က်ဳိက္ထီး႐ုိးေတာင္ေပၚက အထမ္းသမားနဲ႔ က်ဳိက္ထုိၿမဳိ႕ကဆုိက္ကားသမားေတြ ဆင္စီးၿပီး ရွင္ရဟန္းျပဳခြင့္ရေအာင္ သိန္း ၂၀၀၀ ေက်ာ္ အကုန္က်ခံျပီး အလွဴၾကီးေပးမယ့္ အလွဴရွင္ဇနီးေမာင္ႏွံကို The Speaker ဂ်ာနယ္မွ အင္တာဗ်ဴးထားတာကို ျပန္လည္ေဖာ္ျပအပ္ပါသည္။

“သိန္း ၂၀၀၀ ေက်ာ္ အကုန္အက်ခံၿပီး ျမန္မာႏုိင္ငံမွာ ထူးထူးျခားျခား ျပဳလုပ္မယ့္ တတိယအႀကိမ္ ရွင္ရဟန္းအပါး ၅၀၀ အလွဴေတာ္ပြဲမွာ က်ဳိက္ထီး႐ုိးေတာင္ေပၚက အထမ္းသမားနဲ႔ က်ဳိက္ထုိၿမဳိ႕ကဆုိက္ကားသမားေတြ ဆင္စီးၿပီး ရွင္ရဟန္းျပဳခြင့္ရေတာ့မွာ ျဖစ္ပါတယ္”

အလွဴရွင္ ပထမ႐ုိး႐ုိးေလးကုမၸဏီ ဥကၠ႒ ဦးေနထက္သိန္းႏုိင္ႏွင့္ ေတြ႕ဆုံျခင္း

Speaker- ဒီအလွဴက ဘယ္ႏွစ္ႀကိမ္ေျမာက္ အလွဴလဲခင္ဗ်။

UNHTN- ဒီအလွဴနဲ႔ဆုိ အလွဴႀကီးလုပ္တာ တတိယအႀကိမ္ေျမာက္ပါ။ ၂၀၀၆ ခုႏွစ္မွာ သံဃာအပါး ၃၀၀၊ ၂၀၁၆ မွာ ဒုတိယအႀကိမ္ လုပ္ခဲ့တယ္။ အခု ၂၀၁၉ မွာေတာ့ တတိယအႀကိမ္အျဖစ္ ရွင္ရဟန္း အပါး ၅၀၀ ကုိ သားအႀကီးနဲ႔ သားငယ္ေလးပါ ပါၿပီးေတာ့ အႀကီးက်ယ္ဆုံးနဲ႔ အစည္ကားဆုံးျဖစ္ေအာင္ လုပ္မွာပါ။

Speaker- အခု အလွဴမွာ ဆင္ေတြ ျမင္းေတြ ႏြားလွည္းေတြေကာ အသုံးျပဳမယ္လုိ႔ သိရပါတယ္။ အလွဴနဲ႔ ပတ္သက္ၿပီး လူအင္အား ဘယ္ေလာက္သုံးမယ္ဆုိတာ ေျပာျပပါဦး။

UNHTN-အပ်ဳိေတာ္ ၃၀၀ ေက်ာ္ ၄၀၀ နဲ႔ ကူညီလုပ္ကုိင္ေပးမဲ့သူ အားလုံးေပါင္းရင္ လူ ၁၀၀၀ ေက်ာ္ေလာက္ လုိမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

Speaker-အခုလုိ အလွဴႀကီး လုပ္ရတဲ့ ရည္ရြယ္ခ်က္ကုိ သိခ်င္ပါတယ္။

UNHTN-ကြ်န္ေတာ္တုိ႔ ငယ္ငယ္တုန္းက ရွင္ျပဳ အလွဴဖိတ္စာတြရဲ႕ေရွ႕မွာ အလွဴ႕ရွင္က ပြဲကုိင္တယ္ ။ ေနာက္မွာက ဆင္ေတြျမင္းေတြ ထီးေတာ္မုိးေတြနဲ႔ ပုံက ဖိတ္စာထဲမွာပဲ ရွိခဲ့တယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာ ဖိတ္စာထဲကလုိ ဘယ္သူကမွ အပင္ပန္းခံ ေငြေၾကးကုန္က်ခံၿပီး မလုပ္ၾကေတာ့ဘူး။ မ်ားေသာအားျဖင့္ လုပ္ေနတာက မ႑ပ္ႀကီးထုိးၿပီးေတာ့ အဲဒီေနရာမွာပဲ အကၤ်ီလဲ၊ အဲဒီေနရာမွာပဲ ဆန္ခ်၊

ဒီေနရာမွာပဲ သိမ္တက္ၿပီးေတာ့ အက်ဥ္းခ်ဳံး လုပ္လုိက္ၾကတာေတြပဲ ေတြ႕ေနရတယ္။ ကြ်န္ေတာ္ကေတာ့ ျမန္မာ့ရုိးရာ ဆင္စီးျမင္းရံဆုိတဲ့ အဓိပၸာယ္ကုိ ရည္ရြယ္ၿပီးေတာ့ ျမန္မာ့ရုိးရာကုိ ျပန္လည္ ထိန္းသိမ္းတဲ့အေနနဲ႔ ကြ်န္ေတာ္လုပ္ျပခဲ့တာ။ ဒါနဲ႔ဆုိရင္ တတိယအႀကိမ္ ရွိပါၿပီ။ အခု ကြ်န္ေတာ္တုိ႔ ဘက္ေတြမွာ ဆင္ေတြျမင္းေတြ ႏြားလွည္းေတြနဲ႔ အလွဴလုပ္တာေတြ ျပန္လည္ ေတြ႕ျမင္လာရၿပီ။ အဲဒီအတြက္လည္း ဝမ္းသာပီတိ ျဖစ္မိပါတယ္။

Speaker- အလွဴအတြက္ ေငြေၾကး ဘယ္ေလာက္ကုန္မယ္လုိ႔ ခန္႔မွန္းထားပါသလဲ။

UNHTN- ၂၀၀၆ ခုႏွစ္မွာ ပထမအႀကိမ္လုပ္တုန္းက သိန္း ၁၀၀၀ ေက်ာ္ေလာက္ ကုန္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ သိန္း ၁၅၀၀ ေလာက္ ကုန္ပါတယ္။ အခု တတိယအႀကိမ္မွာေတာ့ သိန္းေပါင္း ၂၀၀၀ ေက်ာ္ ေလာက္ ကုန္က်ႏုိင္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။

