ရဲတပ္သားႏွစ္ဦးက ဦးေဆာင္ဖမ္းဆီးခဲ့သည့္ သစ္ေမွာင္ခိုမႈကြင္းဆက္အျဖစ္ ရဲရမန္ေဒသအတြင္း နယ္ေျမရွင္း လင္းရာတြင္ တရားမဝင္သစ္ ၁၂၉ တန္ေက်ာ္ကို ထပ္မံဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ေက်ာက္ဆည္သစ္ေတာဦးစီးမႉး ဦးညီညီၿဖိဳး ကေျပာသည္။

ရဲတပ္သား ထြန္းထြန္းဝင္းႏွင့္ ခ်စ္ကိုတို႔သည္ ဧၿပီ ၅ ရက္ေန႔ညဥ့္နက္ပိုင္းက သစ္ေမွာင္ခိုကား ၄ စီး၊ သစ္ ၂၂ တန္ေက်ာ္ႏွင့္ သယ္ေဆာင္လာသူ ၁၀ ဦးအား ျပည္သူမ်ားႏွင့္ပူးေပါင္းကာ စတင္ဖမ္းဆီးခဲ့ၿပီးေနာက္ သစ္မ်ား အား ထပ္မံဖမ္းမိခဲ့ေသာ္လည္း တရားခံမ်ားဖမ္းမိျခင္းမရွိေၾကာင္း သိရသည္။

ဦးညီညီၿဖိဳး က “သစ္ကား ၄ စီးဖမ္းမိၿပီး နယ္ေျမဆက္ရွင္းေတာ့ သစ္ေတြဖြက္ၿပီး ထြက္သြားၾကတယ္ထင္တယ္၊ ပိုင္ရွင္ေတာ့ မမိေသးဘူး၊ ဒီကိစၥက နယ္ေျမတာဝန္ခံေတြမွာ တာဝန္ေတာ့ရွိပါတယ္၊ ဒီအတြက္ လမ္းေၾကာင္းမွာ အဓိကတာ ဝန္ရွိသူႏွစ္ဦးကိုလည္း ဌာနအစီအစဥ္နဲ႔ နယ္ေျပာင္းေ႐ြ႕လိုက္ပါၿပီ” ဟု ဧရာဝတီသို႔ေျပာသည္။

ထပ္မံဖမ္းမိသည့္ သစ္မ်ားတြင္ ကြၽန္း၊ ပ်ဥ္းကတိုး၊ ပိေတာက္၊ အင္ၾကင္း၊ တမလန္းစသည္တို႔ပါဝင္ၿပီး ဧၿပီ ၆ ရက္မွ ၉ ရက္ေန႔အထိ ၂၁.၂၆၈၄ တန္၊ ဧၿပီ ၂၀ ရက္ႏွင့္ ၂၁ ရက္ေန႔တို႔တြင္ ၂၂.၈၄၇၈ တန္၊ ဧၿပီ ၂၄ ရက္မွ ၂၆ ရက္ေန႔အထိ ၈၅.၆၈၉၂ တန္တို႔ကို ဖမ္းမိခဲ့ျခင္းျဖစ္သည္။

၎သစ္မ်ားအား သစ္ေတာဦးစီးဌာနမွ နယ္ေျမရွင္းလင္း ေဆာင္႐ြက္စဥ္အတြင္း ရဲရမန္ႀကိဳးျပင္ေတာမွ အမ်ား ဆုံးဖမ္းမိခဲ့ျခင္းျဖစ္ၿပီး ပိုင္ရွင္မ်ားမ်ားအား ဆက္လက္စုံစမ္းဆဲျဖစ္ေၾကာင္း သိရသည္။

ရဲတပ္သား ထြန္းထြန္းဝင္းႏွင့္ ခ်စ္ကိုတို႔မွ အရပ္သား ၅ ဦးႏွင့္အတူပူးေပါင္းဖမ္းမိထားသည့္ သယ္ေဆာင္သူ ၁၀ ဦးကိုမူ စဥ့္ကိုင္ၿမိဳ႕မရဲစခန္းတြင္ သစ္ေတာဥပေဒပုဒ္မ ၄၃(က)၊ ၄၂(က)တို႔ျဖင့္ အမႈဖြင့္ထားၿပီး တရားစြဲတင္ႏိုင္ ေရး ေဆာင္႐ြက္လွ်က္ရွိေၾကာင္း စဥ့္ကိုင္ၿမိဳ႕မရဲစခန္းက သိရသည္။

