ကြ်န္ေတာ့္နားမွာေပါ့…
ဆရာဝန္ေတြ ပ်ာယာခတ္ေနၾကပါတယ္။

ကြ်န္ေတာ့္ခႏၶာကိုယ္ကိုလည္း
စက္ကိရိယာ အမ်ဳိးမ်ဳိးနဲ႔ ဖိၾက ႏွိပ္ၾကေပမဲ႔
လုံးဝ နာက်ဥ္ျခင္း မရွိပါဘူး။

ပကတိ လြတ္လပ္ေပါ့ပါးျခင္း အရသာလို
ေအးခ်မ္းလိုက္တာ။

ကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့
ကြ်န္ေတာ့္ရုပ္ခႏၶာကို တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး
အခန္းအျပင္ဘက္ကို ထြက္လိုက္ေတာ့…

ဟင္…

ခုံတန္းေလးေပၚမွာထိုင္ေနတဲ့ ကြ်န္ေတာ့္ဇနီးနဲ႔
ကြ်န္ေတာ့္သားေလး…
စိုးရိမ္ပူပန္မႈေတြ ေသာကေတြ အျပည့္နဲ႔ပါလား…

မ်က္ရည္ေတြစီးက်ေနတဲ့ ဇနီးသည္နဲ႔ သားေလးဆီကို
သြားမလို႔ ေျခလွမ္းလိုက္ခ်ိန္မွာ
အလြန္ႀကီးမားတဲ့ အင္အားတစ္ခုက ဆြဲယူလိုက္သလို

ကြ်န္ေတာ့္ခႏၶာကိုယ္ဟာ…
ျပတင္းေပါက္ကေန တဆင့္ လမ္းမႀကီး တစ္ခုေပၚကို
ေရာက္သြားပါတယ္။

ေျဖာင့္တန္းေနတဲ့ လမ္းမႀကီးေပၚမွာ
ကြ်န္ေတာ့္ေရွ႕က သြားေနၾကတဲ့ လူတစ္အုပ္။

ကေလး လူႀကီး အရြယ္စုံ လူမ်ဳိးစုံ
သူတို႔အားလုံးဟာ
တစ္ေနရာကို ေရွ႕ရႈၿပီး ခပ္သုတ္သုတ္သြားေနၾကတဲ့
အတြက္
ေနာက္ကေန အမီလိုက္ၿပီး
သူတို႔နဲ႔အတူ ကြ်န္ေတာ္ပါ လိုက္သြားခဲ့ပါတယ္။

တေအာင့္ေလာက္အၾကာမွာ…

ေျပးၾကေဟ့…ေျပးၾက ဆိုတဲ့
ေၾကာက္လန္႔တၾကား ေအာ္ဟစ္လိုက္တဲ့ အသံနဲ႔ အတူ
ဝရုန္းသုန္းကား ေျပးၾက လႊားၾကတာနဲ႔
ကြ်န္ေတာ္ပါ ေရာၿပီး ေျပးမိပါတယ္။

ဘာျဖစ္လို႔ပါလိမ့္လို႔
ေနာက္ကို ရုတ္တရက္ လွည့္ၾကည့္လိုက္တဲ့အခါ…

ဘုရားေရွ႕က ျခေသၤ့ႀကီးေတြနီးပါးရွိတဲ့ ေခြးနက္ႀကီးေတြ
ဟာ
ေနာက္ကလိုက္လာရင္း
မီွရာလူကို အစြယ္ေဖြးေဖြးႀကီးေတြနဲ႔ ကိုက္ခဲဝါးၿမိဳေနၾကၿပီး

ကိုက္ခဲခံရတဲ့သူေတြဟာ…
ေသြးသံရဲရဲ အပိုင္းပိုင္းအျပတ္ျပတ္ျဖစ္သြားတဲ့
ျမင္ကြင္းကို
ေသြးပ်က္ဖြယ္ရာ ျမင္ေတြ႔လိုက္ရပါတယ္။

ေအာင္မေလး…ဘုရား…ဘုရား…

ကြ်န္ေတာ္လည္း ေရွ႕ကေျပးေနတဲ့လူေတြလို
အသက္လုေျပးရင္း
လဲက်က်န္ခဲ့သူေတြရဲ႕
ငယ္သံပါေအာင္ ေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္
လွည့္မၾကည့္အားပဲ ဆက္ေျပးေနရာက

