ကြ်န္ေတာ္ငယ္ငယ္က အေဖ ကြ်န္ေတာ့္ကို သိပ္ခ်စ္တယ္။ အေဖလည္း ကြ်န္ေတာ့္ကို သိပ္ခ်စ္ခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔သားအဖ ဆက္ဆံေရးက ေပ်ာ္စရာ၊ ၾကည္ႏူးစရာပါ။ အခု ကြ်န္ေတာ္ၾကီးလာၿပီးမွ ခပ္မွန္မွန္ ခပ္တန္းတန္း ဆက္ဆံေရး ၿဖစ္သြားတာပါ။

အထူးသျဖင့္ ကြ်န္ေတာ္ဆယ္တန္းေအာင္ၿပီး တကၠသိုလ္ေရာက္မွ ခုလို အဆင္မေျပျဖစ္သြားတာပါ။

ကြ်န္ေတာ္ငယ္ငယ္က အေဖကားမ၀ယ္ႏိုင္ေသးဘူး။ သံခ်ည္သံေကြး သံပန္း ကိုယ္ပိုင္လုပ္ငန္းေတာ့ရိွၿပီ။ ကြ်န္ေတာ္ ေက်ာင္းသြားရင္ အေဖ့ပခံုးေပၚ ခြစီးသြားရတယ္။ အေဖက ကြ်န္ေတာ့္လြယ္အိတ္ကိုလြယ္ၿပီး ကြ်န္ေတာ့္ ထမင္းဘူးေလးကို ဆြဲထားေသးတယ္။ အဲဒီရက္ေတြကို ကြ်န္ေတာ္မေမ့ႏိုင္ဘူး။ သိပ္သေဘာက်တယ္။ အမွန္အတိုင္းေၿပာရရင္ အဲဒီအခ်ိန္မွာ ကားနဲ႔ေက်ာင္းသြားတဲ့ လူေတြကို အားမက်မိဘူး။ အေဖ့ဂုတ္ေပၚခြစီးၿပီး အားလံုးကို အျမင့္ၾကီးကေန ၾကည့္ရျမင္ရတာ သေဘာက်တယ္။ ကားေလးေတြကိုလည္း အေဖ့ပခံုးေပၚကေန ကြ်န္ေတာ္ငံု႔ၾကည့္ရတယ္။

အေဖက ဆယ္တန္းမေအာင္ခဲ့ဘူး။ ၇ တန္းအထိပဲေက်ာင္းေနခဲ့ရတယ္။ ဒါေတာင္ ေတာရြာကအလယ္တန္း ေက်ာင္းမွာ ၇ တန္းေအာင္ၿပီး ဆင္းရဲလုိ႔ ေက်ာင္းဆက္မေနႏိုင္တာနဲ႔ ၾကံဳရာက်ပန္း ရရာအလုပ္ကို လုပ္ရတယ္။ ေနာက္မွ ရန္ကုန္က ဦးေလးတစ္ေယာက္ အဆက္အသြယ္နဲ႔ သံခ်ည္သံေကြးသံပန္းလုပ္ငန္းတစ္ခုမွာ အလုပ္ရတယ္။ လုပ္ရင္းလုပ္ရင္းနဲ႔ လုပ္ငန္းကြ်မ္းက်င္ၿပီး လခေကာင္းေကာင္းရလာတယ္။ အရြယ္ေလးရေတာ့ လုပ္ငန္းရွင္က အားကိုးရတဲ့ သံခ်ည္သံေကြး၊ သံပန္း သံတံခါးဆရာ ၿဖစ္လာတယ္။

ေငြကေလးစုမိေတာ့ အေဖက ကိုယ္ပိုင္လုပ္ငန္းခြဲေထာင္တယ္။ အေမနဲ႔အိမ္ေထာင္က်ေတာ့ အေဖက ကိုယ္ပိုင္လုပ္ငန္းနဲ႔ ၿဖစ္ေနၿပီ။ အေဖက ကြ်န္ေတာ့္ကို သူ မေအာင္ခဲ့တဲ့ ဆယ္တန္းကို ေအာင္ေစခ်င္တယ္။ သူ မတက္ခဲ့ရတဲ့ တကၠသိုလ္ကို တက္ေစခ်င္တယ္။

ကြ်န္ေတာ္ဆယ္တန္းကို ဂုဏ္ထူး ၃ ဘာသာနဲ႔ေအာင္တယ္။ အေဖ၀မ္းသာလြန္းလုိ႔ အိမ္မွာလူေတြကို ဖိတ္ၿပီး ေကြ်းေမြးဧည့္ခံတယ္။ ကြ်န္ေတာ့္ကိုလည္း ဆုေတြေပးတယ္။ ကြ်န္ေတာ္လည္း ေပ်ာ္တာေပ့ါ။ အဲဒီအထိ အေဖနဲ႔ကြ်န္ေတာ္ အဆင္ေၿပပါတယ္။

တကၠသိုလ္တက္ၿပီးေတာ့ သူငယ္ခ်င္းေတြနဲ႔ ေပါင္းရသင္းရ၊ သူငယ္ခ်င္းေတြရဲ ႔ မိဘေတြနဲ႔ ေတြ႔ရဆံုရ ေျပာဆုိရေတာ့ အေဖ့ရဲ ႔ ေနပံုထုိင္ပံု၊ ေျပာပံုဆိုပံုေတြကို အထင္ေသးလာတယ္။

