ျဖစ္စဥ္မွာ မ——-သည္ က်ိဳက္လတ္ၿမိဳ႕နယ္ ေနသူ ကိုေက်ာ္လြင္ဆိုသူအား ရန္ကုန္တြင္ အထည္ခ်ဳပ္အလုပ္ လုပ္ခ်င္သည္ဟုေျပာ ခဲ့ေၾကာင္း၊ ကိုေက်ာ္လြင္မွ ရန္ကုန္ၿမိဳ႕၊ လွိုင္သာယာတြင္ ၎၏ညီမရွိ၍ ပို႔ေပးမည္ဟု ေျပာျပခဲ့ေၾကာင္း ၂၀၁၉ ရက္ေန႕၊ (၂၀ဝ၀)အခ်ိန္ခန႔္တြင္ ကိုေက်ာ္လြင္ႏွင့္ မသက္သက္မြန္တို႔သည္ ဆိုင္ကယ္ကယ္ရီႏွင့္

လိုက္လာခဲ့ၿပီး ‘လမ္းဆုံအေရာက္တြင္ ကိုေက်ာ္လြင္မွ မိုးခ်ဳပ္ေနျဖစ္၍ နံနက္မိုးလင္းမွသာ ၎ညီမျဖစ္သူေနအိမ္သို႔လိုက္ပို႔မည္ေျပာၿပီးBOC လမ္းဆုံအနီး အမွတ္(၉)ရပ္ကြက္ရွိ ——-တည္းခို ခန္းသို႔ လိုက္ပါသြားခဲ့ေၾကာင္း၊ တည္းခိုခန္းအေရာက္တြင္ ကိုေက်ာ္လြင္မွ အခန္း(၁)ခန္းကိုသာ ငွားခဲ့ေၾကာင္း၊ အခန္းထဲသို႔ေရာက္ေသာအခါ ကိုေက်ာ္လြင္မွ ညီမျဖစ္သူ မ——-အား ၎ႏွင့္အတူ ကုတင္ေပၚတြင္ အိပ္ရန္ ေျပာဆိုစည္း႐ုံးေသာ္လည္း ညီမျဖစ္သူ မ——မွ ျငင္းဆန္႐ုန္းကန္ေသာ္လည္း အတင္းအဓမၼ ဆြဲေပြ႕ၿပီး ကုတင္ေပၚသို႔တင္ကာ ကိုေက်ာ္လြင္က အေပၚမွတက္ခြၿပီး အဝတ္အစားမ်ားအား

အတင္းအဓမၼဆြဲခြၽတ္ၿပီး ပါးစပ္ပိတ္ကာ အလိုမတူဘဲ သားမယားအျဖစ္ (၁)ႀကိမ္ (ဆယ္မိနစ္ ခန႔္ၾကာ) ျပဳက်င့္ခဲ့ေၾကာင္း၊ မ———-မွ အျခားသူမ်ားအား အကူအညီေတာင္းခံရန္ ႀကိဳးစားေသာ္လည္း တံခါးအားဖြင့္ မရခဲ့ေၾကာင္း၊ (၁)နာရီခန႔္အၾကာတြင္လည္း ေနာက္ထပ္(၁)ႀကိမ္ (ဆယ္မိနစ္ခန႔္ၾကာ) အလိုမတူဘဲ သားမယား အျဖစ္ ယခင္နည္းအတိုင္း ထပ္မံျပဳက်င့္ခဲ့ေၾကာင္း၊ စုစုေပါင္း(၂)ႀကိမ္ျပဳက်င့္ ခဲ့ေၾကာင္း၊ ၂၃-၅-၂ဝ၁၉ ရက္ေန႕ (၁၈၀၀)အခ်ိန္ခန႔္တြင္ ကိုေက်ာ္လြင္မွ မ———အား ေ႐ႊလင္ပန္းေက်း႐ြာ၊ ေျမတိုင္း (၂၂)အနီးရွိ ——— တည္းခိုခန္းသို႔ ထပ္မံေခၚေဆာင္ခဲ့ေၾကာင္း၊ တည္းခိုခန္းအေရာက္တြင္ ကိုေက်ာ္လြင္မွ သားမယားအျဖစ္ ျပဳက်င့္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မ——-မွ အခန္းအျပင္သို႔ ထြက္ထိုင္ေန ခဲ့ရေၾကာင္း၊ ပတ္ဝန္းက်င္သို႔ အကူအညီေတာင္းခံခ်င္ေသာ္လည္း ကိုေက်ာ္လြင္မွ ဘယ္သူမွမေျပာရန္ ၿခိမ္းေျခာက္ေျပာဆိုထား သျဖင့္ မေျပာရဲခဲ႔ေၾကာင္း

