





Credit:bamakhit

#Unicode Version# ဖြင့်ဖတ်ပါ ။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်တွင်ကျေးသွန်းဘုရားတစ်ဆူကို ထုတ်ပြကာ ကျပ်သိန်း ၁၀၀ ဖြင့် အပေါင်ခံရန်ပြောပြီး သနတ်ထုတ်ပြကာဓားပြတိုက်သွားမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

မေ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျေးသီးမြို့ ဈေးရပ်ကွက်မြို့မဈေးအနီးရှိ စိုင်းခမ်းလူ၊ နန်းခမ်းငွေ ရွှေ့ဆိုင်တွင် အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းခမ်းလူနှင့် ဒေါ်နန်းခမ်းငွေတို့ရှိနေစသ် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၂ဦး ရောက်ရှိလာကြောင်း၊ ယင်းနောက် ညဏ်တောာ် ၃ လက်မခန့်ရှိ ကြေးသွန်းဘုရား ၁ ဆူကို ထုတ်ပြကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် အပေါင်ခံရန်ပြောဆိုခဲ့ကြောင်း မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။

ဆိုင်ရှင်ဖြစ်သူဘက်မှ အပေါင်ခံရန်ငွေမရှိကြောင်းပြန်ပြောစဉ် အမျိုးသား ၁ ဦးက အသင့်ပါလာသော ပစ္စတိုသေနတ်ကိုထုတ်ချိန်ကာ ဆိုင်ကောင်တာရှိ ဆွဲကြိုး ၅ ကုံး၊ လက်စွပ် ၁ ကွင်း၊ ငွေ ၁၀ သိန်း နှင့် ၆သောင်းကျပ်တို့ကို ယူဆောင်သွားကြောင်း သိရသည်။

ယင်းအပြင် ဆိုင်ရှေ့တွင်တပ်ဆင်ထားသော CCTV ကင်မရာနှင့်စက်တို့ကို ဖြုတ်ယူသွားသေးကြောင်း သိရသည်။

၎င်းအမျိုးသား ၂ ဦးသည် ဓားပြတိုက်ပြီးနောက် မိုင်းကိုင်မြို့ဘက်သို့ ထွက်ပြေးမောင်းနှင်သွားကြောင်း ၊ လက်ရှိတွင် ကျေးသီးမြို့မရဲစခန်းက (ပ) ၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့်ထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top