သင္ဟာ အမ်ားသံုးအိမ္သာမ်ားကို ေၾကာက္လန္႔တတ္သူတစ္ဦးလား? ဒါဆိုရင္ သင့္တစ္ေယာက္တည္း မဟုတ္ပါဘူး။ အမ်ားသံုးအိမ္သာမ်ားမွာ ေရာဂါဆိုးေတြကို သယ္ေဆာင္ေပးမယ့္ ပိုးမႊားေတြ အမ်ားႀကီးရွိတာမို႔ က်န္းမာေရးကို ဂ႐ုစိုက္သူေတြတုိင္း စိုးရိမ္ၾကပါတယ္။

          အိမ္သာ ၾကမ္းျပင္၊ တံခါးကေနစၿပီး အိမ္သာ ေႂကြခြက္နွင့္ အိမ္သာတြင္း သင္ ထိေတြ႕သမွ် ေနရာတိုင္းမွာ ပိုးမႊားေတြ ရွိေနပါတယ္။ ေနာက္ၿပီး အိမ္သာ ေရဆြဲခ်ခ်ိန္တြင္ ပိုးမႊားေတြဟာ ၆ ေပေလာက္ ျမင့္တက္လာၿပီး အိမ္သာတြင္း ေလထုမွာ ၂ နာရီခန္႔ ေနထိုင္ႏိုင္ၾကပါေသးတယ္။

          အမ်ားသံုးအိမ္သာမ်ားကေန ရရွိႏိုင္ေသာ ေရာဂါမ်ားကို ေအာက္ပါအတိုင္း ေလ့လာႏိုင္ပါတယ္။

(၁)    အူလမ္းေၾကာင္း ပိုး၀င္ျခင္း

          ဘတ္တီးရီးယားပုိးေၾကာင့္ျဖစ္ေသာ ၀မ္းေလွ်ာ၀မ္းပ်က္ေရာဂါမ်ား အျဖစ္မ်ားပါတယ္။ ပိုးမႊားေတြဟာ ၀မ္းေလွ်ာေနသူတစ္ဦးရဲ႕ မစင္ကေနတစ္ဆင့္ ေလထဲတြင္ ပ်ံ႕ၿပီး တျခားသူထံ ၀င္ေရာက္ကူးစက္ႏိုင္ပါတယ္။

(၂)    အေရျပား ပိုး၀င္ျခင္း

          လည္ေခ်ာင္းနာျခင္း၊ အဆုတ္ေယာင္ျခင္း၊ အေရျပားအနာမ်ား ျဖစ္ေပၚျခင္းအျပင္ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစေသာ ပိုးမႊားမ်ားပါ ၀င္ေရာက္ႏိုင္ပါတယ္။ ထိုေရာဂါပိုးေတြဟာ အိမ္သာတြင္းရွိ ေနရာမ်ားမွာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ေနထိုင္ေပါက္ပြားႏိုင္တာမို႔ ေရာဂါကူးစက္ဖို႔ အလားအလာ မ်ားျပားပါတယ္။

(၃)    ဗိုင္းရပ္စ္ပိုး၀င္ျခင္း

          အိမ္သာတက္ျခင္းျဖင့္ တုပ္ေကြးေရာဂါ ကူးစက္ႏိုင္တယ္ဆိုတာ သိပါသလား။ အခ်ိဳ႕ေသာ တုပ္ေကြးဗိုင္းရပ္စ္မ်ားဟာ ေလထုထဲတြင္ ခဏေလးသာ အသက္ရွင္ႏိုင္ေသာ္လည္း Influenza vius, Norovirus စေသာ တုပ္ေကြးဗိုင္းရပ္စ္ေတြအေနနဲ႔ အိမ္သာထဲတြင္ ရက္အေတာ္ၾကာ အသက္ရွင္ေနႏိုင္တာမို႔ ကူးစက္ေစႏိုင္တာ ျဖစ္ပါတယ္။