Speaker- အလွဴမွာ ဆင္ေတြလည္း ပါမွာဆုိေတာ့ အလွဴရွင္မိသားစုပဲ ဆင္စီးမွာလား။ က်န္တဲ့သူေတြအတြက္ေကာ ဘယ္လုိ စီစဥ္ထားပါလဲ။

UNHTN- ဆင္ေတြကုိ ကြ်န္ေတာ္တုိ႔ မိသားစုပဲ စီးမွာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႔ မိသားစုအတြက္က ဆင္သုံးေကာင္ေလာက္ဆုိ လုံေလာက္ပါတယ္။ မရွိဆင္းရဲသားေတြ၊ အထမ္းသမားေတြ၊ ဆုိက္ကားသမားေတြ၊ ကယ္ရီသမားေတြ၊ သူတုိ႔ဘဝမွာ ဆင္စီးၿပီး အလွဴလုပ္ရမယ္လုိ႔ အိပ္မက္ေတာင္ မမက္ခဲ့ဘူးတဲ့သူေတြကုိ မဲႏႈိက္ၿပီးေတာ့ ဆင္ေတြ ျမင္းေတြ ႏြားလွည္းေတြ ေပးစီးမွာ ျဖစ္ပါတယ္။ သူတုိ႔ဘဝမွာ ဆင္းေတြ ျမင္းေတြ စီးၿပီး ရွင္ျပဳ ရဟန္းခံ လုပ္ခဲ့ရတယ္ ဆုိတဲ့ ပီတိ ရေစခ်င္တယ္။ ကြ်န္ေတာ္လည္း သူတုိ႔နဲ႔ ထပ္တူ ဒီပီတိကုိ ရခ်င္တဲ့အတြက္ အခုလုိ အလွဴလုပ္ရတာ ျဖစ္ပါတယ္။

Speaker- ဆရာ့အေနနဲ႔ အခုလုိ အလွဴႀကီးေတြအျပင္ လမ္းမွာေတြ႕တဲ့ ဆင္းရဲသားေတြ၊ အခက္အခဲ ျဖစ္ေနသူေတြကုိလည္း ေငြေၾကးလွဴဒါန္းမႈေတြ ျပဳလုပ္ေပးေနတာ ကၽြန္ေတာ္တုိ႔ မ်က္ျမင္ကုိယ္ေတြ႕ပါ။ အဲဒီလုိ လွဴဒါန္းေနတဲ့ ရည္ရြယ္ခ်က္ကုိ သိခ်င္ပါတယ္။

UNHTN- ကြ်န္ေတာ္က ကုသုိလ္ရပါေစဆုိတဲ့ စိတ္နဲ႔ လွဴတာမဟုတ္ဘူး။ ကြ်န္ေတာ္ လွဴလုိက္တဲ့အတြက္ အဲဒီ တစ္ေန႔စာ သူတုိ႔ဘဝေလးေတြ အဆင္ေျပသြားရင္ ကြ်န္ေတာ္ ဝမ္းသာပါတယ္။ တစ္ေန႔ကုိ အနည္းဆုံး ၁၀ သိန္းေလာက္ ကြ်န္ေတာ္ သူတုိ႔အတြက္ လွဴျဖစ္ပါတယ္။ အဖုိးႀကီးတစ္ေယာက္ ထင္းစီးေတြေရာင္းတယ္။ တစ္ေန႔ သုံးေထာင္ေလာက္ရတယ္။ ကြ်န္ေတာ္နဲ႔ေတြ႕ေတာ့ ကြ်န္ေတာ္ တစ္ေသာင္းခြဲ လွဴလုိက္တယ္။

ကြ်န္ေတာ့္အတြက္ တစ္ေသာင္းခြဲက ဘာမွမဟုတ္ေပမဲ့ သူတုိ႔အတြက္ကေတာ့ အဲဒီေန႔က ထီေပါက္သလုိ ေပ်ာ္စရာ ျဖစ္သြားပါတယ္။ သူတုိ႔ကုိ ေပးလုိက္လုိ႔ သူတုိ႔ဆီက ဘာျပန္ရပါေစဆုိတဲ့ ေမွ်ာ္လင့္ခ်က္လည္း ကြ်န္ေတာ္ မထားပါဘူး။ ႏုိင္ငံေရး လုပ္တာလည္း မဟုတ္ပါဘူး။ ကြ်န္ေတာ္ ႏုိင္ငံေရးလည္း ဘယ္ေတာ့မွ မလုပ္ပါဘူး။ ေပၚျပဴလာလည္း မျဖစ္ခ်င္ပါဘူး။ ဒီေန႔အထိ ဘာဘြဲ႕မွလည္း မယူထားပါဘူး။

Speaker- အလွဴနဲ႔ပတ္သက္ၿပီး ဘယ္လုိေတြ စီစဥ္ထားလဲဆုိတာ သိပါရေစ။

UNHTN- အလွဴရဲ႕ လူတန္းႀကီးက တစ္မုိင္ခြဲေလာက္ ရွည္လိမ့္မယ္။ မဂၤလာေက်ာင္းကေန Danko ဆီဆုိင္ထိေလာက္ေရာက္မယ္။ အဲဒီအခ်ိန္အထိ ဘုန္ႀကီးေက်ာင္းက ရွင္ေလာင္းတန္းက မဆုံးေသးပါဘူး။ ပထမဆုံးက ေဆာင္းေဘာက္အႀကီးႀကီးေတြကုိ အေရွ႕ဆုံးမွာ ထားပါမယ္။ ၿပီးေတာ့ ေျဗာတီးပါမယ္။ ေျဗာတီးၿပီးတာနဲ႔ စည္ေတာ္ကုိ မင္းခမ္း မင္းနားနဲ႔ ကပါမယ္။

