မံုရြာျမိဳ႕ အေနာက္ေျမာက္ဘက္ရွိ ေရႊေတာင္ဦးသို႔ ဘုရာဖူးလာသည့္ သားအမိႏွစ္ဦး ဘုရားတြင္ေမြးျမဴထားသည့္ ဝက္ဝံကိုအစာေကြ်းရာမွ ဝက္ဝံအကိုက္ခံရေၾကာင္း သတင္းရရွိသည္။

ယေန႔ ၂၃ရက္ ညေနပိုင္းက အသက္ ၄ႏွစ္အရြယ္ မိန္းကေလးမွာ ဝက္ဝံကို အစာေကြ်းရာ လက္အား အကိုက္ခံလိုက္ရျခင္းျဖစ္သည္။

ကေလးငယ္အကိုက္ခံရသျဖင့္ မိခင္ျဖစ္သူက ဝင္ဆြဲရာ မိခင္ျဖစ္သူကိုပါ အဆိုပါ ဝက္ဝံက ကိုက္လိုက္ျခင္းျဖစ္သည္ဟု သိရသည္။

“အနီးနားက ေစ်းသည္ေတြေရာ၊လူေတြေရာ ဝိုင္းေျခာက္ေပမယ့္ ေတာ္ေတာ္နဲ႔မလႊတ္ဘူး။ျပတ္သြားျပီလို႔ ထင္ၾကတာ။တံျမတ္စည္းနဲ႔ထိုး၊ေရေတြနဲ႔ ပက္မွ လႊတ္တာ။ကေလးလႊတ္ျပီး လူၾကီးလက္ကို လွမ္းကိုက္လိုက္တာ”ဟု ဘုရားဖူးအတူလာသည့္ ကေလးငယ္၏ ဦးေလးျဖစ္သူကေျပာသည္။

ဝက္ဝံအကိုက္ခံရသည့္ ကေလးငယ္မွာ လက္က်ိဳးသြားျပီး မိခင္ျဖစ္သူလည္း ေပါက္ျပဲဒဏ္ရာရရွိခဲ႔သည္ဟု သိရသည္။သားမိ၂ေယာက္မွာ မိသားစုႏွင့္အတူ ျမင္းမူျမိဳ႕နယ္​မွ ဘုရားဖူးလာသူမ်ားျဖစ္ၾကသည္။

ေရႊေတာင္ဦးဘုရားတြင္ ေမြးျမဴထားသည့္ တိရိစာၦန္မ်ားအနက္ဝက္ဝံ ၂ေကာင္ႏွင့္ ေမ်ာက္မ်ားမွာ ဘုရားဖူးမ်ားကို ရန္မူသျဖင့္သစ္ေတာဌာနသို႔အပ္ရန္ လြန္ခဲ့ေသာ ၂လကတည္းကစာတင္ထားျပီးျဖစ္သည္ဟု ေရႊေတာင္ဦးဘုရားေဂါပက အဖြဲ႔ဝင္ဦးစိန္ပိုထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကိုမ်ိဴး

#Unicode Version# ျဖင့္ဖတ္ပါ ။

ရွှေတောင်ဦးတွင် ဝက်ဝံအစာကျွေးသည့် သားမိနှစ်ယောက် ဝက်ဝံအကိုက်ခံရ

မုံရွာမြို့ အနောက်မြောက်ဘက်ရှိ ရွှေတောင်ဦးသို့ ဘုရာဖူးလာသည့် သားအမိနှစ်ဦး ဘုရားတွင်မွေးမြူထားသည့် ဝက်ဝံကိုအစာကျွေးရာမှ ဝက်ဝံအကိုက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ ၂၃ရက် ညနေပိုင်းက အသက် ၄နှစ်အရွယ် မိန်းကလေးမှာ ဝက်ဝံကို အစာကျွေးရာ လက်အား အကိုက်ခံလိုက်ရခြင်းဖြစ်သည်။

ကလေးငယ်အကိုက်ခံရသဖြင့် မိခင်ဖြစ်သူက ဝင်ဆွဲရာ မိခင်ဖြစ်သူကိုပါ အဆိုပါ ဝက်ဝံက ကိုက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“အနီးနားက ဈေးသည်တွေရော၊လူတွေရော ဝိုင်းခြောက်ပေမယ့် တော်တော်နဲ့မလွှတ်ဘူး။ပြတ်သွားပြီလို့ ထင်ကြတာ။တံမြတ်စည်းနဲ့ထိုး၊ရေတွေနဲ့ ပက်မှ လွှတ်တာ။ကလေးလွှတ်ပြီး လူကြီးလက်ကို လှမ်းကိုက်လိုက်တာ”ဟု ဘုရားဖူးအတူလာသည့် ကလေးငယ်၏ ဦးလေးဖြစ်သူကပြောသည်။

ဝက်ဝံအကိုက်ခံရသည့် ကလေးငယ်မှာ လက်ကျိုးသွားပြီး မိခင်ဖြစ်သူလည်း ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။သားမိ၂ယောက်မှာ မိသားစုနှင့်အတူ မြင်းမူမြို့နယ်မှ ဘုရားဖူးလာသူများဖြစ်ကြသည်။

ရွှေတောင်ဦးဘုရားတွင် မွေးမြူထားသည့် တိရိစ္ဆာန်များအနက်ဝက်ဝံ ၂ကောင်နှင့် မျောက်များမှာ ဘုရားဖူးများကို ရန်မူသဖြင့်သစ်တောဌာနသို့အပ်ရန် လွန်ခဲ့သော ၂လကတည်းကစာတင်ထားပြီးဖြစ်သည်ဟု ရွှေတောင်ဦးဘုရားဂေါပက အဖွဲ့ဝင်ဦးစိန်ပိုထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ကိုမျိူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top