အစားအစာနဲ႔ ေလ့က်င့္ခန္းလုပ္တာ မပါဘဲနဲ႔ 8kg ေလာက္ ခ်ၾကမယ္။ သဘာဝလက္ဖက္ရည္ ေသာက္ၿပီး တစ္ပတ္ကို ၂ ေပါင္ ခ်ၾကမယ္ စတဲ့နည္းေတြကို ယံုပါသလား။ ကိုယ္အေလးခ်ိန္ ခ်တဲ့ေနရာမွာ မွားယြင္းေနတဲ့နည္းလမ္းေတြကို ၾကည့္ၾကရေအာင္။

●        တုန္ခါစက္၊ အပူကုထံုး (vibrating machines/heat therapy) - အားကစားခန္းမေတြ အေတာ္မ်ားမ်ားမွာ ဒီ vibrating machine ကို သံုးၾကပါတယ္။ ဒါက တကယ္ေတာ့ အဆီေတြကို မက်ေစပါဘူး။ တုန္ခါစက္က ႂကြက္သားေတြ က်ံဳ႕ဖို႔ ကူညီေပးတာပါ။ အသက္ရွဴတာမွာ ကယ္လိုရီ ေလာင္သေလာက္ပဲ ဒါကလည္း ေလာင္ကြၽမ္းေစပါတယ္။ အပူေပးတဲ့နည္းကလည္း အတူတူပါပဲ။ ဒါက ခႏၶာကိုယ္ထဲမွာရွိတဲ့ ေရေတြကို ယာယီေလ်ာ့သြားေစလို႔ ကိုယ္အေလးခ်ိန္ က်သြားေစတာပါ။

●        ျဖည့္စြက္စာေတြ - ျဖည့္စြက္စာေတြ၊ ေဆးေတြ၊ ေဆးဖက္ဝင္ကုထံုးေတြက ကိုယ္အေလးခ်ိန္ က်ေစတယ္ ဆိုတာကလည္း လူအမ်ားၾကားမွာ ပ်ံ႕ႏွံ႕ေနတဲ့ ခံယူခ်က္ေတြပါ။ ဒီေဆးေတြက အဆီစုပ္ယူမႈကို ပိတ္လိုက္ၿပီးေတာ့ အစာ စားခ်င္စိတ္ကို က်ဆင္းေစပါတယ္။ ဒီေဆးေတြမွာက ဝမ္းပ်က္ဝမ္းေလွ်ာျခင္း၊ အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ေလပြေလထျခင္း၊ မူးေဝထိုင္းမႈိင္းျခင္း၊ ရင္ျပည့္ရင္ကယ္ျခင္းစတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ အနည္းနဲ႔အမ်ား ရွိၾကတာခ်ည္းပါပဲ။ ဒီပိန္ေဆးအမ်ားစုမွာဆိုရင္ အစားအေသာက္နဲ႔ ေဆးဝါးလုပ္ငန္း ကေနတားျမစ္ထားတဲ့ Ephedra ဆိုတာပါၿပီး ဒါက တက္ျခင္းနဲ႔ အသက္ဆံုးရႈံးသည္အထိ ျဖစ္ေစႏိုင္ပါတယ္။

●        Diets ေတြ - Detox diet, GM diet, ဆားမပါတဲ့ diet, mono diet, ငွက္ေပ်ာသီး စားၿပီး ခ်တဲ့ diet, စြပ္ျပဳတ္ပဲစားတာ၊ ကစီဓာတ္ လံုးဝမစားတာ စတာေတြကလည္း ကိုယ္အေလးခ်ိန္ ခ်တဲ့လူေတြၾကားမွာ ေရပန္းစားပါတယ္။ ဒီလို diet ေတြလုပ္ၿပီး ကိုယ္အေလးခ်ိန္ခ်ရင္ ကိုယ္အေလးခ်ိန္ က်သြားေပမယ့္လည္း ဒါက တာရွည္မခံပါဘူး။ ဒါေတြက ယာယီပါပဲ။ ေရရွည္မွာ အဆီေတြကို ေသခ်ာက်ဖို႔ ဆိုရင္ေတာ့ လိုအပ္တဲ့ အာဟာရဓာတ္နဲ႔ အစားအစာအုပ္စုေတြပါတဲ့ က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာေတြကို မွန္ကန္တဲ့နည္းလမ္းနဲ႔ စားေပးဖို႔ လိုပါတယ္။ ၿပီးေတာ့ အဆီေတြ ျဖစ္မလာေအာင္ အစားအစာ မစားတာမ်ိဳး မလုပ္ဘဲနဲ႔ ပံုမွန္စားေပးရပါမယ္။

