ျမန္မာျပည္သိန္းတန္ဟာ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက ျမန္မာနုိင္ငံဂီတေလာကရဲ႕ အျမဳေတရတနာတစ္ပါးျဖစ္ခဲ့ျပီိး ျမန္မာတစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈကုိခံရတဲ့အဆိုေတာ္တစ္ဦးလည္းျဖစ္ပါတယ္။ ဦးသိန္းတန္ဟာ အခုအခ်ိန္အထိလည္း ေအာင္ျမင္မႈကုိထိန္းထားနုိင္တဲ့ ဝါရင့္အနုပညာရွင္တစ္ဦးျဖစ္ျပီး ခ်စ္ဇနီးေတးခ်စ္သူနဲ႔အတူ ဝါသနာပါတဲဲ့အနုပညာကုိလုပ္ျပီးဘဝကုိေပ်ာ္ရႊင္စြာျဖတ္သန္းေနသူဆိုရင္္လည္းမမွားပါဘူး။ဦးသိန္းတန္ရဲ႕ ဇနီး ေတးခ်စ္သူဟာဆိုရင္လည္း ဦးသိန္းတန္နဲ႔ေရွ႕သြားေနာက္လိုက္ညီစြာပဲအနုပညာကုိခ်စ္ျမတ္နိုးျပီး ခင္ပြန္းရဲ႕အနုပညာအလုပ္ေတြကုိလည္းအစြမ္းကုန္ပါရမီျဖည့္ေပးတတ္သူတစ္ဦးျဖစ္သလို ဦးသိန္းတန္ကုိခ်စ္ျမတ္နိုးတာလည္း ေပၚလြင္လွတယ္လုိ႔ဆိုရမွာပါ။

ေတးခ်စ္သူကုိလည္းဦးသိန္းတန္က ယုယၾကင္္နာျပီး လူပံုအလည္မွာပဲျဖစ္ပါေစ အလိုလိုက္အၾကိဳက္ေဆာင္တတ္သလိုဘယ္သူေတြၾကည့္ၾကည့္ဂရုမစိုက္ပဲဓာတ္ပံုေတြစပယ္ရွယ္ရိုက္ေပးတာမ်ိဳးလည္းလုပ္တတ္တာေၾကာင့္ ဦးသိန္းတန္တို႔ဇနီးေမာင္နွံကေတာ့ ပရိသတ္ေတြအားက်ရတဲ့ ဇနီးေမာင္နွံေလးလည္းျဖစ္ပါတယ္။ ဦးသိန္္းတန္ကမၾကာေသးမီက အကုန္သိမီဒီယာနဲ႔အင္တာဗ်ဴးမွာ ျမန္မာအျပင္္ အိမ္နီးခ်င္းနိုင္္ငံေတြမွာပါ ေအာင္ျမင္ေက်ာ္ၾကားလွတဲ့ ျမန္မာျပည္သိန္းတန္ဆိုတဲ့ နာမည္ျဖစ္ေပၚလာပံုကုိ ေျပာျပေပးသြားပါတယ္။ဦးသိန္္းတန္က ျမန္မာျပည္သိန္းတန္ဆိုတဲ့နာမည္ကုိေျပာင္းျဖစ္ပံုကို “Playboy သန္းနုိင္၊ ကုိသန္းနုိင္တို႔နဲ႔အတူတူေနရင္းနဲ႔မွ ျမန္မာျပည္သိန္းတန္ဆိုတဲ့နာမည္ကုိေျပာင္းျဖစ္္တာ။ အဲဒီတုန္္းက အန္ကယ္က ခုနစ္မုိင္ခြဲက ဦးဘသိန္း studio ျခံၾကီးထဲမွာ အန္ကယ္က စီးရီးတစ္ခုကုိတီးေနတာ။အန္ကယ္တို႔အဖြဲ႕က စီးရီးတစ္ခုကုိသြင္းေနၾကတာ။ အဲဒီအခ်ိန္မွာ”လို႔ ေျပာျပထားပါတယ္။



