အမ်ိဳးသမီးတစ္ေယာက္ဟာ မိသားစုဝမ္းေရးအတြက္ မနက္တိုင္း ဘိန္းမုန႔္ ဖုတ္ေရာင္းပါတယ္။ မိသားစုဝင္ေတြ လည္း နံနက္စာအျဖစ္ ဘိန္းမုန႔္ပဲ စားၾကပါတယ္။ ေနာက္ၿပီး မနက္တိုင္း မနက္တိုင္းမွာ န္းမုန႔္ တစ္ခ်ပ္ အပိုဖုတ္ထားေပးၿပီး ျပတင္းေပါက္မွာ တင္ထားေပးပါတယ္။ သူမ အလုပ္မအားလပ္တဲ့အခ်ိန္ေရာက္လာရင္ သူ႔ဘာသာယူသြားႏိုင္ေအာင္လို႔ေပါ့။
သူမ သတိထားမိတာက ထိုအဖိုးႀကီး မုန႔္လာယူတိုင္း ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းေတာင္မေျပာဘဲ မုန႔္ယူၿပီးျပန္ထြက္သြားတိုင္းေအာက္ပါအတိုင္း
ေရ႐ြတ္ေျပာေျပာသြားတယ္။
.
” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ ”
.
ေန႔တိုင္း ေန႔တိုင္း အဖိုးႀကီးမုန႔္လာယူတဲ့အခါ အဲ့ဒီလို ပဲ ႐ြတ္႐ြတ္သြားတဲ့ အတြက္ မုန႔္ေကြၽးရတဲ့ မိန္းမႀကီးလည္း ေဒါကန္လာတာေပါ့။
.
” ဟင္း . . ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားတစ္လုံးေတာင္မေျပာဘဲ ဒီစကားေတြပဲ ထပ္ခါထပ္ခါ ႐ြတ္ေနတယ္။ ဒါ ဘာအဓိပၸါယ္လဲ မသိဘူး။”
သူမတစ္ေယာက္ထဲ ေရ႐ြတ္ေနမိသည္။
.
တစ္ေန႔မွာေတာ့ စိတ္အလိုမက်မႈေတြနဲ႔ေသာက ေပြေနရတဲ့အခ်ိန္မွာ အလိုက္မသိတဲ့ အဖိုးႀကီးကို ရွင္းပစ္ဖို႔ဆုံးျဖတ္လိုက္တယ္။
.
” ဒီအဖိုးႀကီးကို ရွင္းပစ္မွ နားေအးမယ္ ” သူမတစ္ေယာက္ထဲ ႐ြတ္လိုက္တယ္။
.
ေနာက္တစ္ေန႔မွာေတာ့ အဖိုးႀကီးအတြက္ သီးသန႔္ ျပင္ဆင္ထားတဲ့ ဘိန္းမုန႔္မွာအဆိပ္ခပ္လိုက္တယ္။ အဆိပ္ခပ္ၿပီး ျပတင္းေပါက္ေပၚတင္ဖို႔ ဟန္ျပင္ေနစဥ္မွာ သူမရဲ႕ လက္ေတြ တုန္ရီလာတယ္။
.
” ငါဘာေတြ လုပ္ေနပါလိမ့္ ”
.
သူမခ်က္ခ်င္းပဲ ဘိန္းမုန႔္ကို မီးဖိုထဲ ပစ္ထည့္လိုက္ၿပီး အဖိုးႀကီးအတြက္ အသစ္တစ္ခု ထပ္ဖုတ္ၿပီး ျပတင္းေပါက္မွာ တင္ထားေပးလိုက္တယ္။
အဲ့ဒီမနက္မွာလည္း အရင္လိုပဲ အဖိုးႀကီးေရာက္လာၿပီး ဘိန္းမုန႔္ ယူသြားတယ္။ ပါးစပ္ကလည္း အရင္လိုပဲ ႐ြတ္သြားျပန္တယ္။
.
” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ ”
.
အဖိုးႀကီးလည္း အမ်ိဳးသမီးရဲ႕ ႀကိဳတင္ႀကံစည္ခဲ့မႈကို မသိရွာပဲ ဘိန္းမုန႔္ေလးယူၿပီး ဝမ္းေျမာက္စြာျပန္ထြက္သြားတယ္။
.