အေဖက အမ်ားအားျဖင့္ သူ႔အလုပ္သမားေတြနဲ႔ ေျပာရဆိုရေတာ့ စကားေျပာတာ မာတယ္၊ ၾကမ္းတယ္၊ သိမ္သိမ္ေမြ႔ေမြ႔ သိပ္မရိွဘူး။ ၀တ္တာဆင္တာလည္း အိမ္မွာေရာ အလုပ္ထဲမွာေရာ သံဂေဟ၊ သံခ်ည္ သံေကြး လုပ္ေနရေတာ့ ခပ္ေပေပ ခပ္ႏြမ္းႏြမ္း ခပ္ၾကမ္းၾကမ္းအ၀တ္ေတြပဲ ၀တ္တယ္။

သားသမီးကို ဆံုးမတာလည္း ထင္ရင္ထင္သလုိ၊ မထင္ရင္မထင္သလုိ ေျပာတတ္ဆိုတတ္တယ္။ ေစတနာရိွတာ သိေပမယ့္ ဆံုးမပံု စနစ္မက်ဘူးလုိ႔ ထင္တယ္။

ကြန္ပ်ဴတာတကၠသိုလ္မွာ အတန္းတူၿဖစ္တဲ့ ေဇာ္မင္းထက္ အိမ္ လုိက္သြားတဲ့အခါ သူ႔အေဖ ဦးေအာင္ထက္ ေနပံုထိုင္ပံု ေျပာပံုဆိုပံုကို သိပ္သေဘာက်တယ္။ သူက ဥပေဒဘြဲ႔ရ၊ ခရိုင္တရားသူၾကီး။ ကြ်န္ေတာ့္ကိုလည္း သူ႔သားရဲ ႔ သူငယ္ခ်င္းအၿဖစ္နဲ႔ ခ်စ္ခင္ပါတယ္။

ကြ်န္ေတာ့္မိဘ အလုပ္အကိုင္ေမးလုိ႔ သံခ်ည္သံေကြး၊ သံပန္း၊ သံတံခါးလုပ္ငန္း လုပ္တာေျပာေတာ့ ေကာင္းတာေပ့ါ၊ ကိုယ္ပိုင္အလုပ္ကမွ ၾကီးပြားခ်မ္းသာတာ၊ လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္လည္း ရိွတယ္။ ဘယ္သူ႔မွ ေၾကာက္မေနရဘူး။ ၾကိဳးစားသေလာက္ တိုးတက္ႏိုင္တယ္လုိ႔ ေၿပာတယ္။

ဒါေပမယ့္ ငယ္တုန္းေတာ့ ပညာကို ၾကိဳးစားသင္ယူဖုိ႔လုိေၾကာင္း၊ ဘြဲ႔တစ္ခုခုရဖုိ႔ လုိအပ္တဲ့အေၾကာင္း ေၿပာပါတယ္။ အဂၤလိပ္စကားလံုးေတြ သံုးတဲ့အသံထြက္ကလည္း သိပ္ေကာင္းတာပဲ။ ငါ့အေဖလည္း ဒီလုိျဖစ္ေနရင္ ေကာင္းမွာလုိ႔ မိမိဆႏၵျဖစ္မိတယ္။

အဲဒီေန႔က အိမ္ျပန္ေရာက္ေတာ့ မိသားစုအတူစားၾကတဲ့ညေနစာ ထမင္း၀ိုင္းမွာ ေဇာ္မင္းထက္အေဖအေၾကာင္း ခ်ီးက်ဴးေျပာဆိုမိတယ္။ အေဖဘာမွ ျပန္မေျပာဘူး။

ေနာက္တစ္ေန႔ ေက်ာင္းကုိ အေဖကားနဲ႔လုိက္ပို႔ေတာ့ လမ္းမွာယာဥ္ထိန္းရဲေတြေစာင့္ၿပီး စစ္ေဆးေနတာ ေတြ႔ရတယ္။

အေဖက “ဟ ဆပ္ပလုိင္းခ်က္ေတြနဲ႔ ေတြ႔ေနၿပီ” လုိ႔ ေၿပာတယ္။

“အေဖကလည္းဗ်ာ..ဆပ္ပလိုင္းခ်က္ မဟုတ္ပါဘူး… ဆပ္ပရိုက္ခ်က္ ပါလို႔” အဂၤလိပ္လို ပီပီသသေုပာၿပီး ျပင္ေပးလုိက္တယ္။

“မင္းကလည္း ငါသင္ေပးလုိ႔ တကၠသိုလ္ေရာက္တာနဲ႔ ၾကီးက်ယ္မေနစမ္းပါနဲ႔၊ လူတုိင္း ဆပ္ပလုိင္းခ်က္လုိ႔ ေျပာေနၾကတာပဲ.. ဆပ္ပလိုင္းခ်က္ေတာ့ ဘာၿဖစ္လဲ” ကြ်န္ေတာ့္ကို မေက်မနပ္ ျပန္ေၿပာတယ္။

ကြ်န္ေတာ္က ဘယ္ခံမလဲ။ “အေဖေျပာတာ အသံထြက္မွားေနလုိ႔ ျပင္ေပးတာပဲ.. သူမ်ားၾကားရင္ အေဖ့ကို ရယ္မွာစိုးလုိ႔ ေစတနာနဲ႔ေၿပာတာ၊ ကိုယ္မသိရင္မေျပာနဲ႔ေပ့ါ” လုိ႔ ျပန္ေၿပာလုိက္တာေပ့ါ။