ငယ္သူငယ္ခ်င္းတစ္ဦးရဲ႕လံႈ႕ေဆာ္မႈေၾကာင့္လည္းပါေၾကာင္းအန္ကယ္္က “အဲဒီမွာ သူငယ္ခ်င္းတစ္ေယာက္လာတယ္။ ဂီတဥယ်ာဥ္ေဇာ္မင္းၾကီးက အန္ကယ္နဲ႔ ငယ္္ငယ္ကတည္းကေက်ာင္းေနဘက္သူငယ္ခ်င္း။ အဲဒီအခ်ိန္အခါမွာ သူငယ္ခ်င္းက ဘာလုပ္ေနလဲဆိုေတာ့ ဂီတဥယ်ာဥ္သီခ်င္းစာအုပ္ေတြဂီတဥယ်ာဥ္ဆိုတဲ့နာမည္နဲ႔သီခ်င္းစာအုပ္။ အဲဒီမွာ ဓာတ္ပံုေလးေတြလည္းထည့္တယ္။ အဲဒီအခ်ိန္မွာပါတဲ့သီခ်င္းေတြ။အမိအရ အမီထည့္တယ္။ ပရိသတ္ကုိျဖန္႔ေဝေရာင္းခ်တယ္။

သူအဲဒါနဲ႔ ေတာ္ေတာ္စီးပြားျဖစ္တယ္။ အဲဒီမွာ Dသခ်င္းစာသားေတြအေပၚမွာ ဂီတာေကာ့ဒ္။ ဘယ္ေနရာမွာဘယ္လိုေျပာင္းရမလဲဆိုတဲ့ ေကာဒ့္သေကၤတေလးေတြပါ အန္ကယ္ကသူ႔ကုိကူညီျပီးေတာ့ ထည့္ေပးရတယ္္။ ဒီသီခ်င္းစာအုပ္မျဖစ္ခင္။အဲဒီမွာသူက အန္ကယ့္ပံုလည္းထည့္ခ်င္တယ္တဲ့။ စတူဒီယုိကုိလုိက္လာျပီးေတာ့ နာမည္ေျပာင္းခ်င္တယ္တဲ့။ ေျပာင္းရင္္ေကာင္းမယ္တဲ့။အၾကံေပးတယ္”လုိ႔ သတိတရေျပာျပထားပါေသးတယ္။





ျမန္မာျပည္သိန္းတန္ဆိုတဲ့နာမည္ကုိေရြးျဖစ္ခဲ့ပံုကုိေတာ့ ဦးသိန္းတန္က “အဲဒီအခ်ိန္မွာ တြံေတးသိန္းတန္က နာမည္ၾကီးေနတာေလ။ ဟိုးေလးတေက်ာ္တစ္ျပည္လံုး နာမည္ၾကီးေနျပီ။ အဲေတာ့ အန္ကယ္ကလည္း စဥ္းစားတယ္ေလ။ စဥ္းစားဆံုးျဖတ္တယ္။ ျမန္မာျပည္ထည့္မယ္လို႔။ ျမန္မာျပည္တစ္ျပည္လံုးကုိကုိ္ယ္စားျပဳခ်င္တယ္။

အန္ကယ္ကလည္း အင္းဝဇာတိဆိုေတာ့ ေတာသားဆိုေတာ့ ျမန္မာျပည္မွာ ဒီလိုျဖစ္ရတာကုိ မသိစိတ္ကေတာ္ေတာ္ေလး ေက်နပ္ေနတာေပ့ါ။ အန္ကယ္ 2017 တုန္းက အေမရိကားကေန ပထမဆံုးျမန္မာျပည္ကုိျပန္လာတဲ့အခါမွာ ေလဆိပ္မွာလမ္းေလွ်ာက္ေနရင္းနဲ႔ ေအာင့္ေတာင္မေအာင့္နုိင္ေတာ့ဘူး။ လမ္းေလွ်ာက္ေနရင္းနဲ႔ ျမန္မာျပည္ေျမၾကီးကုိ ကုန္းနမ္းမိတယ္ေလ။ ၾကည္နူးလြန္းလို႔။ငါဒီေနရာဒီေဒသကေန လူျဖစ္လာတယ္။

