ျမန္မာ့ရိုးရာ ျခင္းလံုးပံု သံုးထားလို႔ တရားစြဲမယ္ဆိုရင္ ႏိုင္ငံနာမည္ေရာ ကရဝိတ္ႀကီးကိုပါ သံုးထားတဲ့ ဘီယာကုမၸဏီကိုလည္း တရားစြဲေလ ဆိုတဲ့ ပန္ဆယ္လို

ရယ္လည္း ရယ္ရတယ္ စိတ္လည္းပ်က္ရတယ္။

သတင္းဖတ္လိုက္ရပါတယ္။ ကမာၻေက်ာ္ ဘီယာကုမၸဏီတစ္ခုက ျပည္တြင္းမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၿပီး ထူေထာင္တဲ့ Brand တစ္ခုမွာ ျမန္မာ့႐ိုးရာျခင္းလံုးပံု သံုးထားလို႔ ကန္႔ကြက္မယ္တဲ့။ တရားစြဲဖို႔ အၾကံဉာဏ္ယူေနတယ္ဆိုလားပဲ။

ျမန္မာျပည္သူေတြနဲ႔သက္ဆိုင္တဲ့ကိစၥမို႔ ျမန္မာျပည္သူေတြကို ခ်ျပမယ္တဲ့။ ဒါ့ေၾကာင့္ ျပည္သူတစ္ေယာက္အေနနဲ႔ ကိုယ့္အျမင္ကို အျပဳသေဘာနဲ႔ ေျပာပါရေစ။

ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို ထိခိုက္လို႔တဲ့။ ဘာေတြလာေရာင္းေနတာလဲ ဦးေလးရယ္လို႔သာ ေျပာလိုက္ခ်င္ေတာ့တယ္။ ၂၁ရာစုေရာက္ေနပါၿပီ။ ဒီလိုစကားလံုးေတြကိုလည္း ဖီးလ္မတက္ေတာ့ပါဘူး။ ကမာၻေက်ာ္ကုမၸဏီႀကီးတစ္ခုက ကိုယ့္႐ိုး႐ာကစားနည္းကို Brand Logo လုပ္တာ၊ အကယ္၍မ်ား ဒီBrand ေပါက္သြားခဲ့ရင္ ကိုယ့္ရဲ႕႐ိုးရာအားကစားနည္းကို Promote လုပ္ၿပီးသားျဖစ္တယ္ေလ။ ဘယ္လိုေတြေတာင္ Conservative ေနၾကတာလား။

ဘီယာဆိုတာနဲ႔ ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို ထိခိုက္တယ္ဆိုေတာ့ ျမန္မာေတြက မေသာက္တတ္ မစားတတ္ေတြဆိုေတာ့။ ျမန္မာႏိုင္ငံဆိုၿပီး ျမန္မာေျမပံု ျဖစ္မလာခင္ကတည္းက ေသရည္ေသရက္ဆိုတာ ရွိၿပီးသား။ ႐ိုးရာလဆယ့္ႏွစ္ပြဲရွိရင္ ဆယ့္သံုးပြဲေလာက္ေသာက္ေနတာလည္း အဲ့ျမန္မာပဲ။ ရပ္ကြက္ထဲ တစ္လမ္းကို ဘီယာဆိုင္တစ္ဆိုင္ အနည္းေလး ရွိတယ္။

႐ိုးရာအားကစားဆိုၿပီး Billboard ေတြလိုက္ေထာင္ေနမွ ေၾကာ္ျငာတာ မဟုတ္ဘူး။ ႐ိုးရာအားကစားနည္းတစ္ခုကို လူေတြသေဘာေခြ႕တဲ့အရာတစ္ခုနဲ႔ တြဲျမင္ေစတာလည္း Promote လုပ္တာပဲ။ အဲ့လိုသာဆို ေဘာလံုးအားကစားမွာ ဘီယာေတြအရက္ေတြ စပြန္ဆာေပးေနၾကတာက်ေတာ့ေရာ။ ကမာၻသိအားကစားနည္းတစ္ခုကေတာင္ သူတို႔ကစားနည္းနဲ႔ တြဲေၾကာ္ျငာတာ ၾကည္ၾကည္ျဖဴျဖဴပဲ။ ျမန္မာ႐ိုးရာအားကစားဆိုၿပီး ျမန္မာေတြေတာင္ ေမ့ေတ့ေတ့ျဖစ္ေနတဲ့ အားကစားနည္းတစ္ခုကို ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႔ လူသိမ်ားေစခ်င္ပါတယ္။

ဒီဘီယာမွာ ဒီလိုဂိုထည့္လိုက္လို႔ ဒီအားကစား လူသိမ်ားသြားမယ္ အတပ္မေျပာႏိုင္ေပမယ့္ ဒီအားကစားပံု သံုးလို႔ တရားစြဲမယ္၊ ေလ်ာ္ေၾကးေတာင္းမယ္ဆိုတာႀကီးက အေတာ္႐ုပ္ေပါက္တယ္။

အဲ့လိုမွဆိုရင္လည္း ႏိုင္ငံနာမည္ေရာ ကရဝိတ္ႀကီးကိုပါ သံုးၿပီး ဘီယာထုတ္ေရာင္းတဲ့ ကုမၸဏီကိုလည္း တရားစြဲေလ…