ေရွ႕ကလူေတြဟာ…
ေခြးႀကီးေတြလက္က လြတ္ေအာင္
အေငြ႔တေထာင္းေထာင္းထၿပီး
ဆူပြက္ေနတဲ့ ေရကန္ႀကီးတစ္ကန္ထဲကို တဝုန္းဝုန္းနဲ႔
ခုန္ခ်ေနၾကပါတယ္။

ကြ်န္ေတာ္လည္း သူတို႔နဲ႔အတူ ေရကန္ႀကီးထဲကို
ဝုန္းကနဲ ခုန္ခ်လိုက္တဲ့အခါ…
ေရနဲ႔မထိခင္
ကြ်န္ေတာ့္ကိုယ္ကို ပိန္းေကာမေလာက္ႀကီးတဲ့
ဖိနပ္ႀကီးတစ္ဖက္
ရုတ္တရက္ေပၚလာၿပီး ထိုးခံလိုက္တာေၾကာင့္
ဖိနပ္ႀကီးေပၚကို အလ်ားေမွာက္ က်သြားပါတယ္။

ေရထဲခုန္ခ်သြားသူေတြဟာ…
ကယ္ပါ ယူပါ တစာစာေအာ္ဟစ္ရင္း
ကမ္းေပၚကို အလုအယက္ ျပန္တက္ေျပးတဲ့အခါမွာ

ဘယ္ကေရာက္လာမွန္းမသိတဲ့
ဧရာမလူႀကီးေတြဟာ…
လွံစြပ္ေတြနဲ႔ တစြပ္စြပ္ ျပန္ထိုးခ်ေနတဲ့အတြက္
တစ္ခ်ဳိ႕လည္း ေနာက္ျပန္ျပဳတ္က်ရင္း
ေရထဲကို
စုန္းစုန္းျမဳပ္ကုန္ၾကပါတယ္။

ေၾကာက္လန္႔တၾကားကူးေနတဲ့ လူေတြဟာလည္း
အသားေတြ အလႊားလိုက္ ကြာက်
မ်က္လုံးေတြ တေဖာင္းေဖာင္း ေပါက္ထြက္ကုန္ရင္း
နစ္ျမဳပ္ကုန္ၾကပါတယ္။

ကြ်န္ေတာ္ဟာ ေၾကာက္လြန္းလို႔
အသားေတြ တဆတ္ဆတ္တုန္ေနသလို
ပြက္ပြက္ဆူေနတဲ့ ေရထဲ ျပဳတ္မက်ေအာင္
ဖိနပ္သဲႀကိဳးႀကီးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားတဲ့
အခ်ိန္မွာ
ဖိနပ္ႀကီးဟာ ေရထဲကို တအိအိနဲ႔ နစ္လာပါတယ္။

ကြ်န္ေတာ္ ေသရေတာ့မွာလားဆိုတဲ့ အသိတစ္ခ်က္
ဝင္လာတဲ့အခ်ိန္မွာ
ဘုရားကို ရုတ္တရက္ သတိရလာၿပီး

ဘုရား…ဘုရား…ကယ္ေတာ္မူပါ။
တပည့္ေတာ္…
လူမွန္းသိစကတည္းက အရက္ေသစာ
လုံးဝ မေသာက္ခဲ့ပါဘုရား။
တပည့္ေတာ္ကို ကယ္ေတာ္မူပါဘုရားလို႔
ေၾကာက္လြန္းလို႔ အသံေတြတုန္ၿပီး
ႏႈတ္ကေန တတြတ္တြတ္ ရြတ္ဆိုေနမိပါေတာ့တယ္။

ဖိနပ္ႀကီး တအိအိနစ္ျမဳပ္ၿပီး
ကြ်န္ေတာ့္ကိုယ္နဲ႔ ေရနဲ႔မထိခင္ေလးမွာ
တစ္စုံတစ္ေယာက္က
ကြ်န္ေတာ့္ကို ရုတ္တရက္ဆြဲယူလိုက္ၿပီး
ျပန္သြားလို႔ ေျပာၿပီး
တြန္းလႊတ္လိုက္တာေၾကာင့္
ကုတင္ေပၚမွာရွိတဲ့ ကြ်န္ေတာ့္ခႏၶာကိုယ္ေပၚကို
ေမွာက္လ်က္သား က်သြားခဲ့ပါေတာ့တယ္။

