နွာေခ်တဲ့အခါမွာ ပါးစပ္နဲ႔ နွာေခါင္းကို ပိတ္တာဟာ ယဥ္ေက်းတဲ့အမႈအရာတစ္ခုပါ။ ဒါေပမဲ့ ျပင္းထန္တဲ့ ေလတြန္းအားေၾကာင့္ လူတစ္ေယာက္ ေသေလာက္တဲ့ ဒဏ္ရာရသြားတဲ့ ေနာက္ပိုုင္းမွာေတာ့ ဆရာ၀န္ေတြဟာ ဒီယဥ္ေက်းတဲ့ အမူအရာနဲ႔ ပက္သက္ျပီး သတိေပးလာၾကပါတယ္။

အသက္ ၃၄ နွစ္အရြယ္လူတစ္ေယာက္ဟာ နွာေခ်တာကို ထိန္းခ်ဳပ္ဖို႔အတြက္ ပါးစပ္ကို လက္ျဖင့္အုပ္ျပီး နွာေခါင္းကို ပိတ္ခဲ့တဲ့အတြက္ ေဆးရံုကို အေရးေပၚလူနာအျဖစ္ေရာက္သြားခဲ့ပါတယ္။ ဆရာ၀န္ေတြရဲ႕ ေဆးစစ္ခ်က္အရ ထိုလူရဲ႕ လည္ေခ်ာင္းမွ ရင္ေခါင္းအထိ ထူးဆန္းတဲ့ အက္ကြဲေနတဲ့အသံေတြ ၾကားေနရျပီး အဆုတ္မွွလာတဲ့ ေလေတြဟာ ထြက္ေပါက္မရွိေတာ့တဲ့အတြက္ တစ္ရွဴးနဲ႔ ၾကြက္သားေတြအတြင္းပိုင္းကို ၀င္ေရာက္သြားရာမွ ထြက္လာတဲ့ အသံျဖစ္ ေၾကာင္း သိခဲ့ရပါတယ္။

ျပင္းထန္တဲ့ နွာေခ်ျခင္းကို ခ်ဳပ္ထားျခင္းဟာ နားစည္ေပါက္ကြဲျခင္း၊ မ်က္လံုးတြင္း ေသြးေၾကာမ်ားေပါက္ကြဲျခင္း၊ မ်ာက္နွာျပင္နာဗ့္ေၾကာမ်ား ထိခိုက္ျခင္း၊ လႈပ္ရွားနိုင္တဲ့ ၾကြက္သားမ်ားအပါအ၀င္ နံရိုးပါ အက္ကြဲေစေၾကာင္း ယခင္ျဖစ္ခဲ့ဖူးတဲ့ သူမ်ားရဲ႕ ေဆးစစ္ခ်က္မ်ားအရ သိရျပီး ရင္ဘတ္နဲ႔ အဆုတ္ ၾကားမွာ ပိတ္မိသြားတဲ့ ေလေတြ ဟာ ဦးေနွာက္ ေသြးေၾကာေတြအထိ ၀င္ေရာက္ေပါက္ကြဲေစနိုင္တယ္လို႔ ေဆးပညာရွင္ေတြ မွတ္ခ်က္ခ်ခဲ့ၾက ပါတယ္။

ျပင္းထန္တဲ့ နွာေခ်ျခင္းေတြဟာ တစ္နာရီ မိုင္ ၂၀၀ ႏႈန္း သြားနိုင္ျပီး ေက်ာက္ခဲအပိုင္းအစေတြကို ၂၅ ေပအကြာအေ၀းထိေရာက္ေအာင္ လြင့္စင္သြားနုိင္ေစပါတယ္။ ျပင္းထန္တဲ့ နွာေခ်ျခင္းကို ထိန္းခ်ဳပ္ဖို႔ ဆိုရင္ နွာေခါင္းကို ပြတ္၊ ဒါမွမဟုတ္ အသက္ျပင္းျပင္းရွဴျပီး နွာခမ္းအေပၚ နားကို ပြတ္ေပ ဖို႔ ကၽြမ္းက်င္သူေတြက အၾကံေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version # ျဖင့္ ဖတ္ပါ #


နှာချေတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းကို ပိတ်တာဟာ ယဉ်ကျေးတဲ့အမှုအရာတစ်ခုပါ။ ဒါပေမဲ့ ပြင်းထန်တဲ့ လေတွန်းအားကြောင့် လူတစ်ယောက် သေလောက်တဲ့ ဒဏ်ရာရသွားတဲ့ နောက်ပိုင်းမှာတော့ ဆရာဝန်တွေဟာ ဒီယဉ်ကျေးတဲ့ အမူအရာနဲ့ ပက်သက်ပြီး သတိပေးလာကြပါတယ်။

အသက် ၃၄ နှစ်အရွယ်လူတစ်ယောက်ဟာ နှာချေတာကို ထိန်းချုပ်ဖို့အတွက် ပါးစပ်ကို လက်ဖြင့်အုပ်ပြီး နှာခေါင်းကို ပိတ်ခဲ့တဲ့အတွက် ဆေးရုံကို အရေးပေါ်လူနာအဖြစ်ရောက်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်အရ ထိုလူရဲ့ လည်ချောင်းမှ ရင်ခေါင်းအထိ ထူးဆန်းတဲ့ အက်ကွဲနေတဲ့အသံတွေ ကြားနေရပြီး အဆုတ်မှလာတဲ့ လေတွေဟာ ထွက်ပေါက်မရှိတော့တဲ့အတွက် တစ်ရှူးနဲ့ ကြွက်သားတွေအတွင်းပိုင်းကို ဝင်ရောက်သွားရာမှ ထွက်လာတဲ့ အသံဖြစ် ကြောင်း သိခဲ့ရပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းကို ချုပ်ထားခြင်းဟာ နားစည်ပေါက်ကွဲခြင်း၊ မျက်လုံးတွင်း သွေးကြောများပေါက်ကွဲခြင်း၊ မျာက်နှာပြင်နာဗ့်ကြောများ ထိခိုက်ခြင်း၊ လှုပ်ရှားနိုင်တဲ့ ကြွက်သားများအပါအဝင် နံရိုးပါ အက်ကွဲစေကြောင်း ယခင်ဖြစ်ခဲ့ဖူးတဲ့ သူများရဲ့ ဆေးစစ်ချက်များအရ သိရပြီး ရင်ဘတ်နဲ့ အဆုတ် ကြားမှာ ပိတ်မိသွားတဲ့ လေတွေ ဟာ ဦးနှောက် သွေးကြောတွေအထိ ဝင်ရောက်ပေါက်ကွဲစေနိုင်တယ်လို့ ဆေးပညာရှင်တွေ မှတ်ချက်ချခဲ့ကြ ပါတယ်။

ပြင်းထန်တဲ့ နှာချေခြင်းတွေဟာ တစ်နာရီ မိုင် ၂၀၀ နှုန်း သွားနိုင်ပြီး ကျောက်ခဲအပိုင်းအစတွေကို ၂၅ ပေအကွာအဝေးထိရောက်အောင် လွင့်စင်သွားနိုင်စေပါတယ်။ ပြင်းထန်တဲ့ နှာချေခြင်းကို ထိန်းချုပ်ဖို့ ဆိုရင် နှာခေါင်းကို ပွတ်၊ ဒါမှမဟုတ် အသက်ပြင်းပြင်းရှူပြီး နှာခမ်းအပေါ် နားကို ပွတ်ပေ ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top