ေခတ္မွီမွွီ ကမာၻၾကည့္ ၾကည့္ျမင္ဆိုရင္ X ဆိုဒ္ေတြမွာ ႏိုင္ငံစံုပတ္ၾကည့္ေနလားပဲ…

ေန႔ခ်င္းျပန္ေတာင္ ေသလိုက္ခ်င္တယ္… တကယ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အိ ပန္ ဆယ္ လို

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာ့ရိုးရာ ခြင်းလုံးပုံ သုံးထားလို့ တရားစွဲမယ်ဆိုရင် နိုင်ငံနာမည်ရော ကရဝိတ်ကြီးကိုပါ သုံးထားတဲ့ ဘီယာကုမ္ပဏီကိုလည်း တရားစွဲလေ ဆိုတဲ့ ပန်ဆယ်လို

ရယ်လည်း ရယ်ရတယ် စိတ်လည်းပျက်ရတယ်။

သတင်းဖတ်လိုက်ရပါတယ်။ ကမ္ဘာကျော် ဘီယာကုမ္ပဏီတစ်ခုက ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး ထူထောင်တဲ့ Brand တစ်ခုမှာ မြန်မာ့ရိုးရာခြင်းလုံးပုံ သုံးထားလို့ ကန့်ကွက်မယ်တဲ့။ တရားစွဲဖို့ အကြံဉာဏ်ယူနေတယ်ဆိုလားပဲ။

မြန်မာပြည်သူတွေနဲ့သက်ဆိုင်တဲ့ကိစ္စမို့ မြန်မာပြည်သူတွေကို ချပြမယ်တဲ့။ ဒါ့ကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်အမြင်ကို အပြုသဘောနဲ့ ပြောပါရစေ။

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်လို့တဲ့။ ဘာတွေလာရောင်းနေတာလဲ ဦးလေးရယ်လို့သာ ပြောလိုက်ချင်တော့တယ်။ ၂၁ရာစုရောက်နေပါပြီ။ ဒီလိုစကားလုံးတွေကိုလည်း ဖီးလ်မတက်တော့ပါဘူး။ ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုက ကိုယ့်ရိုးရာကစားနည်းကို Brand Logo လုပ်တာ၊ အကယ်၍များ ဒီBrand ပေါက်သွားခဲ့ရင် ကိုယ့်ရဲ့ရိုးရာအားကစားနည်းကို Promote လုပ်ပြီးသားဖြစ်တယ်လေ။ ဘယ်လိုတွေတောင် Conservative နေကြတာလား။

ဘီယာဆိုတာနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်တယ်ဆိုတော့ မြန်မာတွေက မသောက်တတ် မစားတတ်တွေဆိုတော့။ မြန်မာနိုင်ငံဆိုပြီး မြန်မာမြေပုံ ဖြစ်မလာခင်ကတည်းက သေရည်သေရက်ဆိုတာ ရှိပြီးသား။ ရိုးရာလဆယ့်နှစ်ပွဲရှိရင် ဆယ့်သုံးပွဲလောက်သောက်နေတာလည်း အဲ့မြန်မာပဲ။ ရပ်ကွက်ထဲ တစ်လမ်းကို ဘီယာဆိုင်တစ်ဆိုင် အနည်းလေး ရှိတယ်။

ရိုးရာအားကစားဆိုပြီး Billboard တွေလိုက်ထောင်နေမှ ကြော်ငြာတာ မဟုတ်ဘူး။ ရိုးရာအားကစားနည်းတစ်ခုကို လူတွေသဘောခွေ့တဲ့အရာတစ်ခုနဲ့ တွဲမြင်စေတာလည်း Promote လုပ်တာပဲ။ အဲ့လိုသာဆို ဘောလုံးအားကစားမှာ ဘီယာတွေအရက်တွေ စပွန်ဆာပေးနေကြတာကျတော့ရော။ ကမ္ဘာသိအားကစားနည်းတစ်ခုကတောင် သူတို့ကစားနည်းနဲ့ တွဲကြော်ငြာတာ ကြည်ကြည်ဖြူဖြူပဲ။ မြန်မာရိုးရာအားကစားဆိုပြီး မြန်မာတွေတောင် မေ့တေ့တေ့ဖြစ်နေတဲ့ အားကစားနည်းတစ်ခုကို မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လူသိများစေချင်ပါတယ်။

ဒီဘီယာမှာ ဒီလိုဂိုထည့်လိုက်လို့ ဒီအားကစား လူသိများသွားမယ် အတပ်မပြောနိုင်ပေမယ့် ဒီအားကစားပုံ သုံးလို့ တရားစွဲမယ်၊ လျော်ကြေးတောင်းမယ်ဆိုတာကြီးက အတော်ရုပ်ပေါက်တယ်။

အဲ့လိုမှဆိုရင်လည်း နိုင်ငံနာမည်ရော ကရဝိတ်ကြီးကိုပါ သုံးပြီး ဘီယာထုတ်ရောင်းတဲ့ ကုမ္ပဏီကိုလည်း တရားစွဲလေ…

ခေတ်မှီမှီ ကမ္ဘာကြည့် ကြည့်မြင်ဆိုရင် X ဆိုဒ်တွေမှာ နိုင်ငံစုံပတ်ကြည့်နေလားပဲ…

နေ့ချင်းပြန်တောင် သေလိုက်ချင်တယ်… တကယ်..

ဖိုးသူတော် (www.phothutaw.com)
Credit:အိ ပန် ဆယ် လို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top