မနက္ေစာေစာ မထတဲ့သူနဲ႔ ထတဲ့သူေတြ ယွဥ္လိုက္တဲ့အခါ ထတဲ့သူေတြက ပိုမိုက်န္းမာေရးေကာင္းတဲ့ဘဝကို ပိုင္ဆိုင္ေနၾကပါသတဲ့။

●        မနက္ေစာေစာထျခင္းဟာ ညစဥ္ နာရီဝက္ခန္႔ ေစာၿပီး အိပ္ရာဝင္တာနဲ႔ ဆက္စပ္ေနပါသတဲ့။ နည္းနည္းေလးေစာၿပီး အိပ္ရာ ဝင္လိုက္တာက မနက္ထဖို႔ စြမ္းအင္ တည္ေဆာက္လိုက္တာပါပဲ။

●        ေစာေစာ မထႏိုင္သူနဲ႔ ထႏိုင္သူေတြၾကား ကြာျခားခ်က္က ဦးေႏွာက္က ျပင္ပအလင္းကို ဘယ္လိုတံု႔ျပန္တယ္ဆိုတာေပၚလည္း မူတည္ပါေသးသတဲ့။

●        ေနာက္ၿပီး ဝမ္းသာစရာက အဝလြန္တာေတြ ဆီးခ်ိဳျဖစ္ႏႈန္းေတြက မနက္ မထတဲ့သူနဲ႔ ေစာေစာထသူေတြၾကား မကြာျခားပါဘူးတဲ့။

●        ဒါေပမဲ့ တစ္ဖက္က ၾကည့္မယ္ဆိုရင္လည္း မနက္အေစာ ထသူေတြနဲ႔ ယွဥ္လိုက္ရင္ မထႏိုင္သူေတြက စိတ္က်ေရာဂါ စိတ္ကစဥ့္ကလ်ားေရာဂါနဲ႔ စိတ္ပူပန္တာေတြ ပိုမ်ားမ်ားခံစားရဖို႔ ႐ွိေနျပန္ပါေရာတဲ့။

●        အိပ္ေရးဝတာေတြ အိပ္ခ်ိန္တိုတာေတြ ႐ွည္တာေတြထက္ မနက္မထႏိုင္တာကိုက စိတ္က်ေရာဂါ အျဖစ္မ်ားေစတာပါတဲ့။

●        အိပ္ေရးမဝဘူး ဆိုရင္ေတာ့ ႏြမ္းဖတ္ေနမွာ ေသခ်ာသေလာက္ပါပဲ၊ အစဥ္ႏြမ္းနယ္ေနၿပီး မ်က္လံုးအိမ္ေတြ ေဖာင္းေနတာ ေတြ႕ၾကမွာပါ။ ႏြမ္းနယ္ေလ စိတ္မတည္ၿငိမ္ေလပါပဲ။

●        အိပ္ေတာ့အိပ္ပါရဲ႕။ အဝလြန္တာေၾကာင့္ အိပ္ေပ်ာ္ေနရင္း အသက္႐ွဴရပ္တဲ့အခါ မၾကာခဏ မသိမသာ လန္႔လန္႔ႏိုးေနၿပီး အိပ္ေရး မဝေတာ့ပါဘူး။ အ၀လြန္တာကလည္း ေစာေစာမထနိုုင္ဖိုု႔ အေၾကာင္းရင္းပါပဲ။

          ေစာေစာထႏိုင္ဖို႔  ပိုမိုက်န္းမာေရးေကာင္းလာဖို႔ ဒီလိုေလးေတြ လုပ္ၾကည့္ဖို႔ ပညာ႐ွင္ေတြက အၾကံျပဳထားပါတယ္။

●        ညေနခင္းမွာ ေကာ္ဖီ၊ လက္ဖက္ရည္ကို ေ႐ွာင္ပါ။

●        ညမွာ ႏြားႏို႔ပူပူတစ္ခြက္ ေသာက္ပါ။

●        ျဖည္းညင္းစြာ အသက္႐ွဴသြင္း႐ွဴထုတ္ လုပ္ပါ။

●        မအိပ္ခင္ အသက္႐ွဴႏႈန္း ေရတြက္ၾကည့္ပါ။

●        မအိပ္ခင္ ေရေႏြးေႏြးေလးခ်ိဳးၿပီး အေၾကာ ေျဖေလ်ွာ့ပါ။

●        အိပ္ခန္းထဲမွာ မီးမွိန္မွိန္ေလး ဖြင့္ထားပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

