုးရိုးေဖ်ာ္ရည္ ဆိုရင္ ညမွာ ေသာက္သင့္ေပမဲ့ တစ္ခ်ိဳ႕ ဆိုင္ေတြမွာ ႏြားနို႔နဲ႕ ေပါင္းၿပီး ေဖ်ာ္ၾကပါတယ္။ ႏြားနို႔နဲ႕ ေပါင္းေဖ်ာ္ရင္ လုံးဝ မေသာက္ရပါဘူး။ ဆိုင္မွာ “ႏြားနို႔ မထည့္ပါနဲ႕” လို႔ မွာရပါတယ္။ (သၾကား၊ ဆား၊ ပ်ားရည္ ထည့္ခ်င္ရင္ ထည့္လို႔ ရပါတယ္။) ဆိုင္ေတြမွာ ဘူးနဲ႕ ေရာင္းထားတဲ့ တစ္ခ်ိဳ႕ ေဖ်ာ္ရည္ေတြမွာ မုန္လာဥနီ (ခါၾကက္ဥ, carrot)၊ မုန္လာဥနီ (ဗီတြတ္, beetroot)၊ ဒါမွမဟုတ္ အုန္းရည္ ပါတတ္ပါတယ္။ ညေနမွာ ေသာက္မယ့္ ေဖ်ာ္ရည္အျဖစ္ လုံးဝ မသင့္ပါဘူး။ ႏြားနို႔၊ မုန္လာဥနီ၊ (သို႔) အုန္းရည္ ေဖ်ာ္ရည္မွာ ပါလာရင္ ညမွာ ေသာက္တဲ့အခါ စည္းကမ္းက်ဴးလြန္ရာ ေရာက္ပါတယ္။ ပဲနို႔က ပဲနဲ႕ လုပ္ထားလို႔ သစ္သီး ေဖ်ာ္ရည္ မဟုတ္ပါဘူး။ ဒါေပမယ့္ ပဲကလည္း စားစရာ ျဖစ္ေတာ့ ပဲနို႔စသည့္ ပဲမွ လုပ္ထားသမွ် စားစရာမ်ားကို ညမွာ မေသာက္ရပါဘူး။)တခ်ိဳ႕ ရဟန္းေတြက – “ကဲ ရႈပ္လိုက္တာ၊ မြန္းတည့္ၿပီး ေဖ်ာ္ရည္ မေသာက္ေတာ့ဘူးကြ” မိန႔္တတ္ၾက
ပါတယ္။ ဒါေပမယ့္ ဒါက ကုသိုလ္ေကာင္းမႈ မ်ားမ်ား ျပဳခ်င္တဲ့ ဒကာ ဒကာမမ်ားကို ဒီလို ဝိနည္းနဲ႕အညီ ျပဳလုပ္ခ်င္တဲ့ ကုသိုလ္ကို

တားမိတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဆရာေတာ္မ်ားရဲ႕ က႐ုဏာ ေမတၱာအတိုင္း ဆုံးျဖတ္ပါရေစ။ ရိုးရိုး လိေမၼာ္သီး ေဖ်ာ္ရည္၊ ရိုးရိုး ငွက္ေပ်ာသီး ေဖ်ာ္ရည္၊ ရိုးရိုး ပန္းသီး ေဖ်ာ္ရည္ စတဲ့ ေဖ်ာ္ရည္ေတြကို အိမ္တိုင္းမွာ လုပ္လို႔ ရပါတယ္၊ မနက္ပိုင္းမွာ ကုသိုလ္ျပဳခြင့္ မရတဲ့အတြက္ အနည္းဆုံး ညမွာ ျပဳမယ္ဆိုၿပီး ကပ္လို႔ ရပါတယ္။ စာေပမွာ မေထရ္ႀကီးေတြက ရွင္းျပတဲ့အတိုင္း ရဟန္းေတာ္က တကယ္ ေသာက္ခ်င္စိတ္ (ေရငတ္တဲ့စိတ္) ရွိရင္ ေသာက္လို႔ ရပါတယ္။ေနာက္ၿပီး ေဆးလည္း ေသာက္လို႔ ရပါတယ္။ ေဆးဆိုေတာ့ အဓိက ငါးမ်ိဳး –

