၈ ႀကိမ္ေျမာက္ ကမၻာ့လက္ေဝွ႔ခ်န္ပီယံရွစ္ WLC-8 ၿပိဳင္ပြဲကို ေမလ ၅ ရက္က ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွာ က်င္းပခဲ့ၿပီး ႏုိင္ငံတကာတဲြဆုိင္း ၄ ပဲြနဲ႔ ျပည္တြင္းတြဲဆုိင္း ၄ ပဲြ ပါဝင္ထိုးသတ္ခဲ့ရာ ႏုိင္ငံတကာတြဲဆုိင္း ၄ ပဲြမွာ ျမန္မာက ၂ ပဲြႏုိင္ၿပီး ၂ ပဲြ ႐ႈံးနိမ့္ခဲ့ပါတယ္။

အဓိကတဲြဆုိင္းျဖစ္တဲ့ ျမန္မာက မုိက္႐ုိင္းနဲ႔ ကေမၻာဒီးယားက မန္းဆာမက္တုိ႔ရဲ႕ပဲြစဥ္ဟာ အႀကိတ္အနယ္ရွိခဲ့ၿပီး ၅ ခ်ီအၿပီးမွာ အႏုိင္အ႐ႈံးမေပၚလုိ႔ အမွတ္နဲ႔ ဆုံးျဖတ္ရာမွာ မုိက္႐ုိင္းက အႏုိင္ရခဲ့ပါတယ္။

ေသြးသစ္ေအာင္နဲ႔ အုိင္ယာလန္က ေဒးဗစ္မကၠာသီတုိ႔ရဲ႕ ပဲြစဥ္ကလည္း ၅ ခ်ီအထိ အႀကိတ္အနယ္ ထုိးသတ္ခဲ့ၿပီး ေသြးသစ္ေအာင္က အမွတ္နဲ႔ အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ႏုိင္ငံတကာတြဲဆုိင္း ႏွစ္ပဲြမွာေတာ့ ျမန္မာက ေက်ာ္ဇင္လတ္က ဂ်ာမနီနဲ႔ ထုိင္းႏုိင္ငံသား ဘ႐ုလစ္ခ္ကုိ ပထမအခ်ီမွာပဲ အလဲထုိးခံခဲ့ရၿပီး အ႐ႈံးေပးလုိက္ရပါတယ္။

အမ်ဳိးသမီး တဲြဆုိင္းမွာလည္း ျမန္မာက အဲအဲက ဗီယက္နမ္က ဟြဳိင္းဟဟူကုိ အမွတ္နဲ႔ အ႐ႈံးေပးခဲ့ရပါတယ္။

ျမန္မာလက္ေဝွ႔သမားေတြ အေနနဲ႔ အမွတ္နဲ႔ ထုိးသတ္ရာမွာ လုိအပ္ခ်က္ေတြ ရွိေသးတယ္လုိ႔ ကေမၻာဒီးယားက မန္းဆာမက္ကုိ အမွတ္နဲ႔ အႏုိင္ယူခ့ဲတဲ့ မုိက္႐ုိင္းက ေျပာပါတယ္။

တျခား ျပည္တြင္းတြဲဆုိင္းေတြမွာေတာ့ ဘဟိန္းက မင္းထက္ေက်ာ္၊ ဟိန္ထြန္းေအာင္က သန္းေဇာ္၊ ေစာမင္းမင္းက ေအာင္ေအာင္ထူး၊ ေသြးသစ္ေမာင္က ေအာင္ဟိန္းတုိ႔ကုိ အႏုိင္ရခဲ့ပါတယ္။

WLC-8 ကုိ ကရင္ျပည္နယ္ ဘာအံၿမိဳ႕မွာ ပထမဆုံးအႀကိမ္ က်င္းပတာျဖစ္ၿပီး ပရိသတ္ အမ်ားအျပား လာေရာက္ၾကည့္႐ႈ အားေပးခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


၈ ကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC-8 ပြိုင်ပွဲကို မေလ ၅ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတကာတွဲဆိုင်း ၄ ပွဲနဲ့ ပြည်တွင်းတွဲဆိုင်း ၄ ပွဲ ပါဝင်ထိုးသတ်ခဲ့ရာ နိုင်ငံတကာတွဲဆိုင်း ၄ ပွဲမှာ မြန်မာက ၂ ပွဲနိုင်ပြီး ၂ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

အဓိကတွဲဆိုင်းဖြစ်တဲ့ မြန်မာက မိုက်ရိုင်းနဲ့ ကမ္ဘောဒီးယားက မန်းဆာမက်တို့ရဲ့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၅ ချီအပြီးမှာ အနိုင်အရှုံးမပေါ်လို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ မိုက်ရိုင်းက အနိုင်ရခဲ့ပါတယ်။

သွေးသစ်အောင်နဲ့ အိုင်ယာလန်က ဒေးဗစ်မက္ကာသီတို့ရဲ့ ပွဲစဉ်ကလည်း ၅ ချီအထိ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး သွေးသစ်အောင်က အမှတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် နိုင်ငံတကာတွဲဆိုင်း နှစ်ပွဲမှာတော့ မြန်မာက ကျော်ဇင်လတ်က ဂျာမနီနဲ့ ထိုင်းနိုင်ငံသား ဘရုလစ်ခ်ကို ပထမအချီမှာပဲ အလဲထိုးခံခဲ့ရပြီး အရှုံးပေးလိုက်ရပါတယ်။

အမျိုးသမီး တွဲဆိုင်းမှာလည်း မြန်မာက အဲအဲက ဗီယက်နမ်က ဟွိုင်းဟဟူကို အမှတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

မြန်မာလက်ဝှေ့သမားတွေ အနေနဲ့ အမှတ်နဲ့ ထိုးသတ်ရာမှာ လိုအပ်ချက်တွေ ရှိသေးတယ်လို့ ကမ္ဘောဒီးယားက မန်းဆာမက်ကို အမှတ်နဲ့ အနိုင်ယူခဲ့တဲ့ မိုက်ရိုင်းက ပြောပါတယ်။

တခြား ပြည်တွင်းတွဲဆိုင်းတွေမှာတော့ ဘဟိန်းက မင်းထက်ကျော်၊ ဟိန်ထွန်းအောင်က သန်းဇော်၊ စောမင်းမင်းက အောင်အောင်ထူး၊ သွေးသစ်မောင်က အောင်ဟိန်းတို့ကို အနိုင်ရခဲ့ပါတယ်။

WLC-8 ကို ကရင်ပြည်နယ် ဘာအံမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ပရိသတ် အများအပြား လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top