စည္ေတာ္ႀကီးရဲ႕ ေနာက္မွာ လူ ၆၀ ေလာက္က ေဒဝါဝင္း ရာဇာဝင္းေတြနဲ႔ လုိက္ပါမယ္။ ၿပီးရင္ ကြ်န္ေတာ္နဲ႔ ကြ်န္ေတာ့္ဇနီးက လမ္းေလွ်ာက္ႏုိင္သေလာက္ ေလွ်ာက္ၿပီးေတာ့ ပုိက္ဆံႀကဲမွာ ျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ အေနာက္မွာ ကြ်န္ေတာ့္အစ္မ ေဒၚျမျမဝင္းက အမုိးဖြင့္ထားတဲ့ ကားေပၚကေန ပုိက္ဆံႀကဲမွာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာ ဆင္ ၁၀ ေကာင္ ပါမယ္။ ဆင္တစ္ေကာင္ကုိ ရဟန္းသုံးပါးနဲ႔ ထီးေတာ္မုိး ႏွစ္ေယာက္ပါမယ္။

ဆင္ေနာက္မွာ အပ်ဳိေတာ္ ၁၀၀ က သကၤန္းကုိင္ၿပီး လုိက္မယ္။ ျဗက္တစ္ဝုိင္းနဲ႔ ဒုိးပတ္တစ္ဝိုင္း ထည့္မယ္။ ၿပီးရင္ ႏြားလွည္းငါးစီး ထည့္မယ္။ ႏြားလွည္းတစ္စီးေပၚမွာ ရဟန္းေလာင္း ေလးပါး လုိက္မယ္။ ၿပီးရင္ အပ်ဳိေတာ္ ၅၀ နဲ႔ ျဗက္တစ္ဝိုင္း ဒုိးပတ္တစ္ဝိုင္း ထည့္မယ္။ ၿပီးရင္ ရဟန္းေလာင္းေတြပါတဲ့ ႏြားလွည္းငါးစီးထည့္မယ္။ အဲဒီေနာက္မွာေတာ့ အညာေဒသမွာ ေခတ္စားေနတဲ့ ျမန္မာ့ရုိးရာၾကက္အကကုိ ထည့္သြင္းသြားမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဒုိးပတ္တစ္ဝုိင္းထည့္မယ္။ ၿပီးရင္ အပ်ဳိေတာ္ ၅၀ ထည့္မယ္။

အပ်ဳိေတာ္ေတြၿပီးရင္ ရဟန္းေလာင္းေတြပါတဲ့ ႏြားလွည္းငါးစီး လုိက္ပါမယ္။ အဲဒီေနာက္မွာေတာ့ ရဟန္းေလာင္းေတြ ကုန္သြားပါၿပီ။ ေနာက္ လိပ္အက ထည့္မယ္။ လိပ္အကေနာက္မွာ ဒုိးပတ္တစ္ဝိုင္း လာမယ္။ ၿပီးေတာ့မွ ကြ်န္ေတာ့္ရဲ႕ေျမးေလး ေဒၚျမျမဝင္းရဲ႕ ေျမးေလးက သီလရွင္ ဝတ္မွာ ျဖစ္တဲ့အတြက္ ေမၿမိဳ႕က ျမင္းေလးေကာင္ဆြဲတဲ့ ရထားလုံးနဲ႔ ထြက္မယ္။ ၿပီးေတာ့ ကြ်န္ေတာ့္သမီးေလးနဲ႔ တူမေလး ႏွစ္ေယာက္ကလည္း နားသမဂၤလာျပဳမွာ ျဖစ္တဲ့အတြက္ ျမင္းရထားလုံးနဲ႔ ထြက္မယ္။ သီလရွင္ သုံးပါးအတြက္ ျမင္းရထားလုံးတစ္စီး ထည့္မယ္။

အဲဒီေနာက္မွာ ရထားလုံးနဲ႔ မဆံ့ေတာ့တဲ့ သီလရွင္ေတြနဲ႔ ေမာင္ရင္ေလာင္းေတြကုိ ကားနဲ႔တင္ၿပီး လွည့္မွာ ျဖစ္ပါတယ္။ ၿပီးရင္ ျမင္းအေကာင္ ၆၀ ဆယ္နဲ႔ ေမာင္ရင္ေလာင္းေတြ ပါပါမယ္။ ျမင္းအေကာင္ ၆၀ ရဲ႕ ၾကားမွာ ႏွစ္ကုိယ့္တစ္စိတ္အကနဲ႔ ဧည့္ခံပါမယ္။ ကရင္ဒုံးယိမ္း အပါအဝင္ အကေတြလည္း မ်ဳိးစုံ ပါပါမယ္။ အဲဒီေနာက္မွာ ဧည့္ခံေျဗာႀကီးနဲ႔ ဧည့္ခံပါမယ္။

ၿပီးရင္ အလွဴလာတဲ့ ကားေတြ လုိက္ပါမယ္။ အဲဒီေနာက္မွာေတာ့ ေဆာင္းေဘာက္အႀကီးႀကီးေတြ ဖြင့္ၿပီးေတာ့ လုိက္ပါၾကမွာ ျဖစ္ပါတယ္။ လွည့္လည္ေနစဥ္အတြင္းမွာ အစားအစာ၊ ေရသန္႔နဲ႔ နားေနဖုိ႔ ကားေတြလည္း စီစဥ္ထားပါတယ္။ ျမန္မာႏုိင္ငံမွာ အခမ္းနားဆုံး အလွဴေတာ္ပြဲႀကီး ျဖစ္ေအာင္ လုပ္မွာပါ။ ေမလ ၁၁ ရက္ မနက္ ၇ နာရီခြဲေလာက္မွာ ေက်ာင္းကေနထြက္ၿပီး ၁၀ နာရီခြဲေလာက္ ေက်ာင္းကုိ ျပန္ေရာက္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။

Speaker- ရွင္ေလာင္းလွည့္ၿပီးရင္ ဧည့္ခံေကြ်းေမြးဖုိ႔ ဘာေတြ စီစဥ္ထားပါသလဲ။

UNHTN- ဧည့္ခံပြဲလာတဲ့ လူေတြကုိ အာလူး၊ ဆိတ္ပဲဟင္းနဲ႔ လူ ၃၀၀၀ စာ ထမင္းစားဖုိ႔ ျပင္ဆင္ထားပါတယ္။ မည္သူအဆုိ သုံးေဆာင္လုိ႔ရမယ့္ မ႑ပ္ႀကီး ႏွစ္ခုလည္း ထုိးထားပါတယ္။ ဧည့္ခံေကြ်းေမြးေရးအပုိင္းကုိ က်ဳိက္ထုိ ေျမာက္ပုိင္းရပ္ကြက္က ကြ်န္ေတာ့္ရဲ႕ညီအစ္ကုိ ေမာင္ႏွမလုိ ခင္မင္ရင္းႏွီးသူေတြက ကူညီေဆာင္ရြက္ေပးၾကမွာ ျဖစ္ပါတယ္။ ေဖ်ာ္ေျဖေရးပုိင္းကုိ ေျပာရမယ္ဆုိရင္ ေမလ ၁၀ ရက္ေန႔မွာ ဆင္ ၁၀ ေကာင္ေရာက္လာမယ္။ အဲဒီအထဲမွာ ကတဲ့ဆင္ေတြလည္း ပါတယ္။ အဲဒီညမွာ ဆင္ေတြ ကျပပါမယ္။ ဆင္ေတြကၿပီးရင္ ၾကက္ဖအက ကပါမယ္။