(၁) ေထာပတ္ (ႏြားနို႔ေထာပတ္၊ ဆိတ္နို႔ေထာပတ္၊ ကြဲ်နိဳ႕ေထာပတ္၊ အသားအပ္ေသာ သတၱဝါတို႔မွ ျဖစ္ေသာ ေထာပတ္)၊

(၂) ဆီဦး ‘ေထာေပး’ (အသားအပ္ေသာ သတၱဝါတို႔မွ ျဖစ္ေသာ ဆီဦး)၊

(၃) ဆီ (ႏွမ္းဆီ၊ မုန္းညင္းဆီ၊ မယ္ဇယ္ဆီ၊ ၾကက္ဆူဆီ၊ အသားဆီ)၊

(၄) ပ်ားရည္ (ပ်ားငယ္ ျပဳ အပ္ေသာ ပ်ားရည္)

(၅) တင္လဲ (ႀကံမွ ျဖစ္ေသာ တင္လဲ)

ထန္းလ်က္က ႀကံ အရသာရွိလို႔ ထန္းလ်က္လုံးကိုလည္း ညေနမွာစားလို႔ ရပါတယ္။ ျမတ္စြာဘုရား မိန႔္ေတာ္မူတဲ့အတိုင္း –

“ဂိလာနႆ…….. ဂုဠံ အဂိလာနႆ…… အေယာဂုဠံ” (ဝိနည္း မဟာဝါ စာ ၃၂၀)

ေနမေကာင္းရင္ ထန္းလ်က္၊ ေနေကာင္းရင္ ထန္းလ်က္နဲ႕ ေရ ေရာထားရပါတယ္တဲ့။ ထန္းလ်က္နဲ႕ အညီ တင္လဲနဲ႕ က်န္တဲ့ ေဆး ေလးမ်ိဳးကို ေရနဲ႕ ေရာၿပီး ညေနမွာ က်န္းမာရင္ေတာင္ ေသာက္လို႔ ရပါတယ္။ ေနမေကာင္းရင္ ေရနဲ႕ေတာင္ မေရာဘဲ ေသာက္လို႔ ရပါတယ္။ က်န္းမာရင္ေတာင္ ေဆး ၅ မ်ိဳး အားလုံးကို ေရနဲ႕ ေရာၿပီး ညမွာ ေသာက္လို႔ ရတယ္ဆိုတာ ဝိနည္းဓိုရ္ ဆရာေတာ္ အမ်ားႀကီး ယုံၾကည္ၾကပါတယ္။ ဒီလို စတုမဓု ဆိုတဲ့ ျမန္မာ ရိုးရာေဆး ရွိပါတယ္ – ေထာပတ္၊ ႏွမ္းဆီ၊ သကာ၊ ပ်ားရည္တို႔ျဖင့္ ေဖာ္စပ္ထားပါသည္။ ဒါ ေနမေကာင္းတဲ့ ရဟန္းေတြက ညေနမွာ သုံးေဆာင္လို႔ ရပါတယ္။ ေနေကာင္းတဲ့ ရဟန္းေတြက ေရနဲ႕ ေရာထားၿပီး ေသာက္လို႔ ရပါတယ္တဲ့။ တခ်ိဳ႕ဆရာေတာ္ေတြက ဒါ စာေပမွာ အဲ့လို မေတြ႕ဘူးဆိုၿပီး က်န္းမာတဲ့ ရဟန္းေတြကို ထန္းလ်က္နဲ႕ ေရကိုပဲ ခြင့္ျပဳ ၾကပါတယ္။စားစရာအျဖစ္ မသတ္မွတ္ထားတဲ့ င႐ုပ္သီး၊ ဇီးျဖဴသီး စတဲ့ ဟင္းအျဖစ္ မဟုတ္ဘဲ တကယ္ ေဆးအျဖစ္ သုံးၾကတဲ့ အရာမ်ိဳးေတြကို ညမွာ အသုံးျပဳလို႔ ရပါတယ္။ ဒီလိုလည္း ငွက္သိုက္ ကို ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါရွင္ ဝိနည္းဓိုရ္ ဆရာေတာ္မ်ားက ညေနမွာ ဘုန္းေပးၾကပါတယ္။မြန္းတည့္ၿပီးခ်ိန္အထိ ဒကာမ ဗိုက္မဆာဘဲ ခ်မ္းခ်မ္းသာသာ ေနနိုင္ရင္လည္း ဦးဇင္းက ေဖ်ာ္ရည္ ဘာပဲျဖစ္ျဖစ္ ေသာက္ဖို႔ ႏွိုးေဆာ္ေပးပါတယ္။ ၈ ရက္ကို တစ္ခါပဲ ဆိုေတာ့ ညေနမွာ ေရပဲ ေသာက္တာ ေကာင္းပါတယ္။ ေန႕တိုင္း ဥပုသ္ေဆာက္တည္မယ္ဆိုရင္ ညေနမွာ ေရနဲ႕ပဲ ေနရတဲ့အတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီး အစာအိမ္ေရာဂါ ခံစားရတတ္ပါတယ္လို႔ စိုးရိမ္ရပါတယ္။ က်န္းမာေရးကို ဂ႐ုစိုက္ၿပီး အားထုတ္ရပါတယ္။တရားအားထုတ္ဖို႔ အေကာင္းဆုံး အေျခအေန ငါးမ်ိဳးကို အဂၤုတၱိဳရ္နိကာယ္ ပါဠိ အတြဲ ၂ စာ ၉၀ မွ သိရပါတယ္။ – (၁) က်န္းမာတယ္၊ (၂) အသက္အ႐ြယ္ ငယ္တယ္၊ (၃) စားစရာ လုံလုံေလာက္ေလာက္ ရပါတယ္၊ (၄) ဒကာ ဒကာမ အခ်င္းခ်င္း ၿငိမ္းခ်မ္းေရး ရွိတယ္ (စစ္ပြဲ မတိုက္ရပါဘူး)၊ (၅) ရဟန္းေတြ အခ်င္းခ်င္း ၿငိမ္းခ်မ္းေရး ရွိပါတယ္ (သံဃာေတာ္ မကြဲသြားဘူး။) ဆိုတာ ရွိပါတယ္။ ဒီ (၅) ခ်က္ကို ဂ႐ုစိုက္ၿပီး အားထုတ္ရပါတယ္။ ဒီ (၅) ခ်က္ မျပည့္စုံရင္ ပိုမ်ားမ်ား ႀကိဳးစားရတယ္ေပါ့ ေနာ္။ 🙂

