စစ္သူႀကီး တစ္ေယာက္ဟာ စစ္တုရင္ ကစားတာအရမ္းေတာ္ပါတယ္​ ။
ဘယ္သူကမွ နိုင္ေအာင္ မကစားနိုင္ပါဘူး ။တစ္ေန႕ မွာ စစ္သူႀကီးဟာ သူ႕ရဲ႕စစ္တပ္နဲ့
သူ႔ကိုအတူစစ္တိုက္ထြက္လာရင္း ႐ြာေလးတစ္႐ြာကို ျဖတ္ေက်ာ္လာၾကေတာ့……အဲ့႐ြာက အိမ္ေသးေသးေလးတစ္လုံးမွာ ……..

“ တစ္နိုင္ငံလုံးရဲ႕ စစ္တုရင္ ကစားရာမွာ နံပါတ္တစ္ ” ဆိုတဲ့ ဆိုင္းဘုတ္ ခ်ိတ္ထားတာ သြားေတြ႕ ၾကတယ္​။

စစ္သူႀကီးဟာ မယုံတဲ့အတြက္ အိမ္ရွင္ကို သြားရွာၿပီး စစ္တုရင္ ၿပိဳင္ကစားၾကတာ အိမ္ရွင္က ၃ႀကိမ္လုံး ရႈံးခဲ့ေတာ့ စစ္သူႀကီးက ရယ္ေမာၿပီးေျပာတယ္……

“ ဟားဟား ေမာင္မင္း ဆိုင္းပုဒ္ႀကီးျဖဳတ္ပစ္လိုက္ေတာ့ ” ဆိုၿပီး စိတ္ေက်နပ္စြာနဲ့ စစ္တိုက္ထြက္ သြားေတာ့တယ္​ ။

မၾကာခင္မွာပဲ စစ္သူႀကီးတို႔ဟာ စစ္ေအာင္နိုင္လို႔တိုင္းျပည္ကိုျပန္လာၾကရာ အဲ့႐ြာကို ျပန္ေရာက္
ေတာ့ ဆိုင္းဘုတ္ကို အရင္ေနရာမွာပဲ ရွိေနေသးတာ ထပ္ေတြ႕တယ္​ ။ဒါနဲ႕ အိမ္ရွင္ကို ထပ္သြားေတြ႕ေတာ့ ေနာက္ထပ္စိန္ေခၚစကား ေျပာၾကရင္း ထပ္ကစားျဖစ္ၾကတယ္​။

ဒီတစ္ခါက်ေတာ့ စစ္သူႀကီးက ၃ ပြဲ လုံး ဆက္တိုက္ရႈံးသြားတယ္ ။စစ္သူႀကီး အရမ္းအံၾသသြားတယ္ ။အဲ့ဒါနဲ႕ အိမ္ရွင္ကိုေမးတာ ဘာေၾကာင့္လည္း ေပါ့ ။

အိမ္ပိုင္ရွင္ကေျပာျပတာက …….

“ အရင္ အေခါက္တုန္းက အသင္ စစ္သူႀကီးမွာ စစ္ထြက္တိုက္ရမယ့္ ​တာဝန္ႀကီး ရွိေနတယ္။
ကြၽန္ေတာ္မ်ိဳးအေနနဲ႕ အသင္ စစ္သူႀကီးကို စိတ္ဓါတ္က်ေအာင္ စိတ္အားကို ခ်ိဳးပစ္လို႔မသင့္ဘူး။
ဒီတစ္ေခါက္အသင္စစ္သူႀကီးက စစ္ေအာင္နိုင္ၿပီး ျပန္လာၿပီဆိုေတာ့ ကြၽန္ေတာ္မ်ိဳးလည္း ပညာ လွ်ိ ဳထားစရာ မလိုေတာ့ဘူးေပါ့ ” တဲ့ ။

တကယ္ေတာ္တဲ့သူ ဆိုတာ အနိုင္ရနိုင္ပါရဲ႕သားနဲ႕ မလိုအပ္ဘဲ အနိုင္မယူ ခြင့္​လႊတ္ႏုိင္စြမ္းရွိေအာင္စိတ္သေဘာထား ၾကီးတဲ့သူပါပဲ။လက္ေတြ႕ ဘဝမွာလည္း အတူတူပါပဲ ။သိေနလည္း မလိုအပ္ဘဲ ေျပာစရာ မလိုပါဘူး ။မေျပာဘူး ဆိုတာက မသိလို႔လည္း မဟုတ္ပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin
# Unicode Version # ျဖင့္ ဖတ္ပါ #

စစ်သူကြီး တစ်ယောက်ဟာ စစ်တုရင် ကစားတာအရမ်းတော်ပါတယ် ။
ဘယ်သူကမှ နိုင်အောင် မကစားနိုင်ပါဘူး ။တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့
သူ့ကိုအတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့……အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ ……..

“ တစ်နိုင်ငံလုံးရဲ့ စစ်တုရင် ကစားရာမှာ နံပါတ်တစ် ” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ ကြတယ်။

စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က ၃ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ်……

“ ဟားဟား မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက် သွားတော့တယ် ။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်
တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ် ။ဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ်စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ်ကြတယ်။

ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ် ။စစ်သူကြီး အရမ်းအံသြသွားတယ် ။အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်း ပေါ့ ။

အိမ်ပိုင်ရှင်ကပြောပြတာက …….

“ အရင် အခေါက်တုန်းက အသင် စစ်သူကြီးမှာ စစ်ထွက်တိုက်ရမယ့် တာဝန်ကြီး ရှိနေတယ်။
ကျွန်တော်မျိုးအနေနဲ့ အသင် စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့မသင့်ဘူး။
ဒီတစ်ခေါက်အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိ ုထားစရာ မလိုတော့ဘူးပေါ့ ” တဲ့ ။

တကယ်တော်တဲ့သူ ဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွှတ်နိုင်စွမ်းရှိအောင်စိတ်သဘောထား ကြီးတဲ့သူပါပဲ။လက်တွေ့ ဘဝမှာလည်း အတူတူပါပဲ ။သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး ။မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top