ၾကက္ဖအရုပ္ထဲကုိ လူဝင္ၿပီး ကမယ္။ လိပ္အရုပ္ထဲကုိ လူဝင္ၿပီး ကမယ္။ ၿပီးရင္ ျမင္းအကေတြနဲ႔လည္း ေဖ်ာ္ေျဖပါ့မယ္။ အႏုပညာသမားေတြနဲ႔ ပတ္သက္ၿပီးေတာ့ အစ္ကုိ႔ဆီကုိ အႏုပညာရွင္တခ်ဳိ႕က လာေရာက္ေဖ်ာ္ေျဖဖုိ႔ အလွဴကုိ ကူညီခ်င္တယ္ဆုိၿပီး ေျပာတာေတြရွိတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ေျပာခ်င္တာ အဲဒီလုိ အကူညီေပးမဲ့သူေတြကုိ ေက်းဇူးတင္ပါတယ္။

ေဖ်ာ္ေျဖေရးက ႏွစ္ညလုပ္မယ္။ အဲဒီမွာ ကုိခင္လႈိင္နဲ႔ အဖြဲ႕ အစီအစဥ္က ၃ နာရီေလာက္ ၾကာမယ္။ ေမခလာ၊ ဟဲေလး၊ အိမ့္ခ်စ္၊ ေႏြးေႏြးခ်စ္ဖြယ္ စတဲ့ အဆုိေတာ္ေတြကလည္း သီခ်င္း သုံးေလးပုဒ္စီ ဆုိၾကမယ္။ ၿပီးရင္ မုိးႀကိဳးငွက္ငယ္ေလးမ်ား အဖြဲ႕ကလည္း ေဖ်ာ္ေျဖအုံးမယ္။ အဲဒီအတြက္ လာေရာက္ကူညီေပးမဲ့ အဆုိေတာ္ေလးေတြအေနနဲ႔ သီခ်င္းတစ္ပုဒ္ဆုိရဖုိ႔ေတာင္ ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ တတ္ႏုိင္သဆလာက္ ဆုိလုိ႔ရေအာင္ေတာ့ စီစဥ္ပါ့မယ္။ အကယ္၍ ဆုိဖုိ႔ အလွည့္မက်ခဲ့ရင္လည္း နားလည္ခြင့္လႊတ္ေပးဖုိ႔ အခုကတည္းက ေတာင္းပန္ခ်င္ပါတယ္။

Speaker- ေဖ်ာ္ေျဖပြဲမွာ ေစ်းလာေရာင္းတဲ့ သူေတြအတြက္ ဘယ္လုိစီစဥ္ထားပါလဲ။

UNHTN- ေစ်းလာေရာင္းမယ့္လူေတြကုိ ကြ်န္ေတာ့္အေနနဲ လႈိက္လႈိက္လွဲလွဲ ဖိတ္ေခၚပါတယ္။ သာသနာ့ဗိမာန္နဲ႔ လြတ္တဲ့ေနရာေတြနဲ႔ တျခား အဆင္ေျပတဲ့ေနရာေတြမွာ ေရာင္းခ်လုိ႕ရေအာင္ စီစဥ္ထားပါတယ္။ ေစ်းေရာင္းေကာင္းပါေစလုိ႔ ဆုေတာင္းေပးပါတယ္။

Speaker- ဧည့္ပရိသတ္ေတြ တည္းခုိဖုိ႔ အစီစဥ္လဲ ေျပာေပးပါဦး။

UNHTN- က်ဳိက္ထုိက ဟုိတယ္ေတြမွာ ကြ်န္ေတာ္နဲ႔သိတဲ့ မိတ္ေဆြေတြ တည္းဖုိ႔ အခန္း ၄၀ ေလာက္ စီစဥ္ထားပါတယ္။ သာသနာ့ဗိမာန္ႀကီးမွာလည္း တည္းခုိလုိ႔ရပါတယ္။ ရပ္ကြက္ဓမၼာရုံမွာလည္း တည္းခုိလုိ႔ရေအာင္ စီစဥ္ထားပါတယ္။ စိမ္းလဲ့တင္မွာလဲ အခန္းေတြ မွာထားပါတယ္။ က်ဳိက္ထုိက တည္းခုိခန္းနဲ႔ ဟုိတယ္အခ်ဳိ႕မွာလည္း အခန္းေတြ စီစဥ္ထားပါတယ္။

Speaker-မီဒီယာသမားေတြအတြက္ ဘယ္လုိစီစဥ္ထားပါလဲ။

UNHTN-မီဒီယာသမားေတြကုိ ဖိတ္ေခၚပါတယ္။ လာေရာက္တဲ့ မီဒီယာေတြကုိလည္း ေမတၲာရပ္ခံခ်င္တာက အလွဴပြဲေန႔မွာ live လႊင့္ေပးေစခ်င္တယ္။ တစ္ကမာၻလုံးက ႀကည့္ေနတဲ့သူေတြက ျမန္မာ့အလွဴပြဲကုိ ျမင္ေတြ႕ေစခ်င္လုိ႔ပါ။ မီဒီယာသမားေတြ တည္းခုိဖုိ႔ ဟုိတယ္ေတြမွာ စီစဥ္ေပးပါမယ္။ က်ဳိက္ထီးရုိး ဘုရားဖူးလုိ႔ရေအာင္လည္း ေဆာင္ရြက္ေပးပါ့မယ္။ လုိအပ္တာေတြကိုလည္း အဆင္ေျပေအာင္ ေဆာင္ရြက္ေပးပါမယ္။ အားလုံးကုိလာခဲ့ဖုိ႔ ဖိတ္ေခၚပါတယ္။