ထိုေန႔ ေန႔လည္ပိုင္းတြင္ ကိုေက်ာ္လြင္မွ လွိ ုင္သာယာျမိဳ႕နယ္ ေ႐ႊလင္ပန္းေက်း႐ြာ၊ ေျမတိုင္း(၂၂)၊ အုန္းေတာၾကက္ၿခံေဈးအနီးရွိ မ——-၊ (၃၃)ႏွစ္၊ ေဈးေရာင္း၏ ေနအိမ္တြင္ထားခဲ့ၿပီး က်ိဳက္လတ္ၿမိဳ႕နယ္ရွိ ၎၏ေနအိမ္သို႔ ျပန္သြားခဲ့ေၾကာင္း

မ——–၏ေနအိမ္တြင္ ၂၄-၅-၂၀၁၉ ရက္ေန႕ တစ္ေန႕လုံးေနထိုင္ခဲ့ရေၾကာင္း၊ ၂၅ ၂၀၁၉ ရက္ေန႕တြင္ အစ္မျဖစ္သူ တရားလိုႏွင့္ ဖုန္းအဆက္အသြယ္ရရွိၿပီး ယခုကဲ့သို႔ လာေရာက္ေခၚသျဖင့္ ျပန္ေတြ႕ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပ သိရွိရသျဖင့္ တရားလိုမွ ၎တို႔အုပ္ထိန္းမႈေအာက္ရွိ အသက္(၁၄)ႏွစ္ (၇)လသာ ရွိေသးေသာ ညီမျဖစ္သူ

မ——–(၁၄)နွစ္(၇)လအား ၎တို႔၏ခြင့္ျပဳခ်က္မရွိဘဲ ေခၚေဆာင္သြားၿပီး သားမယားအျဖစ္ျပဳက်င့္ခဲ့သူ ကိုေက်ာ္လြင္(၂၉)နွစ္ ကြမ္းသီးပင္စုေက်းရြာ အလန္းၾကီးေက်းရြာအုပ္စု မအူပင္ျမိဳ႕နယ္ေနသူအား ဥပေဒအရအေရးယူေပးရန္ ယခုမွ လာေရာက္တိုင္တန္းသျဖင့္ လွိ ုင္သာယာျမိဳ႕နယ္ ေသာင္ၾကီးနယ္ေျမရဲစခန္းမွ ပ/၁၅၅၄/၁၉ ရာဇသတ္ၾကီးပုဒ္မ ၃၇၆/၃၆၃ ျဖင့္ အမွ ုေရးဖြင့္ကာ ဖမ္းဆီးစစ္ေဆးအေရးယူေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Tin Naing Tun

#Unicode Version#
ဖြစ်စဉ်မှာ မ——-သည် ကျိုက်လတ်မြို့နယ် နေသူ ကိုကျော်လွင်ဆိုသူအား ရန်ကုန်တွင် အထည်ချုပ်အလုပ် လုပ်ချင်သည်ဟုပြော ခဲ့ကြောင်း၊ ကိုကျော်လွင်မှ ရန်ကုန်မြို့၊ လှိုင်သာယာတွင် ၎င်း၏ညီမရှိ၍ ပို့ပေးမည်ဟု ပြောပြခဲ့ကြောင်း ၂၀၁၉ ရက်နေ့၊ (၂၀ဝဝ)အချိန်ခန့်တွင် ကိုကျော်လွင်နှင့် မသက်သက်မွန်တို့သည် ဆိုင်ကယ်ကယ်ရီနှင့်

လိုက်လာခဲ့ပြီး ‘လမ်းဆုံအရောက်တွင် ကိုကျော်လွင်မှ မိုးချုပ်နေဖြစ်၍ နံနက်မိုးလင်းမှသာ ၎င်းညီမဖြစ်သူနေအိမ်သို့လိုက်ပို့မည်ပြောပြီးBOC လမ်းဆုံအနီး အမှတ်(၉)ရပ်ကွက်ရှိ ——-တည်းခို ခန်းသို့ လိုက်ပါသွားခဲ့ကြောင်း၊ တည်းခိုခန်းအရောက်တွင် ကိုကျော်လွင်မှ အခန်း(၁)ခန်းကိုသာ ငှားခဲ့ကြောင်း၊ အခန်းထဲသို့ရောက်သောအခါ ကိုကျော်လွင်မှ ညီမဖြစ်သူ မ——-အား ၎င်းနှင့်အတူ ကုတင်ပေါ်တွင် အိပ်ရန် ပြောဆိုစည်းရုံးသော်လည်း ညီမဖြစ်သူ မ——မှ ငြင်းဆန်ရုန်းကန်သော်လည်း အတင်းအဓမ္မ ဆွဲပွေ့ပြီး ကုတင်ပေါ်သို့တင်ကာ ကိုကျော်လွင်က အပေါ်မှတက်ခွပြီး အဝတ်အစားများအား

