ဖန္ဂရန္ရာဇီ ေရခဲေတာင္ေပၚမွာ ျပဳတ္က်ေသဆံုးခဲ့တဲ့ မစိမ့္ထက္ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဥပေဒေၾကာင္း အရ ဆက္လက္ေဆာင္ရြက္သြားမယ္လုိ႔ မစိမ့္ထက္ရဲ႕ ဖခင္ ဦးေမာင္ေမာင္ေလးက Duwun ကုိေျပာပါတယ္။

လက္ရွိေတာ့ မစိမ့္ထက္ရဲ႕ အေလာင္းကုိ ရွာေဖြေတြ႕႔ရွိခဲ့ၿပီး  ပူတာအုိၿမိဳ႕ကုိ ျပန္လည္ ေခၚေဆာင္လာမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

“ ကၽြန္ေတာ္တုိ႔ အေလာင္းကိုျပန္ေတြ႕ၿပီလုိ အတည္ျပဳခ်က္ရလာေတာ့ သူဟာ အမွန္တကယ္ ေသဆံုးသြားၿပီဆုိတာစတင္လက္ခံလို႔ရၿပီေပါ့။ ရုပ္အေလာင္းကုိ ပူတာအုိမွာပဲ သၿဂိဳလ္ဖုိ႔ အစီအစဥ္ရွိပါတယ္” လုိ႔ မစိမ့္ထက္ရဲ႕ ဖခင္ ဦးေမာင္ေမာင္ေလးက ေျပာပါတယ္။

ေမလ ၁၈ ရက္ကစၿပီး ေဒသခံ (၈) ေယာက္အဖြဲ႔ ဦးေဆာင္ကာ  ေပ်ာက္ဆံုးသြားတဲ့ မစိမ့္ထက္ရဲ႕ ခႏၵာကုိယ္ကုိ ရွာေဖြခဲ့ရာ  ေမလ ၂၄ ရက္မွာ ျပန္လည္ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႔ေတြကေတာ့ အေလာင္းကို ျပန္လည္သယ္ေဆာင္လာခဲ့ၿပီး ေလာေလာဆယ္ေတာ့ အျပန္ခရီးမွာပဲရွိေနေသးတယ္လုိ႔သိရပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလအတြင္းက The Summiter ေတာင္တက္အဖြဲ႔နဲ႔အတူ ကခ်င္ျပည္နယ္ ဖန္ဂရန္ရာဇီ ေရခဲေတာင္ခရီးစဥ္မွာ မစိမ့္ထက္ပါ၀င္ခဲ့တာျဖစ္ပါတယ္။

ေတာင္ထိပ္ေရာက္ၿပီး ေတာင္ေအာက္ကုိ ျပန္ဆင္းရာမေတာ္တဆ ေျခေခ်ာ္ၿပီး ေခ်ာက္ထဲကုိ ျပဳတ္က်သြားခဲ့တယ္လုိ႔ The Summiter ေတာင္တက္အဖြဲ႔က ထုတ္ျပန္ခဲ့ပါတယ္။

 “ အဓိကက ေခါင္းေဆာင္ႏွစ္ဦး ေပ့ါဆလို႔ ကၽြန္ေတာ့္သမီး မဆံုးရႈံးသင့္ဘဲ ဆံုးရႈံးခဲ့ရတယ္။ ေတာင္တက္ၿပီး ဆင္းဆင္းလာျခင္းမွာ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီး အျမန္ဆံုးျပန္ရွာေဖြရာမွာကုိ ပ်က္ကြက္ခဲ့တယ္။ သူတုိ႔မရွာဘဲနဲ႔ ရန္ကုန္ကုိ ျပန္လာခဲ့တယ္။ ကၽြန္ေတာ္တုိ႔ ၃ ရက္အၾကာမွ သိခဲ့ရတယ္။ ဥပေဒေၾကာင္းအရ ဆက္သြားမွာပါ” လုိ႔ ဦးေမာင္ေမာင္ေလးက ဆုိပါတယ္။

