Tik Tok မင္းသမီး တေယာက္လို႔ ေရပန္းစားေနတဲ့ သ႐ုပ္ေဆာင္ ျခဴးေလးကေတာ့ သူ႔အေနနဲ႔ Tik Tok ကစားတာဟာ ဒီေန႔ေခတ္က ေပၚပင္လုပ္ျပမွ လူစိတ္ဝင္စားတဲ့ေခတ္ ျဖစ္တာေၾကာင့္လို႔ ေျပာပါတယ္။

“ေခတ္နဲ႔ ယွဥ္လိုက္မယ္ဆိုရင္ေတာ့ ေခတ္က နည္းနည္းေလး ေပၚပင္လုပ္ျပမွ လူစိတ္ဝင္စားတဲ့ေခတ္ ျဖစ္ေနတာ။ လူစိတ္ဝင္စားမွလည္း လုပ္ငန္းရွင္ေတြက စိတ္ဝင္စားၿပီးေတာ့ အလုပ္လုပ္ၾကတဲ့ ေခတ္မွာ ကိုယ္က အႏုပညာပဲ ဝါသနာပါတယ္၊ အႏုပညာစစ္စစ္ႀကီးကိုပဲ ဒီလိုမ်ိဳး လုပ္ျပေနမယ္ဆိုတဲ့ မူဝါဒေဟာင္းႀကီးပဲ လက္ကိုင္ထားလိုက္တဲ့အခ်ိန္မွာ ေရာက္သင့္သေလာက္ မေရာက္ဘူး”

“မေကာင္းဘူးလား ဆိုေတာ့လည္း ေကာင္းပါတယ္။ ဒါကစီးပြားေရးလည္း ဟုတ္သလို ကိုယ့္ရဲ႕အႏုပညာဝမ္းေရးလည္း ဟုတ္တယ္။ ေျပာင္းသင့္တယ္ထင္လို႔ ေျပာင္းလိုက္တာပါ”လို႔ ျခဴးေလးက ေျပာပါတယ္။

ယေန႔ေခတ္ လူငယ္ေတြၾကားမွာ ေရပန္းစားလ်က္ရွိတဲ့ Tik Tok မွာေတာ့ ျခဴးေလးက ခ်စ္စရာေကာင္းတဲ့ အမူအရာမ်ား၊ ရယ္စရာဟာသမ်ားနဲ႔ သ႐ုပ္ေဆာင္ျပလ်က္ရွိၿပီး လတ္တေလာမွာေတာ့ အရင္ကေလာက္ မေဆာ့ျဖစ္ေတာ့ဘူးလို႔ ဆိုပါတယ္။



“အခုေနာက္ပိုင္းေတာ့ မကစားေတာ့ဘူး။ အရင္ကေလာက္ ရယ္စရာေကာင္းတာေတြ မလုပ္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတယ္”လို႔ ျခဴးေလးက ေျပာပါတယ္။ သ႐ုပ္ေဆာင္ ျခဴးေလးကေတာ့ ယခုေနာက္ပိုင္း ယခင္ကနဲ႔ မတူတဲ့ ေျပာင္းလဲမႈမ်ားစြာကို ေတြ႕ရၿပီး သူ႔ရဲ႕ေျပာင္းလဲေတြကိုလည္း အခုလိုပဲ ေျပာျပခဲ့ပါတယ္။

“ႏွစ္သစ္မွာ ျခဴးေလး သီလရွင္လည္း ဝတ္လိုက္တယ္။ စိတ္သစ္ လူသစ္နဲ႔ အႏုပညာေလာကကို အေျခခ်မယ္ဆိုတဲ့ စိတ္ကူးနဲ႔ အကုန္လုံးကို ေျပာင္းလဲလိုက္တာေပါ့ေနာ္”လို႔ ျခဴးေလးက ေျပာပါတယ္။ မၾကာေသးခင္ အခ်ိန္ကလည္း ခ်စ္သူနဲ႔ လမ္းခြဲခဲ့ၿပီး စိတ္ခံစားမႈမ်ားစြာ ျဖစ္ေပၚခဲ့တဲ့အတြက္ ေနာက္ထပ္ အခ်စ္သစ္ကို ဘယ္လိုမ်ိဳး ေ႐ြးခ်ယ္သြားမလဲ ဆိုတာကိုလည္း ျခဴးေလးက အခုလို ေျပာပါတယ္။

“အဓိကကေတာ့ ကိုယ္လုပ္ေနတဲ့ အလုပ္ကို ခ်စ္ေပးရင္ ရၿပီ။ ကိုယ္လုပ္ေနတဲ့ အလုပ္အေပၚမွာ အျပည့္အဝ နားလည္ေပးၿပီးေတာ့  စိတ္ခ်မ္းသာေအာင္ ေသာကေတြ မမ်ားဘဲနဲ႔ ေအးေဆးလုပ္ ဆိုတာမ်ိဳး ကိုယ့္အေပၚမွာ ယုံၾကည္စိတ္ခ်မႈ အျပည့္ရွိရင္ ရၿပီ။ ျခဴးေလးက မဟုတ္တာ မလုပ္ဘူး။ တေယာက္ဆိုတေယာက္ပဲ ခ်စ္တာျဖစ္တဲ့အတြက္ ယုံၾကည္ေပးရင္ ေက်နပ္ၿပီ”လို႔ ျခဴးေလးက ေျပာပါတယ္။



