“မေလအတွက် ကြာသပတေးသားသမီးများ၏ ကံကြမ္မာဟောစာတမ်း”
ယတြာများ
Credit:ဆရာအောင်ဥာဏ်မိုး
# Unicode Version # ဖြင့် ဖတ်ပါ #
စိတ်လွတ်လပ်ပေါ့ပါးမည့်အချိန်ဖြစ်သည်။ငွေဝင်ကံတိုးတက်မည်၊စာသင်ကြားသောလုပ်ငန်း၊
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းရှင်များ အဆင်ပြေမည်၊မိမိလုပ်ငန်းခွင်၌ ဝန်ထမ်းမတည်မငြိမ်ဖြစ်မည်၊
ယုံကြည်စိတ်ချရသူလူရင်းများ အလုပ်ထွက်တတ်သည်၊ဘာသာရေးဆိုင်ရာအသိအမြင်များတိုးတက်မည်၊
လူငယ် လူရွယ်များ ခရီးဝေးသွား၍ အလုပ်လုပ်ရန်ပေါ်လာမည်၊စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရန်မသင့်သေးပါ၊
ကျန်းမာရေးတိုးတက်ကောင်းမွန်မည်၊လေအောင့်ခြင်း၊ခါးနာခြင်းအနည်းငယ်သာ ခံစားရတတ်သည်၊ဘေးအန္တရာယ်မရှိပါ၊ဆေးခန်း/ဆေးရုံတက်ရကံမရှိပါ။
လူငယ်များအချစ်ရေး ပြေလည်မည်၊ချစ်သူအချင်းချင်း ညှိနှိုင်းပြေလည်မှုရမည်၊ဇနီး ခင်ပွန်းများအတူတကွ ခရီးထွက်ရမည်၊
မည်သည့်ကိစ္စမဆို အိမ်ထောင်ဖက်နှင့်အစစတိုင်ပင်လုပ်သော် အောင်မြင်မှုရပါမည်။
ရဟန်းသံဃာပုဂ္ဂိုလ်ထူးများဖူးတွေ့ရမည်၊လောကီအဆောင် အစီအရင်များရရှိမည်၊
မိဘကြီးကဲသူများ၊မိသားစုဝင်များနှင့်ပျော်ရွှင်ဖွယ်ခရီးစဉ်သွားရမည်။၃၇၃ ,၂၁၅ များများပါသော ဂဏန်းတွဲများ ထီကြီးထိုးပါ။
ယတြာများ
၁။ဘုရားတွင် ရွက်လှပန်းများလှူပါ။ဘုရားစေတီများသွား၍ ရွှေသင်္ကန်းအလှူငွေလှူပါ။
၂။ ရဟန်းသံဃာအား ဆေးများလှူပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:ဆရာအောင်ဉာဏ်မိုး