ယင္းအမႈတြင္ ဖမ္းမိထားသူမ်ားအား ကနဦးစစ္ေဆးခ်က္မ်ားအရ တရားမဝင္သစ္မ်ားႏွင့္ ဆက္စပ္သူ ဦးေမာ္စီ ဆိုသူမွာ ျမစ္ငယ္ဘက္တြင္ ေနထိုင္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာထားေသာ္လည္း လက္ရွိတြင္ ဖမ္းမိျခင္းရွိမရွိကို ေျပာဆိုျခင္းမရွိေသးေပ။

တရားမဝင္သစ္မ်ား သယ္ေဆာင္ခဲ့ရာ ရဲရမန္သစ္ေတာ ႀကိဳးဝိုင္းမွ ရဲ႐ြာ-ဘဲလင္းလမ္းေၾကာင္းေပၚတြင္ ေၾကာင္႐ြာ၌ သစ္ေတာဌာနဂိတ္ ႏွင့္ ရဲ႐ြာနယ္ေျမစခန္းတို႔ တည္ရွိေၾကာင္း ေဒသခံမ်ားႏွင့္ သစ္ကားမ်ား ဖမ္းဆီးရာတြင္ ပါဝင္သူမ်ားက ဧရာဝတီသို႔ေျပာသည္။

သစ္ေမွာင္ခိုမႈတြင္ ေနာက္ကြယ္မွအဓိက တရားခံမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ျခင္းမရွိေသးေသာ္လည္း ေမွာင္ ခိုသစ္ကားမ်ားအား စတင္ဖမ္းဆီးခဲ့သည့္ ရဲတပ္သားထြန္းထြန္းဝင္းႏွင့္ ခ်စ္ကိုတို႔အား နယ္ေျပာင္းေ႐ြ႕အမိန႔္ ခ်ခဲ့ ၿပီး ၎တို႔ႏွစ္ဦးအေနျဖင့္ လတ္တေလာခြင့္ယူထားေၾကာင္း သိရသည္။

ရဲတပ္သား ထြန္းထြန္းဝင္း က “က်ေနာ္တို႔ ပထမသစ္အမႈ ေဖာ္ထုတ္တုန္းက ခ႐ိုင္မႉးကိုယ္တိုင္ က်ေနာ္တို႔ဆႏၵ မရွိဘဲ နယ္ေျပာင္းတာ မလုပ္ဘူးလို႔ အားလုံးအေရွ႕မွာ ကတိေပးေျပာခဲ့တာ၊ အခုေတာ့ ဘာမွတာဝန္ယူ ကာ ကြယ္မႈမရွိသလိုပဲ ခံစားရတယ္”ဟု နယ္ေျပာင္းေ႐ြ႕မိန႔္ခ်ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ေျပာသည္။

ရဲတပ္သား ထြန္းထြန္းဝင္းႏွင့္ ခ်စ္ကိုတို႔သည့္ ၿပီးခဲ့သည့္ႏွစ္အတြင္းကလည္း လုပ္ေဖာ္ကိုင္ဖက္ ရဲတပ္သား ၃ ဦး ႏွင့္အတူ တရားမဝင္သစ္ေမွာင္ခိုမႈတခုအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္မႈေၾကာင့္ ဆဲဗင္ေဒးသတင္းဌာန၏ သူရဲ ေကာင္းဆု ခ်ီးျမႇင့္ခံရသည့္အျပင္ ေက်ာက္ဆည္ၿမိဳ႕ခံမ်ား၏ ဂုဏ္ျပဳဆုကိုလည္း ရရွိထားသူမ်ားျဖစ္သည္။

၎တို႔ ၅ ဦး၏ ေဖာ္ထုတ္မႈေၾကာင့္ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းမွ စခန္းမႉးႏွစ္ဦးႏွင့္ နယ္ထိန္းေခါင္းေဆာင္တဦး၊ ဒုတပ္ၾကပ္ တဦးတို႔မွာ ေထာင္ဒဏ္မ်ားခ်မွတ္ခံရၿပီး ၿမိဳ႕နယ္မႉးမွာ ရာထူးေလ်ာ့ခ်၍ နယ္ေျပာင္းေ႐ြ႕ခံခဲ့ရသည္။