Speaker-ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါလဲခင္ဗ်။

UNHTN- ေမလ ၇ ရက္နဲ႔ ၈ ရက္မွာ ဖိတ္စာေတြကုိ စၿပီးေတာ့ ဖိတ္ပါမယ္။ က်ဳိက္ထုိၿမိဳ႕ေပၚကုိပဲ ဖိတ္စာနဲ႔ ဖိတ္ပါမယ္။ ရန္ကုန္၊ မႏၲေလးနဲ႔ တစ္ႏုိင္ငံလုံးက မိတ္ေဆြေတြကုိေတာ့ ဒီေနရာကေန ဖိတ္ပါတယ္။ ဖိတ္စာနဲ႔ ဖိတ္ၿပီး မလာျဖစ္ရင္ စိတ္မေကာင္း ျဖစ္ၾကမွာစုိးလုိ႔ပါ။ The Speaker ကေန တစ္ဆင့္ အားလုံးကုိ ဖိတ္ၾကားပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ အခု အလွဴေတာ္ႀကီးဟာ ကြ်န္ေတာ္ ေငြေၾကး စုိက္ထုတ္လွဴဒါန္းတယ္ဆုိေပမဲ့ ဝိုင္းဝန္းကူညီၾကတဲ့ ၿမိဳ႕မိၿမိဳ႕ဖေတြ၊ လုပ္ေဖာ္ကုိင္ဖက္ေတြ၊ ကြ်န္ေတာ့္ရဲ႕တပည့္ေတြ၊ မိတ္ေဆြအေပါင္းအသင္းေတြ၊ ဝန္ထမ္းေတြ မပါဘဲနဲ႔ ဘယ္လုိမွ မျဖစ္ႏုိင္ပါဘူး။ အဲဒီအတြက္လည္း အားလုံးကုိ ေက်းဇူးတင္ေၾကာင္း ဒီေနရာကေန ေျပာခ်င္ပါတယ္။ အလွဴေတာ္နဲ႔ စပ္သမွ် ၃၁ ဘုံ က်င္လည္ၾကတဲ့ သတၱ၀ါအေပါင္းကုိလည္း အမွ်ေပးေဝပါတယ္။ အားလုံး အမွ် အမ်ွ အမွ် ရၾကပါေစ။ ေၾကြးၿမီေတြလည္း ကင္းၿပီး စီးပြားေရးေတြ တုိးတက္ၾကပါေစ။ က်န္းမာခ်မ္းသာၾကပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Speaker
#Unicode Version#
ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမားနဲ့ ကျိုက်ထိုမြို့ကဆိုက်ကားသမားတွေ ဆင်စီးပြီး ရှင်ရဟန်းပြုခွင့်ရအောင် သိန်း ၂၀၀၀ ကျော် အကုန်ကျခံပြီး အလှူကြီးပေးမယ့် အလှူရှင်ဇနီးမောင်နှံကို The Speaker ဂျာနယ်မှ အင်တာဗျူးထားတာကို ပြန်လည်ဖော်ပြအပ်ပါသည်။

“သိန်း ၂၀၀၀ ကျော် အကုန်အကျခံပြီး မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ပြုလုပ်မယ့် တတိယအကြိမ် ရှင်ရဟန်းအပါး ၅၀၀ အလှူတော်ပွဲမှာ ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမားနဲ့ ကျိုက်ထိုမြို့ကဆိုက်ကားသမားတွေ ဆင်စီးပြီး ရှင်ရဟန်းပြုခွင့်ရတော့မှာ ဖြစ်ပါတယ်”

အလှူရှင် ပထမရိုးရိုးလေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးနေထက်သိန်းနိုင်နှင့် တွေ့ဆုံခြင်း

Speaker- ဒီအလှူက ဘယ်နှစ်ကြိမ်မြောက် အလှူလဲခင်ဗျ။

UNHTN- ဒီအလှူနဲ့ဆို အလှူကြီးလုပ်တာ တတိယအကြိမ်မြောက်ပါ။ ၂၀၀၆ ခုနှစ်မှာ သံဃာအပါး ၃၀၀၊ ၂၀၁၆ မှာ ဒုတိယအကြိမ် လုပ်ခဲ့တယ်။ အခု ၂၀၁၉ မှာတော့ တတိယအကြိမ်အဖြစ် ရှင်ရဟန်း အပါး ၅၀၀ ကို သားအကြီးနဲ့ သားငယ်လေးပါ ပါပြီးတော့ အကြီးကျယ်ဆုံးနဲ့ အစည်ကားဆုံးဖြစ်အောင် လုပ်မှာပါ။

Speaker- အခု အလှူမှာ ဆင်တွေ မြင်းတွေ နွားလှည်းတွေကော အသုံးပြုမယ်လို့ သိရပါတယ်။ အလှူနဲ့ ပတ်သက်ပြီး လူအင်အား ဘယ်လောက်သုံးမယ်ဆိုတာ ပြောပြပါဦး။

UNHTN-အပျိုတော် ၃၀၀ ကျော် ၄၀၀ နဲ့ ကူညီလုပ်ကိုင်ပေးမဲ့သူ အားလုံးပေါင်းရင် လူ ၁၀၀၀ ကျော်လောက် လိုမယ်လို့ ခန့်မှန်းထားပါတယ်။

Speaker-အခုလို အလှူကြီး လုပ်ရတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

UNHTN-ကျွန်တော်တို့ ငယ်ငယ်တုန်းက ရှင်ပြု အလှူဖိတ်စာတွရဲ့ရှေ့မှာ အလှူ့ရှင်က ပွဲကိုင်တယ် ။ နောက်မှာက ဆင်တွေမြင်းတွေ ထီးတော်မိုးတွေနဲ့ ပုံက ဖိတ်စာထဲမှာပဲ ရှိခဲ့တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖိတ်စာထဲကလို ဘယ်သူကမှ အပင်ပန်းခံ ငွေကြေးကုန်ကျခံပြီး မလုပ်ကြတော့ဘူး။ များသောအားဖြင့် လုပ်နေတာက မဏ္ဍပ်ကြီးထိုးပြီးတော့ အဲဒီနေရာမှာပဲ အင်္ကျီလဲ၊ အဲဒီနေရာမှာပဲ ဆန်ချ၊