အၿမဲ က်န္းမာခ်မ္းသာပါေစ။ 🙂

ဖိုးသူေတာ္(www.phothutaw.com)
Credit:original uploader

#Unicode Version#
အရှင်ဘုရား တပည့်တော် ဥပုသ်စောင့်တဲ့အခါ ရေနွေးကြမ်း ကို ညနေပိုင်း သောက်လို့ရပါသလား ဘုရား။ တပည့်တော် မသေချာလို့ မသောက်သေးပါ ဘုရား။ ရေနွေးကျမ်းကို ဝိနည်းမှာ တိုက်ရိုက် မတားမြစ်တာမို့ သောက်လို့ ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လက်ဖက်ကို (လက်ဖက်သုပ်အဖြစ်) စားကြလို့ ရေနွေးကျမ်းကို စွပ်ပြုတ်အဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ အဲ့လို စွပ်ပြုတ်ကို ညနေမှာ မစားသင့်ပါဘူးလို့ တချို့ တင်းကြပ်တဲ့ ဆရာတော်ကြီးတွေက ဟောကြားကြပါတယ်။ ရွှေကျင်ဂိုဏ်း ဆရာတော်ကြီး တော်တော်များများက ညနေမှာ လက်ဖက်ရည်ကို မသောက်ကြပါဘူး။ ဆိုပါစို့ ရွှေဥမင် တောရမှာလည်း မသင့်ဘူးလို့ သင်ယူရပါတယ်။ တကယ် မဂ်၊ဖိုလ် ရချင်တဲ့ ပုဂ္ဂိုလ်များက ညနေမှာ စားစရာမှ ရှောင်ရပါတယ် – စားစရာနဲ့ တူညီနိုင်မယ့် အစားအသောက်ကိုလည်း ရှောင်ရပါတယ် ဒကာမ။ညမှာ ဘာကြောင့် စားစရာမှ ရှောင်ရမလဲ။ တကယ်တော့ ညမှာလည်း စားမယ်ဆိုရင် အချိန် တော်တော် ကုန်လိမ့်မယ်။ စားမယ့်ပစ္စည်း သွားဝယ်ရတယ်၊ ဝယ်ပြီး ပြင်ထားရတယ်၊ ပြီးရင် ချက်ရတယ်၊ ကျွေးရတယ်၊ စားရတယ်၊ ပန်းကန် ပြန်ဆေးရမယ်။ သိမ်းရမယ်။ အဲ့ဒီအခါ တစ်ခုပျက်ရင် ပြန်သိမ်းရမယ်။ ပြင်ရမယ်။ ဒီလိုဆို အချိန်တော်တော်ကို ကုန်လိုက်တဲ့အတွက် တခြားအလုပ်လုပ်ဖို့ အချိန် သိပ် မကျန်တော့ပါဘူး နော်