လက္ရွိတြင္ ထိုအမႈအား ေဖာ္ထုတ္ခဲ့သည့္ ရဲတပ္သား ၅ ဦးစလုံး ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းတြင္ တာဝန္ဆက္ လက္ထမ္းေဆာင္ရျခင္းမရွိေတာ့ဘဲ ၃ ဦးမွာ နယ္ေျပာင္းခံခဲ့ရၿပီး ၂ ဦးမွာ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒျဖင့္ အေရးယူခံခဲ့ရေၾကာင္း ကာယကံရွင္မ်ားကေျပာသည္။

ေမွာင္ခိုသစ္မ်ားႏွင့္ပတ္သက္ၿပီး နယ္ေျမရွင္းလင္း ဖမ္းဆီးမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ေဒသခံမ်ား၏ သတင္းေပးတိုင္ၾကားခ်က္မ်ားရရွိပါကလည္း ခ်က္ခ်င္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေက်ာက္ဆည္ၿမိဳ႕နယ္ သစ္ေတာဦးစီးမႉး ဦးညီညီၿဖိဳးက ေျပာသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:irrawaddy

#Unicode Version#


ရဲတပ်သားနှစ်ဦးက ဦးဆောင်ဖမ်းဆီးခဲ့သည့် သစ်မှောင်ခိုမှုကွင်းဆက်အဖြစ် ရဲရမန်ဒေသအတွင်း နယ်မြေရှင်း လင်းရာတွင် တရားမဝင်သစ် ၁၂၉ တန်ကျော်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဆည်သစ်တောဦးစီးမှူး ဦးညီညီဖြိုး ကပြောသည်။

ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည် ဧပြီ ၅ ရက်နေ့ညဉ့်နက်ပိုင်းက သစ်မှောင်ခိုကား ၄ စီး၊ သစ် ၂၂ တန်ကျော်နှင့် သယ်ဆောင်လာသူ ၁၀ ဦးအား ပြည်သူများနှင့်ပူးပေါင်းကာ စတင်ဖမ်းဆီးခဲ့ပြီးနောက် သစ်များ အား ထပ်မံဖမ်းမိခဲ့သော်လည်း တရားခံများဖမ်းမိခြင်းမရှိကြောင်း သိရသည်။

ဦးညီညီဖြိုး က “သစ်ကား ၄ စီးဖမ်းမိပြီး နယ်မြေဆက်ရှင်းတော့ သစ်တွေဖွက်ပြီး ထွက်သွားကြတယ်ထင်တယ်၊ ပိုင်ရှင်တော့ မမိသေးဘူး၊ ဒီကိစ္စက နယ်မြေတာဝန်ခံတွေမှာ တာဝန်တော့ရှိပါတယ်၊ ဒီအတွက် လမ်းကြောင်းမှာ အဓိကတာ ဝန်ရှိသူနှစ်ဦးကိုလည်း ဌာနအစီအစဉ်နဲ့ နယ်ပြောင်းရွေ့လိုက်ပါပြီ” ဟု ဧရာဝတီသို့ပြောသည်။

ထပ်မံဖမ်းမိသည့် သစ်များတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ တမလန်းစသည်တို့ပါဝင်ပြီး ဧပြီ ၆ ရက်မှ ၉ ရက်နေ့အထိ ၂၁.၂၆၈၄ တန်၊ ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ၂၂.၈၄၇၈ တန်၊ ဧပြီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ၈၅.၆၈၉၂ တန်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၎င်းသစ်များအား သစ်တောဦးစီးဌာနမှ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ်အတွင်း ရဲရမန်ကြိုးပြင်တောမှ အများ ဆုံးဖမ်းမိခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်များများအား ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့မှ အရပ်သား ၅ ဦးနှင့်အတူပူးပေါင်းဖမ်းမိထားသည့် သယ်ဆောင်သူ ၁၀ ဦးကိုမူ စဉ့်ကိုင်မြို့မရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၃(က)၊ ၄၂(က)တို့ဖြင့် အမှုဖွင့်ထားပြီး တရားစွဲတင်နိုင် ရေး ဆောင်ရွက်လျှက်ရှိကြောင်း စဉ့်ကိုင်မြို့မရဲစခန်းက သိရသည်။