အတင်းအဓမ္မဆွဲချွတ်ပြီး ပါးစပ်ပိတ်ကာ အလိုမတူဘဲ သားမယားအဖြစ် (၁)ကြိမ် (ဆယ်မိနစ် ခန့်ကြာ) ပြုကျင့်ခဲ့ကြောင်း၊ မ———-မှ အခြားသူများအား အကူအညီတောင်းခံရန် ကြိုးစားသော်လည်း တံခါးအားဖွင့် မရခဲ့ကြောင်း၊ (၁)နာရီခန့်အကြာတွင်လည်း နောက်ထပ်(၁)ကြိမ် (ဆယ်မိနစ်ခန့်ကြာ) အလိုမတူဘဲ သားမယား အဖြစ် ယခင်နည်းအတိုင်း ထပ်မံပြုကျင့်ခဲ့ကြောင်း၊ စုစုပေါင်း(၂)ကြိမ်ပြုကျင့် ခဲ့ကြောင်း၊ ၂၃-၅-၂ဝ၁၉ ရက်နေ့ (၁၈၀၀)အချိန်ခန့်တွင် ကိုကျော်လွင်မှ မ———အား ရွှေလင်ပန်းကျေးရွာ၊ မြေတိုင်း (၂၂)အနီးရှိ ——— တည်းခိုခန်းသို့ ထပ်မံခေါ်ဆောင်ခဲ့ကြောင်း၊ တည်းခိုခန်းအရောက်တွင် ကိုကျော်လွင်မှ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း မ——-မှ အခန်းအပြင်သို့ ထွက်ထိုင်နေ ခဲ့ရကြောင်း၊ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံချင်သော်လည်း ကိုကျော်လွင်မှ ဘယ်သူမှမပြောရန် ခြိမ်းခြောက်ပြောဆိုထား သဖြင့် မပြောရဲခဲ့ကြောင်း

ထိုနေ့ နေ့လည်ပိုင်းတွင် ကိုကျော်လွင်မှ လှိ ုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာ၊ မြေတိုင်း(၂၂)၊ အုန်းတောကြက်ခြံဈေးအနီးရှိ မ——-၊ (၃၃)နှစ်၊ ဈေးရောင်း၏ နေအိမ်တွင်ထားခဲ့ပြီး ကျိုက်လတ်မြို့နယ်ရှိ ၎င်း၏နေအိမ်သို့ ပြန်သွားခဲ့ကြောင်း

မ——–၏နေအိမ်တွင် ၂၄-၅-၂၀၁၉ ရက်နေ့ တစ်နေ့လုံးနေထိုင်ခဲ့ရကြောင်း၊ ၂၅ ၂၀၁၉ ရက်နေ့တွင် အစ်မဖြစ်သူ တရားလိုနှင့် ဖုန်းအဆက်အသွယ်ရရှိပြီး ယခုကဲ့သို့ လာရောက်ခေါ်သဖြင့် ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောပြ သိရှိရသဖြင့် တရားလိုမှ ၎င်းတို့အုပ်ထိန်းမှုအောက်ရှိ အသက်(၁၄)နှစ် (၇)လသာ ရှိသေးသော ညီမဖြစ်သူ

မ——–(၁၄)နှစ်(၇)လအား ၎င်းတို့၏ခွင့်ပြုချက်မရှိဘဲ ခေါ်ဆောင်သွားပြီး သားမယားအဖြစ်ပြုကျင့်ခဲ့သူ ကိုကျော်လွင်(၂၉)နှစ် ကွမ်းသီးပင်စုကျေးရွာ အလန်းကြီးကျေးရွာအုပ်စု မအူပင်မြို့နယ်နေသူအား ဥပဒေအရအရေးယူပေးရန် ယခုမှ လာရောက်တိုင်တန်းသဖြင့် လှိ ုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ ပ/၁၅၅၄/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှ ုရေးဖွင့်ကာ ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Tin Naing Tun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top