(၄)    လိင္ကတစ္ဆင့္ ကူးစက္ေသာေရာဂါမ်ား

          အိမ္သာေႂကြခြက္ေပၚ ထိုင္ျခင္းျဖင့္ လိင္ကတစ္ဆင့္ ကူးစက္ေသာေရာဂါေတြ ျဖစ္ႏိုင္ေခ်ရွိသလားလို႔ ေမးခြန္းထုတ္ႏိုင္ပါတယ္။ သာမန္အားျဖင့္ ျဖစ္ႏိုင္ေခ်နည္းတယ္လို႔ ဆိုႏိုင္ေပမယ့္လညး္ သင့္အေရျပားတစ္ေနရာတြင္ အေပါက္အျပဲ ရွိေနပါက  ထိုေရာဂါမ်ား ကူးစက္ဖို႔ လြယ္ကူေၾကာင္း သတိခ်ပ္သင့္ပါတယ္။

          အိမ္သာကတစ္ဆင့္ ကူးစက္ေစေသာ ေရာဂါမ်ားအေၾကာင္းကို သိရွိၿပီး အမ်ားသံုးအိမ္သာေတြကို အသံုးျပဳဖို႔ ေၾကာက္လန္႔ေနၿပီ မဟုတ္လား။ သင့္အေနနဲ့ အိမ္သာကထြက္တိုင္း လက္ေဆးသည့္ အေလ့အထကို ေမြးျမဴၿပီး ကိုယ္ခံအားေကာင္းမြန္ေနမည္ဆိုပါက ကူးစက္ႏိုင္ေခ် အလြန္နည္းပါးပါတယ္။

          အဆိုပါေရာဂါပိုးေတြဟာ အိမ္သာထဲမွာပဲ ေနထိုင္ေပါက္ပြားတာ မဟုတ္ဘူးေနာ္။ သင့္မိုဘိုင္းဖုန္းေတြ၊ ဘတ္စ္ကားေပၚက လက္တန္းေတြ၊ သင့္မီးဖိုေခ်ာင္သံုးပစည္းမ်ားနွင့္ အမ်ားသံုးေနရာမ်ားမွာလည္း ေနထိုင္ၾကတာမို႔ ထိုအရာမ်ားကို ထိေတြ႕ၿပီးတိုင္း လက္ကို စင္ၾကယ္ေအာင္ ေဆးေၾကာပါ။ ထိတ္လန္႔ဖြယ္ေျပာရရင္ သင့္အလုပ္စားပြဲဟာ အိမ္သာထက္ အဆ ၂၀၀ ကေန ၄၀၀ ေလာက္ ေရာဂါပိုးေတြ ေနထိုင္ပါတယ္။ ဒါေၾကာင့္ အခ်ိန္တိုင္း လက္ေဆးဖို႔ မလြယ္ကူရင္ေတာင္ လက္ေဆးဂ်ဲလ္ (Hand sanitizer) မ်ားကို ေဆာင္ထားႏိုင္ပါတယ္။

>>    ေရာဂါပိုးမ်ား မကူးစက္ေစဘဲ အမ်ားသံုးအိိမ္သာမ်ားကို ဘယ္လိုအသံုးျပဳမလဲ?

●        အိမ္သာတံခါးကို လက္ျဖင့္ တိုက္႐ိုက္မထိဘဲ တစ္ရွဴးသံုးၿပီး အဖြင့္အပိတ္လုပ္ပါ။

●        အိမ္သာေႂကြခြက္ေပၚတြင္ ခင္းေသာ စကၠဴမ်ားကို ေဆးဆိုင္မ်ားတြင္ ၀ယ္ယူပါ။ အိမ္သာမတက္ခင္ ထိုစကၠဴ ခင္းေပးႏိုင္ပါတယ္။