ညနေမှာ မစားခဲ့တာမို့ ဗိုက်ကလည်း ရှင်းပါတယ် တရားအားထုတ်ဖို့ အချိန်များများ ရပြီး စိတ်ကလည်း ရှင်းပါတယ်။ဒါပေမယ့် ဗိုက်ဆာရင်၊ ရေငတ်ရင် “ဖျော်ရည်”နဲ့ “ဆေး”ဆိုတာ ရှိပါတယ်။ ဖျော်ရည်ဆိုတော့ စာပေအတိုင်း ရဟန်းတွေက ညနေ သစ်သီး ဖျော်ရည် သောက်သင့်ပါတယ် – သစ်သီး ဆိုတာ သစ်ပင်မှ သီးလို့ သစ်သီးလို့ ခေါ်ပါတယ်။ ဒါမှမဟုတ် – မြေကြီးအထက်မှာ သီးလို့ သစ်သီးဖြစ်ပါတယ်။ သောက်သင့်တဲ့ ဖျော်ရည် ဖြစ်အောင် ဖျော်ထားပြီး ရေစစ်နဲ့ စစ်ရပါတယ်။ အဖတ်တွေပါရင် စားစရာလားလို့ သံသယ ဖြစ်နိုင်ပါတယ်။ အဖတ်မပါရဘူး နော်။ကင်္ခါ ဆိုတဲ့ ပါဠိကျမ်းကြီးမှာ ဒီ ၈ မျိုးကို အထူး အကြံပေးထားပါတယ် – (၁) သရက်သီး၊ (၂) သပြေသီး၊ (၃) တောငှက်ပျောသီး (အစေ့ပါတယ်)၊ (၄) အိမ်ငှက်ပျောသီး (အစေ့မပါဘူး)၊

(၅) သစ်မည်ဇည်သီး၊ (၆) မုဒရက်သီး 😊 သပြက်သီး, စပစ်သီး)၊ (၇) ကြာစွယ်၊ (၈) ဖက်သက်သီး။ (ကင်္ခါဝိတရဏီ အဋ္ဌကထာ စာ ၂၃၁။) သီရိလင်္ကာမှာ ဝိနည်းဓိုရ် ရဟန်းတော်တွေက ညနေ ဖျော်ရည် သောက်မယ်ဆိုရင် ဒီ ၈ မျိုးကို ashta-pahna (သောက်စရာ ၈ မျိုး) လို့ ဒကာ ဒကာမ များများ သိကြပါတယ်။ (ပါဠိလိုဆို အဋ္ဌပါန။)စာပေမှာ ထပ် အကြံပေးထားတဲ့ ဖျော်ရည်များမှာ – ကြိမ်သီး၊ မန်ကျည်းသီး၊ ရှောက်သီး၊ သီးသီး၊ ကြို့သီး၊ ခံသီး များကို ဖျော်ထား
ပြီး ဖျော်ရည်အဖြစ် ညနေမှာ သောက်သင့်ပါတယ်လို့ သိရပါတယ်။ ဒီ သစ်သီး ၈ မျိုး နဲ့ ၆ မျိုး မကသေးဘူးနော်။ ဒီသစ်သီးနဲ့ တူညီတဲ့ သစ်သီး – လိမ္မော်၊ စတော်ဘယ်ရီ၊ ထောပတ်သီး၊၊ မင်းကွပ်သီး၊ သင်္ဘောသီး၊ နဂါးမောက်သီး၊ နာနတ်သီး စတဲ့ သစ်သီးများမှလည်း ဖျော်ရည် သောက်ရင် သင့်တော်ပါတယ်။ (တကယ်စင်စစ် အသီးမကပါဘူး၊ ခုန ပြောသမျှ သစ်သီးပင်များမှ အရွက် နဲ့ ပန်းပွင့် မှ လုပ်ထားတဲ့ ဖျော်ရည်လည်း သောက်သင့်ပါတယ်။)ညနေမှာ မသောက်ရတဲ့ ဖျော်ရည်သီး ၉ မျိုး ရှိပါတယ် – ထန်းသီး၊ အုန်းသီး၊ အိမ်ပိန္နဲသီး၊ တောင်ပိန္နဲသီး၊ ဘူးသီး၊ ဖရုံသီး၊ သခွားငပြုတ်သီး၊ သခွားငဆစ်သီး၊ သခွားငကြောင်သီး။ ညနေမှာ မသောက်ရတဲ့ ဒီ ဖျော်ရည် ၉ မျိုးကို အလွယ်ဒီလို မှတ်မိရပါတယ် – “ထန်းအုန်းနှစ်ခွဲ၊ ပိန္နဲနှစ်မျိုး၊ ဘူး ဖုရုံ၊ သုံးခွား။”