 ေမြးဖြားလာတယ္။ ဒီေနရာကုိ ျပန္ေရာက္ရတယ္။ ဒီေနရာဟာ ငါ့ေက်းဇူးရွင္ပဲဆိုျပီးေတာ့။ အဲဒီေတာ့ ျမန္မာျပည္တပ္ကြာဆိုျပီး။ ျမန္မာျပည္သိန္းတန္ေပါ့။ အဲဒီအခ်ိန္ကေန ျမန္မာျပည္သိန္းတန္ကုိ ေရြးျဖစ္လိုက္ေတာ့တာပဲ”လို႔ ရင္ဖြင့္ထားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း Legend တစ္ဦးလို႔ဆိုရမယ့္ ျမန္မာျပည္သိန္းတန္ဟာ ျမန္မာျပည္သိန္းတန္နာမည္ကုိဘယ္လိုရလာသလဲဆိုတာကုိ သိလိုက္ရလို႔ေက်နပ္ၾကလိမ့္မယ္ထင္ပါတယ္။ ပရိသတ္ၾကီးေရာ ျမန္မာျပည္သိန္းတန္ကုိအားေပးၾကလား။ ျမန္မာျပည္သိန္းတန္ရဲ႕ ေနာက္ထပ္လုပ္မယ့္ေဖ်ာ္ေျဖပြဲေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

မြန်မာပြည်သိန်းတန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံဂီတလောကရဲ့ အမြုတေရတနာတစ်ပါးဖြစ်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုခံရတဲ့အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ ဦးသိန်းတန်ဟာ အခုအချိန်အထိလည်း အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပြီး ချစ်ဇနီးတေးချစ်သူနဲ့အတူ ဝါသနာပါတဲ့အနုပညာကိုလုပ်ပြီးဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူဆိုရင်လည်းမမှားပါဘူး။ဦးသိန်းတန်ရဲ့ ဇနီး တေးချစ်သူဟာဆိုရင်လည်း ဦးသိန်းတန်နဲ့ရှေ့သွားနောက်လိုက်ညီစွာပဲအနုပညာကိုချစ်မြတ်နိုးပြီး ခင်ပွန်းရဲ့အနုပညာအလုပ်တွေကိုလည်းအစွမ်းကုန်ပါရမီဖြည့်ပေးတတ်သူတစ်ဦးဖြစ်သလို ဦးသိန်းတန်ကိုချစ်မြတ်နိုးတာလည်း ပေါ်လွင်လှတယ်လို့ဆိုရမှာပါ။

တေးချစ်သူကိုလည်းဦးသိန်းတန်က ယုယကြင်နာပြီး လူပုံအလည်မှာပဲဖြစ်ပါစေ အလိုလိုက်အကြိုက်ဆောင်တတ်သလိုဘယ်သူတွေကြည့်ကြည့်ဂရုမစိုက်ပဲဓာတ်ပုံတွေစပယ်ရှယ်ရိုက်ပေးတာမျိုးလည်းလုပ်တတ်တာကြောင့် ဦးသိန်းတန်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျရတဲ့ ဇနီးမောင်နှံလေးလည်းဖြစ်ပါတယ်။ ဦးသိန်းတန်ကမကြာသေးမီက အကုန်သိမီဒီယာနဲ့အင်တာဗျူးမှာ မြန်မာအပြင် အိမ်နီးချင်းနိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားလှတဲ့ မြန်မာပြည်သိန်းတန်ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံကို ပြောပြပေးသွားပါတယ်။ဦးသိန်းတန်က မြန်မာပြည်သိန်းတန်ဆိုတဲ့နာမည်ကိုပြောင်းဖြစ်ပုံကို “Playboy သန်းနိုင်၊ ကိုသန်းနိုင်တို့နဲ့အတူတူနေရင်းနဲ့မှ မြန်မာပြည်သိန်းတန်ဆိုတဲ့နာမည်ကိုပြောင်းဖြစ်တာ။ အဲဒီတုန်းက အန်ကယ်က ခုနစ်မိုင်ခွဲက ဦးဘသိန်း studio ခြံကြီးထဲမှာ အန်ကယ်က စီးရီးတစ်ခုကိုတီးနေတာ။အန်ကယ်တို့အဖွဲ့က စီးရီးတစ်ခုကိုသွင်းနေကြတာ။ အဲဒီအချိန်မှာ”လို့ ပြောပြထားပါတယ်။