ကြ်န္ေတာ္သံေခ်ာင္း ကံေကာင္းလို႔ မေသခဲ့ပါ။

ေသရြာျပန္ ကြ်န္ေတာ့္အျဖစ္ကို
တစ္ရြာလုံးသာမက
ကြ်န္ေတာ္ကိုယ္တိုင္လည္း အ့ံၾသေနမိပါတယ္။

ပိန္းေကာမဖိနပ္ႀကီး…
ကြ်န္ေတာ့္ကို ကယ္တင္လိုက္တဲ့ ပိန္းေကာမဖိနပ္ႀကီး။

အင္း…
ဒီဖိနပ္ႀကီး ကြ်န္ေတာ့္ကို ဘာျဖစ္လို႔ ကယ္လိုက္ပါလိမ့္
လို႔
အခါခါ ျပန္စဥ္းစားရင္း
အျဖစ္အပ်က္တစ္ခုကို ကြ်န္ေတာ့္မ်က္လုံးထဲမွာ
ျပန္လည္ျမင္ေယာင္လာပါေတာ့တယ္။

အဲဒီေန႔က…
ရန္ကုန္တစ္ဖက္ကမ္းကေန အျပန္
သေဘၤာဆိပ္မွာ
ကြ်န္ေတာ့္ေရွ႕က သြားေနတဲ့ ရဟန္းအိုႀကီးတစ္ပါး။

သူစီးထားတဲ့ဖိနပ္ ရုတ္တရက္ ျပတ္သြားတာျမင္လို႔
အျမင္မေတာ္တာနဲ႔
သြပ္နန္းႀကိဳးေလးရွာၿပီး ဆက္ေပးလိုက္ပါတယ္။

ေထာ့နဲ႔ေထာ့နဲ႔ သြားေနတာကို စိတ္မေကာင္းျဖစ္မိလို႔
ရပ္ေတာ္မူပါဦးဘုရားလို႔ ေလွ်ာက္ထားၿပီး

ရဟန္းအိုႀကီးအတြက္
ကတၱီပါ ဖိနပ္တစ္ရံ အေျပးအလႊား သြားဝယ္ၿပီး
လွဴဒါန္းလိုက္ပါတယ္။

ကြ်န္ေတာ့္မွာ လမ္းစရိတ္သာ က်န္ေတာ့ေပမယ့္
ကြ်န္ေတာ္လွဴလိုက္တဲ့ဖိနပ္ကို စီးၿပီး
တင့္တယ္စြာ ႂကြလွမ္းသြားတဲ့ ရဟန္းႀကီးကို ၾကည့္ၿပီး
ကြ်န္ေတာ္ ပီတိျဖစ္လိုက္တာေလ…

အခုေတာ့…ကြ်န္ေတာ္ဟာ
ကြ်န္ေတာ္ႀကံဳေတြ႔ခဲ႔ရတဲ့ အျဖစ္ကို သိပ္ေၾကာက္လြန္းလို႔
ခုဆို ငါးပါးသီလကို လုံၿခံဳေအာင္ ထိန္းႏိုင္ခဲ့ပါၿပီ။

ကြ်န္ေတာ့္သားေလး အရြယ္ေရာက္လာတဲ့အခ်ိန္မွာ
ရဟန္းေဘာင္ကို
အၿပီးတိုင္ တက္ဖို႔ကိုလည္း ဆံုးျဖတ္ႏိုင္ခဲ့ပါၿပီ။

မထင္မွတ္ပဲ ျပဳခဲ႔ရတဲ့ ကြ်န္ေတာ့္ရဲ႕ ေကာင္းမႈကုသိုလ္ကို
အမ်ွ အမ်ွ အမ်ွ ေပးေဝပါတယ္။

ကြ်န္ေတာ္နဲ႔ ထပ္တူထပ္မ်ွ ကုသိုလ္ ရၾကပါေစ…

သာဓု ေခၚဆိုေပးၾကပါ ခင္းဗ်ား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:​ေမာင္​​ေတဇာ
# Unicode Version # ျဖင့္ ဖတ္ပါ #