ေနာက္တစ္ေန႔ကစၿပီး အေဖကြ်န္ေတာ့္ကို ေက်ာင္းလုိက္မပို႔ၿဖစ္ေတာ့ဘူး၊ စကားလည္း သိပ္မေျပာေတာ့ဘူး ကြ်န္ေတာ္ ဘတ္စ္ကားနဲ႔ပဲ ေက်ာင္းသြားပါတယ္။

အဲဒီေနာက္ကတည္းက အေဖနဲ႔ကြ်န္ေတာ့္ရဲ ႔ ဆက္ဆံေရးဟာ ခပ္မွန္မွန္ခပ္တန္းတန္းျဖစ္သြားပါတယ္။ ေျပာစရာ ရိွရင္ အေမကတဆင့္ ေျပာၾကဆုိၾကပါတယ္။

ညီမေလးက ကိုးတန္း၊ ညီမေလးကိုေတာ့ အေဖ ကားနဲ႔ေက်ာင္းပို႔ေက်ာင္းၾကိဳလုပ္ေပးပါတယ္။

ေနာက္ေတာ့ အေဖ အဂၤလိပ္လုိ စကားလံုးအမွားေတြ ေျပာေနတာ အမ်ားၾကီးၾကားေနရတယ္။ ဆစ္ကနယ္မီးတုိ႔၊ ေအာ္ဒီဂ်င္တယ္တုိ႔လုိ ဟာမ်ိဳးေတြေပ့ါ.. ရွက္စရာေကာင္းတယ္။ ကြ်န္ေတာ္ဘာမွ မေျပာေတာ့ပါဘူး.. ကိုယ့္ေစတနာကို သူမွ လက္မခံတာပဲ။ ဒါေပမယ့္ သူမ်ားေ႔ရွမွာ ကိုယ့္အေဖက မပီမသ မမွန္ကန္တဲ့ အသံထြက္ေတြနဲ႔ ေၿပာေနေတာ့ ရွက္စရာေကာင္းလုိ႔ စိတ္ပ်က္တာေပ့ါ။

လူၾကီးလူငယ္ရဲ႕ အားၿပိဳင္မႈ၊ ေခတ္ပညာမတတ္တဲ့ အေဖနဲ႔ ေခတ္ပညာတတ္တဲ့ သားသမီးရဲ႔ အားၿပိဳင္မႈလုိ႔ပဲ နားလည္ထားလုိက္ပါတယ္။

ကြ်န္ေတာ့္ေက်ာင္းစရိတ္၊ သြားစရိတ္ လာစရိတ္၊ စားတာ၊ ၀တ္တာ၊ ကုန္က်တာအားလံုးေတာ့ အေဖကပဲ ေပးေနရတာပါ။ တစ္အိမ္လံုးမွာ စီးပြားေရးဆုိလုိ အေဖတစ္ေယာက္ပဲ ရိွတာကိုး။ ဆည္တဲ့ ကန္သင္းၿဖစ္တဲ့ အေမကေတာ့ အားလံုးအတြက္ စီမံခန္႔ခြဲ သံုးစြဲရာမွာ ကြ်န္ေတာ့္အတြက္လည္း ပါတာေပ့ါ။ ကြ်န္ေတာ့္အတြက္ ကုန္က်တာက အမ်ားဆံုးေတာင္ ျဖစ္ခ်င္ျဖစ္မယ္။

တစ္ေန႔ေတာ့ ေဇာ္မင္းထက္နဲ႔ ကြ်န္ေတာ္ ၀ါးနက္ေခ်ာင္းရြာ ဘုရားပြဲကို သြားၾကတယ္။ ကြ်န္ေတာ္တုိ႔ တစ္တန္းတည္း ကြန္ပ်ဴတာတက္ေနတဲ့ ေအာင္မုိးတုိ႔ရြာေပ့ါ။ ေအာင္မုိး အတင္းေခၚလုိ႔ အလည္လုိက္သြားၾကတာ။

ေအာင္မုိးအေဖက လယ္သမား။ လယ္ေတြမ်ားလုိ႔၊ ကြ်ဲေတြ၊ ႏြားေတြလည္း ေျခာက္ေကာင္ေလာက္ရိွတယ္။ အိမ္က ႏွစ္ထပ္အိမ္ပါပဲ။

ဒါေပမယ့္ လယ္သမားအိမ္ဆုိေတာ့ ရႈပ္လုိ႔ေပြလုိ႔။ သူတို႔အိမ္နဲ႔စာရင္ေတာ့ ကြ်န္ေတာ္တုိ႔အိမ္က သပ္သပ္ရပ္ရပ္နဲ႔ အဆင့္ရိွတာေပ့ါ။ ေဇာ္မင္းထက္တုိ႔အိမ္ကေတာ့ ဘာမွမဆိုင္ဘူး။ အသပ္ရပ္ဆံုးနဲ႔အထက္တန္းအက်ဆံုးပဲ။

ဘုရားပြဲထံုးစံအတိုင္း ဧည့္သည္ေတြကလည္းမ်ား၊ စားစရာေတြကလည္း စံုလုိ႔။ ကြ်န္ေတာ္တို႔ကေတာ့ လူရွင္းရာ ေအာင္မုိး အခန္းမွာပဲ ေနၾကတယ္။

ေအာင္မုိးအခန္းမွာ စာၾကည့္စားပြဲနဲ႔၊ ခုတင္နဲ႔၊ စာအုပ္စင္နဲ႔ ကြန္ပ်ဴတာနဲ႔ သန္႔သန္႔ရွင္းရွင္းလည္း ရိွတယ္။

