မ်ိဳးစႏၵီေက်ာ္ဟာဆိုရင္ လြန္္ခဲ့တဲ့နွစ္ေပါင္္းမ်ားစြာကတည္းကအနုပညာနယ္ပယ္ထဲမွာ ေအာင္ျမင္တဲ့မင္းသမီးတစ္လက္ျဖစ္ျပီးတစ္နုိင္ငံလံုးကပရိသတ္ေတြရဲ႕အားေပးမႈအျပည့္အဝရရွိထားတဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။ မ်ိဳးစႏၵီေက်ာ္ဟာ သမီးေလးနဲ႔အတူ ဘဝကိုsingle mother အျဖစ္သတၱိွရွိစြာျဖတ္သန္းေနတဲ့အနုပညာရွင္တစ္ဦးဆိုရင္လည္းမမွားပါဘူး။ မ်ိဳးစႏၵီေက်ာ္က မၾကာေသးမီက sunday media နဲ႔ အင္တာဗ်ဴးမွာ အိမ္ေထာင္ေရးအဆင္မေျပခဲ့တဲ့အေၾကာင္းကို ေျပာျပျပီးသည္းခံျပီးျပန္ေပါင္းခုိင္းတဲ့လူေတြကုိ တံု႔ျပန္ျဖစ္ပံုကိုလည္းေျပာျပထားခဲ့ပါတယ္။

မ်ိဳးစႏၵီေက်ာ္က ဘဝတူညီမေလးေတြကုိ အားေပးျဖစ္တဲ့အေၾကာင္း “single mother ေတြဆိုေတာ့ကုိယ့္ညီအစ္မေတြလိုပဲ ဘဝတူေတြပဲေပါ့ေနာ္။ အဲ့လိုပဲအားေပးေတာ့ ကုိယ္လည္းအားျဖစ္တယ္။ သူတို႔ကုိအားေပးရင္းနဲ႔။ ကိုယ္နဲ႔ဘဝတူေတြျဖစ္တဲ့အတြက္ပုိျပီးေတာ့ ေတြ႕ဆံုျပီးစကားေျပာခ်င္တယ္။ အားေပးခ်င္တယ္ စိတ္ကအ့ဲလိုျဖစ္တယ္။ အခ်ိဳ႕ကေျပာတယ္။ အစ္မနဲ႔အရမ္းတူတာပဲေပါ့။ပံုစံတူတယ္ေပါ့ေနာ္။ လာရင္ဖြင့္ၾကတယ္။ သူတို႔ကေတာ့ အစ္မလိုမျပတ္သားဘူးေပ့ါေနာ္။ အစ္မကက်ေတာ့ သည္းခံတဲ့အတိုင္းအတာလြန္သြားတာ။ သည္းခံတယ္ဆိုတာအတိုင္းအတာရွိတယ္။ အဲဒီအတိုင္းအတာထက္ကုိလြန္ျပီးေတာ့အစ္မက သည္းခံထားတာ။ အဲ့ေတာ့ စိတ္ထဲမွာဘာမွမရွိေတာ့ဘူး။ ျပတ္သားရဲသြားတာေပါ့ေနာ္”လုိ႔ ေျပာျပထားပါတယ္။

ွSingle Mother ျဖစ္ရတဲ့အခက္အခဲေတြကုိလည္း မ်ိဳးစႏၵီေက်ာ္က”အခ်ိဳ႕ကက် အိမ္ေထာင္မျပဳပဲနဲ႔။ကေလးကုိ အေဖက တာဝန္မယူဘူးေပါ့ေနာ္။အဲဒါက်ေတာ့ ပုိခက္ခဲတာေပါ့။ အိမ္ေထာင္ျပဳျပီးမွ အိမ္ေထာင္သက္ဘယ္ေလာက္ရမွကြဲသြားတယ္တို႔ single mother ျဖစ္သြားတဲ့လူေတြက်ေတာ့လည္းတစ္မ်ိဳးခက္ခဲတယ္။ ေနသားက်ေနျပီေလ။ဒီအိမ္ေထာင္နဲ႔ ဘဝတစ္ခုျဖစ္ေနတဲ့အခ်ိိန္မွာ ကြဲသြားတာဆိုေတာ့ ကေလးနဲဲ႔ဘဝအသစ္ျပန္္စရတာ။ အစ္မကေတာ့ သားသမီးေတြကုိ အေမေနရာလည္းကိုယ္၊ အေဖေနရာလည္းကုိယ္ဆိုျပီးတာဝန္ယူတဲ့ Single mother ေတြကုိ အရမ္း respect ေပးတယ္။ ေလးစားတယ္”လို႔ ေျဖၾကားထားပါတယ္။

