မိန္းကေလးတေယာက္အတြက္ ရာသီလာတယ္ဆိုတာ လစဥ္ပုံမွန္ ျဖစ္စဥ္တခုပါ။ အမ်ိဳးသမီး တဦးဟာ သူ႔ဘဝ တသက္တာ အနည္းဆုံး အႀကိမ္ ၄၅၀ ေလာက္ ရာသီလာျခင္းကို ခံစားရပါတယ္။

ရာသီ မလာခင္နဲ႔ လာေနစဥ္ အခ်ိန္တြင္းမွာ ခံစားရတဲ့ေဝဒနာ အတိမ္အနက္က တေယာက္နဲ႔ တေယာက္ မတူပါဘူး။ ဒီလိုအခ်ိန္မွာ သူမ်ားထက္ ပိုခံစားရတဲ့သူဆိုရင္ ေဝဒနာကို သက္သာေစမယ့္ အစားအစာေတြ ေသခ်ာစားၿပီး အေနအထိုင္ ဆင္ျခင္ဖို႔ လိုပါတယ္။

ရာသီလာစဥ္ မိန္းမသားတို႔မွာရွိသင့္တဲ့ မိန္းမေဟာ္မုန္းပမာဏ အနည္းဆုံးျဖစ္သြားလို႔ ေသခ်ာ အနားယူေပးဖို႔ လိုအပ္ပါတယ္။ ကိုယ္ခံစြမ္းအားနည္းတဲ့အခ်ိန္ျဖစ္လို႔ တတ္ႏိုင္သမွ် အားျပည့္ေစမယ့္ အစားအစာေတြ စားေပးပါ။ ဒါဆိုရင္ ဘယ္လိုအစားအစာေတြက ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈ ေဝဒနာကို သက္သာေစမွာလဲဆိုတာ ေဖာ္ျပေပးခ်င္ပါတယ္။

ပဲအမ်ိဳးမ်ိဳးဟာ အမွ်င္ဓာတ္မ်ားလို႔ ရာသီလာစဥ္ ႂကြက္သားအားနည္းျခင္းေၾကာင့္ျဖစ္တတ္တဲ့ ႂကြက္တက္ျခင္း နဲ႔ အစာမေၾကျခင္းကို သက္သာေစပါတယ္။ ဒါ့ျပင္ အမွ်င္ဓာတ္ေတြက ဝမ္းေလွ်ာျခင္းနဲ႔ ဝမ္းခ်ဳပ္ျခင္းကိုပါ ေပ်ာက္ကင္းသက္သာေစတာပါ။

ေနာက္ထပ္စားသင့္တဲ့ အစားအစာကေတာ့ ပဲသီးအႏြယ္ဝင္ တမ်ိဳးျဖစ္တဲ့ ဘိုစားပဲေတာင့္ (legumes) ပါ။ ဗီတာမင္ဘီ ကြန္းပလက္ဇ္ေတြ အမ်ားဆုံးပါဝင္လို႔ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔ ႂကြက္တက္ျခင္းကို သက္သာေစပါတယ္။ အထူးသျဖင့္ အစိမ္းေရာင္ရွိတဲ့ အသီးအ႐ြက္ေတြမွာ မဂၢနီစီယမ္၊ ကယ္လ္စီယမ္၊ ပိုတက္စီယမ္ဓာတ္ေတြက ရာသီလာစဥ္ နာက်င္ ကိုက္ခဲျခင္းေဝဒနာကို သက္သာေစပါတယ္။

ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္းေဝဒနာေတြကို သက္သာေစတဲ့ ေနာက္ထပ္တမ်ိဳးက အိုမီဂါ-၃ အမ်ားဆုံးပါတဲ့ ေဆာ္လ္မြန္ငါး၊ ႏွမ္းၾကတ္ေစ့ (flax seeds) နဲ႔ တျခားအေစ့အဆန္ေတြစားရင္ သက္သာတယ္လို႔ ၁၉၉၅ ခုႏွစ္ က ထုတ္ေဝခဲ့တဲ့ European Journal of Clinical ေဆးပညာ ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အိုမီဂါ-၃ ပါတဲ့အစားအစာေတြကို ပုံမွန္စားတဲ့ အမ်ိဳးသမီးေတြဟာ တျခားသူေတြထက္ ရာသီလာစဥ္ ခံစားရတဲ့ ေဝဒနာေတြ ေလ်ာ့နည္းသြားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အစားအေသာက္ေတြ ဆင္ျခင္စားတဲ့ၾကားက မသက္သာဘူးဆိုရင္ ေရခပ္ေႏြးေႏြးထည့္ထားတဲ့ ေရေႏြးအိတ္၊ မရွိရင္လည္း ပုလင္းတလုံးထဲကို ေရေႏြးထည့္ၿပီး တဘက္ပတ္ၿပီး ဝမ္းဗိုက္တဝိုက္မွာ ကပ္ထားေပးပါ။ ေရေႏြး အိတ္ကပ္ေနစဥ္ ခႏၶာကိုယ္ကို လဲေလ်ာင္းထားၿပီး ေျခေထာက္ ႏွစ္ေခ်ာင္းကိုေတာ့ နံရံေပၚ ေထာင္မတ္ထားပါ။