ကျွန်တော့်နားမှာပေါ့…
ဆရာဝန်တွေ ပျာယာခတ်နေကြပါတယ်။

ကျွန်တော့်ခန္ဓာကိုယ်ကိုလည်း
စက်ကိရိယာ အမျိုးမျိုးနဲ့ ဖိကြ နှိပ်ကြပေမဲ့
လုံးဝ နာကျဉ်ခြင်း မရှိပါဘူး။

ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလို
အေးချမ်းလိုက်တာ။

ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့
ကျွန်တော့်ရုပ်ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး
အခန်းအပြင်ဘက်ကို ထွက်လိုက်တော့…

ဟင်…

ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့
ကျွန်တော့်သားလေး…
စိုးရိမ်ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား…

မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို
သွားမလို့ ခြေလှမ်းလိုက်ချိန်မှာ
အလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို

ကျွန်တော့်ခန္ဓာကိုယ်ဟာ…
ပြတင်းပေါက်ကနေ တဆင့် လမ်းမကြီး တစ်ခုပေါ်ကို
ရောက်သွားပါတယ်။

ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ
ကျွန်တော့်ရှေ့က သွားနေကြတဲ့ လူတစ်အုပ်။

ကလေး လူကြီး အရွယ်စုံ လူမျိုးစုံ
သူတို့အားလုံးဟာ
တစ်နေရာကို ရှေ့ရှုပြီး ခပ်သုတ်သုတ်သွားနေကြတဲ့
အတွက်
နောက်ကနေ အမီလိုက်ပြီး
သူတို့နဲ့အတူ ကျွန်တော်ပါ လိုက်သွားခဲ့ပါတယ်။

တအောင့်လောက်အကြာမှာ…

ပြေးကြဟေ့…ပြေးကြ ဆိုတဲ့
ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံနဲ့ အတူ
ဝရုန်းသုန်းကား ပြေးကြ လွှားကြတာနဲ့
ကျွန်တော်ပါ ရောပြီး ပြေးမိပါတယ်။

ဘာဖြစ်လို့ပါလိမ့်လို့
နောက်ကို ရုတ်တရက် လှည့်ကြည့်လိုက်တဲ့အခါ…

ဘုရားရှေ့က ခြင်္သေ့ကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေ
ဟာ
နောက်ကလိုက်လာရင်း
မှီရာလူကို အစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပြီး

ကိုက်ခဲခံရတဲ့သူတွေဟာ…
သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့
မြင်ကွင်းကို
သွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။

အောင်မလေး…ဘုရား…ဘုရား…

ကျွန်တော်လည်း ရှေ့ကပြေးနေတဲ့လူတွေလို
အသက်လုပြေးရင်း
လဲကျကျန်ခဲ့သူတွေရဲ့
ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့်
လှည့်မကြည့်အားပဲ ဆက်ပြေးနေရာက

ရှေ့ကလူတွေဟာ…
ခွေးကြီးတွေလက်က လွတ်အောင်
အငွေ့တထောင်းထောင်းထပြီး
ဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းနဲ့
ခုန်ချနေကြပါတယ်။

ကျွန်တော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကို
ဝုန်းကနဲ ခုန်ချလိုက်တဲ့အခါ…
ရေနဲ့မထိခင်
ကျွန်တော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့
ဖိနပ်ကြီးတစ်ဖက်
ရုတ်တရက်ပေါ်လာပြီး ထိုးခံလိုက်တာကြောင့်
ဖိနပ်ကြီးပေါ်ကို အလျားမှောက် ကျသွားပါတယ်။

ရေထဲခုန်ချသွားသူတွေဟာ…
ကယ်ပါ ယူပါ တစာစာအော်ဟစ်ရင်း
ကမ်းပေါ်ကို အလုအယက် ပြန်တက်ပြေးတဲ့အခါမှာ

ဘယ်ကရောက်လာမှန်းမသိတဲ့
ဧရာမလူကြီးတွေဟာ…
လှံစွပ်တွေနဲ့ တစွပ်စွပ် ပြန်ထိုးချနေတဲ့အတွက်
တစ်ချို့လည်း နောက်ပြန်ပြုတ်ကျရင်း
ရေထဲကို
စုန်းစုန်းမြုပ်ကုန်ကြပါတယ်။