ကေလးအေဖနဲ႔ျပန္ေပါင္းပါလားလို႔အေျပာခံရရင္ဘယ္လိုတံု႔ျပန္လဲဆိုတာကုိ မ်ိဳးစႏၵီေက်ာ္က “ေျပာခံရတာေပါ့။ ကိုယ္ စိတ္ေအးေအးေဆးေဆးရွိေနတဲ့အခ်ိန္ဆိုရင္ေတာ့ မဟုတ္ဘူး ဘာေၾကာင့္ဆိုျပီး ျပန္ရွင္းျပတာေပါ့။အဲဒါေတြ တစ္ေန႔ထဲမွာ ေလးငါးေယာက္္ေလာက္က လာလာေျပာေနရင္ေတာ့ နည္းနည္းေပါက္လာျပီ။ ဘာေျပာလဲဆိုေတာ့ တစ္ခုပဲေျပာလိုက္တယ္။အဲ့တစ္ေယာက္ကုိလို႔ တစ္လေလာက္သြားေပါင္းၾကည့္ပါလားလို႔ အဲဒါပဲေျပာလိုက္တယ္။ စိတ္တိုလာလို႔ေလ။ဘယ္သူကေတာ့ ကြဲခ်င္မွာလဲ ကုိယ့္အိမ္ေထာင္ကုိ။ ကုိယ္နဲ႔ၾကိဳက္လို႔ကုိယ္ခ်စ္လို႔ ကုိယ္နဲ႔လည္းေရရွည္အဆင္္ေျပမယ္ထင္လို႔ ယူခဲ့တယ္။ ကုိယ္ကအနုပညာရွင္ဆိုေတာ့တစ္ခုခုဆို လူသိရွင္ၾကား။ ဘာမွလုပ္လို႔မရဘူး။ မိဘေတြေတာင္ဆန္႔က်င္ျပီးယူခဲ့တဲ့ အိမ္္ေထာင္တစ္ခုကိုကုိယ္ကပုိေတာင္အဖ်က္မခံခ်င္ေသးတယ္။ မိဘေတြက ေျပာခ်င္ေျပာလို႔ရတာပဲ။ ငါတို႔ထင္တဲဲ့အတိုင္းျဖစ္လာတာပဲဆိုတာမ်ိဳးေတြ။ဒါေပမယ့္ မေျပာပါဘူး။ အရင္ကထက္ပိုျပီး welcome လုပ္တဲ့အတြက္မိဘေတြကုိလည္းေက်းဇူးတင္တယ္”လို႔ ရင္ဖြြင့္ေျပာျပထားပါတယ္။

အခုေခတ္မွာဘာမဆိုလြယ္လြယ္နဲ႔ရေနေတာ့လူေတြက ေပါ့ပ်က္္ပ်က္သေဘာထားတယ္လို႔ “အစ္မတို႔က 80s born ေတြဆိုေတာ့ ဘယ္အရာမဆိုခက္ခဲဲတယ္။ ကုိယ့္ေကာင္မေလးဓာတ္ပံုေတာင္မွ လြယ္လြယ္နဲ႔ရတာမဟုတ္ေသးဘူး။ အခုေခတ္မွာေတာ့ facebook မွာ ရွာလုိက္တာနဲ႔ ပံုေတြထြက္က်လာျပီ။ ေခတ္ကိုကအရမ္းအလြယ္ရတဲ့ေခတ္ဆိုေတာ့။အစ္မတို႔တုန္းက ဘယ္အရာမဆို အရမ္းၾကိဳးစားခဲ့ရတာ။ ကုိယ့္ကုိလိုက္ေနတဲ့ေကာင္ေလးဆိုလည္း မ်က္နွာေလးျမင္ရဖို႔ေတာင္မလြယ္ဘူးဆိုေတာ့။ ေခတ္ကအရမ္းေျပာင္းလဲသြားျပီးလြယ္လြယ္နဲ႔ရတာမ်ားလာေတာ့လူေတြရဲ႕စိတ္ေတြက ေပါ့ပ်က္ပ်က္ျဖစ္လာၾကတယ္”လို႔လည္းထင္ျမင္ခ်က္ေပးထားပါေသးတယ္။