ဒီနေရာမှာပဲ သိမ်တက်ပြီးတော့ အကျဉ်းချုံး လုပ်လိုက်ကြတာတွေပဲ တွေ့နေရတယ်။ ကျွန်တော်ကတော့ မြန်မာ့ရိုးရာ ဆင်စီးမြင်းရံဆိုတဲ့ အဓိပ္ပာယ်ကို ရည်ရွယ်ပြီးတော့ မြန်မာ့ရိုးရာကို ပြန်လည် ထိန်းသိမ်းတဲ့အနေနဲ့ ကျွန်တော်လုပ်ပြခဲ့တာ။ ဒါနဲ့ဆိုရင် တတိယအကြိမ် ရှိပါပြီ။ အခု ကျွန်တော်တို့ ဘက်တွေမှာ ဆင်တွေမြင်းတွေ နွားလှည်းတွေနဲ့ အလှူလုပ်တာတွေ ပြန်လည် တွေ့မြင်လာရပြီ။ အဲဒီအတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။

Speaker- အလှူအတွက် ငွေကြေး ဘယ်လောက်ကုန်မယ်လို့ ခန့်မှန်းထားပါသလဲ။

UNHTN- ၂၀၀၆ ခုနှစ်မှာ ပထမအကြိမ်လုပ်တုန်းက သိန်း ၁၀၀၀ ကျော်လောက် ကုန်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သိန်း ၁၅၀၀ လောက် ကုန်ပါတယ်။ အခု တတိယအကြိမ်မှာတော့ သိန်းပေါင်း ၂၀၀၀ ကျော် လောက် ကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Speaker- အလှူမှာ ဆင်တွေလည်း ပါမှာဆိုတော့ အလှူရှင်မိသားစုပဲ ဆင်စီးမှာလား။ ကျန်တဲ့သူတွေအတွက်ကော ဘယ်လို စီစဉ်ထားပါလဲ။

UNHTN- ဆင်တွေကို ကျွန်တော်တို့ မိသားစုပဲ စီးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မိသားစုအတွက်က ဆင်သုံးကောင်လောက်ဆို လုံလောက်ပါတယ်။ မရှိဆင်းရဲသားတွေ၊ အထမ်းသမားတွေ၊ ဆိုက်ကားသမားတွေ၊ ကယ်ရီသမားတွေ၊ သူတို့ဘဝမှာ ဆင်စီးပြီး အလှူလုပ်ရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့သူတွေကို မဲနှိုက်ပြီးတော့ ဆင်တွေ မြင်းတွေ နွားလှည်းတွေ ပေးစီးမှာ ဖြစ်ပါတယ်။ သူတို့ဘဝမှာ ဆင်းတွေ မြင်းတွေ စီးပြီး ရှင်ပြု ရဟန်းခံ လုပ်ခဲ့ရတယ် ဆိုတဲ့ ပီတိ ရစေချင်တယ်။ ကျွန်တော်လည်း သူတို့နဲ့ ထပ်တူ ဒီပီတိကို ရချင်တဲ့အတွက် အခုလို အလှူလုပ်ရတာ ဖြစ်ပါတယ်။

Speaker- ဆရာ့အနေနဲ့ အခုလို အလှူကြီးတွေအပြင် လမ်းမှာတွေ့တဲ့ ဆင်းရဲသားတွေ၊ အခက်အခဲ ဖြစ်နေသူတွေကိုလည်း ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ အဲဒီလို လှူဒါန်းနေတဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်။

UNHTN- ကျွန်တော်က ကုသိုလ်ရပါစေဆိုတဲ့ စိတ်နဲ့ လှူတာမဟုတ်ဘူး။ ကျွန်တော် လှူလိုက်တဲ့အတွက် အဲဒီ တစ်နေ့စာ သူတို့ဘဝလေးတွေ အဆင်ပြေသွားရင် ကျွန်တော် ဝမ်းသာပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၀ သိန်းလောက် ကျွန်တော် သူတို့အတွက် လှူဖြစ်ပါတယ်။ အဖိုးကြီးတစ်ယောက် ထင်းစီးတွေရောင်းတယ်။ တစ်နေ့ သုံးထောင်လောက်ရတယ်။ ကျွန်တော်နဲ့တွေ့တော့ ကျွန်တော် တစ်သောင်းခွဲ လှူလိုက်တယ်။

ကျွန်တော့်အတွက် တစ်သောင်းခွဲက ဘာမှမဟုတ်ပေမဲ့ သူတို့အတွက်ကတော့ အဲဒီနေ့က ထီပေါက်သလို ပျော်စရာ ဖြစ်သွားပါတယ်။ သူတို့ကို ပေးလိုက်လို့ သူတို့ဆီက ဘာပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်လည်း ကျွန်တော် မထားပါဘူး။ နိုင်ငံရေး လုပ်တာလည်း မဟုတ်ပါဘူး။ ကျွန်တော် နိုင်ငံရေးလည်း ဘယ်တော့မှ မလုပ်ပါဘူး။ ပေါ်ပြူလာလည်း မဖြစ်ချင်ပါဘူး။ ဒီနေ့အထိ ဘာဘွဲ့မှလည်း မယူထားပါဘူး။

Speaker- အလှူနဲ့ပတ်သက်ပြီး ဘယ်လိုတွေ စီစဉ်ထားလဲဆိုတာ သိပါရစေ။

UNHTN- အလှူရဲ့ လူတန်းကြီးက တစ်မိုင်ခွဲလောက် ရှည်လိမ့်မယ်။ မင်္ဂလာကျောင်းကနေ Danko ဆီဆိုင်ထိလောက်ရောက်မယ်။ အဲဒီအချိန်အထိ ဘုန်ကြီးကျောင်းက ရှင်လောင်းတန်းက မဆုံးသေးပါဘူး။ ပထမဆုံးက ဆောင်းဘောက်အကြီးကြီးတွေကို အရှေ့ဆုံးမှာ ထားပါမယ်။ ပြီးတော့ ဗြောတီးပါမယ်။ ဗြောတီးပြီးတာနဲ့ စည်တော်ကို မင်းခမ်း မင်းနားနဲ့ ကပါမယ်။