ယင်းအမှုတွင် ဖမ်းမိထားသူများအား ကနဦးစစ်ဆေးချက်များအရ တရားမဝင်သစ်များနှင့် ဆက်စပ်သူ ဦးမော်စီ ဆိုသူမှာ မြစ်ငယ်ဘက်တွင် နေထိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောထားသော်လည်း လက်ရှိတွင် ဖမ်းမိခြင်းရှိမရှိကို ပြောဆိုခြင်းမရှိသေးပေ။

တရားမဝင်သစ်များ သယ်ဆောင်ခဲ့ရာ ရဲရမန်သစ်တော ကြိုးဝိုင်းမှ ရဲရွာ-ဘဲလင်းလမ်းကြောင်းပေါ်တွင် ကြောင်ရွာ၌ သစ်တောဌာနဂိတ် နှင့် ရဲရွာနယ်မြေစခန်းတို့ တည်ရှိကြောင်း ဒေသခံများနှင့် သစ်ကားများ ဖမ်းဆီးရာတွင် ပါဝင်သူများက ဧရာဝတီသို့ပြောသည်။

သစ်မှောင်ခိုမှုတွင် နောက်ကွယ်မှအဓိက တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသော်လည်း မှောင် ခိုသစ်ကားများအား စတင်ဖမ်းဆီးခဲ့သည့် ရဲတပ်သားထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့အား နယ်ပြောင်းရွေ့အမိန့် ချခဲ့ ပြီး ၎င်းတို့နှစ်ဦးအနေဖြင့် လတ်တလောခွင့်ယူထားကြောင်း သိရသည်။

ရဲတပ်သား ထွန်းထွန်းဝင်း က “ကျနော်တို့ ပထမသစ်အမှု ဖော်ထုတ်တုန်းက ခရိုင်မှူးကိုယ်တိုင် ကျနော်တို့ဆန္ဒ မရှိဘဲ နယ်ပြောင်းတာ မလုပ်ဘူးလို့ အားလုံးအရှေ့မှာ ကတိပေးပြောခဲ့တာ၊ အခုတော့ ဘာမှတာဝန်ယူ ကာ ကွယ်မှုမရှိသလိုပဲ ခံစားရတယ်”ဟု နယ်ပြောင်းရွေ့မိန့်ချခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောသည်။

ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည့် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လုပ်ဖော်ကိုင်ဖက် ရဲတပ်သား ၃ ဦး နှင့်အတူ တရားမဝင်သစ်မှောင်ခိုမှုတခုအား ဖော်ထုတ်ဖမ်းဆီးနိုင်မှုကြောင့် ဆဲဗင်ဒေးသတင်းဌာန၏ သူရဲ ကောင်းဆု ချီးမြှင့်ခံရသည့်အပြင် ကျောက်ဆည်မြို့ခံများ၏ ဂုဏ်ပြုဆုကိုလည်း ရရှိထားသူများဖြစ်သည်။

၎င်းတို့ ၅ ဦး၏ ဖော်ထုတ်မှုကြောင့် ကျောက်ဆည်မြို့မရဲစခန်းမှ စခန်းမှူးနှစ်ဦးနှင့် နယ်ထိန်းခေါင်းဆောင်တဦး၊ ဒုတပ်ကြပ် တဦးတို့မှာ ထောင်ဒဏ်များချမှတ်ခံရပြီး မြို့နယ်မှူးမှာ ရာထူးလျော့ချ၍ နယ်ပြောင်းရွေ့ခံခဲ့ရသည်။

လက်ရှိတွင် ထိုအမှုအား ဖော်ထုတ်ခဲ့သည့် ရဲတပ်သား ၅ ဦးစလုံး ကျောက်ဆည်မြို့မရဲစခန်းတွင် တာဝန်ဆက် လက်ထမ်းဆောင်ရခြင်းမရှိတော့ဘဲ ၃ ဦးမှာ နယ်ပြောင်းခံခဲ့ရပြီး ၂ ဦးမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခံခဲ့ရကြောင်း ကာယကံရှင်များကပြောသည်။

မှောင်ခိုသစ်များနှင့်ပတ်သက်ပြီး နယ်မြေရှင်းလင်း ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသခံများ၏ သတင်းပေးတိုင်ကြားချက်များရရှိပါကလည်း ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် သစ်တောဦးစီးမှူး ဦးညီညီဖြိုးက ပြောသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top