ပရိသတ္ၾကီးေရာ မ်ိဳးစႏၵီေက်ာ္ကုိအားေပးၾကလား။ မ်ိဳးစႏၵီေက်ာ္ရဲ႕ ရုပ္ရွင္ဇာတ္ကားအသစ္ေတြထြက္လာရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျပာခ်င္လြန္းလို႔
#Unicode Version#
 မျိုးစန္ဒီကျော်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအနုပညာနယ်ပယ်ထဲမှာ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ဟာ သမီးလေးနဲ့အတူ ဘဝကိုsingle mother အဖြစ်သတ္တှိရှိစွာဖြတ်သန်းနေတဲ့အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ မျိုးစန္ဒီကျော်က မကြာသေးမီက sunday media နဲ့ အင်တာဗျူးမှာ အိမ်ထောင်ရေးအဆင်မပြေခဲ့တဲ့အကြောင်းကို ပြောပြပြီးသည်းခံပြီးပြန်ပေါင်းခိုင်းတဲ့လူတွေကို တုံ့ပြန်ဖြစ်ပုံကိုလည်းပြောပြထားခဲ့ပါတယ်။

မျိုးစန္ဒီကျော်က ဘဝတူညီမလေးတွေကို အားပေးဖြစ်တဲ့အကြောင်း “single mother တွေဆိုတော့ကိုယ့်ညီအစ်မတွေလိုပဲ ဘဝတူတွေပဲပေါ့နော်။ အဲ့လိုပဲအားပေးတော့ ကိုယ်လည်းအားဖြစ်တယ်။ သူတို့ကိုအားပေးရင်းနဲ့။ ကိုယ်နဲ့ဘဝတူတွေဖြစ်တဲ့အတွက်ပိုပြီးတော့ တွေ့ဆုံပြီးစကားပြောချင်တယ်။ အားပေးချင်တယ် စိတ်ကအဲ့လိုဖြစ်တယ်။ အချို့ကပြောတယ်။ အစ်မနဲ့အရမ်းတူတာပဲပေါ့။ပုံစံတူတယ်ပေါ့နော်။ လာရင်ဖွင့်ကြတယ်။ သူတို့ကတော့ အစ်မလိုမပြတ်သားဘူးပေ့ါနော်။ အစ်မကကျတော့ သည်းခံတဲ့အတိုင်းအတာလွန်သွားတာ။ သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်။ အဲဒီအတိုင်းအတာထက်ကိုလွန်ပြီးတော့အစ်မက သည်းခံထားတာ။ အဲ့တော့ စိတ်ထဲမှာဘာမှမရှိတော့ဘူး။ ပြတ်သားရဲသွားတာပေါ့နော်”လို့ ပြောပြထားပါတယ်။

ှSingle Mother ဖြစ်ရတဲ့အခက်အခဲတွေကိုလည်း မျိုးစန္ဒီကျော်က”အချို့ကကျ အိမ်ထောင်မပြုပဲနဲ့။ကလေးကို အဖေက တာဝန်မယူဘူးပေါ့နော်။အဲဒါကျတော့ ပိုခက်ခဲတာပေါ့။ အိမ်ထောင်ပြုပြီးမှ အိမ်ထောင်သက်ဘယ်လောက်ရမှကွဲသွားတယ်တို့ single mother ဖြစ်သွားတဲ့လူတွေကျတော့လည်းတစ်မျိုးခက်ခဲတယ်။ နေသားကျနေပြီလေ။ဒီအိမ်ထောင်နဲ့ ဘဝတစ်ခုဖြစ်နေတဲ့အချိန်မှာ ကွဲသွားတာဆိုတော့ ကလေးနဲ့ဘဝအသစ်ပြန်စရတာ။ အစ်မကတော့ သားသမီးတွေကို အမေနေရာလည်းကိုယ်၊ အဖေနေရာလည်းကိုယ်ဆိုပြီးတာဝန်ယူတဲ့ Single mother တွေကို အရမ်း respect ပေးတယ်။ လေးစားတယ်”လို့ ဖြေကြားထားပါတယ်။

