



Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #

တိုက်ကြီးမြို့နယ်၊ ပုတ္တကျေးရွာကနေ မှော်ဘီ MGE အထည်ချုပ်စက်ရုံကို ကြို/ပို့ပြု လုပ်နေတဲ့ သုံးဘီးဆိုင်ကယ် ဒီနေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်း သန့်ဇင်အောင် မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်မှာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၆ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာတဲ့ စက်ရုံဝန်ထမ်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး ၅ ဦးကတော့ စိုးရိမ်ရလို့ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။

ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၉ ဦးကိုကတော့ တိုက်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top