ငယ်သူငယ်ချင်းတစ်ဦးရဲ့လှုံ့ဆော်မှုကြောင့်လည်းပါကြောင်းအန်ကယ်က “အဲဒီမှာ သူငယ်ချင်းတစ်ယောက်လာတယ်။ ဂီတဥယျာဉ်ဇော်မင်းကြီးက အန်ကယ်နဲ့ ငယ်ငယ်ကတည်းကကျောင်းနေဘက်သူငယ်ချင်း။ အဲဒီအချိန်အခါမှာ သူငယ်ချင်းက ဘာလုပ်နေလဲဆိုတော့ ဂီတဥယျာဉ်သီချင်းစာအုပ်တွေဂီတဥယျာဉ်ဆိုတဲ့နာမည်နဲ့သီချင်းစာအုပ်။ အဲဒီမှာ ဓာတ်ပုံလေးတွေလည်းထည့်တယ်။ အဲဒီအချိန်မှာပါတဲ့သီချင်းတွေ။အမိအရ အမီထည့်တယ်။ ပရိသတ်ကိုဖြန့်ဝေရောင်းချတယ်။ သူအဲဒါနဲ့ တော်တော်စီးပွားဖြစ်တယ်။ အဲဒီမှာ Dသချင်းစာသားတွေအပေါ်မှာ ဂီတာကော့ဒ်။ ဘယ်နေရာမှာဘယ်လိုပြောင်းရမလဲဆိုတဲ့ ကောဒ့်သင်္ကေတလေးတွေပါ အန်ကယ်ကသူ့ကိုကူညီပြီးတော့ ထည့်ပေးရတယ်။ ဒီသီချင်းစာအုပ်မဖြစ်ခင်။အဲဒီမှာသူက အန်ကယ့်ပုံလည်းထည့်ချင်တယ်တဲ့။ စတူဒီယိုကိုလိုက်လာပြီးတော့ နာမည်ပြောင်းချင်တယ်တဲ့။ ပြောင်းရင်ကောင်းမယ်တဲ့။အကြံပေးတယ်”လို့ သတိတရပြောပြထားပါသေးတယ်။

မြန်မာပြည်သိန်းတန်ဆိုတဲ့နာမည်ကိုရွေးဖြစ်ခဲ့ပုံကိုတော့ ဦးသိန်းတန်က “အဲဒီအချိန်မှာ တွံတေးသိန်းတန်က နာမည်ကြီးနေတာလေ။ ဟိုးလေးတကျော်တစ်ပြည်လုံး နာမည်ကြီးနေပြီ။ အဲတော့ အန်ကယ်ကလည်း စဉ်းစားတယ်လေ။ စဉ်းစားဆုံးဖြတ်တယ်။ မြန်မာပြည်ထည့်မယ်လို့။ မြန်မာပြည်တစ်ပြည်လုံးကိုကိုယ်စားပြုချင်တယ်။ အန်ကယ်ကလည်း အင်းဝဇာတိဆိုတော့ တောသားဆိုတော့ မြန်မာပြည်မှာ ဒီလိုဖြစ်ရတာကို မသိစိတ်ကတော်တော်လေး ကျေနပ်နေတာပေ့ါ။ အန်ကယ် 2017 တုန်းက အမေရိကားကနေ ပထမဆုံးမြန်မာပြည်ကိုပြန်လာတဲ့အခါမှာ လေဆိပ်မှာလမ်းလျှောက်နေရင်းနဲ့ အောင့်တောင်မအောင့်နိုင်တော့ဘူး။ လမ်းလျှောက်နေရင်းနဲ့ မြန်မာပြည်မြေကြီးကို ကုန်းနမ်းမိတယ်လေ။ ကြည်နူးလွန်းလို့။ငါဒီနေရာဒီဒေသကနေ လူဖြစ်လာတယ်။ မွေးဖွားလာတယ်။ ဒီနေရာကို ပြန်ရောက်ရတယ်။ ဒီနေရာဟာ ငါ့ကျေးဇူးရှင်ပဲဆိုပြီးတော့။ အဲဒီတော့ မြန်မာပြည်တပ်ကွာဆိုပြီး။ မြန်မာပြည်သိန်းတန်ပေါ့။ အဲဒီအချိန်ကနေ မြန်မာပြည်သိန်းတန်ကို ရွေးဖြစ်လိုက်တော့တာပဲ”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

ပရိသတ်ကြီးလည်း Legend တစ်ဦးလို့ဆိုရမယ့် မြန်မာပြည်သိန်းတန်ဟာ မြန်မာပြည်သိန်းတန်နာမည်ကိုဘယ်လိုရလာသလဲဆိုတာကို သိလိုက်ရလို့ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ ပရိသတ်ကြီးရော မြန်မာပြည်သိန်းတန်ကိုအားပေးကြလား။ မြန်မာပြည်သိန်းတန်ရဲ့ နောက်ထပ်လုပ်မယ့်ဖျော်ဖြေပွဲတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top