ဒါ့အျပင္ ေနာက္ထပ္ ဆင္ျခင္ရမယ့္ အျပဳအမူေတြလည္း ရွိပါတယ္။ ဥပမာ – အဆီမ်ားတဲ့ ရယ္ဒီမိတ္ အစားအစာေတြ အလြန္အကြၽံစားတာ၊ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္တာ၊ ခႏၶာကိုယ္ေပၚက မလိုခ်င္တဲ့ အေမႊးမွ်င္ေတြ ဖယ္ရွားသန႔္စင္တာ၊ အကာအကြယ္မဲ့ လိင္ဆက္ဆံတာ၊ pad တခုကို ၄ နာရီထက္ ပိုအသုံးျပဳတာ၊ ညလုံးေပါက္ အနားမယူဘဲ အလုပ္ေတြ လုပ္ေနတာ၊ ကဖင္းဓာတ္ပါတဲ့ အရည္ေတြ အလြန္အကြၽံေသာက္တာနဲ႔ ေဆးလိပ္ေသာက္ျခင္း စတာေတြက ရာသီလာစဥ္ ခံစားရတဲ့ေဝဒနာေတြကို ဆိုး႐ြားေစလို႔ ဆင္ျခင္သင့္ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:irrawaddy
Ref: Super Jennie
 #Unicode Version#

မိန်းကလေးတယောက်အတွက် ရာသီလာတယ်ဆိုတာ လစဉ်ပုံမှန် ဖြစ်စဉ်တခုပါ။ အမျိုးသမီး တဦးဟာ သူ့ဘဝ တသက်တာ အနည်းဆုံး အကြိမ် ၄၅၀ လောက် ရာသီလာခြင်းကို ခံစားရပါတယ်။

ရာသီ မလာခင်နဲ့ လာနေစဉ် အချိန်တွင်းမှာ ခံစားရတဲ့ဝေဒနာ အတိမ်အနက်က တယောက်နဲ့ တယောက် မတူပါဘူး။ ဒီလိုအချိန်မှာ သူများထက် ပိုခံစားရတဲ့သူဆိုရင် ဝေဒနာကို သက်သာစေမယ့် အစားအစာတွေ သေချာစားပြီး အနေအထိုင် ဆင်ခြင်ဖို့ လိုပါတယ်။

ရာသီလာစဉ် မိန်းမသားတို့မှာရှိသင့်တဲ့ မိန်းမဟော်မုန်းပမာဏ အနည်းဆုံးဖြစ်သွားလို့ သေချာ အနားယူပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းတဲ့အချိန်ဖြစ်လို့ တတ်နိုင်သမျှ အားပြည့်စေမယ့် အစားအစာတွေ စားပေးပါ။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေမှာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ပဲအမျိုးမျိုးဟာ အမျှင်ဓာတ်များလို့ ရာသီလာစဉ် ကြွက်သားအားနည်းခြင်းကြောင့်ဖြစ်တတ်တဲ့ ကြွက်တက်ခြင်း နဲ့ အစာမကြေခြင်းကို သက်သာစေပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်တွေက ဝမ်းလျှောခြင်းနဲ့ ဝမ်းချုပ်ခြင်းကိုပါ ပျောက်ကင်းသက်သာစေတာပါ။

နောက်ထပ်စားသင့်တဲ့ အစားအစာကတော့ ပဲသီးအနွယ်ဝင် တမျိုးဖြစ်တဲ့ ဘိုစားပဲတောင့် (legumes) ပါ။ ဗီတာမင်ဘီ ကွန်းပလက်ဇ်တွေ အများဆုံးပါဝင်လို့ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်ဓာတ်တွေက ရာသီလာစဉ် နာကျင် ကိုက်ခဲခြင်းဝေဒနာကို သက်သာစေပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာတွေကို သက်သာစေတဲ့ နောက်ထပ်တမျိုးက အိုမီဂါ-၃ အများဆုံးပါတဲ့ ဆော်လ်မွန်ငါး၊ နှမ်းကြတ်စေ့ (flax seeds) နဲ့ တခြားအစေ့အဆန်တွေစားရင် သက်သာတယ်လို့ ၁၉၉၅ ခုနှစ် က ထုတ်ဝေခဲ့တဲ့ European Journal of Clinical ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိုမီဂါ-၃ ပါတဲ့အစားအစာတွေကို ပုံမှန်စားတဲ့ အမျိုးသမီးတွေဟာ တခြားသူတွေထက် ရာသီလာစဉ် ခံစားရတဲ့ ဝေဒနာတွေ လျော့နည်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

အစားအသောက်တွေ ဆင်ခြင်စားတဲ့ကြားက မသက်သာဘူးဆိုရင် ရေခပ်နွေးနွေးထည့်ထားတဲ့ ရေနွေးအိတ်၊ မရှိရင်လည်း ပုလင်းတလုံးထဲကို ရေနွေးထည့်ပြီး တဘက်ပတ်ပြီး ဝမ်းဗိုက်တဝိုက်မှာ ကပ်ထားပေးပါ။ ရေနွေး အိတ်ကပ်နေစဉ် ခန္ဓာကိုယ်ကို လဲလျောင်းထားပြီး ခြေထောက် နှစ်ချောင်းကိုတော့ နံရံပေါ် ထောင်မတ်ထားပါ။

ဒါ့အပြင် နောက်ထပ် ဆင်ခြင်ရမယ့် အပြုအမူတွေလည်း ရှိပါတယ်။ ဥပမာ – အဆီများတဲ့ ရယ်ဒီမိတ် အစားအစာတွေ အလွန်အကျွံစားတာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွှေးမျှင်တွေ ဖယ်ရှားသန့်စင်တာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ pad တခုကို ၄ နာရီထက် ပိုအသုံးပြုတာ၊ ညလုံးပေါက် အနားမယူဘဲ အလုပ်တွေ လုပ်နေတာ၊ ကဖင်းဓာတ်ပါတဲ့ အရည်တွေ အလွန်အကျွံသောက်တာနဲ့ ဆေးလိပ်သောက်ခြင်း စတာတွေက ရာသီလာစဉ် ခံစားရတဲ့ဝေဒနာတွေကို ဆိုးရွားစေလို့ ဆင်ခြင်သင့်ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:irrawaddy
Ref: Super Jennie
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top