ကြောက်လန့်တကြားကူးနေတဲ့ လူတွေဟာလည်း
အသားတွေ အလွှားလိုက် ကွာကျ
မျက်လုံးတွေ တဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်း
နစ်မြုပ်ကုန်ကြပါတယ်။

ကျွန်တော်ဟာ ကြောက်လွန်းလို့
အသားတွေ တဆတ်ဆတ်တုန်နေသလို
ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင်
ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့
အချိန်မှာ
ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့ နစ်လာပါတယ်။

ကျွန်တော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက်
ဝင်လာတဲ့အချိန်မှာ
ဘုရားကို ရုတ်တရက် သတိရလာပြီး

ဘုရား…ဘုရား…ကယ်တော်မူပါ။
တပည့်တော်…
လူမှန်းသိစကတည်းက အရက်သေစာ
လုံးဝ မသောက်ခဲ့ပါဘုရား။
တပည့်တော်ကို ကယ်တော်မူပါဘုရားလို့
ကြောက်လွန်းလို့ အသံတွေတုန်ပြီး
နှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေမိပါတော့တယ်။

ဖိနပ်ကြီး တအိအိနစ်မြုပ်ပြီး
ကျွန်တော့်ကိုယ်နဲ့ ရေနဲ့မထိခင်လေးမှာ
တစ်စုံတစ်ယောက်က
ကျွန်တော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး
ပြန်သွားလို့ ပြောပြီး
တွန်းလွှတ်လိုက်တာကြောင့်
ကုတင်ပေါ်မှာရှိတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို
မှောက်လျက်သား ကျသွားခဲ့ပါတော့တယ်။

ကျွန်တော်သံချောင်း ကံကောင်းလို့ မသေခဲ့ပါ။

သေရွာပြန် ကျွန်တော့်အဖြစ်ကို
တစ်ရွာလုံးသာမက
ကျွန်တော်ကိုယ်တိုင်လည်း အံ့သြနေမိပါတယ်။

ပိန်းကောမဖိနပ်ကြီး…
ကျွန်တော့်ကို ကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး။

အင်း…
ဒီဖိနပ်ကြီး ကျွန်တော့်ကို ဘာဖြစ်လို့ ကယ်လိုက်ပါလိမ့်
လို့
အခါခါ ပြန်စဉ်းစားရင်း
အဖြစ်အပျက်တစ်ခုကို ကျွန်တော့်မျက်လုံးထဲမှာ
ပြန်လည်မြင်ယောင်လာပါတော့တယ်။

အဲဒီနေ့က…
ရန်ကုန်တစ်ဖက်ကမ်းကနေ အပြန်
သင်္ဘောဆိပ်မှာ
ကျွန်တော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး။

သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်လို့
အမြင်မတော်တာနဲ့
သွပ်နန်းကြိုးလေးရှာပြီး ဆက်ပေးလိုက်ပါတယ်။

ထော့နဲ့ထော့နဲ့ သွားနေတာကို စိတ်မကောင်းဖြစ်မိလို့
ရပ်တော်မူပါဦးဘုရားလို့ လျှောက်ထားပြီး

ရဟန်းအိုကြီးအတွက်
ကတ္တီပါ ဖိနပ်တစ်ရံ အပြေးအလွှား သွားဝယ်ပြီး
လှူဒါန်းလိုက်ပါတယ်။

ကျွန်တော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့်
ကျွန်တော်လှူလိုက်တဲ့ဖိနပ်ကို စီးပြီး
တင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကို ကြည့်ပြီး
ကျွန်တော် ပီတိဖြစ်လိုက်တာလေ…

အခုတော့…ကျွန်တော်ဟာ
ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့
ခုဆို ငါးပါးသီလကို လုံခြုံအောင် ထိန်းနိုင်ခဲ့ပါပြီ။

ကျွန်တော့်သားလေး အရွယ်ရောက်လာတဲ့အချိန်မှာ
ရဟန်းဘောင်ကို
အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ။

မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ်ကို
အမျှ အမျှ အမျှ ပေးဝေပါတယ်။

ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေ…

သာဓု ခေါ်ဆိုပေးကြပါ ခင်းဗျား။

ဖိုးသူတော် (www.phothutaw.com)
Credit:မောင်တေဇာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top