ဘာကြောင့် မသောက်ရဘူးလဲ။ ဒီအသီးတွေကို အိန္ဒိယနိုင်ငံမှာ ဟင်းအဖြစ် ချက်စားပါတယ်။ ဟင်းအဖြစ် ချက်လို့ ဖျော်ရည် လုပ်ရင်တောင် ဖျော်ရည် မဟုတ်ဘဲ စွပ်ပြုတ်ဖြစ်တော့ စားစရာလို့ သတ်မှတ်ပါတယ်။ ညနေမှာ မစားရဘူးဆိုပါတယ်။ ဒါကြောင့် ညမှာ ဒီ စွပ်ပြုတ် (ဖျော်ရည်) ၉ မျိုးကို ရှောင်ရပါတယ်။ “ထန်းအုန်းနှစ်ခွဲ၊ ပိန္နဲနှစ်မျိုး၊ ဘူး ဖုရုံ၊ သုံးခွား။” (ဒါ ဦးဇင်းရဲ့ ဆောင်ပုဒ် မဟုတ်ဘူး နေ
ာ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင် ဇနာကာဘိဝံသရဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။)

ဒကာ ဒကာမ တချို့က ညနေမှာ ရဟန်းတွေကို နွားနို့ကို ကပ်ချင်ပါတယ်။ လုံးဝ မသင့်ပါဘူး။ နွားနို့ကို ညနေမှာ တစ်စက်ပဲတောင် သောက်ရင် စည်းကမ်းကျူးလွန်သွားပြီ။ ငှက်ပျောသီး၊ ထောပတ်သီးစတဲ့ ရိုးရိုးဖျော်ရည် ဆိုရင် ညမှာ သောက်သင့်ပေမဲ့ တစ်ချို့ ဆိုင်တွေမှာ နွားနို့နဲ့ ပေါင်းပြီး ဖျော်ကြပါတယ်။ နွားနို့နဲ့ ပေါင်းဖျော်ရင် လုံးဝ မသောက်ရပါဘူး။ ဆိုင်မှာ “နွားနို့ မထည့်ပါနဲ့” လို့ မှာရပါတယ်။ (သကြား၊ ဆား၊ ပျားရည် ထည့်ချင်ရင် ထည့်လို့ ရပါတယ်။) ဆိုင်တွေမှာ ဘူးနဲ့ ရောင်းထားတဲ့ တစ်ချို့ ဖျော်ရည်တွေမှာ မုန်လာဥနီ (ခါကြက်ဥ, carrot)၊ မုန်လာဥနီ (ဗီတွတ်, beetroot)၊ ဒါမှမဟုတ် အုန်းရည် ပါတတ်ပါတယ်။ ညနေမှာ သောက်မယ့် ဖျော်ရည်အဖြစ် လုံးဝ မသင့်ပါဘူး။ နွားနို့၊ မုန်လာဥနီ၊ (သို့) အုန်းရည် ဖျော်ရည်မှာ ပါလာရင် ညမှာ သောက်တဲ့အခါ စည်းကမ်းကျူးလွန်ရာ ရောက်ပါတယ်။ ပဲနို့က ပဲနဲ့ လုပ်ထားလို့ သစ်သီး ဖျော်ရည် မဟုတ်ပါဘူး။ ဒါပေမယ့် ပဲကလည်း စားစရာ ဖြစ်တော့ ပဲနို့စသည့် ပဲမှ လုပ်ထားသမျှ စားစရာများကို ညမှာ မသောက်ရပါဘူး။)တချို့ ရဟန်းတွေက – “ကဲ ရှုပ်လိုက်တာ၊ မွန်းတည့်ပြီး ဖျော်ရည် မသောက်တော့ဘူးကွ” မိန့်တတ်ကြ
ပါတယ်။ ဒါပေမယ့် ဒါက ကုသိုလ်ကောင်းမှု များများ ပြုချင်တဲ့ ဒကာ ဒကာမများကို ဒီလို ဝိနည်းနဲ့အညီ ပြုလုပ်ချင်တဲ့ ကုသိုလ်ကို