●        အိမ္သာ ေရဆြဲခ်ေသာ ဘုလံုးကို တစ္ရွဴးျဖင့္ကိုင္ၿပီး ဆြဲခ်သင့္ပါတယ္။

●        အိမ္သာ ေရမဆြဲခ်မီ ေႂကြခြက္ကို အဖံုးဖံုးၿပီးမွ ဆြဲခ်ပါ။

●        အိမ္သာတက္ၿပီးတိုင္း လက္ကို စင္ၾကယ္စြာေဆးေၾကာပါ။

●        ထို႔ေနာက္ တစ္ရွဴးျဖင့္ ေျခာက္ေအာင္ သုတ္ပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

#Unicode Version#
          သင်ဟာ အများသုံးအိမ်သာများကို ကြောက်လန့်တတ်သူတစ်ဦးလား? ဒါဆိုရင် သင့်တစ်ယောက်တည်း မဟုတ်ပါဘူး။ အများသုံးအိမ်သာများမှာ ရောဂါဆိုးတွေကို သယ်ဆောင်ပေးမယ့် ပိုးမွှားတွေ အများကြီးရှိတာမို့ ကျန်းမာရေးကို ဂရုစိုက်သူတွေတိုင်း စိုးရိမ်ကြပါတယ်။

          အိမ်သာ ကြမ်းပြင်၊ တံခါးကနေစပြီး အိမ်သာ ကြွေခွက်နှင့် အိမ်သာတွင်း သင် ထိတွေ့သမျှ နေရာတိုင်းမှာ ပိုးမွှားတွေ ရှိနေပါတယ်။ နောက်ပြီး အိမ်သာ ရေဆွဲချချိန်တွင် ပိုးမွှားတွေဟာ ၆ ပေလောက် မြင့်တက်လာပြီး အိမ်သာတွင်း လေထုမှာ ၂ နာရီခန့် နေထိုင်နိုင်ကြပါသေးတယ်။

          အများသုံးအိမ်သာများကနေ ရရှိနိုင်သော ရောဂါများကို အောက်ပါအတိုင်း လေ့လာနိုင်ပါတယ်။

(၁)    အူလမ်းကြောင်း ပိုးဝင်ခြင်း

          ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော ဝမ်းလျှောဝမ်းပျက်ရောဂါများ အဖြစ်များပါတယ်။ ပိုးမွှားတွေဟာ ဝမ်းလျှောနေသူတစ်ဦးရဲ့ မစင်ကနေတစ်ဆင့် လေထဲတွင် ပျံ့ပြီး တခြားသူထံ ဝင်ရောက်ကူးစက်နိုင်ပါတယ်။

(၂)    အရေပြား ပိုးဝင်ခြင်း

          လည်ချောင်းနာခြင်း၊ အဆုတ်ယောင်ခြင်း၊ အရေပြားအနာများ ဖြစ်ပေါ်ခြင်းအပြင် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသော ပိုးမွှားများပါ ဝင်ရောက်နိုင်ပါတယ်။ ထိုရောဂါပိုးတွေဟာ အိမ်သာတွင်းရှိ နေရာများမှာ အချိန်တော်တော်ကြာအောင် နေထိုင်ပေါက်ပွားနိုင်တာမို့ ရောဂါကူးစက်ဖို့ အလားအလာ များပြားပါတယ်။

(၃)    ဗိုင်းရပ်စ်ပိုးဝင်ခြင်း

          အိမ်သာတက်ခြင်းဖြင့် တုပ်ကွေးရောဂါ ကူးစက်နိုင်တယ်ဆိုတာ သိပါသလား။ အချို့သော တုပ်ကွေးဗိုင်းရပ်စ်များဟာ လေထုထဲတွင် ခဏလေးသာ အသက်ရှင်နိုင်သော်လည်း Influenza vius, Norovirus စသော တုပ်ကွေးဗိုင်းရပ်စ်တွေအနေနဲ့ အိမ်သာထဲတွင် ရက်အတော်ကြာ အသက်ရှင်နေနိုင်တာမို့ ကူးစက်စေနိုင်တာ ဖြစ်ပါတယ်။