          ဒီေတာ့ ကိုယ္အေလးခ်ိန္ကို မွန္မွန္ကန္ကန္ က်ခ်င္ရင္ေတာ့ ဒီအျမန္နည္းေတြကို မလိုက္ပါနဲ႔။ မွန္မွန္ကန္ကန္ စားသံုးၿပီးေတာ့ ကိုယ္လက္လႈပ္ရွားမႈ မ်ားမ်ားလုပ္ေပးတာကမွ ကိုယ္အေလးခ်ိန္လည္း က်၊ က်န္းလည္း က်န္းမာေစတဲ့ နည္းလမ္းပါပဲ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
အစားအစာနဲ့ လေ့ကျင့်ခန်းလုပ်တာ မပါဘဲနဲ့ 8kg လောက် ချကြမယ်။ သဘာဝလက်ဖက်ရည် သောက်ပြီး တစ်ပတ်ကို ၂ ပေါင် ချကြမယ် စတဲ့နည်းတွေကို ယုံပါသလား။ ကိုယ်အလေးချိန် ချတဲ့နေရာမှာ မှားယွင်းနေတဲ့နည်းလမ်းတွေကို ကြည့်ကြရအောင်။

●        တုန်ခါစက်၊ အပူကုထုံး (vibrating machines/heat therapy) - အားကစားခန်းမတွေ အတော်များများမှာ ဒီ vibrating machine ကို သုံးကြပါတယ်။ ဒါက တကယ်တော့ အဆီတွေကို မကျစေပါဘူး။ တုန်ခါစက်က ကြွက်သားတွေ ကျုံ့ဖို့ ကူညီပေးတာပါ။ အသက်ရှူတာမှာ ကယ်လိုရီ လောင်သလောက်ပဲ ဒါကလည်း လောင်ကျွမ်းစေပါတယ်။ အပူပေးတဲ့နည်းကလည်း အတူတူပါပဲ။ ဒါက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေကို ယာယီလျော့သွားစေလို့ ကိုယ်အလေးချိန် ကျသွားစေတာပါ။

●        ဖြည့်စွက်စာတွေ - ဖြည့်စွက်စာတွေ၊ ဆေးတွေ၊ ဆေးဖက်ဝင်ကုထုံးတွေက ကိုယ်အလေးချိန် ကျစေတယ် ဆိုတာကလည်း လူအများကြားမှာ ပျံ့နှံ့နေတဲ့ ခံယူချက်တွေပါ။ ဒီဆေးတွေက အဆီစုပ်ယူမှုကို ပိတ်လိုက်ပြီးတော့ အစာ စားချင်စိတ်ကို ကျဆင်းစေပါတယ်။ ဒီဆေးတွေမှာက ဝမ်းပျက်ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ လေပွလေထခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အနည်းနဲ့အများ ရှိကြတာချည်းပါပဲ။ ဒီပိန်ဆေးအများစုမှာဆိုရင် အစားအသောက်နဲ့ ဆေးဝါးလုပ်ငန်း ကနေတားမြစ်ထားတဲ့ Ephedra ဆိုတာပါပြီး ဒါက တက်ခြင်းနဲ့ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

●        Diets တွေ - Detox diet, GM diet, ဆားမပါတဲ့ diet, mono diet, ငှက်ပျောသီး စားပြီး ချတဲ့ diet, စွပ်ပြုတ်ပဲစားတာ၊ ကစီဓာတ် လုံးဝမစားတာ စတာတွေကလည်း ကိုယ်အလေးချိန် ချတဲ့လူတွေကြားမှာ ရေပန်းစားပါတယ်။ ဒီလို diet တွေလုပ်ပြီး ကိုယ်အလေးချိန်ချရင် ကိုယ်အလေးချိန် ကျသွားပေမယ့်လည်း ဒါက တာရှည်မခံပါဘူး။ ဒါတွေက ယာယီပါပဲ။ ရေရှည်မှာ အဆီတွေကို သေချာကျဖို့ ဆိုရင်တော့ လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အစားအစာအုပ်စုတွေပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ စားပေးဖို့ လိုပါတယ်။ ပြီးတော့ အဆီတွေ ဖြစ်မလာအောင် အစားအစာ မစားတာမျိုး မလုပ်ဘဲနဲ့ ပုံမှန်စားပေးရပါမယ်။

          ဒီတော့ ကိုယ်အလေးချိန်ကို မှန်မှန်ကန်ကန် ကျချင်ရင်တော့ ဒီအမြန်နည်းတွေကို မလိုက်ပါနဲ့။ မှန်မှန်ကန်ကန် စားသုံးပြီးတော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးတာကမှ ကိုယ်အလေးချိန်လည်း ကျ၊ ကျန်းလည်း ကျန်းမာစေတဲ့ နည်းလမ်းပါပဲ။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top