ထိုင္းႏိုင္ငံ နခြန္ရာခ်ာစီမာျပည္နယ္ ကိုရက္ၿမိဳ႕မွ ပင္ေပါင္လို႔အမည္ရတဲ့ ေျခ ေထာက္သုံးဖက္ပဲရွိတဲ့ မသန္စြမ္းေခြးက ေလးက ေျမျမႇဳပ္စြန္႔ပစ္ခံထားရတဲ့ေမြး ကင္းစကေလးငယ္ေလးရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ပီ ေလာပီနံစိုက္ခင္းနားေလးမွာ ပင္ေပါင္ ေလးက တစ္ေနရာတည္းကိုပဲ အနံ႔ခံၿပီး အခ်က္ျပေနခဲ့တာေၾကာင့္ ယာစိုက္ခင္း လုပ္ကိုင္ေနၾကသူေတြက တူးေဖာ္ၾကည့္ ခဲ့ၾကခ်ိန္မွာ ေမြးကင္းစကေလးေလးကို ရွာေတြ႕သြားခဲ့ၾကတာျဖစ္ပါတယ္။

အ သက္ ၁၅ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ဦးက ကိုယ္ဝန္ရသြားခဲ့ ၿပီး ကေလးေမြးခဲ့တာကို သူရဲ႕ဖခင္သိရွိ လို႔ ႐ိုက္ႏွက္ခံရမွာကိုစိုး႐ြံ႕ၿပီး ကေလးကို ယာခင္းနားမွာလာစြန္႔ပစ္ထားခဲ့တာလို႔ ရဲ တပ္ဖြဲ႕က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ကေလးကိုစြန္႔ပစ္ခဲ့တဲ့ အဆိုပါဆယ္ေက်ာ္ သက္မိခင္ကို ဖမ္းဆီးလိုက္ၿပီျဖစ္ကာ လူ သတ္ရန္ႀကံစည္ႀကိဳးပမ္းမႈနဲ႔ တရားစြဲဆို ထားခဲ့ၿပီလို႔ ရဲတပ္ဖြဲ႕ကဆိုပါတယ္။

လက္ ရွိမွာေတာ့ ဖမ္းဆီးခံထားရတဲ့ ဆယ္ေက်ာ္ သက္မိခင္ရဲ႕မိသားစုဝင္ေတြကပဲ ကေလး ကိုေစာင့္ေရွာက္ခြင့္ေတာင္းဆိုထားတယ္ လို႔သိရပါတယ္။ ပင္ေပါင္ေလးက ေျခာက္ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ထိုင္းေခြးျဖစ္ၿပီး ကားတိုက္ခံခဲ့ရတာေၾကာင့္ ေျခေထာက္ သုံးဖက္သာရွိတဲ့ မသန္စြမ္းေခြးေလးျဖစ္ ေနခဲ့တာပါ။

ေဒသခံျဖစ္သူအူဆာနီဆိုင္ ကာဆိုသူ အမ်ိဳးသားတစ္ဦးက ပင္ေပါင္ ေလးေမြးလာကတည္းက ေကၽြးေမြးေစာင့္ ေရွာက္ေပးလာခဲ့တာျဖစ္ပါတယ္။ ပင္ ေပါင္ေလးက သခင္ကိုအလိုက္သိၿပီး နာ ခံတတ္တဲ့ေခြးလိမၼာေလးျဖစ္ကာ ယာထဲ ဆင္းတိုင္း သခင္ေနာက္ကလိုက္ကူေပး ေလ့ရွိတယ္လို႔ ပင္ေပါင္ေလးရဲ႕သခင္အူ ဆာက ဆိုပါတယ္။ တစ္႐ြာလုံးကလည္း ပင္ေပါင္ေလးကို ခ်စ္ခင္ၾကၿပီး ခုလိုက ေလးေလးကို ရွာေဖြကယ္ဆယ္ေပးခဲ့တာ ေၾကာင့္ သူရဲေကာင္းေခြးေလးအျဖစ္ တစ္႐ြာလုံးက ခ်ီးက်ဴးေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သံသာ

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်းနိုင်ငံ နခွန်ရာချာစီမာပြည်နယ် ကိုရက်မြို့မှ ပင်ပေါင်လို့အမည်ရတဲ့ ခြေ ထောက်သုံးဖက်ပဲရှိတဲ့ မသန်စွမ်းခွေးက လေးက မြေမြှုပ်စွန့်ပစ်ခံထားရတဲ့မွေး ကင်းစကလေးငယ်လေးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ ပီ လောပီနံစိုက်ခင်းနားလေးမှာ ပင်ပေါင် လေးက တစ်နေရာတည်းကိုပဲ အနံ့ခံပြီး အချက်ပြနေခဲ့တာကြောင့် ယာစိုက်ခင်း လုပ်ကိုင်နေကြသူတွေက တူးဖော်ကြည့် ခဲ့ကြချိန်မှာ မွေးကင်းစကလေးလေးကို ရှာတွေ့သွားခဲ့ကြတာဖြစ်ပါတယ်။

အ သက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ကိုယ်ဝန်ရသွားခဲ့ ပြီး ကလေးမွေးခဲ့တာကို သူရဲ့ဖခင်သိရှိ လို့ ရိုက်နှက်ခံရမှာကိုစိုးရွံ့ပြီး ကလေးကို ယာခင်းနားမှာလာစွန့်ပစ်ထားခဲ့တာလို့ ရဲ တပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကလေးကိုစွန့်ပစ်ခဲ့တဲ့ အဆိုပါဆယ်ကျော် သက်မိခင်ကို ဖမ်းဆီးလိုက်ပြီဖြစ်ကာ လူ သတ်ရန်ကြံစည်ကြိုးပမ်းမှုနဲ့ တရားစွဲဆို ထားခဲ့ပြီလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

လက် ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ ဆယ်ကျော် သက်မိခင်ရဲ့မိသားစုဝင်တွေကပဲ ကလေး ကိုစောင့်ရှောက်ခွင့်တောင်းဆိုထားတယ် လို့သိရပါတယ်။ ပင်ပေါင်လေးက ခြောက် နှစ်အရွယ်သာရှိသေးတဲ့ ထိုင်းခွေးဖြစ်ပြီး ကားတိုက်ခံခဲ့ရတာကြောင့် ခြေထောက် သုံးဖက်သာရှိတဲ့ မသန်စွမ်းခွေးလေးဖြစ် နေခဲ့တာပါ။

ဒေသခံဖြစ်သူအူဆာနီဆိုင် ကာဆိုသူ အမျိုးသားတစ်ဦးက ပင်ပေါင် လေးမွေးလာကတည်းက ကျွေးမွေးစောင့် ရှောက်ပေးလာခဲ့တာဖြစ်ပါတယ်။ ပင် ပေါင်လေးက သခင်ကိုအလိုက်သိပြီး နာ ခံတတ်တဲ့ခွေးလိမ္မာလေးဖြစ်ကာ ယာထဲ ဆင်းတိုင်း သခင်နောက်ကလိုက်ကူပေး လေ့ရှိတယ်လို့ ပင်ပေါင်လေးရဲ့သခင်အူ ဆာက ဆိုပါတယ်။ တစ်ရွာလုံးကလည်း ပင်ပေါင်လေးကို ချစ်ခင်ကြပြီး ခုလိုက လေးလေးကို ရှာဖွေကယ်ဆယ်ပေးခဲ့တာ ကြောင့် သူရဲကောင်းခွေးလေးအဖြစ် တစ်ရွာလုံးက ချီးကျူးနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:သံသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top