မစိမ့္ထက္ရဲ႕ အေလာင္းကုိ ပထမအႀကိမ္ရွာေဖြစဥ္က အေလာင္းကို မေတြ႕ရွိရဘဲ စုတ္ျပဲေနတဲ့ ဂ်ာကင္၊ မ်က္မွန္နဲ႔ အသံုးအေဆာင္ပစၥည္းအခ်ိဳ႕ကုိသာ ျပန္လည္ေတြ႕ရွိခဲ့ရတယ္လုိ႔သိရပါတယ္။

မိသားစု၀င္ေတြကေန မစိမ့္ထက္ရဲ႕ အေလာင္းကုိ ေတြ႕ရွိပါက ေငြက်ပ္သိန္း ၅၀ ေပးအပ္မည္လုိ႔ ေၾကညာၿပီး ျပန္လည္ ရွာေဖြမႈ လုပ္ရာမွာ ေတြ႕ရွိခဲ့ရတာလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun

#Unicode Version#
ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်မှာ ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မစိမ့်ထက်ရဲ့ ဖခင် ဦးမောင်မောင်လေးက Duwun ကိုပြောပါတယ်။

လက်ရှိတော့ မစိမ့်ထက်ရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး  ပူတာအိုမြို့ကို ပြန်လည် ခေါ်ဆောင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့ အလောင်းကိုပြန်တွေ့ပြီလို အတည်ပြုချက်ရလာတော့ သူဟာ အမှန်တကယ် သေဆုံးသွားပြီဆိုတာစတင်လက်ခံလို့ရပြီပေါ့။ ရုပ်အလောင်းကို ပူတာအိုမှာပဲ သဂြိုလ်ဖို့ အစီအစဉ်ရှိပါတယ်” လို့ မစိမ့်ထက်ရဲ့ ဖခင် ဦးမောင်မောင်လေးက ပြောပါတယ်။

မေလ ၁၈ ရက်ကစပြီး ဒေသခံ (၈) ယောက်အဖွဲ့ ဦးဆောင်ကာ  ပျောက်ဆုံးသွားတဲ့ မစိမ့်ထက်ရဲ့ ခန္ဒာကိုယ်ကို ရှာဖွေခဲ့ရာ  မေလ ၂၄ ရက်မှာ ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အလောင်းကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး လောလောဆယ်တော့ အပြန်ခရီးမှာပဲရှိနေသေးတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက The Summiter တောင်တက်အဖွဲ့နဲ့အတူ ကချင်ပြည်နယ် ဖန်ဂရန်ရာဇီ ရေခဲတောင်ခရီးစဉ်မှာ မစိမ့်ထက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

တောင်ထိပ်ရောက်ပြီး တောင်အောက်ကို ပြန်ဆင်းရာမတော်တဆ ခြေချော်ပြီး ချောက်ထဲကို ပြုတ်ကျသွားခဲ့တယ်လို့ The Summiter တောင်တက်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

 “ အဓိကက ခေါင်းဆောင်နှစ်ဦး ပေ့ါဆလို့ ကျွန်တော့်သမီး မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတယ်။ တောင်တက်ပြီး ဆင်းဆင်းလာခြင်းမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံးပြန်ရှာဖွေရာမှာကို ပျက်ကွက်ခဲ့တယ်။ သူတို့မရှာဘဲနဲ့ ရန်ကုန်ကို ပြန်လာခဲ့တယ်။ ကျွန်တော်တို့ ၃ ရက်အကြာမှ သိခဲ့ရတယ်။ ဥပဒေကြောင်းအရ ဆက်သွားမှာပါ” လို့ ဦးမောင်မောင်လေးက ဆိုပါတယ်။

မစိမ့်ထက်ရဲ့ အလောင်းကို ပထမအကြိမ်ရှာဖွေစဉ်က အလောင်းကို မတွေ့ရှိရဘဲ စုတ်ပြဲနေတဲ့ ဂျာကင်၊ မျက်မှန်နဲ့ အသုံးအဆောင်ပစ္စည်းအချို့ကိုသာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။

မိသားစုဝင်တွေကနေ မစိမ့်ထက်ရဲ့ အလောင်းကို တွေ့ရှိပါက ငွေကျပ်သိန်း ၅၀ ပေးအပ်မည်လို့ ကြေညာပြီး ပြန်လည် ရှာဖွေမှု လုပ်ရာမှာ တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top