အဲ့ဒီညေနမွာေတာ့ တံခါးေခါက္သံၾကားလို႔ သြားဖြင့္ၾကည့္လိုက္တယ္။ သူမအံၾသသြားတယ္။ ပိန္လွီၿပီး နံရံကိုမွီေနတဲ့ သားျဖစ္သူကို သူမေတြ႕လိုက္ရတယ္။ သူ႔ရဲ႕ အဝတ္အစားေတြကလည္း စုတ္ၿပဲေနတယ္။ ၿပီးေတာ့ ဆာေလာင္မြတ္သိပ္မႈေတြနဲ႔ ခ်ည့္နဲ႔ေနတယ္။
.
တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုၿပီး ရပ္ေဝးတစ္ေနရာကို ပိုက္ဆံသြားရွာတာ လေတြ သာၾကာလာခဲ့ေပမယ့္ သတင္းအစအနေလးေတာင္မရခဲ့တဲ့သားေလး ခုအိမ္ ေရွ႕မွာ ျပန္ေရာက္ေနၿပီ။
မနက္တိုင္းမနက္တိုင္း မွာ အဖိုးႀကီးအတြက္ ျပတင္းေပါက္ေပၚ ဘိန္းမုန႔္တင္ၿပီးတိုင္း ဒီလႉရတဲ့ ကုသိုလ္ေၾကာင့္ အေဝးတစ္ေနရာကို စီးပြားရွာသြားတဲ့ သားျဖစ္သူ အိမ္ကို ေခ်ာေခ်ာေမြ႕ေမြ႕ျပန္ေရာက္ပါေစလို႔ ဆုေတာင္းတာခဲ့တာေၾကာင့္ အခု သားေလးအိမ္ျပန္ေရာက္လာတာေနမွာေပါ့။
.
အိမ္ထဲကို ေရာက္တယ္ဆိုရင္ပဲ သားျဖစ္သူက အေမကိုၾကည့္ၿပီး ေျပာျပတယ္
.
” ေမေမ သားဒီေန႔ဒီကိုေရာက္လာတာ ဘုရားသိၾကားမတာပဲ။ ဒီေနရာကေန တစ္မိုင္ေလာက္အေဝးမွာ ဆာေလာင္မြတ္သိပ္လြန္းလို႔ သားလဲက်သြားေသးတယ္။ သား ေသသြားႏိုင္တဲ့ အေနအထားမွာ ခါးကုန္းကုန္း အဖိုးႀကီးတစ္ေယာက္ျဖတ္သြားတာေတြ႕လို႔ စားစရာေလးမ်ားရွိရင္ နဲနဲေကြၽးပါလို႔ ေတာင္းလိုက္ေတာ့ အဖိုးႀကီးက သူ႔လက္ထဲက ဘိန္းမုန႔္ တစ္ခုလုံးသားကိုေပးခဲ့တယ္ေလ။
.
ဘိန္းမုန႔္ေပးၿပီး သူကေျပာေသးတယ္
ဒီမုန႔္ဟာ ငါေန႔တိုင္းစားတဲ့ မုန႔္ေပါ့။ ဒီေန႔ေတာ့ မင္းက ငါ့ထက္ ပိုၿပီး အစားစားဖို႔လိုအပ္တာေၾကာင့္ မင္းကိုပဲ ေပးပါတယ္ တဲ့ ”
.
သားျဖစ္သူရဲ႕ စကားေတြၾကားလိုက္ရခ်ိန္မွာ အေမျဖစ္သူ မ်က္ႏွာ မွာ လဲက်မတတ္ ဝမ္းနည္းညႇိဳးေရာ္သြားတယ္။ အိမ္နံရံေလးကို အမွီျပဳရင္း မနက္က သူမ အဆိပ္ခပ္ဖို႔ ႀကိဳးစားတာကို ျပန္သတိရလာတယ္။ အဲ့ဒီအဆိပ္ခပ္ထားတဲ့ ဘိန္းမုန႔္သာ မီးဖိုထဲ မပစ္လိုက္မိရင္ သူမရဲ႕ သားကို သူမကိုတိုင္ သတ္မိမွာပါလားလို႔ ေနာင္တေတြရလာတယ္။
အဖိုးႀကီးေျပာသြားတဲ့ စကားလုံးေတြရဲ႕ အဓိပၸါယ္ကို ခုေတာ့ သူမ ေကာင္းေကာင္း နားလည္သေဘာေပါက္သြားပါၿပီ။
.
” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ ”
.
ဒါေၾကာင့္ ေကာင္းမႈကုသိုလ္ လုပ္ၿပီဆိုရင္ ဦးတည္ခ်က္ခိုင္ခိုင္မာမာနဲ႔ မကြက္မေစာင္းဘဲ ဆက္လုပ္သြားပါ။
ဒီေန႔ အက်ိဳးမေပးရင္ ေနာက္ေန႔ အက်ိဳးေပးပါလိမ့္မယ္။
ေနာက္ေန႔ အက်ိဳးမေပးရင္ ေနာင္ဘဝတြင္ အက်ိဳးေပးပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:leypyay
# Unicode Version # ျဖင့္ ဖတ္ပါ #


အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ န်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။
သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်း
ရေရွတ်ပြောပြောသွားတယ်။
.
” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”
.
နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။
.
” ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်နေတယ်။ ဒါ ဘာအဓိပ္ပါယ်လဲ မသိဘူး။”
သူမတစ်ယောက်ထဲ ရေရွတ်နေမိသည်။
.
တစ်နေ့မှာတော့ စိတ်အလိုမကျမှုတွေနဲ့သောက ပွေနေရတဲ့အချိန်မှာ အလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်။
.
” ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ် ” သူမတစ်ယောက်ထဲ ရွတ်လိုက်တယ်။
.
နောက်တစ်နေ့မှာတော့ အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာအဆိပ်ခပ်လိုက်တယ်။ အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာ သူမရဲ့ လက်တွေ တုန်ရီလာတယ်။
.
” ငါဘာတွေ လုပ်နေပါလိမ့် ”
.
သူမချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်မှာ တင်ထားပေးလိုက်တယ်။
အဲ့ဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီး ဘိန်းမုန့် ယူသွားတယ်။ ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်။
.
” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”
.
အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင်ကြံစည်ခဲ့မှုကို မသိရှာပဲ ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာပြန်ထွက်သွားတယ်။
.
အဲ့ဒီညနေမှာတော့ တံခါးခေါက်သံကြားလို့ သွားဖွင့်ကြည့်လိုက်တယ်။ သူမအံသြသွားတယ်။ ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမတွေ့လိုက်ရတယ်။ သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။ ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။
.
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေ သာကြာလာခဲ့ပေမယ့် သတင်းအစအနလေးတောင်မရခဲ့တဲ့သားလေး ခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။
မနက်တိုင်းမနက်တိုင်း မှာ အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း ဒီလှူရတဲ့ ကုသိုလ်ကြောင့် အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ပါစေလို့ ဆုတောင်းတာခဲ့တာကြောင့် အခု သားလေးအိမ်ပြန်ရောက်လာတာနေမှာပေါ့။
.
အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက အမေကိုကြည့်ပြီး ပြောပြတယ်
.
” မေမေ သားဒီနေ့ဒီကိုရောက်လာတာ ဘုရားသိကြားမတာပဲ။ ဒီနေရာကနေ တစ်မိုင်လောက်အဝေးမှာ ဆာလောင်မွတ်သိပ်လွန်းလို့ သားလဲကျသွားသေးတယ်။ သား သေသွားနိုင်တဲ့ အနေအထားမှာ ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက်ဖြတ်သွားတာတွေ့လို့ စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့ အဖိုးကြီးက သူ့လက်ထဲက ဘိန်းမုန့် တစ်ခုလုံးသားကိုပေးခဲ့တယ်လေ။
.
ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်
ဒီမုန့်ဟာ ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။ ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစားစားဖို့လိုအပ်တာကြောင့် မင်းကိုပဲ ပေးပါတယ် တဲ့ ”
.
သားဖြစ်သူရဲ့ စကားတွေကြားလိုက်ရချိန်မှာ အမေဖြစ်သူ မျက်နှာ မှာ လဲကျမတတ် ဝမ်းနည်းညှိုးရော်သွားတယ်။ အိမ်နံရံလေးကို အမှီပြုရင်း မနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကို ပြန်သတိရလာတယ်။ အဲ့ဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲ မပစ်လိုက်မိရင် သူမရဲ့ သားကို သူမကိုတိုင် သတ်မိမှာပါလားလို့ နောင်တတွေရလာတယ်။
အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ခုတော့ သူမ ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။
.
” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”
.
ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင် ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ မကွက်မစောင်းဘဲ ဆက်လုပ်သွားပါ။
ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။
နောက်နေ့ အကျိုးမပေးရင် နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:leypyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top