ဒီ​ေန႔ ဆရာ​ေတာ္​ကသူ႔ကား​ေမာင္​းတဲ့ ဒ႐ုိင္​ဘာမလာတာနဲ႔ သာသနာ​ေရး႐ုံးကို သြားဖို႔ဖုန္​းဆက္​​ေခၚကား​ေမာင္​းခိုင္​းတာနဲ႔ လိုက္​​ေမာင္​းပို႔လိုက္​တယ္။​ ဆရာ​ေတာ္​က ကမာၻ​ေအး႐ုံးမွာ လုပ္​စရာ႐ွိတာ လုပ္​တယ္။​ ကိုယ္​လဲ ႐ုံး​ေ႐ွ႕အပင္​​ေအာက္​မွာ ထိုင္​​ေစာင္​့​ေနလိုက္​တယ္။​

ဆရာ​ေတာ္​လဲသူကိစၥၿပီး​ေတာ့ ျပန္​ထြက္​လာတယ္။​ ကား​ေမာင္​းၿပီး ဆရာ​ေတာ္​့​ေက်ာင္​းျပန္​ အလာ တံတားျဖဴနား​ေရာက္​​ေတာ့ ကို​ေမာ္​ ​ေတာ္​ပီကယ္​ကတားပါ​ေလ​ေရာ ​ေတာ္​​ေသးတယ္​ ကိုယ္​ကခါးပတ္​ပတ္​ထားလို႔ ဦးရဲႀကီးက လိုင္​စင္​ျပ ဝွီးတက္​​ေပး ကိုယ္​လဲ​ေတာင္​းတာအကုန္​ထုတ္​​ေပးလိုက္​တယ္။​ အကုန္​​ေသခ်ာစစ္​ၿပီးျပန္​​ေပးတယ္​ကား ထဲလဲ ဂ႐ုတစိုက္​​ေသခ်ာလိုက္​ၾကည္​့တယ္။​

ဟာ ဆရာ​ေတာ္​ ခါးပတ္​မပတ္​ဘူး ​ေဟ ဘာမွဝင္​မမိန္​႔ပဲ​ေနတဲ့ဆရာ​ေတာ္​ ​ေဟ ခနဲျဖစ္​ သြားတယ္။​ ငါကဘုန္​းႀကီး​ေလ ခါးပတ္​ပတ္​စရာလိုလို႔လား ။ ဆရာ​ေတာ္​​ေမး​ေတာ့ ဦးရဲက ခါးပတ္​ကပတ္​ရပါမယ္​ဘုရား ခါးပတ္​မပတ္​ ရင္​ ဘယ္​လိုဆိုတာ ဦးရဲႀကီး​ေျပာ​ေတာ့ ဆရာ​ေတာ္​က သ​ေဘာ ​ေပါက္​စြာနဲ႔​ေခါင္​းညိတ္​ၿပီး အိတ္​ထဲက ငါး ​ေထာင္​တန္​တစ္​ရြက္​ထုတ္​ ​ေပးတယ္။​

ဆရာ​ေတာ္​စြန္​႔တဲ့ ငါး​ေထာင္​တန္​ကို ဦးရဲႀကီး ကတ႐ုိတ​ေသယူၿပီး တျပည္​့​ေတာ္​ က်န္​တာလႉလိုက္​ပါတယ္​ဘုရား ​ေဟ ငါကမင္​းကို လႉတာမဟုတ္​ဘူးလား။ ဆရာ​ေတာ္​​ေမးတာကို ဦးရဲႀကီးကလက္​အုပ္​ ​ေလးခ်ီၿပီး ခါးပတ္​မပတ္​ရင္​ ၃​ေသာင္​း​ေလဆရာ​ေတာ္​ရဲ႕ ​ေျသာ္​ ​ေအး ​ေအး ၂​ေသာင္​းခြဲဒကာကလႉတဲ့ သ​ေဘာ​ေပါ့ သာဓုပါဗ်ာ သာဓုပါ ဆရာ​ေတာ္​လဲ သာဓု​ေခၚအၿပီး ကိုယ္​လဲကား ​ေမာင္​းလာခဲ့​ေတာ့တယ္​။ ဘာပဲျဖစ္​ျဖစ္​ ဦးရဲႀကီးရဲ႕အလႉကိုခင္​ဗ်ားတို႔ အတုယူႏိုင္​​ေအာင္​​ေရးလိုက္​ပါတယ္​ဗ်ာ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zaw Aung

