20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တကယ္ေတာ့ လူၾကမ္းေတြဟာ ရုပ္ရွင္ေတြထဲမွာ အလိုအပ္ဆံုးေနရာေတြထဲကတစ္ခုျဖစ္သလုိ အပင္ပန္းဆံုးသရုပ္ေဆာင္ေတြလည္းျဖစ္ပါတယ္။ဒ့ါအျပင္ပရိသတ္မုန္းတာလည္းခံရပါေသးတယ္။ တစ္ခ်ိန္က video ဇာတ္ကားေတြထဲမွာ လူၾကမ္းသရုပ္ေဆာင္အျဖစ္ပါဝင္ခဲ့တဲ့ ဒီရဲဂ်ာကေတာ့ video ေစ်းကြက္ပ်က္သြားခ်ိန္မွာ ကုိယ္ပိုင္အလုပ္ေလးေတြလုပ္ျပီးအဆင္ေျပေနျပီလို႔ဆိုပါတယ္။ ဒီရဲဂ်ာက လက္ရွိဘဝျဖတ္သန္းမႈကို MC နဲ႔ အင္တာဗ်ဴးမွာ ရင္ဖြင့္ေျပာျပသြားပါတယ္။

ကုိဒီရဲဂ်ာက ကုိယ္ပိုင္စီးပြားေရးေလးေတြလုပ္ေနတဲ့အေၾကာင္း “ကြ်န္ေတာ္က ကုိယ္ပုိင္စီးပြားေရးလုပ္တာေနာက္ေတာင္က်ေနေသးတယ္။ အနုပညာသမားအစစ္ကဆင္းရဲၾကတာပါပဲ။ ကြ်န္ေတာ္ဆိုရင္ အျပင္အလုပ္လုပ္ကုိလုပ္တာ ေနာက္ေတာင္က်ေနေသးတယ္။ ကြမ္းယာဆိုင္ဖြင့္တာတစ္နွစ္ၾကာသြားျပီ။ တစ္နွစ္ေက်ာ္သြားျပီ ဒီဆိုင္ေလးဖြင့္လိုက္တာ ေတာ္ေတာ္စိတ္ကူးမွန္သြားတယ္လို႔ေျပာရမွာေပါ့။ ဝမ္းလည္းဝမ္းသာတယ္”လို႔ ေျပာျပထားပါတယ္။

အနုပညာအလုပ္ေတြကေတာ့ သိပ္မလုပ္ရေတာ့တဲ့အေၾကာင္း ကုိဒီရဲဂ်ာက “အျပင္မွာလည္း အနုပညာအလုပ္ေတြက video ေတြဘာေတြက အက္ရွင္ကားေတြသိပ္ရိုက္တာမွမဟုတ္တာ။ ဟာသကားတို႔ ဒရာမာေတြအဲ့ေလာက္ပဲရိုက္တာ။ အကုိတို႔အက္ရွင္သမားေတြအတြက္က ဘယ္လိုမွမျဖစ္နုိင္ေတာ့ဘူး။ တစ္ပတ္ေနလို႔တစ္ရက္မဟုတ္ဘူး။ တစ္လေနလို႔တစ္ရက္ေတာင္ဘယ္လိုမွေမွ်ာ္မွန္းလို႔မရေတာ့ဘူး။ အဲ့ဒါေၾကာင့္ ဒီအလုပ္ေလးလုပ္ရတာကိုဝါသနာပါတယ္။အလုပ္ကကုိယ့္ကုိဆြဲေဆာင္သြားတာေပါ့။ ဝါသနာပါေအာင္”လို႔ ရင္ဖြင့္ထားပါတယ္။

