ရထားေတြေပၚမွာ အမ်ိဳးသမီးေတြကို လိင္ထိပါးေစာ္ကားသူေတြကို ေျခာက္လွန္ထုတ္တဲ့ တိုက်ိဳရဲဌာန စမတ္ဖုန္း အက္ပေကးရွင္းဟာ ဂ်ပန္ႏိုင္ငံမွာ ေတာ္ေတာ္ေလး အသုံးတြင္က်ယ္လာပါတယ္။

႐ုံးတက္႐ုံးဆင္းခ်ိန္ လူၾကပ္ၾကပ္ ရထားေတြေပၚ အခ်ိန္ၾကာ စီးနင္းရတဲ့ အမ်ိဳးသမီးေတြကို လိင္ထိပါးေစာ္ကားမႈေတြ ရွိေနတဲ့ ဂ်ပန္ႏိုင္ငံမွာ Digi Police အက္ပရီေကးရွင္းကို ေဒါင္းလုပ္ဆြဲ အသုံးသူေပါင္း ၂၃၇၀၀၀ ေက်ာ္အထိ ရွိလာပါတယ္။

ရထားေပၚ လိင္ထိပါးခံေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ အဲဒီ အက္ပရီေကးရွင္းကို အသုံးျပဳရင္ “ဒီလို လုပ္ေနတာ ရပ္လိုက္”ဆိုတဲ့ ကက်ယ္ေလာင္တဲ့ အသံထြက္ေပၚသလို အျခားခရီးသည္ေတြ သိေအာင္ ျပသႏိုင္တဲ့ အကူအညီေတာင္းတဲ့ SOS မက္ေဆ့ခ်္လည္း ဖုန္းမ်က္ႏွာျပင္အျပည့္ ေပၚလာတာ ျဖစ္ပါတယ္။ “ဒီေနရာမွာ လိင္ထိပါးက်ဴးလြန္သူ ရွိေနတယ္။ ေက်းဇူးျပဳၿပီး ကူညီၾကပါ။”ဆိုတဲ့ စာသား ေပၚလာတာ ျဖစ္ပါတယ္။

ျပည္သူ႔ဝန္ေဆာင္မႈ အက္ပရီေကးရွင္းတစ္ခုအေနနဲ႔ မႀကဳံစဖူး ေဒါင္းလုပ္ဆြဲသူ မ်ားျပားလြန္းလာတာ ျဖစ္ေၾကာင္း ရဲအရာရွိ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ေကအီကိုတိုယာမီနီက ေျပာပါတယ္။

“ဒီ အက္ပရီေကးရွင္းကို လစဥ္ ေဒါင္းလုပ္ဆြဲသူေပါင္း တစ္ေသာင္းခန႔္ ရွိပါတယ္။ ခုလို လူသုံးတြင္က်ယ္လာတာအတြက္ ေက်းဇူးတင္ပါတယ္။”လို႔ ၎က ေျပာပါတယ္။

“အမ်ိဳးသမီးေတြက ဒီလို ရထားေတြေပၚမွာ လိင္ထိပါး ခံရရင္ အကူအညီေတာင္းဖို႔ ပါးစပ္က ေျပာမထြက္ႏိုင္ဘဲ ေၾကာက္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီ အက္ပရီေကးရွင္းက SOS message mode ကို သုံးၿပီး အသံတိတ္ က်ဴးလြန္ခံေနရတဲ့အေၾကာင္းကို အျခားခရီးသည္ေတြ သိရွိေအာင္ အသံတိတ္ အခ်က္ေပးႏိုင္တာ ျဖစ္ပါတယ္။”လို႔ ၎က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံမွာ အဲဒီလို ရထားေပၚ လိင္ထိပါးေစာ္ကားသူေတြကို ေထာင္ဒဏ္ ေျခာက္လ ဒါမွမဟုတ္ရင္ ေငြဒဏ္ ယန္း ငါးသိန္း(အေမရိကန္ေဒၚလာ ၅၅၀၀) ဒဏ္႐ိုက္ေလ့ရွိပါတယ္။ အၾကမ္းဖက္တာ၊ ၿခိမ္းေျခာက္တာေတြပါ က်ဴးလြန္ရင္ ေထာင္ဒဏ္ ဆယ္ႏွစ္အထိ ခ်မွတ္ခံရႏိုင္တာ ျဖစ္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

