ရန္ကုန္ၿမိဳ႕ကေန တီးတိန္ၿမိဳ႕သို႔ ကိုယ္ပိုင္ကားနဲ႔တက္လာတဲ့ေမာ္ေတာ္ယာဥ္ဟာ တီးတိန္ၿမိဳ႕မေရာက္ခင္ (၆)မိုင္အလိုမွာ လမ္းေဘးေခ်ာက္ထဲထုိးက်လို႔ သံဃာေတာ္တစ္ပါးပ်ံလြန္ေတာ္မူၿပိး လူ(၃)ဦးေသဆံုးသြားတယ္လို႔သတင္းရရွိပါတယ္။

ယင္းကားဟာ မံေဆြာင္းတံတားအက်ာ္ လမ္ဇန္ရြာအနီး လမ္းေကြ႔တစ္ေနရာမွာ အခုလို ေပ (၆၀၀)ခန္႔အနက္ေခ်ာက္ထဲထုိးက်သြားတာျဖစ္ပါတယ္။

တီးတိန္ၿမိဳ႕အေျခစိုက္ Shalom လူငယ္လူမႈကူညီေရးအသင္းမွ ကိုပြီးယာက “အခု တီးတိန္ၿပည္သူ႔ေဆးကို အေလာင္း သံုးေလာင္းပို႔လုိက္ၿပီ။ ေအာက္မွာ အေလာင္းတစ္ေလာင္းက်န္ေသးတယ္။ ရဲေတြက သူတို႔မွတ္ပံုတင္ေတြ၊ ဖုန္းေတြကိုစစ္ေဆးေတာ့ ရန္ကုန္ကလို႔သိရတယ္။ သူတို႔ေဆြမ်ဳိးေတြကိုလည္း အေၾကာင္းၾကာထားလိုက္ၿပီ။ ဘာလို႔ကားေမွာက္တာလဲဆိုရင္ ထင္တာကေတာ့ ကားဘရိတ္ေပါက္သြားတယ္လို႔ပဲယူဆတယ္။ လမ္းေဘးကားထားတဲ့ သံတုိင္ေတြလည္း ကားကဝင္တုိက္ေသးတယ္” လုိ႔ေျပာပါတယ္။

အေလာင္းေတြဟာ အနံ႔ေတြထြက္ေနၿပီး ကားလည္း ရစရာမရွိေအာင္ ေက်မြေနတယ္လုိ႔ အခင္းျဖစ္ပြားရာသို႔သြားေရာက္တဲ့ Shalom လူငယ္လူမႈကူညီေရးအသင္းမွ ကိုမုန္ႏိုးကဆုိပါတယ္။

ကားေမွာက္တာက ေမလ (၂၀)ရက္မနက္ ၈ နာရီဝန္းက်င္ေလာက္မွာျဖစ္တာ။ အနီးက ေခြာန္မြာလ္ရြာက ေတာင္ယာသြားတဲ့သူေတြက အသံေတာ့ၾကားေပမယ့္ ေက်ာက္ခြဲတာ၊ လမ္းျပင္တာလို႔ထင္ၾကတယ္။ ဒါေပမယ့္ စိတ္ထဲမွာသံသယျဖစ္တာနဲ႔အုပ္ခ်ဳပ္ေရးမွဴးေတြကိုအေၾကာင္းၾကားၿပီးမွ ဒီမနက္သြားေတြ႔ၾကတယ္” လို႔ေျပာပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Tawthu
Photo: Sia Puia – Zalen
#Unicode Version#
ရန်ကုန်မြို့ကနေ တီးတိန်မြို့သို့ ကိုယ်ပိုင်ကားနဲ့တက်လာတဲ့မော်တော်ယာဉ်ဟာ တီးတိန်မြို့မရောက်ခင် (၆)မိုင်အလိုမှာ လမ်းဘေးချောက်ထဲထိုးကျလို့ သံဃာတော်တစ်ပါးပျံလွန်တော်မူပြိး လူ(၃)ဦးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းကားဟာ မံဆွောင်းတံတားအကျာ် လမ်ဇန်ရွာအနီး လမ်းကွေ့တစ်နေရာမှာ အခုလို ပေ (၆၀၀)ခန့်အနက်ချောက်ထဲထိုးကျသွားတာဖြစ်ပါတယ်။

တီးတိန်မြို့အခြေစိုက် Shalom လူငယ်လူမှုကူညီရေးအသင်းမှ ကိုပွီးယာက “အခု တီးတိန်ပြည်သူ့ဆေးကို အလောင်း သုံးလောင်းပို့လိုက်ပြီ။ အောက်မှာ အလောင်းတစ်လောင်းကျန်သေးတယ်။ ရဲတွေက သူတို့မှတ်ပုံတင်တွေ၊ ဖုန်းတွေကိုစစ်ဆေးတော့ ရန်ကုန်ကလို့သိရတယ်။ သူတို့ဆွေမျိုးတွေကိုလည်း အကြောင်းကြာထားလိုက်ပြီ။ ဘာလို့ကားမှောက်တာလဲဆိုရင် ထင်တာကတော့ ကားဘရိတ်ပေါက်သွားတယ်လို့ပဲယူဆတယ်။ လမ်းဘေးကားထားတဲ့ သံတိုင်တွေလည်း ကားကဝင်တိုက်သေးတယ်” လို့ပြောပါတယ်။

အလောင်းတွေဟာ အနံ့တွေထွက်နေပြီး ကားလည်း ရစရာမရှိအောင် ကျေမွနေတယ်လို့ အခင်းဖြစ်ပွားရာသို့သွားရောက်တဲ့ Shalom လူငယ်လူမှုကူညီရေးအသင်းမှ ကိုမုန်နိုးကဆိုပါတယ်။

ကားမှောက်တာက မေလ (၂၀)ရက်မနက် ၈ နာရီဝန်းကျင်လောက်မှာဖြစ်တာ။ အနီးက ခွောန်မွာလ်ရွာက တောင်ယာသွားတဲ့သူတွေက အသံတော့ကြားပေမယ့် ကျောက်ခွဲတာ၊ လမ်းပြင်တာလို့ထင်ကြတယ်။ ဒါပေမယ့် စိတ်ထဲမှာသံသယဖြစ်တာနဲ့အုပ်ချုပ်ရေးမှူးတွေကိုအကြောင်းကြားပြီးမှ ဒီမနက်သွားတွေ့ကြတယ်” လို့ပြောပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Tawthu
Photo: Sia Puia – Zalen
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top