ကြ်န္ေတာ္တုိ႔သံုးေယာက္ စကားေျပာေနၾကတုန္း ေအာင္မုိးအေဖ၀င္လာတယ္။ ကုလားထိုင္တစ္လံုးမွာ ၀င္ထုိင္ၿပီး ကြ်န္ေတာ္တုိ႔စကားေျပာတာကို နားေထာင္ေနတယ္။ ကြ်န္ေတာ္တုိ႔ေျပာတဲ့အထဲမွာ ကြန္ပ်ဴတာ ဗိုင္းရပ္စ္၀င္တဲ့ အႏၲရာယ္အေၾကာင္း ပရိုဂရမ္ေတြ၊ ေဆာ့ဖ္၀ဲလ္ေတြ ပ်က္ကုန္တဲ့အေၾကာင္း ေၿပာေတာ့ ေအာင္မုိးအေဖက ၀င္ေမးလုိက္တယ္။

“အဲဒီ ဗုိင္းရပ္စ္ ဆိုတာ ပိုးလား” တဲ့။ ေအာင္မုိးက “ပိုးတစ္မ်ိဳးေပ့ါ” လုိ႔ ေျပာတယ္။ “အဲဒီပိုးေကာင္းက ဘယ္လုိ ေရာက္လာၿပီး ကြ်န္ပ်ဴတာထဲကို ဘယ္အေပါက္က ၀င္တာလဲ..အဲဒီ အေပါက္ကို လံုေအာင္ပိတ္ထားလုိ႔ မရဘူးလား..သူ႔လယ္မွာ သံုးတဲ့ ၾသဘာပိုးသတ္ေဆးသံုးရင္ မရဘူးလား” .. လုိ႔ ေမးတယ္။

ကြ်န္ေတာ္နဲ႔ ေဇာ္မင္းထက္ ၿပံဳးရံုမကဘူး၊ အသံထြက္ရယ္မိၾကတယ္။ ရယ္မိၿပီးမွ သတိရလုိ႔ ေအာင္မုိးကို ၾကည့္လုိက္ၾကတယ္။

ကြ်န္ေတာ္ ဆုိရင္ “သြားစမ္းပါ.. အေဖကလည္း မသိရင္ မသိသလုိ ေနစမ္းပါ၊ ၀င္မေျပာစမ္းပါနဲ႔” လုိ႔ ရွက္စိတ္လြန္ၿပီး ေျပာမိမွာပါ.. တကယ္လည္း ရွက္စရာကိုး…။

ဒါေပမယ့္ အံ့ၾသစရာ…။ ေအာင္မုိးက မ်က္ႏွာ မပ်က္ဘူး။ ရွက္လည္း မရွက္ဘူး။ သူပါ ကြ်န္ေတာ္တုိ႔နဲ႔ အတူရယ္ၿပီး ..

“အဲဒါ ငါ့အေဖပဲကြ.၊ ေလးတန္းထိပဲ ေက်ာင္းေနဖူးတယ္ ရႊံ႔ထဲဗြက္ထဲ ဆင္းဆင္းရဲရဲ ရုန္းကန္လယ္လုပ္ၿပီး ငါ့ကုိ ကြန္ပ်ဴတာ တကၠသိုလ္ေရာက္ေအာင္ ေက်ာင္းထားေပးတယ္.. အဲဒီ ကြန္ပ်ဴတာကလည္း အေဖ ၀ယ္ေပးထားတာေပ့ါ.. ေၿပာ အေဖ.. ဘာမွ မျဖစ္ဘူး..အေဖထင္တာ ေျပာလုိ႔ရတယ္.. ေျပာ..” တဲ့။ အားေတာင္ ေပးလိုက္ေသးတယ္။ သူ႔ အေဖကလည္း သူ႔သား အားေပးတာ သေဘာက်ၿပီး ၿပံဳးလုိ႔ ရယ္လုိ႔၊ ေမးခ်င္တာေတြကို ေမးခ်င္သလုိ ဆက္ေမးေနတာေပ့ါ။ ေအာင္မုိးက သူ႔အေဖ နားလည္ေအာင္ ရွင္းျပတယ္.. ေပ်ာ္စရာၾကီး။

အဲဒီအခ်ိန္မွာပဲ ကြ်န္ေတာ့္ေခါင္းထဲမွာ အသိအျမင္တစ္ခု ျဖစ္သြားတယ္။ ေအာင္မုိးေျပာပံုနဲ႔ ေတြးပံုျမင္ပံုက ရိုးရိုးေလးပါပဲ။ . ေကာင္းလုိက္တာလုိ႔ နားလည္သြားတယ္။ ေအာင္မုိးရဲ ႔ စိတ္ေနသေဘာကိုလည္း ေလးစားမိတယ္။

တကယ္လုိ႔သာ ကြ်န္ေတာ္ေတြးမိသလုိ.. သြားစမ္းပါဗ်ာ.. အေဖကလည္း မသိရင္ မသိသလုိေနစမ္းပါ.. ။ ၀င္မေျပာစမ္းပါနဲ႔လုိ႔ ေငါက္လုိက္ မာန္လုိက္ရင္ အေဖဘယ္ေလာက္ရွက္ရွာမလဲ။ အခန္းထဲက ထြက္သြားရရင္ ဘယ္ေလာက္စိတ္မေကာင္း ျဖစ္လုိက္မလဲ။ သူ သင္ေပးလုိ႔ တတ္တဲ့ ပညာနဲ႔ သူ အေငါက္ခံေနရတာေလ။

ကြ်န္ေတာ့္အမွားကို ခ်က္ခ်င္းနားလည္လုိက္ပါၿပီ။ ကြ်န္ေတာ့္ အေဖေျပာတဲ့ အမွားေတြဟာ တကယ္ေတာ့ ေအာင္မုိး အေဖေျပာတာေလာက္ မဆိုးပါဘူး။ အေဖသင္ေပးလုိ႔ တတ္တဲ့ပညာနဲ႔ အေဖ့ကို အထင္ေသး ေစာ္ကားေနခဲ့မိတာ ကြ်န္ေတာ္စိတ္မေကာင္းၿဖစ္ရတယ္။

“ေတာင္းပန္ပါတယ္ အေဖ..”

