(​ေရလူွရန္​သြားသည့္​​ပရဟိတကားကို စစ္​ကား​ေပၚမွ့ဗိုလ္​ႀကီးအဆင္​့႐ွိသူတစ္​ဦးက ဆင္​းလာၿပီး ဆဲဆိုကာ ကားမွန္​ကိုထု႔ခြဲဖ်က္​ဆီးသြားသည္​့သတင္​း ​ေနာက္​ဆက္​တြဲ )

ယေန႔ (၂၅.၅.၂၀၁၉) ညေန(၄:၄၀)တြင္ ခလရ (၁၆)မွ ဗိုလ္ႀကီး သစ္လြင္ဦး စီးနင္းလာေသာ စစ္သံုးေမာ္ေတာ္ယာဥ္ႏွင့္ဆယ္အိမ္တန္းေက်းရြာသို႔ ေရအလွဴသြားေရာက္ေသာမုဒိတာအသင္းမွကားတို႔ ထန္းပင္ေခ်ာင္ေကြ႕တြင္ ဆံုၾကရာ ဗိုလ္ႀကီးသစ္လြင္ဦးမွ ကိုက္၂၀၀ခန္႔အကြာ တပ္ကားေပၚမွ ေျပးဆင္းလာကာ ဆဲဆိုၿပီး အသင္းကားမွန္အား အနီးမွ ေက်ာက္ခဲျဖင့္ အႀကိမ္ႀကိမ္ထုခြဲခဲ့ပါသည္။

ဓာတ္ပံု႐ိုက္ေနေသာ ဖုန္းတစ္လံုးအားလဲလုယူ၍ ” ႐ိုက္ရင္ ႐ိုက္ခြဲျပစ္မယ္ “ဟု ဆဲဆိုခံခဲ့ရပါသည္။

ထိုျဖစ္စဥ္အား တင္ျပထားခဲ့ၿပီး စစ္တပ္အရာရွိႀကီးမ်ားသိရွိကာ ဖုန္းျဖင့္ဆက္သြယ္ညႇိနိႈင္းခဲ့သလို ဆယ္အိမ္တန္းေက်းရြာသို႔ ဒုတပ္ရင္းမႈး ဗိုလ္မႉးတစ္ဦးႏွင့္ ဗိုလ္ႀကီးတစ္ဦးတို႔ ကိုယ္တိုင္လာေရာက္ညွိနႈိင္းေတာင္းပန္ခဲ့ပါသည္။

ထိုျဖစ္စဥ္သည္ စစ္တပ္ႏွင့္ ျဖစ္ေသာျဖစ္စဥ္ဟု အသင္းမွမယူဆသလို မူးေနေသာ ဗိုလ္ႀကီးတစ္ဦး၏ အျပဳအမူေၾကာင့္လဲ အျခားသူမ်ားကိုမထိခိုက္ေစလိုပါ။

ထို႔ေၾကာင့္ အမႈဖြင့္မည့္ကိစၥကိုလည္းေက်ေအးေပးခဲ့သလို တပ္မွ အရာရွိႀကီးမ်ား၏ ေတာင္းပန္မႈအားလည္း ေလးစားေသာအားျဖင့္ ထိုျပဳလုပ္ခဲ့ေသာ ဗိုလ္ႀကီးသစ္လြင္ဦးကိုယ္တိုင္ အရပ္ဝတ္ျဖင့္ အသင္းရံုးသို႔ လာေရာက္ေတာင္းပန္ရမည္ျဖစ္ေၾကာင္း ညွိနႈိင္းခဲ့ပါသည္။

ထို႔အျပင္ တပ္မွလဲ တပ္စည္းကမ္းျဖင့္ အေရးယူမႈအားလည္း ေက်နပ္စြာလက္ခံကာ ယခုျဖစ္စဥ္ကို ျပန္လည္တင္ျပအပ္ပါသည္။