စည်တော်ကြီးရဲ့ နောက်မှာ လူ ၆၀ လောက်က ဒေဝါဝင်း ရာဇာဝင်းတွေနဲ့ လိုက်ပါမယ်။ ပြီးရင် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက လမ်းလျှောက်နိုင်သလောက် လျှောက်ပြီးတော့ ပိုက်ဆံကြဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနောက်မှာ ကျွန်တော့်အစ်မ ဒေါ်မြမြဝင်းက အမိုးဖွင့်ထားတဲ့ ကားပေါ်ကနေ ပိုက်ဆံကြဲမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆင် ၁၀ ကောင် ပါမယ်။ ဆင်တစ်ကောင်ကို ရဟန်းသုံးပါးနဲ့ ထီးတော်မိုး နှစ်ယောက်ပါမယ်။

ဆင်နောက်မှာ အပျိုတော် ၁၀၀ က သင်္ကန်းကိုင်ပြီး လိုက်မယ်။ ဗြက်တစ်ဝိုင်းနဲ့ ဒိုးပတ်တစ်ဝိုင်း ထည့်မယ်။ ပြီးရင် နွားလှည်းငါးစီး ထည့်မယ်။ နွားလှည်းတစ်စီးပေါ်မှာ ရဟန်းလောင်း လေးပါး လိုက်မယ်။ ပြီးရင် အပျိုတော် ၅၀ နဲ့ ဗြက်တစ်ဝိုင်း ဒိုးပတ်တစ်ဝိုင်း ထည့်မယ်။ ပြီးရင် ရဟန်းလောင်းတွေပါတဲ့ နွားလှည်းငါးစီးထည့်မယ်။ အဲဒီနောက်မှာတော့ အညာဒေသမှာ ခေတ်စားနေတဲ့ မြန်မာ့ရိုးရာကြက်အကကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒိုးပတ်တစ်ဝိုင်းထည့်မယ်။ ပြီးရင် အပျိုတော် ၅၀ ထည့်မယ်။

အပျိုတော်တွေပြီးရင် ရဟန်းလောင်းတွေပါတဲ့ နွားလှည်းငါးစီး လိုက်ပါမယ်။ အဲဒီနောက်မှာတော့ ရဟန်းလောင်းတွေ ကုန်သွားပါပြီ။ နောက် လိပ်အက ထည့်မယ်။ လိပ်အကနောက်မှာ ဒိုးပတ်တစ်ဝိုင်း လာမယ်။ ပြီးတော့မှ ကျွန်တော့်ရဲ့မြေးလေး ဒေါ်မြမြဝင်းရဲ့ မြေးလေးက သီလရှင် ဝတ်မှာ ဖြစ်တဲ့အတွက် မေမြို့က မြင်းလေးကောင်ဆွဲတဲ့ ရထားလုံးနဲ့ ထွက်မယ်။ ပြီးတော့ ကျွန်တော့်သမီးလေးနဲ့ တူမလေး နှစ်ယောက်ကလည်း နားသမင်္ဂလာပြုမှာ ဖြစ်တဲ့အတွက် မြင်းရထားလုံးနဲ့ ထွက်မယ်။ သီလရှင် သုံးပါးအတွက် မြင်းရထားလုံးတစ်စီး ထည့်မယ်။

အဲဒီနောက်မှာ ရထားလုံးနဲ့ မဆံ့တော့တဲ့ သီလရှင်တွေနဲ့ မောင်ရင်လောင်းတွေကို ကားနဲ့တင်ပြီး လှည့်မှာ ဖြစ်ပါတယ်။ ပြီးရင် မြင်းအကောင် ၆၀ ဆယ်နဲ့ မောင်ရင်လောင်းတွေ ပါပါမယ်။ မြင်းအကောင် ၆၀ ရဲ့ ကြားမှာ နှစ်ကိုယ့်တစ်စိတ်အကနဲ့ ဧည့်ခံပါမယ်။ ကရင်ဒုံးယိမ်း အပါအဝင် အကတွေလည်း မျိုးစုံ ပါပါမယ်။ အဲဒီနောက်မှာ ဧည့်ခံဗြောကြီးနဲ့ ဧည့်ခံပါမယ်။

ပြီးရင် အလှူလာတဲ့ ကားတွေ လိုက်ပါမယ်။ အဲဒီနောက်မှာတော့ ဆောင်းဘောက်အကြီးကြီးတွေ ဖွင့်ပြီးတော့ လိုက်ပါကြမှာ ဖြစ်ပါတယ်။ လှည့်လည်နေစဉ်အတွင်းမှာ အစားအစာ၊ ရေသန့်နဲ့ နားနေဖို့ ကားတွေလည်း စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံမှာ အခမ်းနားဆုံး အလှူတော်ပွဲကြီး ဖြစ်အောင် လုပ်မှာပါ။ မေလ ၁၁ ရက် မနက် ၇ နာရီခွဲလောက်မှာ ကျောင်းကနေထွက်ပြီး ၁၀ နာရီခွဲလောက် ကျောင်းကို ပြန်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Speaker- ရှင်လောင်းလှည့်ပြီးရင် ဧည့်ခံကျွေးမွေးဖို့ ဘာတွေ စီစဉ်ထားပါသလဲ။

UNHTN- ဧည့်ခံပွဲလာတဲ့ လူတွေကို အာလူး၊ ဆိတ်ပဲဟင်းနဲ့ လူ ၃၀၀၀ စာ ထမင်းစားဖို့ ပြင်ဆင်ထားပါတယ်။ မည်သူအဆို သုံးဆောင်လို့ရမယ့် မဏ္ဍပ်ကြီး နှစ်ခုလည်း ထိုးထားပါတယ်။ ဧည့်ခံကျွေးမွေးရေးအပိုင်းကို ကျိုက်ထို မြောက်ပိုင်းရပ်ကွက်က ကျွန်တော့်ရဲ့ညီအစ်ကို မောင်နှမလို ခင်မင်ရင်းနှီးသူတွေက ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးပိုင်းကို ပြောရမယ်ဆိုရင် မေလ ၁၀ ရက်နေ့မှာ ဆင် ၁၀ ကောင်ရောက်လာမယ်။ အဲဒီအထဲမှာ ကတဲ့ဆင်တွေလည်း ပါတယ်။ အဲဒီညမှာ ဆင်တွေ ကပြပါမယ်။ ဆင်တွေကပြီးရင် ကြက်ဖအက ကပါမယ်။

