စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုအက်ဥ္းေထာင္တြင္ ယေန႔ ညပိုင္းက ေထာင္ဆူပူမႈ ျဖစ္ပြားၿပီး ပစ္ခတ္ႏွိမ္နင္းမႈရွိေၾကာင္း ေရႊဘိုခ႐ိုင္ရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားသည္။

“ဟုတ္ပါတယ္။ က်ေနာ္တို႔ ပစ္ခတ္မႈေတြျဖစ္ပါတယ္။ အခု ေသဆုံးဒဏ္ရာရ စာရင္းကိုေတာ့ အတည္ျပဳေနဆဲပါပဲ” ဟု ေရႊဘိုခ႐ိုင္ရဲတပ္ဖြဲ႕မွ အရာရွိတစ္ဦးက ေျပာသည္။

ေရႊဘိုအက်ဥ္းေထာင္အတြင္းတြင္ ေထာင္ဆူပူ ဆႏၵျပသည့္ အေျခအေနကို Live ထုတ္လႊင့္ျပသခဲ့ၿပီး လူ ၂ ဦးေသဆုံးကာ ၃ ဦးဒဏ္ရာရရွိထားေၾကာင္း Kyal ZIn ဆိုေသာ အေကာင့္က ေျပာဆို ထုတ္လႊင့္ျပသခဲ့သည္။

အဆိုပါ Live ထုတ္လႊင့္သည့္ အက်ဥ္းေထာင္တြင္း ဆႏၵျပမႈတြင္ အက်ဥ္းသားမ်ားက မိုးေအာင္ရင္လို လႊတ္ေပးေရး ဒို႔အေရး ဟု ေႂကြးေၾကာ္ခဲ့ၾကသည္ကို ေတြ႕ျမင္ရသည္။

လက္ရွိ စုံစမ္းမႈမ်ားအရ ယခု သတင္းေရးသား တင္ဆက္ခ်ိန္အထိ ဆူပူမႈ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရရွိသြားေသာ အက်ဥ္းသားတစ္ဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Khit Thit Media
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် ယနေ့ ညပိုင်းက ထောင်ဆူပူမှု ဖြစ်ပွားပြီး ပစ်ခတ်နှိမ်နင်းမှုရှိကြောင်း ရွှေဘိုခရိုင်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ ပစ်ခတ်မှုတွေဖြစ်ပါတယ်။ အခု သေဆုံးဒဏ်ရာရ စာရင်းကိုတော့ အတည်ပြုနေဆဲပါပဲ” ဟု ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ရွှေဘိုအကျဉ်းထောင်အတွင်းတွင် ထောင်ဆူပူ ဆန္ဒပြသည့် အခြေအနေကို Live ထုတ်လွှင့်ပြသခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိထားကြောင်း Kyal ZIn ဆိုသော အကောင့်က ပြောဆို ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါ Live ထုတ်လွှင့်သည့် အကျဉ်းထောင်တွင်း ဆန္ဒပြမှုတွင် အကျဉ်းသားများက မိုးအောင်ရင်လို လွှတ်ပေးရေး ဒို့အရေး ဟု ကြွေးကြော်ခဲ့ကြသည်ကို တွေ့မြင်ရသည်။

လက်ရှိ စုံစမ်းမှုများအရ ယခု သတင်းရေးသား တင်ဆက်ချိန်အထိ ဆူပူမှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသော အကျဉ်းသားတစ်ဦး။


ဖိုးသူတော်(www.phothutaw.com)
Credit: Khit Thit Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top