စိတ္ထဲမွာတင္ ေျပာေနမိတာ။ ဒီကေန အိမ္ျပန္ေရာက္သြားရင္ ကြ်န္ေတာ့္ဆက္ဆံေရးေတြ ေျပာင္းေတာ့မယ္။ အေဖ့ကို အထင္ေသး အျမင္ေသး မေျပာေတာ့ပါဘူး။ အေဖ့ေမတၱာကုိ ျပန္ရေအာင္ ယူေတာ့မယ္။

အေဖ အဂၤလိပ္အသံထြက္ေတြ မွားေၿပာရင္လည္း..

“ေျပာ..အေဖ..ဘာမွမၿဖစ္ဘူး.. လြတ္လြတ္လပ္လပ္သာ ေျပာ”

ေအာင္မုိးတုိ႔ သားအဖကို လွမ္းၾကည့္ရင္း ကြ်န္ေတာ့္စိတ္ထဲမွာ ေျပာေနမိတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:လယ္တြင္းသား ေစာခ်စ္
# Unicode Version # ျဖင့္ ဖတ္ပါ #

ကျွန်တော်ငယ်ငယ်က အဖေ ကျွန်တော့်ကို သိပ်ချစ်တယ်။ အဖေလည်း ကျွန်တော့်ကို သိပ်ချစ်ခဲ့ပါတယ်။ ကျွန်တော်တို့သားအဖ ဆက်ဆံရေးက ပျော်စရာ၊ ကြည်နူးစရာပါ။ အခု ကျွန်တော်ကြီးလာပြီးမှ ခပ်မှန်မှန် ခပ်တန်းတန်း ဆက်ဆံရေး ဖြစ်သွားတာပါ။

အထူးသဖြင့် ကျွန်တော်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်မှ ခုလို အဆင်မပြေဖြစ်သွားတာပါ။

ကျွန်တော်ငယ်ငယ်က အဖေကားမဝယ်နိုင်သေးဘူး။ သံချည်သံကွေး သံပန်း ကိုယ်ပိုင်လုပ်ငန်းတော့ရှိပြီ။ ကျွန်တော် ကျောင်းသွားရင် အဖေ့ပခုံးပေါ် ခွစီးသွားရတယ်။ အဖေက ကျွန်တော့်လွယ်အိတ်ကိုလွယ်ပြီး ကျွန်တော့် ထမင်းဘူးလေးကို ဆွဲထားသေးတယ်။ အဲဒီရက်တွေကို ကျွန်တော်မမေ့နိုင်ဘူး။ သိပ်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကားနဲ့ကျောင်းသွားတဲ့ လူတွေကို အားမကျမိဘူး။ အဖေ့ဂုတ်ပေါ်ခွစီးပြီး အားလုံးကို အမြင့်ကြီးကနေ ကြည့်ရမြင်ရတာ သဘောကျတယ်။ ကားလေးတွေကိုလည်း အဖေ့ပခုံးပေါ်ကနေ ကျွန်တော်ငုံ့ကြည့်ရတယ်။

အဖေက ဆယ်တန်းမအောင်ခဲ့ဘူး။ ၇ တန်းအထိပဲကျောင်းနေခဲ့ရတယ်။ ဒါတောင် တောရွာကအလယ်တန်း ကျောင်းမှာ ၇ တန်းအောင်ပြီး ဆင်းရဲလို့ ကျောင်းဆက်မနေနိုင်တာနဲ့ ကြုံရာကျပန်း ရရာအလုပ်ကို လုပ်ရတယ်။ နောက်မှ ရန်ကုန်က ဦးလေးတစ်ယောက် အဆက်အသွယ်နဲ့ သံချည်သံကွေးသံပန်းလုပ်ငန်းတစ်ခုမှာ အလုပ်ရတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ လုပ်ငန်းကျွမ်းကျင်ပြီး လခကောင်းကောင်းရလာတယ်။ အရွယ်လေးရတော့ လုပ်ငန်းရှင်က အားကိုးရတဲ့ သံချည်သံကွေး၊ သံပန်း သံတံခါးဆရာ ဖြစ်လာတယ်။

ငွေကလေးစုမိတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းခွဲထောင်တယ်။ အမေနဲ့အိမ်ထောင်ကျတော့ အဖေက ကိုယ်ပိုင်လုပ်ငန်းနဲ့ ဖြစ်နေပြီ။ အဖေက ကျွန်တော့်ကို သူ မအောင်ခဲ့တဲ့ ဆယ်တန်းကို အောင်စေချင်တယ်။ သူ မတက်ခဲ့ရတဲ့ တက္ကသိုလ်ကို တက်စေချင်တယ်။