ကြက်ဖအရုပ်ထဲကို လူဝင်ပြီး ကမယ်။ လိပ်အရုပ်ထဲကို လူဝင်ပြီး ကမယ်။ ပြီးရင် မြင်းအကတွေနဲ့လည်း ဖျော်ဖြေပါ့မယ်။ အနုပညာသမားတွေနဲ့ ပတ်သက်ပြီးတော့ အစ်ကို့ဆီကို အနုပညာရှင်တချို့က လာရောက်ဖျော်ဖြေဖို့ အလှူကို ကူညီချင်တယ်ဆိုပြီး ပြောတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာ အဲဒီလို အကူညီပေးမဲ့သူတွေကို ကျေးဇူးတင်ပါတယ်။

ဖျော်ဖြေရေးက နှစ်ညလုပ်မယ်။ အဲဒီမှာ ကိုခင်လှိုင်နဲ့ အဖွဲ့ အစီအစဉ်က ၃ နာရီလောက် ကြာမယ်။ မေခလာ၊ ဟဲလေး၊ အိမ့်ချစ်၊ နွေးနွေးချစ်ဖွယ် စတဲ့ အဆိုတော်တွေကလည်း သီချင်း သုံးလေးပုဒ်စီ ဆိုကြမယ်။ ပြီးရင် မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ကလည်း ဖျော်ဖြေအုံးမယ်။ အဲဒီအတွက် လာရောက်ကူညီပေးမဲ့ အဆိုတော်လေးတွေအနေနဲ့ သီချင်းတစ်ပုဒ်ဆိုရဖို့တောင် တော်တော်လေး အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သဆလာက် ဆိုလို့ရအောင်တော့ စီစဉ်ပါ့မယ်။ အကယ်၍ ဆိုဖို့ အလှည့်မကျခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ အခုကတည်းက တောင်းပန်ချင်ပါတယ်။

Speaker- ဖျော်ဖြေပွဲမှာ ဈေးလာရောင်းတဲ့ သူတွေအတွက် ဘယ်လိုစီစဉ်ထားပါလဲ။

UNHTN- ဈေးလာရောင်းမယ့်လူတွေကို ကျွန်တော့်အနေနဲ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။ သာသနာ့ဗိမာန်နဲ့ လွတ်တဲ့နေရာတွေနဲ့ တခြား အဆင်ပြေတဲ့နေရာတွေမှာ ရောင်းချလို့ရအောင် စီစဉ်ထားပါတယ်။ ဈေးရောင်းကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။

Speaker- ဧည့်ပရိသတ်တွေ တည်းခိုဖို့ အစီစဉ်လဲ ပြောပေးပါဦး။

UNHTN- ကျိုက်ထိုက ဟိုတယ်တွေမှာ ကျွန်တော်နဲ့သိတဲ့ မိတ်ဆွေတွေ တည်းဖို့ အခန်း ၄၀ လောက် စီစဉ်ထားပါတယ်။ သာသနာ့ဗိမာန်ကြီးမှာလည်း တည်းခိုလို့ရပါတယ်။ ရပ်ကွက်ဓမ္မာရုံမှာလည်း တည်းခိုလို့ရအောင် စီစဉ်ထားပါတယ်။ စိမ်းလဲ့တင်မှာလဲ အခန်းတွေ မှာထားပါတယ်။ ကျိုက်ထိုက တည်းခိုခန်းနဲ့ ဟိုတယ်အချို့မှာလည်း အခန်းတွေ စီစဉ်ထားပါတယ်။

Speaker-မီဒီယာသမားတွေအတွက် ဘယ်လိုစီစဉ်ထားပါလဲ။

UNHTN-မီဒီယာသမားတွေကို ဖိတ်ခေါ်ပါတယ်။ လာရောက်တဲ့ မီဒီယာတွေကိုလည်း မေတ္တာရပ်ခံချင်တာက အလှူပွဲနေ့မှာ live လွှင့်ပေးစေချင်တယ်။ တစ်ကမ္ဘာလုံးက ကြည့်နေတဲ့သူတွေက မြန်မာ့အလှူပွဲကို မြင်တွေ့စေချင်လို့ပါ။ မီဒီယာသမားတွေ တည်းခိုဖို့ ဟိုတယ်တွေမှာ စီစဉ်ပေးပါမယ်။ ကျိုက်ထီးရိုး ဘုရားဖူးလို့ရအောင်လည်း ဆောင်ရွက်ပေးပါ့မယ်။ လိုအပ်တာတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးပါမယ်။ အားလုံးကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

Speaker-ဘာများဖြည့်စွက်ပြောချင်ပါလဲခင်ဗျ။

UNHTN- မေလ ၇ ရက်နဲ့ ၈ ရက်မှာ ဖိတ်စာတွေကို စပြီးတော့ ဖိတ်ပါမယ်။ ကျိုက်ထိုမြို့ပေါ်ကိုပဲ ဖိတ်စာနဲ့ ဖိတ်ပါမယ်။ ရန်ကုန်၊ မန္တလေးနဲ့ တစ်နိုင်ငံလုံးက မိတ်ဆွေတွေကိုတော့ ဒီနေရာကနေ ဖိတ်ပါတယ်။ ဖိတ်စာနဲ့ ဖိတ်ပြီး မလာဖြစ်ရင် စိတ်မကောင်း ဖြစ်ကြမှာစိုးလို့ပါ။ The Speaker ကနေ တစ်ဆင့် အားလုံးကို ဖိတ်ကြားပါတယ်။

နိဂုံးချုပ်အနေနဲ့ အခု အလှူတော်ကြီးဟာ ကျွန်တော် ငွေကြေး စိုက်ထုတ်လှူဒါန်းတယ်ဆိုပေမဲ့ ဝိုင်းဝန်းကူညီကြတဲ့ မြို့မိမြို့ဖတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျွန်တော့်ရဲ့တပည့်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဝန်ထမ်းတွေ မပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ အလှူတော်နဲ့ စပ်သမျှ ၃၁ ဘုံ ကျင်လည်ကြတဲ့ သတ္တဝါအပေါင်းကိုလည်း အမျှပေးဝေပါတယ်။ အားလုံး အမျှ အမျှ အမျှ ရကြပါစေ။ ကြွေးမြီတွေလည်း ကင်းပြီး စီးပွားရေးတွေ တိုးတက်ကြပါစေ။ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:The Speaker
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top