မုဒိတာ #လူမႈပရဟိတအသင္း #ကြမ္းျခံကုန္းၿမိဳ႕

ေရႊက်င္_ဂ်ားေက်ာင္းလမ္း၊ #ကံႀကီး_မက်ီးရပ္ကြက္

အသင္းအဖြဲ႕မွတ္ပံုတင္အမွတ္-၆/ကြမ္းျခံကုန္း/၀၀၄

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Myint

#Unicode Version# ျဖင့္ဖတ္ပါ ။

(ရေလူှရန်သွားသည့်ပရဟိတကားကို စစ်ကားပေါ်မှ့ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဆင်းလာပြီး ဆဲဆိုကာ ကားမှန်ကိုထု့ခွဲဖျက်ဆီးသွားသည့်သတင်း နောက်ဆက်တွဲ )

ယနေ့ (၂၅.၅.၂၀၁၉) ညနေ(၄:၄၀)တွင် ခလရ (၁၆)မှ ဗိုလ်ကြီး သစ်လွင်ဦး စီးနင်းလာသော စစ်သုံးမော်တော်ယာဉ်နှင့်ဆယ်အိမ်တန်းကျေးရွာသို့ ရေအလှူသွားရောက်သောမုဒိတာအသင်းမှကားတို့ ထန်းပင်ချောင်ကွေ့တွင် ဆုံကြရာ ဗိုလ်ကြီးသစ်လွင်ဦးမှ ကိုက်၂၀၀ခန့်အကွာ တပ်ကားပေါ်မှ ပြေးဆင်းလာကာ ဆဲဆိုပြီး အသင်းကားမှန်အား အနီးမှ ကျောက်ခဲဖြင့် အကြိမ်ကြိမ်ထုခွဲခဲ့ပါသည်။

ဓာတ်ပုံရိုက်နေသော ဖုန်းတစ်လုံးအားလဲလုယူ၍ ” ရိုက်ရင် ရိုက်ခွဲပြစ်မယ် “ဟု ဆဲဆိုခံခဲ့ရပါသည်။

ထိုဖြစ်စဉ်အား တင်ပြထားခဲ့ပြီး စစ်တပ်အရာရှိကြီးများသိရှိကာ ဖုန်းဖြင့်ဆက်သွယ်ညှိနှိုင်းခဲ့သလို ဆယ်အိမ်တန်းကျေးရွာသို့ ဒုတပ်ရင်းမှုး ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့ ကိုယ်တိုင်လာရောက်ညှိနှိုင်းတောင်းပန်ခဲ့ပါသည်။

ထိုဖြစ်စဉ်သည် စစ်တပ်နှင့် ဖြစ်သောဖြစ်စဉ်ဟု အသင်းမှမယူဆသလို မူးနေသော ဗိုလ်ကြီးတစ်ဦး၏ အပြုအမူကြောင့်လဲ အခြားသူများကိုမထိခိုက်စေလိုပါ။

ထို့ကြောင့် အမှုဖွင့်မည့်ကိစ္စကိုလည်းကျေအေးပေးခဲ့သလို တပ်မှ အရာရှိကြီးများ၏ တောင်းပန်မှုအားလည်း လေးစားသောအားဖြင့် ထိုပြုလုပ်ခဲ့သော ဗိုလ်ကြီးသစ်လွင်ဦးကိုယ်တိုင် အရပ်ဝတ်ဖြင့် အသင်းရုံးသို့ လာရောက်တောင်းပန်ရမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့ပါသည်။

ထို့အပြင် တပ်မှလဲ တပ်စည်းကမ်းဖြင့် အရေးယူမှုအားလည်း ကျေနပ်စွာလက်ခံကာ ယခုဖြစ်စဉ်ကို ပြန်လည်တင်ပြအပ်ပါသည်။

မုဒိတာ #လူမှုပရဟိတအသင်း #ကွမ်းခြံကုန်းမြို့

ရွှေကျင်_ဂျားကျောင်းလမ်း၊ #ကံကြီး_မကျီးရပ်ကွက်

အသင်းအဖွဲ့မှတ်ပုံတင်အမှတ်-၆/ကွမ်းခြံကုန်း/၀၀၄

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Myint

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top