ကျွန်တော်ဆယ်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့အောင်တယ်။ အဖေဝမ်းသာလွန်းလို့ အိမ်မှာလူတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံတယ်။ ကျွန်တော့်ကိုလည်း ဆုတွေပေးတယ်။ ကျွန်တော်လည်း ပျော်တာပေ့ါ။ အဲဒီအထိ အဖေနဲ့ကျွန်တော် အဆင်ပြေပါတယ်။

တက္ကသိုလ်တက်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းရသင်းရ၊ သူငယ်ချင်းတွေရဲ့ မိဘတွေနဲ့ တွေ့ရဆုံရ ပြောဆိုရတော့ အဖေ့ရဲ့ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံတွေကို အထင်သေးလာတယ်။

အဖေက အများအားဖြင့် သူ့အလုပ်သမားတွေနဲ့ ပြောရဆိုရတော့ စကားပြောတာ မာတယ်၊ ကြမ်းတယ်၊ သိမ်သိမ်မွေ့မွေ့ သိပ်မရှိဘူး။ ဝတ်တာဆင်တာလည်း အိမ်မှာရော အလုပ်ထဲမှာရော သံဂဟေ၊ သံချည် သံကွေး လုပ်နေရတော့ ခပ်ပေပေ ခပ်နွမ်းနွမ်း ခပ်ကြမ်းကြမ်းအဝတ်တွေပဲ ဝတ်တယ်။

သားသမီးကို ဆုံးမတာလည်း ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို ပြောတတ်ဆိုတတ်တယ်။ စေတနာရှိတာ သိပေမယ့် ဆုံးမပုံ စနစ်မကျဘူးလို့ ထင်တယ်။

ကွန်ပျူတာတက္ကသိုလ်မှာ အတန်းတူဖြစ်တဲ့ ဇော်မင်းထက် အိမ် လိုက်သွားတဲ့အခါ သူ့အဖေ ဦးအောင်ထက် နေပုံထိုင်ပုံ ပြောပုံဆိုပုံကို သိပ်သဘောကျတယ်။ သူက ဥပဒေဘွဲ့ရ၊ ခရိုင်တရားသူကြီး။ ကျွန်တော့်ကိုလည်း သူ့သားရဲ့ သူငယ်ချင်းအဖြစ်နဲ့ ချစ်ခင်ပါတယ်။

ကျွန်တော့်မိဘ အလုပ်အကိုင်မေးလို့ သံချည်သံကွေး၊ သံပန်း၊ သံတံခါးလုပ်ငန်း လုပ်တာပြောတော့ ကောင်းတာပေ့ါ၊ ကိုယ်ပိုင်အလုပ်ကမှ ကြီးပွားချမ်းသာတာ၊ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘယ်သူ့မှ ကြောက်မနေရဘူး။ ကြိုးစားသလောက် တိုးတက်နိုင်တယ်လို့ ပြောတယ်။

ဒါပေမယ့် ငယ်တုန်းတော့ ပညာကို ကြိုးစားသင်ယူဖို့လိုကြောင်း၊ ဘွဲ့တစ်ခုခုရဖို့ လိုအပ်တဲ့အကြောင်း ပြောပါတယ်။ အင်္ဂလိပ်စကားလုံးတွေ သုံးတဲ့အသံထွက်ကလည်း သိပ်ကောင်းတာပဲ။ ငါ့အဖေလည်း ဒီလိုဖြစ်နေရင် ကောင်းမှာလို့ မိမိဆန္ဒဖြစ်မိတယ်။

အဲဒီနေ့က အိမ်ပြန်ရောက်တော့ မိသားစုအတူစားကြတဲ့ညနေစာ ထမင်းဝိုင်းမှာ ဇော်မင်းထက်အဖေအကြောင်း ချီးကျူးပြောဆိုမိတယ်။ အဖေဘာမှ ပြန်မပြောဘူး။

နောက်တစ်နေ့ ကျောင်းကို အဖေကားနဲ့လိုက်ပို့တော့ လမ်းမှာယာဉ်ထိန်းရဲတွေစောင့်ပြီး စစ်ဆေးနေတာ တွေ့ရတယ်။

အဖေက “ဟ ဆပ်ပလိုင်းချက်တွေနဲ့ တွေ့နေပြီ” လို့ ပြောတယ်။

“အဖေကလည်းဗျာ..ဆပ်ပလိုင်းချက် မဟုတ်ပါဘူး… ဆပ်ပရိုက်ချက် ပါလို့” အင်္ဂလိပ်လို ပီပီသသေုပာပြီး ပြင်ပေးလိုက်တယ်။

“မင်းကလည်း ငါသင်ပေးလို့ တက္ကသိုလ်ရောက်တာနဲ့ ကြီးကျယ်မနေစမ်းပါနဲ့၊ လူတိုင်း ဆပ်ပလိုင်းချက်လို့ ပြောနေကြတာပဲ.. ဆပ်ပလိုင်းချက်တော့ ဘာဖြစ်လဲ” ကျွန်တော့်ကို မကျေမနပ် ပြန်ပြောတယ်။

ကျွန်တော်က ဘယ်ခံမလဲ။ “အဖေပြောတာ အသံထွက်မှားနေလို့ ပြင်ပေးတာပဲ.. သူများကြားရင် အဖေ့ကို ရယ်မှာစိုးလို့ စေတနာနဲ့ပြောတာ၊ ကိုယ်မသိရင်မပြောနဲ့ပေ့ါ” လို့ ပြန်ပြောလိုက်တာပေ့ါ။

