တစ္ခါခါေလာကႀကီးက အေတာ္စိတ္နာဖို႔ေတာ့ေကာင္းသား။ ေလာကႀကီးမွာ ပုဆိန္လိုလူေတြကျပံဳးေနႏိုင္တယ္။

သူတို႔လုပ္ခဲ့တဲ့လုပ္ရပ္ေတြ ဘယ္ေလာက္ဆိုးဝါးလဲဆိုတာ တစ္စက္ကေလးမွေတာင္ နားလည္ပံုမေပၚဘဲ၊

အမွားလုပ္မိသူေတြအေပၚ (သစ္ပင္လိုလူေတြအေပၚ)နည္းနည္းေလးမွေတာင္ အားနာပံုမေပၚဘဲ ဘယ္လိုမ်ား စိတ္သန္႔သန္႔နဲ႔ ေနႏိုင္ရတာလဲ။

ေနာင္တရဖို႔မေမွ်ာ္လင့္ေပမဲ့ အားနာစိတ္ေလးတစ္စက္ေတာ့ရွိသင့္တယ္မဟုတ္လား။

တကယ့္ကိုစိတ္ရင္းနဲ႔ အားနာဖို႔ေတာ့ ေကာင္းတယ္ မဟုတ္ဘူးလား။ၿငိမ္ေနတဲ့ေရကို ဂယက္ထေအာင္လုပ္မိရင္ ၾကည္ေနတဲ့ေရကို ေနာက္ေအာင္လုပ္မိရင္သူ႔ဘာသာသူေနေနတဲ့

တစ္စံုတစ္ေယာက္ေယာက္ကို ဒဏ္ရာေတြေပးမိရင္ တစ္ခ်က္ေလးေတာ့စိတ္ရင္းနဲ႔ အားနာသင့္တယ္ မဟုတ္ဘူးလား။

ဘယ္လိုမ်ား ဘာမွမျဖစ္သလို ေနႏိုင္ရတာလဲ။ ပုဆိန္က ဘယ္သိပါ့မလဲ။ သူက အသြားထက္ထက္ ဘက္ကလူေလ။

ဘယ္မွတ္မိပါ့မလဲ။ သူ႔လုပ္ရပ္ေတြ ဘယ္ေလာက္ထိဆိုးဝါးခဲ့လဲ၊တစ္ဖက္မွာ ဘယ္ေလာက္ထိ ျဖစ္ခဲ့ရလဲ ပုဆိန္ကေတာ့ ဘယ္ခံစားမိပါ့မလဲ။

ဘယ္မွတ္မိပါ့မလဲ။သစ္ပင္လိုလူေတြ အတြက္ေတာ့ ဘယ္ေလာက္ပဲ သန္မာေအာင္ျပန္တည္ေဆာက္ပါေစ။

ဒဏ္ရာေတြကို အက်ိဳးရွိေအာင္ အသံုးခ်ပါေစ။ ရင့္က်က္ေအာင္ေနေနပါေစ။ ဘာမွ မနာက်င္ရေတာ့ပါဘူးဆိုရင္ေတာင္မွ သစ္ပင္ ကေတာ့ ဘယ္ေမ့ပါ့မလဲ။

ဘာ အမုန္းတရား မေက်နပ္မႈတစ္စံုတစ္ရာ မရွိဘူးဆိုရင္ေတာင္မွ သစ္ပင္ကေတာ့ ဘယ္ေမ့ပါ့မလဲ။