တားမိတာမျိုး ဖြစ်တတ်ပါတယ်။ ဆရာတော်များရဲ့ ကရုဏာ မေတ္တာအတိုင်း ဆုံးဖြတ်ပါရစေ။ ရိုးရိုး လိမ္မော်သီး ဖျော်ရည်၊ ရိုးရိုး ငှက်ပျောသီး ဖျော်ရည်၊ ရိုးရိုး ပန်းသီး ဖျော်ရည် စတဲ့ ဖျော်ရည်တွေကို အိမ်တိုင်းမှာ လုပ်လို့ ရပါတယ်၊ မနက်ပိုင်းမှာ ကုသိုလ်ပြုခွင့် မရတဲ့အတွက် အနည်းဆုံး ညမှာ ပြုမယ်ဆိုပြီး ကပ်လို့ ရပါတယ်။ စာပေမှာ မထေရ်ကြီးတွေက ရှင်းပြတဲ့အတိုင်း ရဟန်းတော်က တကယ် သောက်ချင်စိတ် (ရေငတ်တဲ့စိတ်) ရှိရင် သောက်လို့ ရပါတယ်။နောက်ပြီး ဆေးလည်း သောက်လို့ ရပါတယ်။ ဆေးဆိုတော့ အဓိက ငါးမျိုး –

(၁) ထောပတ် (နွားနို့ထောပတ်၊ ဆိတ်နို့ထောပတ်၊ ကွဲျနို့ထောပတ်၊ အသားအပ်သော သတ္တဝါတို့မှ ဖြစ်သော ထောပတ်)၊

(၂) ဆီဦး ‘ထောပေး’ (အသားအပ်သော သတ္တဝါတို့မှ ဖြစ်သော ဆီဦး)၊

(၃) ဆီ (နှမ်းဆီ၊ မုန်းညင်းဆီ၊ မယ်ဇယ်ဆီ၊ ကြက်ဆူဆီ၊ အသားဆီ)၊

(၄) ပျားရည် (ပျားငယ် ပြု အပ်သော ပျားရည်)

(၅) တင်လဲ (ကြံမှ ဖြစ်သော တင်လဲ)

ထန်းလျက်က ကြံ အရသာရှိလို့ ထန်းလျက်လုံးကိုလည်း ညနေမှာစားလို့ ရပါတယ်။ မြတ်စွာဘုရား မိန့်တော်မူတဲ့အတိုင်း –

“ဂိလာနဿ…….. ဂုဠံ အဂိလာနဿ…… အယောဂုဠံ” (ဝိနည်း မဟာဝါ စာ ၃၂၀)