နောက်တစ်နေ့ကစပြီး အဖေကျွန်တော့်ကို ကျောင်းလိုက်မပို့ဖြစ်တော့ဘူး၊ စကားလည်း သိပ်မပြောတော့ဘူး ကျွန်တော် ဘတ်စ်ကားနဲ့ပဲ ကျောင်းသွားပါတယ်။

အဲဒီနောက်ကတည်းက အဖေနဲ့ကျွန်တော့်ရဲ့ ဆက်ဆံရေးဟာ ခပ်မှန်မှန်ခပ်တန်းတန်းဖြစ်သွားပါတယ်။ ပြောစရာ ရှိရင် အမေကတဆင့် ပြောကြဆိုကြပါတယ်။

ညီမလေးက ကိုးတန်း၊ ညီမလေးကိုတော့ အဖေ ကားနဲ့ကျောင်းပို့ကျောင်းကြိုလုပ်ပေးပါတယ်။

နောက်တော့ အဖေ အင်္ဂလိပ်လို စကားလုံးအမှားတွေ ပြောနေတာ အများကြီးကြားနေရတယ်။ ဆစ်ကနယ်မီးတို့၊ အော်ဒီဂျင်တယ်တို့လို ဟာမျိုးတွေပေ့ါ.. ရှက်စရာကောင်းတယ်။ ကျွန်တော်ဘာမှ မပြောတော့ပါဘူး.. ကိုယ့်စေတနာကို သူမှ လက်မခံတာပဲ။ ဒါပေမယ့် သူများေ့ရှမှာ ကိုယ့်အဖေက မပီမသ မမှန်ကန်တဲ့ အသံထွက်တွေနဲ့ ပြောနေတော့ ရှက်စရာကောင်းလို့ စိတ်ပျက်တာပေ့ါ။

လူကြီးလူငယ်ရဲ့ အားပြိုင်မှု၊ ခေတ်ပညာမတတ်တဲ့ အဖေနဲ့ ခေတ်ပညာတတ်တဲ့ သားသမီးရဲ့ အားပြိုင်မှုလို့ပဲ နားလည်ထားလိုက်ပါတယ်။

ကျွန်တော့်ကျောင်းစရိတ်၊ သွားစရိတ် လာစရိတ်၊ စားတာ၊ ဝတ်တာ၊ ကုန်ကျတာအားလုံးတော့ အဖေကပဲ ပေးနေရတာပါ။ တစ်အိမ်လုံးမှာ စီးပွားရေးဆိုလို အဖေတစ်ယောက်ပဲ ရှိတာကိုး။ ဆည်တဲ့ ကန်သင်းဖြစ်တဲ့ အမေကတော့ အားလုံးအတွက် စီမံခန့်ခွဲ သုံးစွဲရာမှာ ကျွန်တော့်အတွက်လည်း ပါတာပေ့ါ။ ကျွန်တော့်အတွက် ကုန်ကျတာက အများဆုံးတောင် ဖြစ်ချင်ဖြစ်မယ်။

တစ်နေ့တော့ ဇော်မင်းထက်နဲ့ ကျွန်တော် ဝါးနက်ချောင်းရွာ ဘုရားပွဲကို သွားကြတယ်။ ကျွန်တော်တို့ တစ်တန်းတည်း ကွန်ပျူတာတက်နေတဲ့ အောင်မိုးတို့ရွာပေ့ါ။ အောင်မိုး အတင်းခေါ်လို့ အလည်လိုက်သွားကြတာ။

အောင်မိုးအဖေက လယ်သမား။ လယ်တွေများလို့၊ ကျွဲတွေ၊ နွားတွေလည်း ခြောက်ကောင်လောက်ရှိတယ်။ အိမ်က နှစ်ထပ်အိမ်ပါပဲ။

ဒါပေမယ့် လယ်သမားအိမ်ဆိုတော့ ရှုပ်လို့ပွေလို့။ သူတို့အိမ်နဲ့စာရင်တော့ ကျွန်တော်တို့အိမ်က သပ်သပ်ရပ်ရပ်နဲ့ အဆင့်ရှိတာပေ့ါ။ ဇော်မင်းထက်တို့အိမ်ကတော့ ဘာမှမဆိုင်ဘူး။ အသပ်ရပ်ဆုံးနဲ့အထက်တန်းအကျဆုံးပဲ။

ဘုရားပွဲထုံးစံအတိုင်း ဧည့်သည်တွေကလည်းများ၊ စားစရာတွေကလည်း စုံလို့။ ကျွန်တော်တို့ကတော့ လူရှင်းရာ အောင်မိုး အခန်းမှာပဲ နေကြတယ်။

အောင်မိုးအခန်းမှာ စာကြည့်စားပွဲနဲ့၊ ခုတင်နဲ့၊ စာအုပ်စင်နဲ့ ကွန်ပျူတာနဲ့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။

ကျွန်တော်တို့သုံးယောက် စကားပြောနေကြတုန်း အောင်မိုးအဖေဝင်လာတယ်။ ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်ပြီး ကျွန်တော်တို့စကားပြောတာကို နားထောင်နေတယ်။ ကျွန်တော်တို့ပြောတဲ့အထဲမှာ ကွန်ပျူတာ ဗိုင်းရပ်စ်ဝင်တဲ့ အန္တရာယ်အကြောင်း ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲလ်တွေ ပျက်ကုန်တဲ့အကြောင်း ပြောတော့ အောင်မိုးအဖေက ဝင်မေးလိုက်တယ်။

