မုိးေအာင္ရင္ကေတာ့ ဘုန္းႀကီးဝတ္တာ မထြက္ေသးပဲ ေနာက္တစ္ပတ္အထိ ဆက္ဝတ္ဦးမယ္လုိ႔ ဖခင္ျဖစ္သူ ဦးေအာင္ရင္က ေျပာပါတယ္။

အဆုိေတာ္ ေအာင္ရင္ကေတာ့ သားျဖစ္သူ မုိးေအာင္ရင္က သကၤန္း ေနာက္တစ္ပတ္အထိ ထပ္ဝတ္ေနတာေၾကာင့္ စိတ္ေအးခ်မ္းသာစြာနဲ႔ ဆန္ဖရန္စစ္ကုိမွာ ရွိတ့ဲ သမီးျဖစ္သူကုိ သြားေတြ႔ဦးမယ္လုိ႔ ဆုိပါတယ္။

‘’ေလာကႀကီးမွာျဖစ္ပ်က္ေနတာေတြကတစ္ခါတေလအိပ္မက္လိုပဲဗ်။ သားသမီးေတြလည္းၾကည္႔ရင္းနဲ႔ အရြယ္ေရာက္လာၾကတယ္

။ သမီးဆီ family reunion လုပ္မယ္ မိသားစုလိုက္သြားဖို႔စီစဥ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔မေရာက္ျဖစ္ဘူး မသြားႏိုင္ခဲ႔ဘူး။ အခုေတာ့ ညီမ ႏုႏုခိုင္ေက်းဇူးနဲ႔ USA ကိုသီခ်င္းဆိုဖို႔ Dublin မွာ Connecting flight ေစာင္႔ေနတယ္ သမီးနဲ႔ေတြ႕ရေတာ႔မယ္။

သားမပါေပမဲ႔လည္း သားကရန္ကုန္မွာ သကၤန္းစည္းတာ တစ္ပတ္ဝတ္မယ္ဆိုၿပီး ခုေတာ႔ ေနာက္တစ္ပတ္ထပ္ဝတ္ေနလို႔ စိတ္ခ်မ္းသာစြာနဲ႔ ဆန္ဖရန္စစ္ကို ၿမိဳ႕ကိုေရာက္သြားပါေတာ႔မယ္ ခင္ဗ်’’ ဆုိၿပီးေတာ့ ေမလ ၂၁ ရက္ေန႔ ညေန ၄ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

မုိးေအာင္ရင္ကေတာ့ ေထာင္ကလြတ္လာၿပီးတဲ့ေနာက္ ပထမဆုံးအေနနဲ႔ ေမလ ၁၂ ရက္ေန႔က သာသနာ့ေဘာင္ထဲကုိ ဝင္ေရာက္ခဲ့တာ ေတြ႔ရပါတယ္။ သူဟာ ၂၀၁၆ ခုႏွစ္အတြင္းက မူးယစ္ေဆးဝါးမႈနဲ႔ အက်ဥ္းခ်ခံခဲ့ရတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာလြတ္ျငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာတာပါ။

‘’သာသနာ့ေဘာင္မွာ ၿငိမ္းခ်မ္းမူေတြ ႐ွာလုိက္ပါဦးမယ္’’ ဆုိၿပီးေတာ့ ေမလ ၁၂ ရက္ေန႔ မနက္ ၁၀နာရီ ၅၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ့္ေပ့ခ်္မွာ ေရးသားခဲ့ပါတယ္။ အဲ့ဒီေနာက္ သာသနာ့ေဘာင္ထဲဝင္ေရာက္ခဲ့တဲ့ အမွတ္တရ ဓာတ္ပုံကုိလည္း တင္ခဲ့တာ ေတြ႔ရပါတယ္။

