ေက်ာက္ကပ္နဲ႔ ဆက္စပ္ေရာဂါရွိသူမ်ား၊ ရွိရန္ အလားအလာ မ်ားသူမ်ား အေနနဲ႔ ေကာ္ဖီ မေသာက္သံုးသင့္ ဘူးလို႔ ေဆးပညာရွင္န႔ဲ ေက်ာက္ကပ္ အထူး ကု ဆရာဝန္မ်ားက တိုက္တြန္း သတိေပးပါတယ္။

ေကာ္ဖီ ဆုိတာ ထက္ ကဖင္းဓာတ္ကို ဆိုလုိျခင္း ျဖစ္တဲ့ အတြက္ ေခ်ာကလပ္ နဲ႔ လက္ဘက္ရည္တို႔လည္း ပါဝင္ပါတယ္။

ေကာ္ဖီဟာ က်န္းမာေရးအတြက္ ေကာင္းက်ိဳး မ်ားစြာ ျဖစ္ထြန္းေစေပမယ့္ အခ်ိဳ ႔ သူမ်ားအတြက္က ေတာ့ ဆိုးက်ိဳး ရွိပါတယ္။

ဥပမာ- ေခါင္းကိုက္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ႏွလံုးေရာဂါ ျဖစ္ျခင္း၊ ဝမ္းႏွင့္ဆက္စပ္ေရာဂါ၊ ေနာက္ထပ္ တစ္ခုကေတာ့ ေက်ာက္ကပ္ေရာဂါ ျဖစ္ပါတယ္။

ပံုမွန္ထက္ အလြန္ အကြ်ံ ေသာက္သူမ်ား အျဖစ္မ်ားမယ့္ ေရာဂါ မ်ား ျဖစ္ပါ တယ္။ ေက်ာက္ ကပ္ေရာဂါျဖစ္ပုံကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

ဆီးမၾကာခဏ သြားျခင္း (Urinate more often)

ေကာ္ဖီမွာ ပါတဲ့ ကဖင္းဓာတ္ဟာ ေက်ာက္ကပ္ရဲ ႔ လုပ္ေဆာင္ခ်က္ကို တြန္း အားေပးျပီး တစ္ကိုယ္လံုးမွ ရွိတဲ့ ေရဓာတ္ကို အလ်င္အျမန္ ဆုပ္ယူပါတယ္။ ဒါေၾကာင့္ မၾကာခဏ ဆီးသြားေစပါတယ္။

ေရဓာတ္ဆံုးရွံုးျခင္း (Dehydration)

ကဖင္းက ေရဓာတ္ဆုပ္ယူတဲ့အတြက္ ေရအျမဲဆာတတ္ပါတယ္။ ဒါေၾကာင့္ dehydration မျဖစ္ေအာင္ ေရလည္း ပုံမွန္ေသာက္ဖို႔ လိုအပ္ပါတယ္။

အကယ္၍ ေရသာ နည္းရင္ ေက်ာက္ကပ္ သန္႔စင္ေရး လုပ္ေဆာင္ခ်က္ ေႏွးေကြးလာျခင္း ဆီးလမ္းေၾကာင္း စနစ္ကိုပါ ထိခိုက္ ေစပါတယ္။

ဆီးမသန္႔ျခင္း (Urinary incontinence)

တစ္ရက္ကို ကဖင္းဓာတ္ ၄၀၀ မီလီဂရမ္ထက္ ပိုေသာက္သံုးမိရင္ ဆီး သန္႔ဖို ႔မေသခ်ာေတာ့ပါဘူး။ ဆီးထဲမွာ အမွုန္မ်ား ပါလာတာမ်ိဳး ျဖစ္ တတ္ျပီး ဆီးလမ္းေၾကာင္း ပိတ္တဲ့အထိေတာင္ ျဖစ္ေစပါတယ္။

ေက်ာက္တည္ျခင္း (Kidney stones)

ေက်ာ္တည္ေစတဲ့ အေၾကာင္းတရားထဲမွာလည္း ကဖင္း ေသာက္သံုးမွု ပါဝင္တယ္ ဆိုတာ ေသခ်ာေနပါျပီ။

calcium oxalate stones လို႔ေခၚတဲ့ ေက်ာ္ဟာ ေက်ာက္ကပ္မွာ တည္ျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကဖင္းဓာတ္ၾကြယ္ဝတဲ့ ေကာ္ဖီကို ပိုမေသာက္သံုးမိေစဖို႔ လိုအပ္ပါတယ္။

ေက်ာက္ကပ္ ေရာဂါ (Kidney disease)

polycystic kidney disease ဆုိတဲ့ ေက်ာက္ကပ္ေရာဂါ အမ်ိဳးအစား တစ္ခု ျဖစ္ေစျပီး ေက်ာက္အမွုန္အမႊားကေန ၾကီးၾကီးမားမား အထိ ျဖစ္ လာေစမွာ ျဖစ္ပါတယ္။ေက်ာက္ကပ္ရဲ ႔ လုပ္ေဆာင္ခ်က္ ဟာလည္း ပုံမွန္မျဖစ္ေတာ့ပါဘူး။ ေက်ာက္ကပ္က ခႏၶာကိုယ္တြင္း အညစ္အေၾကး မ်ားကို စြန္႔ထုတ္ သန္႔ရွင္းတဲ့ လုပ္ေဆာင္ခ်က္ကို လုပ္ေဆာင္ေပးပါတယ္။

သူသာ အလုပ္မလုပ္ေတာ့ရင္ ပိတ္သြားရင္ ေနာက္ဆက္တြဲ ကေတာ့ ေသဖို႔ ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကဖင္းဓာတ္ကို တစ္ရက္ ၄၀၀ မီလီဂရမ္ထက္ ပိုမေသာက္သံုးမိဖို႔ မွာထားပါတယ္။ တစ္ရက္ ေကာ္ဖီ တစ္ခြက္ စြဲေသာက္တဲ့ အက်င့္ရွိ ရင္ေတာင္

၁ ရက္ျခား ေသာက္တဲ့သူေတြထက္ ကဖင္းဓာတ္ ဆက္စပ္ေရာဂါ ျဖစ္ဖို႔ ပိုအလားအလာမ်ားတယ္ဆုိတာကို ေလ့လာေတြ႔ ရွိထားပါတယ္။

ဒါေၾကာင့္ တန္ေဆး လြန္ေဘးဆုိတဲ့ အတိုင္း ေက်ာက္ကပ္အျပင္ အျခား ေရာဂါမ်ား မျဖစ္ေစဖို႔ ေကာ္ဖီကို Limit နဲ႔ ေသာက္ရန္ မွ်ေဝ ေရးသား လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: International news for Myanmar
# Unicode Version # ျဖင့္ ဖတ္ပါ #

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။

ကော်ဖီ ဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့ သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။

ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။

ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။

အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။

calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

ကျောက်ကပ် ရောဂါ (Kidney disease)

polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။

ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။

သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင်

၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။

ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: International news for Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top