ကုိယ္ပုိင္အလုပ္ကုိ ၾကိဳးၾကိဳးစားစားလုပ္ျပီး ဆိုင္ကုိခ်ဲ႔ဖို႔ၾကိဳးစားမယ္ဆိုတဲ့အိပ္မက္ေတြအေၾကာင္းလည္း ကုိဒီရဲဂ်ာက “အလုပ္ေတြေကာင္းသြားရင္ ကြ်န္ေတာ္ကဆိုင္ကုိအၾကီးၾကီးလုပ္မယ္။ ေလေတြဘာေတြမတိုက္ေအာင္ေသခ်ာလုပ္မယ္။ဆိုင္ၾကီးအၾကီးၾကီးျဖစ္သြားရင္ အငွားနဲ႔ထားလို႔ရတယ္”လို႔လည္းေျပာျပထားျပီး ကုိယ္ပုိင္အလုပ္အျပင္ အျပင္အလုပ္ေတြလည္းလုပ္ေနေသးတဲ့အေၾကာင္း “သူူငယ္ခ်င္းရဲ႕ၾကက္ျခံမွာလည္း ၾကက္ကုိဘယ္ကုိသြားပို႔ေပါ့။ အားတဲ့အခ်ိန္သြားလုပ္တာ။ တစ္ေန႔ကုိသူက မရွိဘူးဆို တစ္ေသာင္းခြဲနွစ္ေသာင္းလက္ထဲကုိထည့္ထည့္ေပးတယ္။ ကုိယ့္ဟာနဲ႔ကုိုယ္အဆင္ေျပပါတယ္။ အခုဆို တစ္ေန႔ကုိငါးေသာင္းေလာက္ဝင္ေငြရွိတယ္”လို႔ ေျပာျပထားပါတယ္။

အင္တာဗ်ဴးေတြေၾကာင့္ လူသိမ်ားလာျပီးပရိသတ္ေတြဆီကအကူူအညီေတြရလာတဲ့အေၾကာင္းလည္း ကုိဒီရဲဂ်ာက “ေဆးဝါနဲ႔တစ္ေထာင္ဖိုးဆိုျပီးကြမ္းယာလာဝယ္တာ။ ဟုိတုန္းက ငါးရာတန္အရြက္ၾကီးေပါ့။ေခါက္ထားတာ။ ကြ်န္ေတာ္က က်န္တဲ့ လူေတြကုိကြမ္းဆက္ေရာင္းေနတာေပါ့။ သူက ဆိုင္ကယ္ကုိတက္ခြျပီးေတာ့မွ အစ္ကုိတဲ့ ငါးရာတန္ေလးျဖန္႔ၾကည့္လိုက္ပါတဲ့ဆိုေတာ့မွ အထဲမွာတစ္ေသာင္းတန္ေလးတစ္ရြက္။ ကြ်န္ေတာ့္မိန္းမကတဲ့ အစ္ကို႔အင္တာဗ်ဴးကုိမနက္ကလြႊင့္တာၾကည့္ရတယ္တဲ့။ စိတ္မေကာင္းဘူးတဲ့။ ငိုေတာင္ငိုတယ္တဲ့ ကြ်န္ေတာ္က သံုးခြမွာေနတာ အစ္ကုိ႔ကုိၾကံံဳလို႔ဝင္အားေပးတာတဲ့။ အဲ့လိုအျဖစ္အပ်က္ေလးေတြေပါ့။ ကယ္ရီစီးသြားရင္းနဲ႔ နွစ္ေထာင္တန္ေနရာကို ငါးေထာင္ေပးသြားတာေတြရွိတယ္။လူပိုျပီးသိသြားတာေပါ့။ အင္တာဗ်ဴးလိုက္လို႔”ဆိုျပီး ဝမ္းသာအားရေျပာျပထားပါတယ္။

