ခဏအကြာတွင် မ …… မှ ဆေးလိပ်ဝယ်ပြီးသွားပေးရာတွင် ဖိုးတေ ( ခ ) တေဇာလင်းမှ အိမ်ပေါ်တက်ဟုပြောရာ မ__ မှမတက်ဘူးဟုပြန်ပြောသော်လည်း ဖိုးတေ က အိမ်ပေါ်သို့  ဆွဲတင်ပြီး အိမ်အတွင်းခန်း ထဲသို့ ခေါ်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့၍မ——- မှာ အိမ်သို့  ငိုပြီး ပြန်ပြောသဖြင့် …..
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ၊ဝတ်ကုန်းကျေးရွာအုပ်စု ၊ စမ်းကုန်းကျေးရွာတွင်၂၅.၄.၂၀၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်က သက်ငယ်မုဒိန်းမှု ဖြစ်ပွားသည်ဟုကြားသိရသည်။
ဖြစ်စဉ်မှာ စမ်းကုန်းကျေးရွာနေအဖ ဦး —- + အမိ ဒေါ်—– တို့၏ သမီးမ —— အသက် ၁၀ နှစ် အား တစ်ရွာထဲနေထိုင်သူအဖ ဦးဝင်းရွှေ အမိ ဒေါ်ရင်ကြည် တို့၏သား ဖိုးတေ ( ခ ) တေဇာလင်း အသက် ၃၄ နှစ် မှမ —– သည် မိသားစုနှင့်အတူ ထမင်းစားနေချိန်တွင် ဆေးလိပ်ဝယ်ပြီးလာပို့ပေးပါ ငါနားကပ်လုပ်ပေးမယ်ဟု လာရောက်ပြောပြီးအိမ်သို့ပြန်သွားခဲ့သည်။
ခဏအကြာတွင် မ …… မှ ဆေးလိပ်ဝယ်ပြီးသွားပေးရာတွင် ဖိုးတေ ( ခ ) တေဇာလင်းမှ အိမ်ပေါ်တက်ဟုပြောရာ မ__ မှမတက်ဘူးဟုပြန်ပြောသော်လည်း ဖိုးတေ က အိမ်ပေါ်သို့ ဆွဲတင်ပြီး အိမ်အတွင်းခန်း ထဲသို့ခေါ်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့၍မ——- မှာ အိ်မ်သို့ ငိုပြီး ပြန်ပြောသဖြင့် …..
မ—– ၏မိဘ တို့မှ ကျေးရွာယာအိမ်မှူးအားတိုင်ကြားပြီး လေးမျက်နှာမြို့နယ် မြို့မရဲစခန်းသို့ဆက်လက်တိုင်ကြားခဲ့ရာ လေးမျက်နှာမြို့နယ် မြို.မရဲစခန်းမှစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ထွန်း နှင့်အဖွဲ့တို့က သားမယားအဖြစ်ကျူးလွန်ခဲ့သူ ဖိုးတေအား အချိန်နှင့် တပြေးညီ ဖမ်းဆီးနိုင်ခဲ့သည်
ထိုကျူးလွန်သူ ဖိုးတေ ( ခ ) တေဇာလင်းအား လေးမျက်နှာမြို့ မြို့မရဲစခန်းမှ ( ပ ) ၆၄၀ / ၂၀၁၉ ပုဒ်မ ၃၇၆ နှင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး၂၃.၅.၂၀၁၉ ရက်နေ့တွင် ဟင်္သာတ ခရိုင်တရားရုံးမှ အမှုကိုစတင် စစ်ဆေးနေကြောင်းသိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:မှုခင်းသတင်းထောက် လေးမျက်နှာမြို့နယ်ရုံး