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီနေ့ ဆရာတော်ကသူ့ကားမောင်းတဲ့ ဒရိုင်ဘာမလာတာနဲ့ သာသနာရေးရုံးကို သွားဖို့ဖုန်းဆက်ခေါ်ကားမောင်းခိုင်းတာနဲ့ လိုက်မောင်းပို့လိုက်တယ်။ ဆရာတော်က ကမ္ဘာအေးရုံးမှာ လုပ်စရာရှိတာ လုပ်တယ်။ ကိုယ်လဲ ရုံးရှေ့အပင်အောက်မှာ ထိုင်စောင့်နေလိုက်တယ်။

ဆရာတော်လဲသူကိစ္စပြီးတော့ ပြန်ထွက်လာတယ်။ ကားမောင်းပြီး ဆရာတော့်ကျောင်းပြန် အလာ တံတားဖြူနားရောက်တော့ ကိုမော် တော်ပီကယ်ကတားပါလေရော တော်သေးတယ် ကိုယ်ကခါးပတ်ပတ်ထားလို့ ဦးရဲကြီးက လိုင်စင်ပြ ဝှီးတက်ပေး ကိုယ်လဲတောင်းတာအကုန်ထုတ်ပေးလိုက်တယ်။ အကုန်သေချာစစ်ပြီးပြန်ပေးတယ်ကား ထဲလဲ ဂရုတစိုက်သေချာလိုက်ကြည့်တယ်။

ဟာ ဆရာတော် ခါးပတ်မပတ်ဘူး ဟေ ဘာမှဝင်မမိန့်ပဲနေတဲ့ဆရာတော် ဟေ ခနဲဖြစ် သွားတယ်။ ငါကဘုန်းကြီးလေ ခါးပတ်ပတ်စရာလိုလို့လား ။ ဆရာတော်မေးတော့ ဦးရဲက ခါးပတ်ကပတ်ရပါမယ်ဘုရား ခါးပတ်မပတ် ရင် ဘယ်လိုဆိုတာ ဦးရဲကြီးပြောတော့ ဆရာတော်က သဘော ပေါက်စွာနဲ့ခေါင်းညိတ်ပြီး အိတ်ထဲက ငါး ထောင်တန်တစ်ရွက်ထုတ် ပေးတယ်။

ဆရာတော်စွန့်တဲ့ ငါးထောင်တန်ကို ဦးရဲကြီး ကတရိုတသေယူပြီး တပြည့်တော် ကျန်တာလှူလိုက်ပါတယ်ဘုရား ဟေ ငါကမင်းကို လှူတာမဟုတ်ဘူးလား။ ဆရာတော်မေးတာကို ဦးရဲကြီးကလက်အုပ် လေးချီပြီး ခါးပတ်မပတ်ရင် ၃သောင်းလေဆရာတော်ရဲ့ သြော် အေး အေး ၂သောင်းခွဲဒကာကလှူတဲ့ သဘောပေါ့ သာဓုပါဗျာ သာဓုပါ ဆရာတော်လဲ သာဓုခေါ်အပြီး ကိုယ်လဲကား မောင်းလာခဲ့တော့တယ်။ ဘာပဲဖြစ်ဖြစ် ဦးရဲကြီးရဲ့အလှူကိုခင်ဗျားတို့ အတုယူနိုင်အောင်ရေးလိုက်ပါတယ်ဗျာ…

ဖိုးသူတော် (www.phothutaw.com)
Credit:Zaw Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top