သ႐ုပ္ေဆာင္ ျခဴးေလးကိုေတာ့ ပရိသတ္မ်ားက MRTV 4 ဇာတ္လမ္းတြဲေတြကေနတဆင့္ သိရွိခဲ့ၾကၿပီး ျခဴးေလးက ႐ုပ္ရွင္ ဇာတ္ကားမ်ားမွာလည္း ပါဝင္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီ ထူးခြၽန္ဆုေပးပြဲမွာလည္း “အမ်ိဳးသမီး ဇာတ္ပို႔ဆု” အတြက္ ေနာက္ဆုံးဆန္ခါတင္ အဆင့္ထိ ဝင္ေရာက္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

Tik Tok မင်းသမီး တယောက်လို့ ရေပန်းစားနေတဲ့ သရုပ်ဆောင် ခြူးလေးကတော့ သူ့အနေနဲ့ Tik Tok ကစားတာဟာ ဒီနေ့ခေတ်က ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ခေတ် ဖြစ်တာကြောင့်လို့ ပြောပါတယ်။

“ခေတ်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ခေတ်က နည်းနည်းလေး ပေါ်ပင်လုပ်ပြမှ လူစိတ်ဝင်စားတဲ့ခေတ် ဖြစ်နေတာ။ လူစိတ်ဝင်စားမှလည်း လုပ်ငန်းရှင်တွေက စိတ်ဝင်စားပြီးတော့ အလုပ်လုပ်ကြတဲ့ ခေတ်မှာ ကိုယ်က အနုပညာပဲ ဝါသနာပါတယ်၊ အနုပညာစစ်စစ်ကြီးကိုပဲ ဒီလိုမျိုး လုပ်ပြနေမယ်ဆိုတဲ့ မူဝါဒဟောင်းကြီးပဲ လက်ကိုင်ထားလိုက်တဲ့အချိန်မှာ ရောက်သင့်သလောက် မရောက်ဘူး”

“မကောင်းဘူးလား ဆိုတော့လည်း ကောင်းပါတယ်။ ဒါကစီးပွားရေးလည်း ဟုတ်သလို ကိုယ့်ရဲ့အနုပညာဝမ်းရေးလည်း ဟုတ်တယ်။ ပြောင်းသင့်တယ်ထင်လို့ ပြောင်းလိုက်တာပါ”လို့ ခြူးလေးက ပြောပါတယ်။

ယနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားလျက်ရှိတဲ့ Tik Tok မှာတော့ ခြူးလေးက ချစ်စရာကောင်းတဲ့ အမူအရာများ၊ ရယ်စရာဟာသများနဲ့ သရုပ်ဆောင်ပြလျက်ရှိပြီး လတ်တလောမှာတော့ အရင်ကလောက် မဆော့ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“အခုနောက်ပိုင်းတော့ မကစားတော့ဘူး။ အရင်ကလောက် ရယ်စရာကောင်းတာတွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်”လို့ ခြူးလေးက ပြောပါတယ်။ သရုပ်ဆောင် ခြူးလေးကတော့ ယခုနောက်ပိုင်း ယခင်ကနဲ့ မတူတဲ့ ပြောင်းလဲမှုများစွာကို တွေ့ရပြီး သူ့ရဲ့ပြောင်းလဲတွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“နှစ်သစ်မှာ ခြူးလေး သီလရှင်လည်း ဝတ်လိုက်တယ်။ စိတ်သစ် လူသစ်နဲ့ အနုပညာလောကကို အခြေချမယ်ဆိုတဲ့ စိတ်ကူးနဲ့ အကုန်လုံးကို ပြောင်းလဲလိုက်တာပေါ့နော်”လို့ ခြူးလေးက ပြောပါတယ်။ မကြာသေးခင် အချိန်ကလည်း ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး စိတ်ခံစားမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့အတွက် နောက်ထပ် အချစ်သစ်ကို ဘယ်လိုမျိုး ရွေးချယ်သွားမလဲ ဆိုတာကိုလည်း ခြူးလေးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ချစ်ပေးရင် ရပြီ။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ အပြည့်အဝ နားလည်ပေးပြီးတော့  စိတ်ချမ်းသာအောင် သောကတွေ မများဘဲနဲ့ အေးဆေးလုပ် ဆိုတာမျိုး ကိုယ့်အပေါ်မှာ ယုံကြည်စိတ်ချမှု အပြည့်ရှိရင် ရပြီ။ ခြူးလေးက မဟုတ်တာ မလုပ်ဘူး။ တယောက်ဆိုတယောက်ပဲ ချစ်တာဖြစ်တဲ့အတွက် ယုံကြည်ပေးရင် ကျေနပ်ပြီ”လို့ ခြူးလေးက ပြောပါတယ်။

သရုပ်ဆောင် ခြူးလေးကိုတော့ ပရိသတ်များက MRTV 4 ဇာတ်လမ်းတွဲတွေကနေတဆင့် သိရှိခဲ့ကြပြီး ခြူးလေးက ရုပ်ရှင် ဇာတ်ကားများမှာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာလည်း “အမျိုးသမီး ဇာတ်ပို့ဆု” အတွက် နောက်ဆုံးဆန်ခါတင် အဆင့်ထိ ဝင်ရောက်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top