ကြန္ဂို ဒီမိုကရက္တစ္ သမၼတႏိုင္ငံမွာ အီဘိုလာေရာဂါ ျဖစ္ပြားမႈေၾကာင့္ လက္ရွိအခ်ိန္အထိ လူေပါင္း ၁,၀၀၀ ေက်ာ္ ေသဆုံးသြားခဲ့ၿပီ ျဖစ္ေၾကာင္း ယင္းႏိုင္ငံရဲ႕ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ယင္းႏိုင္ငံမွာ ယမန္ႏွစ္ ၾသဂုတ္လက စၿပီး အီဘိုလာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒါဟာ သမိုင္းမွာ ဒုတိယေျမာက္ လူအေသအေပ်ာက္ အမ်ားဆုံး ျဖစ္စဥ္လည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၄ နဲ႔ ၂၀၁၆ အၾကား အေနာက္အာဖရိကမွာ ယင္း အီဘိုလာျဖစ္ပြားမႈေၾကာင့္ လူေပါင္း ၁၁,၃၀၀ ေက်ာ္အထိ ေတာင္ ေသဆုံးခဲ့ရပါတယ္။

ဒီ ေရာဂါနဲ႔ပတ္သက္လို႔ ႀကိဳတင္ကာကြယ္မႈ လုပ္ဖို႔ ျပည္သူေတြဘက္က အယုံအၾကည္မရွိမႈ၊ ပဋိပကၡတိုက္ပြဲေတြ ျဖစ္ပြားေနမႈ တို႔ေၾကာင့္ ဒီ အီဘိုလာ တိုက္ဖ်က္ေရး ႀကိဳးပမ္းအားထုတ္မႈေတြအေပၚ ေႏွာင့္ေႏွးၾကန႔္ၾကာေစလ်က္ ရွိပါတယ္။

လက္ရွိမွာ ယင္းႏိုင္ငံ အေရွ႕ျခမ္းမွာ ဒီ အီဘိုလာေရာဂါ ျပန႔္ႏွံ႔ကူးစက္ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။

အီဘိုလာ ကာကြယ္ေဆးသစ္ တစ္မ်ိဳးေၾကာင့္ ကြန္ဂိုမွာ ဒီ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ကနဦး ပိုင္းတုန္းကေတာ့ ကမာၻ႔ က်န္းမာေရး အဖြဲ႕ႀကီးက ထုတ္ျပန္ထားခဲဲ့ပါေသးတယ္။

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ယင္းႏိုင္ငံမွာ လုံၿခဳံေရး စိတ္မခ်ရမႈ၊ ဘ႑ာေငြအရင္းအျမစ္ ရွားပါးမႈတို႔ေၾကာင့္ ေရာဂါတိုက္ဖ်က္ေရး အားထုတ္မႈေတြအေပၚ သိသိသာသာ ထိခိုက္ေစလ်က္ရွိတယ္လို႔ WHO တာဝန္ရွိသူေတြက ဝန္ခံသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာရောဂါ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ယင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယင်းနိုင်ငံမှာ ယမန်နှစ် သြဂုတ်လက စပြီး အီဘိုလာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဟာ သမိုင်းမှာ ဒုတိယမြောက် လူအသေအပျောက် အများဆုံး ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ နဲ့ ၂၀၁၆ အကြား အနောက်အာဖရိကမှာ ယင်း အီဘိုလာဖြစ်ပွားမှုကြောင့် လူပေါင်း ၁၁,၃၀၀ ကျော်အထိ တောင် သေဆုံးခဲ့ရပါတယ်။

ဒီ ရောဂါနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်မှု လုပ်ဖို့ ပြည်သူတွေဘက်က အယုံအကြည်မရှိမှု၊ ပဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားနေမှု တို့ကြောင့် ဒီ အီဘိုလာ တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုတွေအပေါ် နှောင့်နှေးကြန့်ကြာစေလျက် ရှိပါတယ်။

လက်ရှိမှာ ယင်းနိုင်ငံ အရှေ့ခြမ်းမှာ ဒီ အီဘိုလာရောဂါ ပြန့်နှံ့ကူးစက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အီဘိုလာ ကာကွယ်ဆေးသစ် တစ်မျိုးကြောင့် ကွန်ဂိုမှာ ဒီ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကနဦး ပိုင်းတုန်းကတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ယင်းနိုင်ငံမှာ လုံခြုံရေး စိတ်မချရမှု၊ ဘဏ္ဍာငွေအရင်းအမြစ် ရှားပါးမှုတို့ကြောင့် ရောဂါတိုက်ဖျက်ရေး အားထုတ်မှုတွေအပေါ် သိသိသာသာ ထိခိုက်စေလျက်ရှိတယ်လို့ WHO တာဝန်ရှိသူတွေက ဝန်ခံသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top