ကလေးအဖေနဲ့ပြန်ပေါင်းပါလားလို့အပြောခံရရင်ဘယ်လိုတုံ့ပြန်လဲဆိုတာကို မျိုးစန္ဒီကျော်က “ပြောခံရတာပေါ့။ ကိုယ် စိတ်အေးအေးဆေးဆေးရှိနေတဲ့အချိန်ဆိုရင်တော့ မဟုတ်ဘူး ဘာကြောင့်ဆိုပြီး ပြန်ရှင်းပြတာပေါ့။အဲဒါတွေ တစ်နေ့ထဲမှာ လေးငါးယောက်လောက်က လာလာပြောနေရင်တော့ နည်းနည်းပေါက်လာပြီ။ ဘာပြောလဲဆိုတော့ တစ်ခုပဲပြောလိုက်တယ်။အဲ့တစ်ယောက်ကိုလို့ တစ်လလောက်သွားပေါင်းကြည့်ပါလားလို့ အဲဒါပဲပြောလိုက်တယ်။ စိတ်တိုလာလို့လေ။ဘယ်သူကတော့ ကွဲချင်မှာလဲ ကိုယ့်အိမ်ထောင်ကို။ ကိုယ်နဲ့ကြိုက်လို့ကိုယ်ချစ်လို့ ကိုယ်နဲ့လည်းရေရှည်အဆင်ပြေမယ်ထင်လို့ ယူခဲ့တယ်။ ကိုယ်ကအနုပညာရှင်ဆိုတော့တစ်ခုခုဆို လူသိရှင်ကြား။ ဘာမှလုပ်လို့မရဘူး။ မိဘတွေတောင်ဆန့်ကျင်ပြီးယူခဲ့တဲ့ အိမ်ထောင်တစ်ခုကိုကိုယ်ကပိုတောင်အဖျက်မခံချင်သေးတယ်။ မိဘတွေက ပြောချင်ပြောလို့ရတာပဲ။ ငါတို့ထင်တဲ့အတိုင်းဖြစ်လာတာပဲဆိုတာမျိုးတွေ။ဒါပေမယ့် မပြောပါဘူး။ အရင်ကထက်ပိုပြီး welcome လုပ်တဲ့အတွက်မိဘတွေကိုလည်းကျေးဇူးတင်တယ်”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

အခုခေတ်မှာဘာမဆိုလွယ်လွယ်နဲ့ရနေတော့လူတွေက ပေါ့ပျက်ပျက်သဘောထားတယ်လို့ “အစ်မတို့က 80s born တွေဆိုတော့ ဘယ်အရာမဆိုခက်ခဲတယ်။ ကိုယ့်ကောင်မလေးဓာတ်ပုံတောင်မှ လွယ်လွယ်နဲ့ရတာမဟုတ်သေးဘူး။ အခုခေတ်မှာတော့ facebook မှာ ရှာလိုက်တာနဲ့ ပုံတွေထွက်ကျလာပြီ။ ခေတ်ကိုကအရမ်းအလွယ်ရတဲ့ခေတ်ဆိုတော့။အစ်မတို့တုန်းက ဘယ်အရာမဆို အရမ်းကြိုးစားခဲ့ရတာ။ ကိုယ့်ကိုလိုက်နေတဲ့ကောင်လေးဆိုလည်း မျက်နှာလေးမြင်ရဖို့တောင်မလွယ်ဘူးဆိုတော့။ ခေတ်ကအရမ်းပြောင်းလဲသွားပြီးလွယ်လွယ်နဲ့ရတာများလာတော့လူတွေရဲ့စိတ်တွေက ပေါ့ပျက်ပျက်ဖြစ်လာကြတယ်”လို့လည်းထင်မြင်ချက်ပေးထားပါသေးတယ်။

ပရိသတ်ကြီးရော မျိုးစန္ဒီကျော်ကိုအားပေးကြလား။ မျိုးစန္ဒီကျော်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။


ဖိုးသူတော်(www.phothutaw.com)
Credit:ပြောချင်လွန်းလို့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top