ခြေထောက်လေးတွေကိုဖြူဖွေးပြီး နူးညံ့ချောမွေ့သွားဖို့ ဒီနည်းလမ်းလေးတွေ သုံးကြည့်ပါ
(၁) နွားနို့
နွားနို့ (၄) ခွက်
ပြုလုပ်ပုံ
(၂) သကြား
သကြား (၂)ဇွန်း
အုန်းဆီ (၁)ဇွန်း
ပျားရည် (၁)ဇွန်း
(၃) သွားတိုက်ဆေး
Credit:mmcelesmedia
# Unicode Version # ဖြင့် ဖတ်ပါ #
ပျိုမေတို့ရေ ခြေထောက်လေးက ဖြူဖွေးသန့်နေရင် ဘယ်လိုဖိနပ်ပဲစီးစီး အရမ်းလှပြီး လိုက်ဖက်နေမှာပါ။ ဒါပေမယ့် ခြေထောက်က နေလောင်လို့ပဲဖြြစ်ဖစ်၊ သေသေချာချာ ထိန်းသိမ်းမှု မလုပ်ဖြစ်လို့ပဲဖြစ်ဖြစ် မဲညစ်နေတတ်ပြီး တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုပြီး မဲနေတတ်ပါတယ်။ ဒီလိုဖြစ်နေလို့ စိတ်မညစ်ပါနဲ့နော်။ ပျိုမေတို့အတွက် ခြေထောက်လေးကို အမြန်ဆုံးဖြူဖွေးပြီး နူးညံ့ချောမွေ့သွားစေမယ့် အရိုးရှင်းဆုံး နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နွားနု့ိ
လိုအပ်သောပစ္စည်းများ
နွားနို့ (၄) ခွက်
မုန့်ဖုတ်ဆိုဒါ လက်(၂)ဆုပ်
ကိုယ်ကြိုက်နှစ်သက်တဲ့ ရနံ့ဆီ (မထည့်လည်းရပါတယ်နော်)
ပြုလုပ်ပုံ
နွားနို့ကို ခပ်နွေးနွေးဖြစ်သွားအောင် အပူပေးလိုက်ပါ။ ပြီးရင်တော့ ဇလုံထဲမှာ ထည့်လိုက်ပြီး ဆယ်မိနစ်ခန့်စောင့်လိုက်ပါ။ ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါကို ထည့်ပြီးရောမွှေကာ ခြေထောက်ကို စိမ်လိုက်ပါ။ (၁၅) မိနစ်အကြာမှာ ပြန်လည်ဆေးကြောပေးလိုက်ရုံပါပဲ။
(၂) သကြား
လိုအပ်သောပစ္စည်းများ
သကြား (၂)ဇွန်း
အုန်းဆီ (၁)ဇွန်း
ပျားရည် (၁)ဇွန်း
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ခြေထောက်တစ်ခုလုံကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ရေဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။ မကြာခဏပြုလုပ်ပေးနိုင်ပါတယ်။
(၃) သွားတိုက်ဆေး
သွားတိုက်ဆေးဟာ ခြေထောက်လေးတွေကို တစ်ကြိမ်တည်းနဲ့ သိသိသာသာ ဖြူဖွေးဝင်းမွတ် သွားစေနိုင်ပါတယ်။
ဒီနည်းလမ်းလေးဟာ အေးမြပြီး ပူရှိန်းတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးအရမ်း ကွဲအက်နေတဲ့သူတွေနဲ့တော့ အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ ပူရှိန်းဟာ အသားကိုလောင်စေတတ်လို့ပါ။
အသုံးပြုနည်းကတော့ သင့်ရဲ့ခြေထောက်တစ်ခုလုံးမှာ သွားတိုက်ဆေးကို လိမ်းပြီးတော့ တစ်နာရီလောက် အကြာမှာ ဆေးပေးရုံပါပဲ။ဒီနည်းလမ်းလေးကို ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် ဖြူဖွေးဝင်းသန့်တဲ့ ခြေထောက်လေးကို ရရှိစေမှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia