ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕အနီး ဗါးရ္ေက်းရြာအနီးရွိ မဏိပူရျမစ္ထဲ အဂၤလိပ္ စကားေျပာ သင္တန္းသား/သူေတြ မေန႔မနက္က သေဘၤာနဲ႔ ေပ်ာ္ပဲြစားထြက္ၿပီး ေရဆင္းခ်ဳိးရာမွ ၃ ဦး ေရနစ္ေသဆုံးခဲ့တယ္လို႔ ဖလမ္းၿမိဳ႕ျပန္/ဆက္ဌာနက သတင္းထုတ္ပါတယ္။

ျဖစ္စဥ္မွာ ဖလမ္းၿမိဳ႕၊ ဗလုိင္ရပ္ကြက္မွာ ဖြင့္လွစ္တဲ့ Modern English for Chin New Generation(MECNG)မွာ အဂၤလိပ္စကားေျပာသင္တန္း တက္ေရာက္ေနတဲ့ သင္တန္းသား/သူ ၂၉ ဦးတုိ႔ဟာ သင္တန္းဆရာ ဦးေဆာင္ၿပီး မဏိပူရ္ျမစ္ကုိ ေမ ၁ ရက္ မနက္ ၉ နာရီက ဖလမ္းၿမိဳ႕ကေန ေမာ္ေတာ္ယာဥ္နဲ႔ ေပ်ာ္ပြဲစားထြက္ခဲ့ၾကတာပါ။

မဏိပူရျမစ္မွာ မနက္ ၁၁ နာရီခြဲေလာက္က ေရဆင္းခ်ဳိးသူေတြအနက္ ေမာင္ႏုိင္လ်န္ဆန္း အသက္ ၉ ႏွစ္၊ ေမာင္ဂ်ဳိအဲလ္ငြန္လွယ္ထန္း အသက္ ၁၂ ႏွစ္၊ ေမာင္လာလ္ထကိမ္း အသက္ ၁၀ ႏွစ္တုိ႔ ေရစီးနဲ႔ ေမ်ာပါ ႏွစ္ျမဳပ္ေသဆုံးခဲ့တာပါ။

ေရႏွစ္ျမဳပ္ ေသဆုံးသူေတြကို ဖလမ္းၿမိဳ႕ ၿမိဳ႕မရဲစခန္း ဒုစခန္းမွဴး ရဲအုပ္ေငြစုိးနဲ႔ တပ္ဖြဲ႔၀င္ေတြ၊ ဖလမ္းခ႐ုိင္မီးသတ္ဦးစီးမႉး ဦးစာ႐ုံမန္းနဲ႔ ကယ္ဆယ္ေရးတပ္ဖြဲ႔၀င္ေတြ၊ အနီးနားရွိ ေက်းရြာေတြမွ ျပည္သူေတြက ၀ုိင္း၀န္း ရွာေဖြဆယ္ယူႏုိင္ခဲ့ၿပီး အေလာင္းေတြကုိ ဖလမ္းၿမိဳ႕ ျပည္သူ႔ေဆး႐ုံကုိ ပုိ႔ေဆာင္ထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version# ျဖင့္ဖတ္ပါ ။

ချင်းပြည်နယ် ဖလမ်းမြို့အနီး ဗါးရ်ကျေးရွာအနီးရှိ မဏိပူရမြစ်ထဲ အင်္ဂလိပ် စကားပြော သင်တန်းသား/သူတွေ မနေ့မနက်က သင်္ဘောနဲ့ ပျော်ပွဲစားထွက်ပြီး ရေဆင်းချိုးရာမှ ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖလမ်းမြို့ပြန်/ဆက်ဌာနက သတင်းထုတ်ပါတယ်။

ဖြစ်စဉ်မှာ ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်မှာ ဖွင့်လှစ်တဲ့ Modern English for Chin New Generation(MECNG)မှာ အင်္ဂလိပ်စကားပြောသင်တန်း တက်ရောက်နေတဲ့ သင်တန်းသား/သူ ၂၉ ဦးတို့ဟာ သင်တန်းဆရာ ဦးဆောင်ပြီး မဏိပူရ်မြစ်ကို မေ ၁ ရက် မနက် ၉ နာရီက ဖလမ်းမြို့ကနေ မော်တော်ယာဉ်နဲ့ ပျော်ပွဲစားထွက်ခဲ့ကြတာပါ။

မဏိပူရမြစ်မှာ မနက် ၁၁ နာရီခွဲလောက်က ရေဆင်းချိုးသူတွေအနက် မောင်နိုင်လျန်ဆန်း အသက် ၉ နှစ်၊ မောင်ဂျိုအဲလ်ငွန်လှယ်ထန်း အသက် ၁၂ နှစ်၊ မောင်လာလ်ထကိမ်း အသက် ၁၀ နှစ်တို့ ရေစီးနဲ့ မျောပါ နှစ်မြုပ်သေဆုံးခဲ့တာပါ။

ရေနှစ်မြုပ် သေဆုံးသူတွေကို ဖလမ်းမြို့ မြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ငွေစိုးနဲ့ တပ်ဖွဲ့ဝင်တွေ၊ ဖလမ်းခရိုင်မီးသတ်ဦးစီးမှူး ဦးစာရုံမန်းနဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အနီးနားရှိ ကျေးရွာတွေမှ ပြည်သူတွေက ဝိုင်းဝန်း ရှာဖွေဆယ်ယူနိုင်ခဲ့ပြီး အလောင်းတွေကို ဖလမ်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top