ကုိဒီရဲဂ်ာက အနုပညာအလုပ္ေတြအေျခအေနျပန္ေကာင္းလာရင္အနုပညာလည္းျပန္လုပ္မယ္လို႔ေျပာျပထားပါေသးတယ္။ပရိသတ္ၾကီးေရာ လူၾကမ္းမင္းသား ကုိဒီရဲဂ်ာကုိအားေပးၾကလား။ ဘဝကုိၾကံ့ၾကံ့ခံရင္ဆိုင္ေနတဲ့ ကုိဒီရဲဂ်ာကုိ ရုပ္ရွင္ေတြထဲမွာေရာ ျမင္ခ်င္ၾကလား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေျပာခ်င္လြန္းလို႔

#Unicode Version#
 တကယ်တော့ လူကြမ်းတွေဟာ ရုပ်ရှင်တွေထဲမှာ အလိုအပ်ဆုံးနေရာတွေထဲကတစ်ခုဖြစ်သလို အပင်ပန်းဆုံးသရုပ်ဆောင်တွေလည်းဖြစ်ပါတယ်။ဒ့ါအပြင်ပရိသတ်မုန်းတာလည်းခံရပါသေးတယ်။ တစ်ချိန်က video ဇာတ်ကားတွေထဲမှာ လူကြမ်းသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ ဒီရဲဂျာကတော့ video ဈေးကွက်ပျက်သွားချိန်မှာ ကိုယ်ပိုင်အလုပ်လေးတွေလုပ်ပြီးအဆင်ပြေနေပြီလို့ဆိုပါတယ်။ ဒီရဲဂျာက လက်ရှိဘဝဖြတ်သန်းမှုကို MC နဲ့ အင်တာဗျူးမှာ ရင်ဖွင့်ပြောပြသွားပါတယ်။

ကိုဒီရဲဂျာက ကိုယ်ပိုင်စီးပွားရေးလေးတွေလုပ်နေတဲ့အကြောင်း “ကျွန်တော်က ကိုယ်ပိုင်စီးပွားရေးလုပ်တာနောက်တောင်ကျနေသေးတယ်။ အနုပညာသမားအစစ်ကဆင်းရဲကြတာပါပဲ။ ကျွန်တော်ဆိုရင် အပြင်အလုပ်လုပ်ကိုလုပ်တာ နောက်တောင်ကျနေသေးတယ်။ ကွမ်းယာဆိုင်ဖွင့်တာတစ်နှစ်ကြာသွားပြီ။ တစ်နှစ်ကျော်သွားပြီ ဒီဆိုင်လေးဖွင့်လိုက်တာ တော်တော်စိတ်ကူးမှန်သွားတယ်လို့ပြောရမှာပေါ့။ ဝမ်းလည်းဝမ်းသာတယ်”လို့ ပြောပြထားပါတယ်။

အနုပညာအလုပ်တွေကတော့ သိပ်မလုပ်ရတော့တဲ့အကြောင်း ကိုဒီရဲဂျာက “အပြင်မှာလည်း အနုပညာအလုပ်တွေက video တွေဘာတွေက အက်ရှင်ကားတွေသိပ်ရိုက်တာမှမဟုတ်တာ။ ဟာသကားတို့ ဒရာမာတွေအဲ့လောက်ပဲရိုက်တာ။ အကိုတို့အက်ရှင်သမားတွေအတွက်က ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ တစ်ပတ်နေလို့တစ်ရက်မဟုတ်ဘူး။ တစ်လနေလို့တစ်ရက်တောင်ဘယ်လိုမှမျှော်မှန်းလို့မရတော့ဘူး။ အဲ့ဒါကြောင့် ဒီအလုပ်လေးလုပ်ရတာကိုဝါသနာပါတယ်။အလုပ်ကကိုယ့်ကိုဆွဲဆောင်သွားတာပေါ့။ ဝါသနာပါအောင်”လို့ ရင်ဖွင့်ထားပါတယ်။