ထက္တဲ့အသြားတစ္ဖက္စူးနစ္ ဝင္ခဲ့ရတာမွတ္လား။ ေဝဒနာကို ခံခဲ့ရသူမွတ္လား။

လူတစ္ေယာက္ေယာက္ကို မေတာ္တဆ တက္နင္းမိရင္ေတာင္ sorry လို႔ေျပာရေသးတာ။

ရည္ရြယ္ခ်က္ရွိရွိ လုပ္ခဲ့တယ္ဆိုရင္ေတာ့ ပိုအားနာသင့္တယ္ မဟုတ္ဘူးလား။အင္းေလ။ ပုဆိန္ နဲ႔ သစ္ပင္ ဘယ္တူပါ့မလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmbookcity
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ခါခါလောကကြီးက အတော်စိတ်နာဖို့တော့ကောင်းသား။ လောကကြီးမှာ ပုဆိန်လိုလူတွေကပြုံးနေနိုင်တယ်။

သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေ ဘယ်လောက်ဆိုးဝါးလဲဆိုတာ တစ်စက်ကလေးမှတောင် နားလည်ပုံမပေါ်ဘဲ၊

အမှားလုပ်မိသူတွေအပေါ် (သစ်ပင်လိုလူတွေအပေါ်)နည်းနည်းလေးမှတောင် အားနာပုံမပေါ်ဘဲ ဘယ်လိုများ စိတ်သန့်သန့်နဲ့ နေနိုင်ရတာလဲ။

နောင်တရဖို့မမျှော်လင့်ပေမဲ့ အားနာစိတ်လေးတစ်စက်တော့ရှိသင့်တယ်မဟုတ်လား။

တကယ့်ကိုစိတ်ရင်းနဲ့ အားနာဖို့တော့ ကောင်းတယ် မဟုတ်ဘူးလား။ငြိမ်နေတဲ့ရေကို ဂယက်ထအောင်လုပ်မိရင် ကြည်နေတဲ့ရေကို နောက်အောင်လုပ်မိရင်သူ့ဘာသာသူနေနေတဲ့

တစ်စုံတစ်ယောက်ယောက်ကို ဒဏ်ရာတွေပေးမိရင် တစ်ချက်လေးတော့စိတ်ရင်းနဲ့ အားနာသင့်တယ် မဟုတ်ဘူးလား။

ဘယ်လိုများ ဘာမှမဖြစ်သလို နေနိုင်ရတာလဲ။ ပုဆိန်က ဘယ်သိပါ့မလဲ။ သူက အသွားထက်ထက် ဘက်ကလူလေ။

ဘယ်မှတ်မိပါ့မလဲ။ သူ့လုပ်ရပ်တွေ ဘယ်လောက်ထိဆိုးဝါးခဲ့လဲ၊တစ်ဖက်မှာ ဘယ်လောက်ထိ ဖြစ်ခဲ့ရလဲ ပုဆိန်ကတော့ ဘယ်ခံစားမိပါ့မလဲ။

ဘယ်မှတ်မိပါ့မလဲ။သစ်ပင်လိုလူတွေ အတွက်တော့ ဘယ်လောက်ပဲ သန်မာအောင်ပြန်တည်ဆောက်ပါစေ။

ဒဏ်ရာတွေကို အကျိုးရှိအောင် အသုံးချပါစေ။ ရင့်ကျက်အောင်နေနေပါစေ။ ဘာမှ မနာကျင်ရတော့ပါဘူးဆိုရင်တောင်မှ သစ်ပင် ကတော့ ဘယ်မေ့ပါ့မလဲ။

ဘာ အမုန်းတရား မကျေနပ်မှုတစ်စုံတစ်ရာ မရှိဘူးဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။

ထက်တဲ့အသွားတစ်ဖက်စူးနစ် ဝင်ခဲ့ရတာမှတ်လား။ ဝေဒနာကို ခံခဲ့ရသူမှတ်လား။

လူတစ်ယောက်ယောက်ကို မတော်တဆ တက်နင်းမိရင်တောင် sorry လို့ပြောရသေးတာ။

ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုရင်တော့ ပိုအားနာသင့်တယ် မဟုတ်ဘူးလား။အင်းလေ။ ပုဆိန် နဲ့ သစ်ပင် ဘယ်တူပါ့မလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:mmbookcity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top