 ရထားတွေပေါ်မှာ အမျိုးသမီးတွေကို လိင်ထိပါးစော်ကားသူတွေကို ခြောက်လှန်ထုတ်တဲ့ တိုကျိုရဲဌာန စမတ်ဖုန်း အက်ပကေးရှင်းဟာ ဂျပန်နိုင်ငံမှာ တော်တော်လေး အသုံးတွင်ကျယ်လာပါတယ်။

ရုံးတက်ရုံးဆင်းချိန် လူကြပ်ကြပ် ရထားတွေပေါ် အချိန်ကြာ စီးနင်းရတဲ့ အမျိုးသမီးတွေကို လိင်ထိပါးစော်ကားမှုတွေ ရှိနေတဲ့ ဂျပန်နိုင်ငံမှာ Digi Police အက်ပရီကေးရှင်းကို ဒေါင်းလုပ်ဆွဲ အသုံးသူပေါင်း ၂၃၇၀၀၀ ကျော်အထိ ရှိလာပါတယ်။

ရထားပေါ် လိင်ထိပါးခံနေတဲ့ အမျိုးသမီးတွေအနေနဲ့ အဲဒီ အက်ပရီကေးရှင်းကို အသုံးပြုရင် “ဒီလို လုပ်နေတာ ရပ်လိုက်”ဆိုတဲ့ ကကျယ်လောင်တဲ့ အသံထွက်ပေါ်သလို အခြားခရီးသည်တွေ သိအောင် ပြသနိုင်တဲ့ အကူအညီတောင်းတဲ့ SOS မက်ဆေ့ချ်လည်း ဖုန်းမျက်နှာပြင်အပြည့် ပေါ်လာတာ ဖြစ်ပါတယ်။ “ဒီနေရာမှာ လိင်ထိပါးကျူးလွန်သူ ရှိနေတယ်။ ကျေးဇူးပြုပြီး ကူညီကြပါ။”ဆိုတဲ့ စာသား ပေါ်လာတာ ဖြစ်ပါတယ်။

ပြည်သူ့ဝန်ဆောင်မှု အက်ပရီကေးရှင်းတစ်ခုအနေနဲ့ မကြုံစဖူး ဒေါင်းလုပ်ဆွဲသူ များပြားလွန်းလာတာ ဖြစ်ကြောင်း ရဲအရာရှိ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကေအီကိုတိုယာမီနီက ပြောပါတယ်။

“ဒီ အက်ပရီကေးရှင်းကို လစဉ် ဒေါင်းလုပ်ဆွဲသူပေါင်း တစ်သောင်းခန့် ရှိပါတယ်။ ခုလို လူသုံးတွင်ကျယ်လာတာအတွက် ကျေးဇူးတင်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

“အမျိုးသမီးတွေက ဒီလို ရထားတွေပေါ်မှာ လိင်ထိပါး ခံရရင် အကူအညီတောင်းဖို့ ပါးစပ်က ပြောမထွက်နိုင်ဘဲ ကြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီ အက်ပရီကေးရှင်းက SOS message mode ကို သုံးပြီး အသံတိတ် ကျူးလွန်ခံနေရတဲ့အကြောင်းကို အခြားခရီးသည်တွေ သိရှိအောင် အသံတိတ် အချက်ပေးနိုင်တာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အဲဒီလို ရထားပေါ် လိင်ထိပါးစော်ကားသူတွေကို ထောင်ဒဏ် ခြောက်လ ဒါမှမဟုတ်ရင် ငွေဒဏ် ယန်း ငါးသိန်း(အမေရိကန်ဒေါ်လာ ၅၅၀၀) ဒဏ်ရိုက်လေ့ရှိပါတယ်။ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာတွေပါ ကျူးလွန်ရင် ထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top