ကိုယ်ပိုင်အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ဆိုင်ကိုချဲ့ဖို့ကြိုးစားမယ်ဆိုတဲ့အိပ်မက်တွေအကြောင်းလည်း ကိုဒီရဲဂျာက “အလုပ်တွေကောင်းသွားရင် ကျွန်တော်ကဆိုင်ကိုအကြီးကြီးလုပ်မယ်။ လေတွေဘာတွေမတိုက်အောင်သေချာလုပ်မယ်။ဆိုင်ကြီးအကြီးကြီးဖြစ်သွားရင် အငှားနဲ့ထားလို့ရတယ်”လို့လည်းပြောပြထားပြီး ကိုယ်ပိုင်အလုပ်အပြင် အပြင်အလုပ်တွေလည်းလုပ်နေသေးတဲ့အကြောင်း “သူူငယ်ချင်းရဲ့ကြက်ခြံမှာလည်း ကြက်ကိုဘယ်ကိုသွားပို့ပေါ့။ အားတဲ့အချိန်သွားလုပ်တာ။ တစ်နေ့ကိုသူက မရှိဘူးဆို တစ်သောင်းခွဲနှစ်သောင်းလက်ထဲကိုထည့်ထည့်ပေးတယ်။ ကိုယ့်ဟာနဲ့ကိုယ်အဆင်ပြေပါတယ်။ အခုဆို တစ်နေ့ကိုငါးသောင်းလောက်ဝင်ငွေရှိတယ်”လို့ ပြောပြထားပါတယ်။

အင်တာဗျူးတွေကြောင့် လူသိများလာပြီးပရိသတ်တွေဆီကအကူူအညီတွေရလာတဲ့အကြောင်းလည်း ကိုဒီရဲဂျာက “ဆေးဝါနဲ့တစ်ထောင်ဖိုးဆိုပြီးကွမ်းယာလာဝယ်တာ။ ဟိုတုန်းက ငါးရာတန်အရွက်ကြီးပေါ့။ခေါက်ထားတာ။ ကျွန်တော်က ကျန်တဲ့ လူတွေကိုကွမ်းဆက်ရောင်းနေတာပေါ့။ သူက ဆိုင်ကယ်ကိုတက်ခွပြီးတော့မှ အစ်ကိုတဲ့ ငါးရာတန်လေးဖြန့်ကြည့်လိုက်ပါတဲ့ဆိုတော့မှ အထဲမှာတစ်သောင်းတန်လေးတစ်ရွက်။ ကျွန်တော့်မိန်းမကတဲ့ အစ်ကို့အင်တာဗျူးကိုမနက်ကလွှင့်တာကြည့်ရတယ်တဲ့။ စိတ်မကောင်းဘူးတဲ့။ ငိုတောင်ငိုတယ်တဲ့ ကျွန်တော်က သုံးခွမှာနေတာ အစ်ကို့ကိုကြံုံလို့ဝင်အားပေးတာတဲ့။ အဲ့လိုအဖြစ်အပျက်လေးတွေပေါ့။ ကယ်ရီစီးသွားရင်းနဲ့ နှစ်ထောင်တန်နေရာကို ငါးထောင်ပေးသွားတာတွေရှိတယ်။လူပိုပြီးသိသွားတာပေါ့။ အင်တာဗျူးလိုက်လို့”ဆိုပြီး ဝမ်းသာအားရပြောပြထားပါတယ်။

ကိုဒီရဲဂျာက အနုပညာအလုပ်တွေအခြေအနေပြန်ကောင်းလာရင်အနုပညာလည်းပြန်လုပ်မယ်လို့ပြောပြထားပါသေးတယ်။ပရိသတ်ကြီးရော လူကြမ်းမင်းသား ကိုဒီရဲဂျာကိုအားပေးကြလား။ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ကိုဒီရဲဂျာကို ရုပ်ရှင်တွေထဲမှာရော မြင်ချင်ကြလား။ ပြောခဲ့ကြပါဦး။


ဖိုးသူတော်(www.phothutaw.com)
Credit: ပြောချင်လွန်းလို့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top