ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ွိဴး- မႉဆယ္ ျပည္ေထာင္စု ကားလမ္း မေပၚ ရွိ ကြတ္ခိုင္ၿမိဳ႕ တြင္ ယေန႔ နံနက္ အေစာ ပိုင္းတြင္ မီးေလာင္မႉ တခု ျဖစ္ပြားရာ အမ်ိဳးသား (၁)ဦး ႏွင့္ အမ်ိဳးသမီး (၁) ဦး တို႔မီးေလာင္ေသဆံုးေၾကာင္း ကနဦး သတင္းရရွိပါသည္။

ကြတ္ခိုင္ၿမိဳ႕ ၊ရပ္ကြက္ (၅)၊ဘုန္းႀကီးေက်ာင္းလမ္း ေဒါင့္၊ ေစ်းအနီးရွိ ေစတနာ ဖုန္းဆိုင္ တြင္ ယေန႔ (၀၇,၀၅,၂၀၁၉)ရက္ေန႔ နံနက္ (၀၄:၀၀)နာ ရီ အခ်ိန္ ခန္႔ တြင္ မီးစတင္ ေလာင္ကၽြမ္း ခဲ့ၿပီး မီးသတ္ကား မ်ား ႏွင့္ ေဒသခံ မ်ား ၏ ဝိုင္းဝန္း ၿငိမ္းသတ္ မႉျဖင့္ နံနက္ (၀၆:၀၀) နာရီအခ်ိန္ ခန္႔ တြင္ မီးၫႊန္႔က်ိဳး ကာမီးျငိမ္းသတ္ႏိုင္ခ့ဲ ေၾကာင္းသိရွိရပါသည္။

မီးေလာင္မႉေၾကာင့္ ေစတနာ ဖုန္းဆိုင္ အပါအဝင္ အနီးရွိ အိမ္(၃)လံုးလည္း မီးစြဲေလာင္ပ်က္ဆီးဆံုး ရွံူး ကာ၊ ေစတနာဖုန္းဆိုင္ ပိုင္ရွင္ အသက္ (၃၀)ဝန္းက်င္ အမ်ိဳးသား (လူပ်ိဳ) တစ္ဦး ႏွင့္ ေဘးအိမ္မွ အမ်ိဳးသမီး(အပ်ိဳ) တစ္ဦး တို႔ မီးေလာင္ေသဆံုး သြားေၾကာင္းသိရွိရပါသည္။ ထို႔ အျပင္ အိမ္ေရွ႕ မ်က္ႏွာစာ တြင္ ရပ္ထား ေသာ ကား(၂)စီးလည္း မီးေလာင္ ဆံုးရွံုးသြားေၾကာင္း ကြတ္ခိုင္ ေဒသခံ မ်ားထံ မွ ကနဦး သတင္းရရွိပါသည္။

ေသဆံုးသူ စိုင္းစံ (အသက္ ၃၀ ေက်ာ္)ဟာ ေစတနာဖုန္းဆိုင္ကျဖစ္ၿပီး လူမႈေရးလုပ္ငန္း၊ ပရဟိတလုပ္ငန္းေတြမွာ တက္ႂကြစြာလႈပ္ရွားကူညီတတ္သူ ျဖစ္တယ္လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္. . .

သူဟာ မီးထဲေရာက္ေနတဲ့ သူ႔အေဒၚကို ၀င္ကယ္ရင္း မီးေလာင္ေသဆံုးခဲ႔ရတာ လို႔ သိရပါတယ္

ဖုန္းဆိုင္မွာ တန္ဖိုးၾကီးဖုန္းေတြေရာင္းတာျဖစ္တဲ႔အတြက္ သိန္းေထာင္ခ်ီဆံုးရံႈးႏိုင္တယ္လို႔ သိရပါတယ္

(ေသဆံုးသူ အမ်ိဳးသား၏ ပံု)
ဖိုးသူေတာ္(www.phothutaw.com)
Credit:maharmedianews
#Unicode Version#
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူး- မှူဆယ် ပြည်ထောင်စု ကားလမ်း မပေါ် ရှိ ကွတ်ခိုင်မြို့ တွင် ယနေ့ နံနက် အစော ပိုင်းတွင် မီးလောင်မှူ တခု ဖြစ်ပွားရာ အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁) ဦး တို့မီးလောင်သေဆုံးကြောင်း ကနဦး သတင်းရရှိပါသည်။

ကွတ်ခိုင်မြို့ ၊ရပ်ကွက် (၅)၊ဘုန်းကြီးကျောင်းလမ်း ဒေါင့်၊ ဈေးအနီးရှိ စေတနာ ဖုန်းဆိုင် တွင် ယနေ့ (၀၇,၀၅,၂၀၁၉)ရက်နေ့ နံနက် (၀၄:၀၀)နာ ရီ အချိန် ခန့် တွင် မီးစတင် လောင်ကျွမ်း ခဲ့ပြီး မီးသတ်ကား များ နှင့် ဒေသခံ များ ၏ ဝိုင်းဝန်း ငြိမ်းသတ် မှူဖြင့် နံနက် (၀၆:၀၀) နာရီအချိန် ခန့် တွင် မီးညွှန့်ကျိုး ကာမီးငြိမ်းသတ်နိုင်ခဲ့ ကြောင်းသိရှိရပါသည်။

မီးလောင်မှူကြောင့် စေတနာ ဖုန်းဆိုင် အပါအဝင် အနီးရှိ အိမ်(၃)လုံးလည်း မီးစွဲလောင်ပျက်ဆီးဆုံး ရှူံး ကာ၊ စေတနာဖုန်းဆိုင် ပိုင်ရှင် အသက် (၃၀)ဝန်းကျင် အမျိုးသား (လူပျို) တစ်ဦး နှင့် ဘေးအိမ်မှ အမျိုးသမီး(အပျို) တစ်ဦး တို့ မီးလောင်သေဆုံး သွားကြောင်းသိရှိရပါသည်။ ထို့ အပြင် အိမ်ရှေ့ မျက်နှာစာ တွင် ရပ်ထား သော ကား(၂)စီးလည်း မီးလောင် ဆုံးရှုံးသွားကြောင်း ကွတ်ခိုင် ဒေသခံ များထံ မှ ကနဦး သတင်းရရှိပါသည်။

သေဆုံးသူ စိုင်းစံ (အသက် ၃၀ ကျော်)ဟာ စေတနာဖုန်းဆိုင်ကဖြစ်ပြီး လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာလှုပ်ရှားကူညီတတ်သူ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်. . .

သူဟာ မီးထဲရောက်နေတဲ့ သူ့အဒေါ်ကို ဝင်ကယ်ရင်း မီးလောင်သေဆုံးခဲ့ရတာ လို့ သိရပါတယ်

ဖုန်းဆိုင်မှာ တန်ဖိုးကြီးဖုန်းတွေရောင်းတာဖြစ်တဲ့အတွက် သိန်းထောင်ချီဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်

(သေဆုံးသူ အမျိုးသား၏ ပုံ)

ဖိုးသူတော်(www.phothutaw.com)
Credit:maharmedianews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top