#Unicode Version#
မနက်စောစော မထတဲ့သူနဲ့ ထတဲ့သူတွေ ယှဉ်လိုက်တဲ့အခါ ထတဲ့သူတွေက ပိုမိုကျန်းမာရေးကောင်းတဲ့ဘဝကို ပိုင်ဆိုင်နေကြပါသတဲ့။

●        မနက်စောစောထခြင်းဟာ ညစဉ် နာရီဝက်ခန့် စောပြီး အိပ်ရာဝင်တာနဲ့ ဆက်စပ်နေပါသတဲ့။ နည်းနည်းလေးစောပြီး အိပ်ရာ ဝင်လိုက်တာက မနက်ထဖို့ စွမ်းအင် တည်ဆောက်လိုက်တာပါပဲ။

●        စောစော မထနိုင်သူနဲ့ ထနိုင်သူတွေကြား ကွာခြားချက်က ဦးနှောက်က ပြင်ပအလင်းကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာပေါ်လည်း မူတည်ပါသေးသတဲ့။

●        နောက်ပြီး ဝမ်းသာစရာက အဝလွန်တာတွေ ဆီးချိုဖြစ်နှုန်းတွေက မနက် မထတဲ့သူနဲ့ စောစောထသူတွေကြား မကွာခြားပါဘူးတဲ့။

●        ဒါပေမဲ့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း မနက်အစော ထသူတွေနဲ့ ယှဉ်လိုက်ရင် မထနိုင်သူတွေက စိတ်ကျရောဂါ စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်ပူပန်တာတွေ ပိုများများခံစားရဖို့ ရှိနေပြန်ပါရောတဲ့။

●        အိပ်ရေးဝတာတွေ အိပ်ချိန်တိုတာတွေ ရှည်တာတွေထက် မနက်မထနိုင်တာကိုက စိတ်ကျရောဂါ အဖြစ်များစေတာပါတဲ့။

●        အိပ်ရေးမဝဘူး ဆိုရင်တော့ နွမ်းဖတ်နေမှာ သေချာသလောက်ပါပဲ၊ အစဉ်နွမ်းနယ်နေပြီး မျက်လုံးအိမ်တွေ ဖောင်းနေတာ တွေ့ကြမှာပါ။ နွမ်းနယ်လေ စိတ်မတည်ငြိမ်လေပါပဲ။

●        အိပ်တော့အိပ်ပါရဲ့။ အဝလွန်တာကြောင့် အိပ်ပျော်နေရင်း အသက်ရှူရပ်တဲ့အခါ မကြာခဏ မသိမသာ လန့်လန့်နိုးနေပြီး အိပ်ရေး မဝတော့ပါဘူး။ အဝလွန်တာကလည်း စောစောမထနိုင်ဖို့ အကြောင်းရင်းပါပဲ။

          စောစောထနိုင်ဖို့  ပိုမိုကျန်းမာရေးကောင်းလာဖို့ ဒီလိုလေးတွေ လုပ်ကြည့်ဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

●        ညနေခင်းမှာ ကော်ဖီ၊ လက်ဖက်ရည်ကို ရှောင်ပါ။

●        ညမှာ နွားနို့ပူပူတစ်ခွက် သောက်ပါ။

●        ဖြည်းညင်းစွာ အသက်ရှူသွင်းရှူထုတ် လုပ်ပါ။

●        မအိပ်ခင် အသက်ရှူနှုန်း ရေတွက်ကြည့်ပါ။

●        မအိပ်ခင် ရေနွေးနွေးလေးချိုးပြီး အကြော ဖြေလျှော့ပါ။

●        အိပ်ခန်းထဲမှာ မီးမှိန်မှိန်လေး ဖွင့်ထားပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top