“အဲဒီ ဗိုင်းရပ်စ် ဆိုတာ ပိုးလား” တဲ့။ အောင်မိုးက “ပိုးတစ်မျိုးပေ့ါ” လို့ ပြောတယ်။ “အဲဒီပိုးကောင်းက ဘယ်လို ရောက်လာပြီး ကျွန်ပျူတာထဲကို ဘယ်အပေါက်က ဝင်တာလဲ..အဲဒီ အပေါက်ကို လုံအောင်ပိတ်ထားလို့ မရဘူးလား..သူ့လယ်မှာ သုံးတဲ့ သြဘာပိုးသတ်ဆေးသုံးရင် မရဘူးလား” .. လို့ မေးတယ်။

ကျွန်တော်နဲ့ ဇော်မင်းထက် ပြုံးရုံမကဘူး၊ အသံထွက်ရယ်မိကြတယ်။ ရယ်မိပြီးမှ သတိရလို့ အောင်မိုးကို ကြည့်လိုက်ကြတယ်။

ကျွန်တော် ဆိုရင် “သွားစမ်းပါ.. အဖေကလည်း မသိရင် မသိသလို နေစမ်းပါ၊ ဝင်မပြောစမ်းပါနဲ့” လို့ ရှက်စိတ်လွန်ပြီး ပြောမိမှာပါ.. တကယ်လည်း ရှက်စရာကိုး…။

ဒါပေမယ့် အံ့သြစရာ…။ အောင်မိုးက မျက်နှာ မပျက်ဘူး။ ရှက်လည်း မရှက်ဘူး။ သူပါ ကျွန်တော်တို့နဲ့ အတူရယ်ပြီး ..

“အဲဒါ ငါ့အဖေပဲကွ.၊ လေးတန်းထိပဲ ကျောင်းနေဖူးတယ် ရွှံ့ထဲဗွက်ထဲ ဆင်းဆင်းရဲရဲ ရုန်းကန်လယ်လုပ်ပြီး ငါ့ကို ကွန်ပျူတာ တက္ကသိုလ်ရောက်အောင် ကျောင်းထားပေးတယ်.. အဲဒီ ကွန်ပျူတာကလည်း အဖေ ဝယ်ပေးထားတာပေ့ါ.. ပြော အဖေ.. ဘာမှ မဖြစ်ဘူး..အဖေထင်တာ ပြောလို့ရတယ်.. ပြော..” တဲ့။ အားတောင် ပေးလိုက်သေးတယ်။ သူ့ အဖေကလည်း သူ့သား အားပေးတာ သဘောကျပြီး ပြုံးလို့ ရယ်လို့၊ မေးချင်တာတွေကို မေးချင်သလို ဆက်မေးနေတာပေ့ါ။ အောင်မိုးက သူ့အဖေ နားလည်အောင် ရှင်းပြတယ်.. ပျော်စရာကြီး။

အဲဒီအချိန်မှာပဲ ကျွန်တော့်ခေါင်းထဲမှာ အသိအမြင်တစ်ခု ဖြစ်သွားတယ်။ အောင်မိုးပြောပုံနဲ့ တွေးပုံမြင်ပုံက ရိုးရိုးလေးပါပဲ။ . ကောင်းလိုက်တာလို့ နားလည်သွားတယ်။ အောင်မိုးရဲ့ စိတ်နေသဘောကိုလည်း လေးစားမိတယ်။

တကယ်လို့သာ ကျွန်တော်တွေးမိသလို.. သွားစမ်းပါဗျာ.. အဖေကလည်း မသိရင် မသိသလိုနေစမ်းပါ.. ။ ဝင်မပြောစမ်းပါနဲ့လို့ ငေါက်လိုက် မာန်လိုက်ရင် အဖေဘယ်လောက်ရှက်ရှာမလဲ။ အခန်းထဲက ထွက်သွားရရင် ဘယ်လောက်စိတ်မကောင်း ဖြစ်လိုက်မလဲ။ သူ သင်ပေးလို့ တတ်တဲ့ ပညာနဲ့ သူ အငေါက်ခံနေရတာလေ။

ကျွန်တော့်အမှားကို ချက်ချင်းနားလည်လိုက်ပါပြီ။ ကျွန်တော့် အဖေပြောတဲ့ အမှားတွေဟာ တကယ်တော့ အောင်မိုး အဖေပြောတာလောက် မဆိုးပါဘူး။ အဖေသင်ပေးလို့ တတ်တဲ့ပညာနဲ့ အဖေ့ကို အထင်သေး စော်ကားနေခဲ့မိတာ ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။

“တောင်းပန်ပါတယ် အဖေ..”

စိတ်ထဲမှာတင် ပြောနေမိတာ။ ဒီကနေ အိမ်ပြန်ရောက်သွားရင် ကျွန်တော့်ဆက်ဆံရေးတွေ ပြောင်းတော့မယ်။ အဖေ့ကို အထင်သေး အမြင်သေး မပြောတော့ပါဘူး။ အဖေ့မေတ္တာကို ပြန်ရအောင် ယူတော့မယ်။

အဖေ အင်္ဂလိပ်အသံထွက်တွေ မှားပြောရင်လည်း..

“ပြော..အဖေ..ဘာမှမဖြစ်ဘူး.. လွတ်လွတ်လပ်လပ်သာ ပြော”

အောင်မိုးတို့ သားအဖကို လှမ်းကြည့်ရင်း ကျွန်တော့်စိတ်ထဲမှာ ပြောနေမိတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:လယ်တွင်းသား စောချစ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top