ကုိယ္ေနထုိင္တဲ့ ရပ္ကြက္ထဲမွာ အရိပ္ရအပင္မ်ားေတြ စုိက္ပ်ိဳးလုိသူေတြအေနနဲ႔ Green Mandalay အဖြဲ႔ကုိဖိတ္ၾကားပါက အပင္ေတြ အခမဲ့ လုိက္လံစုိက္ပ်ိဳးေပးသြားမယ္လုိ႔ သိရပါတယ္။ရာသီဥတုပူျပင္းလာတာေၾကာင့္ အရိပ္ရအပင္ေတြကုိ ထိန္းသိမ္းဖုိ႔ လုိအပ္ေနတာေတြ အပင္သစ္ေတြ စုိက္ပ်ိဳးဖုိ႔ လုိေနတာေတြေၾကာင့္ မႏၱေလးျမိဳ႕က သစ္ပင္စုိက္ပ်ိဳးတာ၀ါသနာပါတဲ့လူငယ္ေတြ စုေပါင္းျပီး သစ္ပင္ေတြ လုိက္လံလုိက္ပ်ိဳးေပးေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ျမိဳ႕နယ္အခ်ိဳ႕၊ ရပ္ကြက္အခ်ိဳ႕မွာ အပင္ေတြစုိက္ပ်ိဳးဖုိ႔ ကြ်င္းတူးတာေတြျပဳလုပ္ထားျပီး စနစ္တက်စုိက္ပ်ိဳးသြားမွာျဖစ္တယ္လုိ႔ အပင္စုိက္၀ါသနာပါသူ ေစတနာ၀န္ထမ္းေတြဆီက သိရပါတယ္။အပင္စုိက္ဖုိ႔ ဖိတ္ေခၚမယ္ဆုိရင္ေတာ့ အပင္စိုက္မယ့္ရပ္ကြက္မွာ Survey အရင္သြားေကာက္တာေတြ၊ အပင္စိုက္ခ်င္တ့ဲဆႏၵရွိ မရွိနဲ႕ အပင္ေတြကို ေရေလာင္းေပးႏိုင္မယ္ဆုိရင္ စုိက္ပ်ိဳးေပးတယ္လုိ႔သိရပါတယ္။

ပ်ဳိးပင္အသက္ ၅ ႏွစ္သားရွိတ့ဲ ပ်ဳိးပင္ေတြကို မႏၱေလးျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေနေပးျပီး မႏၱေလးတုိင္းတခြင္စုိက္ပ်ိဳးဖုိ႔ လုပ္ေဆာင္ေနတာပါ။ စိုက္ပ်ိဳးခဲ့တဲ့ အပင္ေသဆုံးသြားခဲ့မယ္ဆုိရင္ ထပ္စုိက္ေပးမွာျဖစ္ေပမယ့္ ေရေလာင္းဖုိ႔ နဲ႔ အပင္ကို ဂရုစုိက္ဖုိ႔ နည္းလမ္းေတြလည္းသင္ေပးတယ္လုိ႔ဆုိပါတယ္။

“ကြ်န္ေတာ္တုိ႔အတုိင္းအတာနဲ႔က ေနရာတုိင္းလုိက္ျပီးစုိက္လုိ႔မျဖစ္ႏုိင္ဘူးဆုိေတာ့ စုိက္ခ်င္တဲ့ သူေတြရွိရင္လည္း ပ်ိဳးပင္ေတြ ေပးတာေတြ၊ အပင္ေတြ စျပီး ၾကီးလာတဲ့အခ်ိန္မွာ ဂရုစုိက္ဖုိ႔ နည္းလမ္းေတြကုိ ေပးတာလည္း လုပ္ပါတယ္။”လုိ႔ Green Mandalay အဖြဲ႔ရဲ႕ဦးေဆာင္သူျဖစ္တဲ့ ကုိေအာင္သူျဖိဳးကေျပာပါတယ္။စိတ္၀င္စားသူေတြအေနနဲ႔ Green Mandalay အဖြဲ႔ကုိ ေျမၾသဇာလွဴဒါန္းတာေတြနဲ႔ ေစတနာ၀န္ထမ္းအျဖစ္ကူညီလုိရင္ ဆက္သြယ္ ဖုိ႔အတြက္ ဖုန္းနံပါတ္ ၀၉၉၇၆၈၆၄၇၀၁ ကုိဆက္သြယ္အကူအညီေတာင္းႏုိင္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓူဝံ

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ်နေထိုင်တဲ့ ရပ်ကွက်ထဲမှာ အရိပ်ရအပင်များတွေ စိုက်ပျိုးလိုသူတွေအနေနဲ့ Green Mandalay အဖွဲ့ကိုဖိတ်ကြားပါက အပင်တွေ အခမဲ့ လိုက်လံစိုက်ပျိုးပေးသွားမယ်လို့ သိရပါတယ်။ရာသီဥတုပူပြင်းလာတာကြောင့် အရိပ်ရအပင်တွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာတွေ အပင်သစ်တွေ စိုက်ပျိုးဖို့ လိုနေတာတွေကြောင့် မန္တလေးမြို့က သစ်ပင်စိုက်ပျိုးတာဝါသနာပါတဲ့လူငယ်တွေ စုပေါင်းပြီး သစ်ပင်တွေ လိုက်လံလိုက်ပျိုးပေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြို့နယ်အချို့၊ ရပ်ကွက်အချို့မှာ အပင်တွေစိုက်ပျိုးဖို့ ကျွင်းတူးတာတွေပြုလုပ်ထားပြီး စနစ်တကျစိုက်ပျိုးသွားမှာဖြစ်တယ်လို့ အပင်စိုက်ဝါသနာပါသူ စေတနာဝန်ထမ်းတွေဆီက သိရပါတယ်။အပင်စိုက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင်တော့ အပင်စိုက်မယ့်ရပ်ကွက်မှာ Survey အရင်သွားကောက်တာတွေ၊ အပင်စိုက်ချင်တဲ့ဆန္ဒရှိ မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မယ်ဆိုရင် စိုက်ပျိုးပေးတယ်လို့သိရပါတယ်။

ပျိုးပင်အသက် ၅ နှစ်သားရှိတဲ့ ပျိုးပင်တွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေပေးပြီး မန္တလေးတိုင်းတခွင်စိုက်ပျိုးဖို့ လုပ်ဆောင်နေတာပါ။ စိုက်ပျိုးခဲ့တဲ့ အပင်သေဆုံးသွားခဲ့မယ်ဆိုရင် ထပ်စိုက်ပေးမှာဖြစ်ပေမယ့် ရေလောင်းဖို့ နဲ့ အပင်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေလည်းသင်ပေးတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့အတိုင်းအတာနဲ့က နေရာတိုင်းလိုက်ပြီးစိုက်လို့မဖြစ်နိုင်ဘူးဆိုတော့ စိုက်ချင်တဲ့ သူတွေရှိရင်လည်း ပျိုးပင်တွေ ပေးတာတွေ၊ အပင်တွေ စပြီး ကြီးလာတဲ့အချိန်မှာ ဂရုစိုက်ဖို့ နည်းလမ်းတွေကို ပေးတာလည်း လုပ်ပါတယ်။”လို့ Green Mandalay အဖွဲ့ရဲ့ဦးဆောင်သူဖြစ်တဲ့ ကိုအောင်သူဖြိုးကပြောပါတယ်။စိတ်ဝင်စားသူတွေအနေနဲ့ Green Mandalay အဖွဲ့ကို မြေသြဇာလှူဒါန်းတာတွေနဲ့ စေတနာဝန်ထမ်းအဖြစ်ကူညီလိုရင် ဆက်သွယ် ဖို့အတွက် ဖုန်းနံပါတ် ၀၉၉၇၆၈၆၄၇၀၁ ကိုဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဓူဝံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top