နေမကောင်းရင် ထန်းလျက်၊ နေကောင်းရင် ထန်းလျက်နဲ့ ရေ ရောထားရပါတယ်တဲ့။ ထန်းလျက်နဲ့ အညီ တင်လဲနဲ့ ကျန်တဲ့ ဆေး လေးမျိုးကို ရေနဲ့ ရောပြီး ညနေမှာ ကျန်းမာရင်တောင် သောက်လို့ ရပါတယ်။ နေမကောင်းရင် ရေနဲ့တောင် မရောဘဲ သောက်လို့ ရပါတယ်။ ကျန်းမာရင်တောင် ဆေး ၅ မျိုး အားလုံးကို ရေနဲ့ ရောပြီး ညမှာ သောက်လို့ ရတယ်ဆိုတာ ဝိနည်းဓိုရ် ဆရာတော် အများကြီး ယုံကြည်ကြပါတယ်။ ဒီလို စတုမဓု ဆိုတဲ့ မြန်မာ ရိုးရာဆေး ရှိပါတယ် – ထောပတ်၊ နှမ်းဆီ၊ သကာ၊ ပျားရည်တို့ဖြင့် ဖော်စပ်ထားပါသည်။ ဒါ နေမကောင်းတဲ့ ရဟန်းတွေက ညနေမှာ သုံးဆောင်လို့ ရပါတယ်။ နေကောင်းတဲ့ ရဟန်းတွေက ရေနဲ့ ရောထားပြီး သောက်လို့ ရပါတယ်တဲ့။ တချို့ဆရာတော်တွေက ဒါ စာပေမှာ အဲ့လို မတွေ့ဘူးဆိုပြီး ကျန်းမာတဲ့ ရဟန်းတွေကို ထန်းလျက်နဲ့ ရေကိုပဲ ခွင့်ပြု ကြပါတယ်။စားစရာအဖြစ် မသတ်မှတ်ထားတဲ့ ငရုပ်သီး၊ ဇီးဖြူသီး စတဲ့ ဟင်းအဖြစ် မဟုတ်ဘဲ တကယ် ဆေးအဖြစ် သုံးကြတဲ့ အရာမျိုးတွေကို ညမှာ အသုံးပြုလို့ ရပါတယ်။ ဒီလိုလည်း ငှက်သိုက် ကို ဆီးချို သွေးချို ရောဂါရှင် ဝိနည်းဓိုရ် ဆရာတော်များက ညနေမှာ ဘုန်းပေးကြပါတယ်။မွန်းတည့်ပြီးချိန်အထိ ဒကာမ ဗိုက်မဆာဘဲ ချမ်းချမ်းသာသာ နေနိုင်ရင်လည်း ဦးဇင်းက ဖျော်ရည် ဘာပဲဖြစ်ဖြစ် သောက်ဖို့ နှိုးဆော်ပေးပါတယ်။ ၈ ရက်ကို တစ်ခါပဲ ဆိုတော့ ညနေမှာ ရေပဲ သောက်တာ ကောင်းပါတယ်။ နေ့တိုင်း ဥပုသ်ဆောက်တည်မယ်ဆိုရင် ညနေမှာ ရေနဲ့ပဲ နေရတဲ့အတွက် နှစ်ပေါင်းများစွာ ကြာပြီး အစာအိမ်ရောဂါ ခံစားရတတ်ပါတယ်လို့ စိုးရိမ်ရပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပြီး အားထုတ်ရပါတယ်။တရားအားထုတ်ဖို့ အကောင်းဆုံး အခြေအနေ ငါးမျိုးကို အင်္ဂုတ္တိုရ်နိကာယ် ပါဠိ အတွဲ ၂ စာ ၉၀ မှ သိရပါတယ်။ – (၁) ကျန်းမာတယ်၊ (၂) အသက်အရွယ် ငယ်တယ်၊ (၃) စားစရာ လုံလုံလောက်လောက် ရပါတယ်၊ (၄) ဒကာ ဒကာမ အချင်းချင်း ငြိမ်းချမ်းရေး ရှိတယ် (စစ်ပွဲ မတိုက်ရပါဘူး)၊ (၅) ရဟန်းတွေ အချင်းချင်း ငြိမ်းချမ်းရေး ရှိပါတယ် (သံဃာတော် မကွဲသွားဘူး။) ဆိုတာ ရှိပါတယ်။ ဒီ (၅) ချက်ကို ဂရုစိုက်ပြီး အားထုတ်ရပါတယ်။ ဒီ (၅) ချက် မပြည့်စုံရင် ပိုများများ ကြိုးစားရတယ်ပေါ့ နော်။ 🙂

အမြဲ ကျန်းမာချမ်းသာပါစေ။ 🙂


ဖိုးသူတော်(www.phothutaw.com)
Credit:original uploader


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top