တိုင္ရြန္ကေတာ့ ကံေကာင္းေကာင္းေနေရာပါပဲ။ ႏွစ္လဆက္တိုက္ ထီေပါက္ခဲ့လို႕ ေပ်ာ္ေနပါတယ္။
ေမာ္ဒယ္ သရုပ္ေဆာင္ တိုင္ရြန္ကေတာ့ ထီကံ ႏွစ္လဆက္တိုက္ကို ေကာင္းေနခဲ့တာပါ။ ဒီလမွာလည္း ငါးေသာင္းဆု ႏွစ္ဆု ေပါက္တယ္လို႕ ဆုိပါတယ္။

“နစ္လဆက္တိုက္ ေပါက္ၿပီ ၿပီးခဲ႕လကငါးေသာင္းဆု ထီေပါက္လို႕ ဒီလထပ္ထိုးတာ  ငါးေသာင္းဆုငါးေစာင္တြဲ တစ္ေစာင္ ငါးေသာင္း တစ္ေစာင္ေပါက္တယ္ဗ်ာ” ဆိုၿပီး တိုင္ရြန္ရဲ႕ ေဖ့စ္ဘြတ္မွာ ေမလ(၁) ရက္ေန႕က ေရးသားထားတာပါ။ ထီလက္မွာ ၀- ၈၂ နဲ႕ ဆ ၅၀ တို႕က ငါးေသာင္းဆုဆီ ေပါက္ခဲ့တာပါ။ႏွစ္လဆက္တုိက္ ကံေတြ ကံေကာင္းေနတဲ့ သူ႕ကို ပရိသတ္ေတြကလည္း အားက်လို႕ေနပါတယ္။



တုိင္ရြန္ဟာ အႏုပညာအလုပ္အေပၚ ရူးသြပ္တဲ့အတြက္ ေအာင္ျမင္မႈတစ္ခုရေအာင္ ႀကိဳးစားေနသူျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဝါသနာပါတဲ့ အလုပ္ လုပ္ေနရတ့ဲအတြက္ ဒီအလုပ္နဲ႔ပဲ သူ႔ရဲ႕ မိဘေတြကုိ ဂုဏ္ယူေစခ်င္ခဲ့တယ္လုိ႕ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။

''သူတုိ႔ကုိ တီဗီေပၚမွာ ျမင္လုိ႔ရတဲ့ မင္းသားတစ္ေယာက္၊ အႏုပညာရွင္တစ္ေယာက္လုိ႔ ဂုဏ္ယူေစခ်င္ခဲ့တာေလ။ သူတုိ႔ ကုိယ္တုိင္လည္း ျပန္ၾကားေနရတယ္ ဆုိတဲ့ အခါက်ေတာ့ ကၽြန္ေတာ္ကုိယ္တုိင္လည္း အေနအထုိင္ မတတ္တာလည္းပါပါလိမ့္မယ္။ ဒီကိစၥကုိ မေျဖရွင္းေတာ့ပါဘူး။ ေျဖရွင္းေလ ပုိရႈပ္ေလပဲ ျဖစ္ေတာ့မယ္ ဆုိေတာ့ ကၽြန္ေတာ့္အေၾကာင္းကုိ ကၽြန္ေတာ့္ ေနာက္ကြယ္မွာပဲ ေျပာပါေစ'' လုိ႔ ဆုိပါတယ္။

ပရိသတ္အားေပးမႈကို ရရွိထားတဲ့ တိုင္ရြန္ဟာ ပရိသတ္ေတြအတြက္ စံျပတစ္ေယာက္ျဖစ္ေအာင္ အေကာင္းဆံုး ႀကိဳးစားၿပီး ေနထိုင္တယ္လို႕ ဆုိပါတယ္။ သူ႔အေနနဲ႔ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ေရွ႕ဆက္ၿပီးေတာ့လည္း အႏုပညာအလုပ္ေတြနဲ႔ အတူ ပရဟိတအလုပ္ေတြကုိလည္း စြမ္းစြမ္းတမံ ေဆာင္ရြက္သြားမယ္လုိ႔ ေျပာပါတယ္။




ေမာ္ဒယ္ေလာကမွာကတည္းက ေအာင္ျမင္မႈေတြရရွိထားတဲ့ တုိင္ရြန္က သရုပ္ေဆာင္အလုပ္နဲ႔ ပတ္သက္လုိ႔ေတာ့ ေအာက္ေျခသိမ္းကစၿပီး ႀကိဳးစားလာတဲ့ လူငယ္အႏုပညာရွင္ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ လက္ရွိမွာလည္း စီနီယာသရုပ္ေဆာင္ေတြနဲ႔အတူ ရုပ္ရွင္ဇာတ္ကားေတြရုိက္ကူးေနတာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

တိုင်ရွန်ကတော့ ကံကောင်းကောင်းနေရောပါပဲ။ နှစ်လဆက်တိုက် ထီပေါက်ခဲ့လို့ ပျော်နေပါတယ်။
မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ကတော့ ထီကံ နှစ်လဆက်တိုက်ကို ကောင်းနေခဲ့တာပါ။ ဒီလမှာလည်း ငါးသောင်းဆု နှစ်ဆု ပေါက်တယ်လို့ ဆိုပါတယ်။

“နစ်လဆက်တိုက် ပေါက်ပြီ ပြီးခဲ့လကငါးသောင်းဆု ထီပေါက်လို့ ဒီလထပ်ထိုးတာ  ငါးသောင်းဆုငါးစောင်တွဲ တစ်စောင် ငါးသောင်း တစ်စောင်ပေါက်တယ်ဗျာ” ဆိုပြီး တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁) ရက်နေ့က ရေးသားထားတာပါ။ ထီလက်မှာ ဝ- ၈၂ နဲ့ ဆ ၅၀ တို့က ငါးသောင်းဆုဆီ ပေါက်ခဲ့တာပါ။နှစ်လဆက်တိုက် ကံတွေ ကံကောင်းနေတဲ့ သူ့ကို ပရိသတ်တွေကလည်း အားကျလို့နေပါတယ်။

တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်ကိုယ်တိုင်လည်း အနေအထိုင် မတတ်တာလည်းပါပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။

ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top