မုိးေအာင္ရင္ဟာ ေမလ ၇ ရက္ေန႔မွာေတာ့ လြတ္ျငိမ္းခ်မ္းသာခြင့္ နဲ႔ အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မုိးေအာင္ရင္ကုိ ခ်စ္တဲ့ ပရိသတ္ေတြေရာ၊ အႏုပညာေမာင္ႏွမေတြကပါ ဝမ္းေျမာက္ဝမ္းသာျဖစ္လုိ႔ေနၾကပါတယ္။

မုိးေအာင္ရင္ကုိေတာ့ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကား၊ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ သူဟာ အဆုိေတာ္ ေအာင္ရင္ရဲ႕ သားတစ္ေယာက္ျဖစ္ပါတယ္။ အျပဳံးခ်ဳိခ်ဳိ၊ သေဘာေကာင္းလြန္းသူ၊ ေပးလာတဲ့ ကာရုိက္တာအေပၚ အေကာင္းဆုံး သရုပ္ေဆာင္ႏုိင္သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ဒီေန႔ အထိ ရရွိပုိင္ဆုိင္ထားတဲ့ မင္းသားေခ်ာတစ္ေယာက္ပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit: YatKwat

#Unicode Version#
မိုးအောင်ရင်ကတော့ ဘုန်းကြီးဝတ်တာ မထွက်သေးပဲ နောက်တစ်ပတ်အထိ ဆက်ဝတ်ဦးမယ်လို့ ဖခင်ဖြစ်သူ ဦးအောင်ရင်က ပြောပါတယ်။

အဆိုတော် အောင်ရင်ကတော့ သားဖြစ်သူ မိုးအောင်ရင်က သင်္ကန်း နောက်တစ်ပတ်အထိ ထပ်ဝတ်နေတာကြောင့် စိတ်အေးချမ်းသာစွာနဲ့ ဆန်ဖရန်စစ်ကိုမှာ ရှိတဲ့ သမီးဖြစ်သူကို သွားတွေ့ဦးမယ်လို့ ဆိုပါတယ်။

‘’လောကကြီးမှာဖြစ်ပျက်နေတာတွေကတစ်ခါတလေအိပ်မက်လိုပဲဗျ။ သားသမီးတွေလည်းကြည့်ရင်းနဲ့ အရွယ်ရောက်လာကြတယ်

။ သမီးဆီ family reunion လုပ်မယ် မိသားစုလိုက်သွားဖို့စီစဉ်လည်း အကြောင်းအမျိုးမျိုးနဲ့မရောက်ဖြစ်ဘူး မသွားနိုင်ခဲ့ဘူး။ အခုတော့ ညီမ နုနုခိုင်ကျေးဇူးနဲ့ USA ကိုသီချင်းဆိုဖို့ Dublin မှာ Connecting flight စောင့်နေတယ် သမီးနဲ့တွေ့ရတော့မယ်။

သားမပါပေမဲ့လည်း သားကရန်ကုန်မှာ သင်္ကန်းစည်းတာ တစ်ပတ်ဝတ်မယ်ဆိုပြီး ခုတော့ နောက်တစ်ပတ်ထပ်ဝတ်နေလို့ စိတ်ချမ်းသာစွာနဲ့ ဆန်ဖရန်စစ်ကို မြို့ကိုရောက်သွားပါတော့မယ် ခင်ဗျ’’ ဆိုပြီးတော့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

မိုးအောင်ရင်ကတော့ ထောင်ကလွတ်လာပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မေလ ၁၂ ရက်နေ့က သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာပါ။

‘’သာသနာ့ဘောင်မှာ ငြိမ်းချမ်းမူတွေ ရှာလိုက်ပါဦးမယ်’’ ဆိုပြီးတော့ မေလ ၁၂ ရက်နေ့ မနက် ၁၀နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ့်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ဒါကြောင့်လည်း မိုးအောင်ရင်ကို ချစ်တဲ့ ပရိသတ်တွေရော၊ အနုပညာမောင်နှမတွေကပါ ဝမ်းမြောက်ဝမ်းသာဖြစ်လို့နေကြပါတယ်။

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။

ဖိုးသူတော်(www.phothutaw.com)
Credit: YatKwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top