(၄)    လိင်ကတစ်ဆင့် ကူးစက်သောရောဂါများ

          အိမ်သာကြွေခွက်ပေါ် ထိုင်ခြင်းဖြင့် လိင်ကတစ်ဆင့် ကူးစက်သောရောဂါတွေ ဖြစ်နိုင်ချေရှိသလားလို့ မေးခွန်းထုတ်နိုင်ပါတယ်။ သာမန်အားဖြင့် ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုနိုင်ပေမယ့်လည်း သင့်အရေပြားတစ်နေရာတွင် အပေါက်အပြဲ ရှိနေပါက  ထိုရောဂါများ ကူးစက်ဖို့ လွယ်ကူကြောင်း သတိချပ်သင့်ပါတယ်။

          အိမ်သာကတစ်ဆင့် ကူးစက်စေသော ရောဂါများအကြောင်းကို သိရှိပြီး အများသုံးအိမ်သာတွေကို အသုံးပြုဖို့ ကြောက်လန့်နေပြီ မဟုတ်လား။ သင့်အနေနဲ့ အိမ်သာကထွက်တိုင်း လက်ဆေးသည့် အလေ့အထကို မွေးမြူပြီး ကိုယ်ခံအားကောင်းမွန်နေမည်ဆိုပါက ကူးစက်နိုင်ချေ အလွန်နည်းပါးပါတယ်။

          အဆိုပါရောဂါပိုးတွေဟာ အိမ်သာထဲမှာပဲ နေထိုင်ပေါက်ပွားတာ မဟုတ်ဘူးနော်။ သင့်မိုဘိုင်းဖုန်းတွေ၊ ဘတ်စ်ကားပေါ်က လက်တန်းတွေ၊ သင့်မီးဖိုချောင်သုံးပစည်းများနှင့် အများသုံးနေရာများမှာလည်း နေထိုင်ကြတာမို့ ထိုအရာများကို ထိတွေ့ပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောပါ။ ထိတ်လန့်ဖွယ်ပြောရရင် သင့်အလုပ်စားပွဲဟာ အိမ်သာထက် အဆ ၂၀၀ ကနေ ၄၀၀ လောက် ရောဂါပိုးတွေ နေထိုင်ပါတယ်။ ဒါကြောင့် အချိန်တိုင်း လက်ဆေးဖို့ မလွယ်ကူရင်တောင် လက်ဆေးဂျဲလ် (Hand sanitizer) များကို ဆောင်ထားနိုင်ပါတယ်။

>>    ရောဂါပိုးများ မကူးစက်စေဘဲ အများသုံးအိမ်သာများကို ဘယ်လိုအသုံးပြုမလဲ?

●        အိမ်သာတံခါးကို လက်ဖြင့် တိုက်ရိုက်မထိဘဲ တစ်ရှူးသုံးပြီး အဖွင့်အပိတ်လုပ်ပါ။

●        အိမ်သာကြွေခွက်ပေါ်တွင် ခင်းသော စက္ကူများကို ဆေးဆိုင်များတွင် ဝယ်ယူပါ။ အိမ်သာမတက်ခင် ထိုစက္ကူ ခင်းပေးနိုင်ပါတယ်။

●        အိမ်သာ ရေဆွဲချသော ဘုလုံးကို တစ်ရှူးဖြင့်ကိုင်ပြီး ဆွဲချသင့်ပါတယ်။

●        အိမ်သာ ရေမဆွဲချမီ ကြွေခွက်ကို အဖုံးဖုံးပြီးမှ ဆွဲချပါ။

●        အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်စွာဆေးကြောပါ။

●        ထို့နောက် တစ်ရှူးဖြင့် ခြောက်အောင် သုတ်ပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top